Translate

Saturday, June 15, 2019

ရာဇဝင်ထဲမှ ယောဂန့်ဂေါမင်းသမီး (ခ) ပြောင်းပြန်စီးသောမြစ် " မြစ်သာ"-Myit Thar River

Unicode

ယောဒေသမှာရှိတဲ့ မြစ်သာမြစ်ဟာ တောင်မှမြောက်သို့ စီးဆင်းပါတယ်။
ယောနယ်ရဲ့ မြေမျက်နှာသွင်ပြင်ဟာ အနောက်ရိုးမ ချင်းတောင်တန်းကြီးနဲ့ ပုံတောင်ပုံညာတောင်တန်းတို့ကြားရှိ
ချိုင့်ဝှမ်းမြေဖြစ်ပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၇၀၀ ခန့်မြင့်မှာရှိပါတယ်။
ချင်းတောင်မှာ မြစ်ဖျားခံပြီးတော့ ထီးလင်းမြို့၏ အနောက်မြောက်ဖက် သံပုရာရွာအနီးမှပတ်ကာ
ဂန့်ဂေါနယ်တောင်ပိုင်းရှိ စပယ် ၊ စင်ပုန်း ၊ ပနန်းရွာ ၊ မြစ်သာရွာတို့မှဖြတ်ကာ
မင်းရွာနဲ့ တောင်ပို့ရွာကို လွန်သော် မောချောင်းနှင့် ပူးပေါင်းမိကြပါတယ်။
မောချောင်းသည် တောင်ယောနယ်ဟုခေါ်သော ဆောနယ်မှစီးဆင်းလာသော ချောင်းဖြစ်ပါတယ်။
ဤမြစ်သာမြစ်ကြီးနှင့် မောချောင်းတို့ဟာ ထူးဆန်းစွာ တောင်မှမြောက်သို့ စီးဆင်းကြပါတယ်။
ယောနယ် ၊ ယောဒေသ တနည်းအားဖြင့် ယခုလက်ရှိ ယောမြို့တော် ဂန့်ဂေါ ၊ ထီးလင်း စသည့်ဒေသနေ
ယောသူ/သားတို့ကား ပြောင်းပြန်စီးသော မြစ်မင်းသီတာ မြစ် မြစ်သာနှင့် ကြည်လင်ထွေထွေ မောချောင်းမြေတို့တွင် ရှေးယခင်ခေတ်အဆက်ဆက်ကပင် ဥမကွဲ သိုက်မပျက် နေထိုင်ခဲ့ကြသည်သာ။

ဤဆောင်းပါးကို သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ၏မှတ်စုတိုများထဲမှ ကောက်နှုတ်ရေးသားထားပါသည်။

Zawgyi

ရာဇဝင္ထဲမွ ေယာဂန႔္ေဂါမင္းသမီး (ခ) ေျပာင္းျပန္စီးေသာျမစ္-ျမစ္သာ

ေယာေဒသမွာရွိတဲ့ ျမစ္သာျမစ္ဟာ ေတာင္မွေျမာက္သို႔ စီးဆင္းပါတယ္။
ေယာနယ္ရဲ႕ ေျမမ်က္ႏွာသြင္ျပင္ဟာ အေနာက္႐ိုးမ ခ်င္းေတာင္တန္းႀကီးနဲ႔ ပုံေတာင္ပုံညာေတာင္တန္းတို႔ၾကားရွိ
ခ်ိဳင့္ဝွမ္းေျမျဖစ္ပါတယ္။ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ ၇၀၀ ခန႔္ျမင့္မွာရွိပါတယ္။
ခ်င္းေတာင္မွာ ျမစ္ဖ်ားခံၿပီးေတာ့ ထီးလင္းၿမိဳ႕၏ အေနာက္ေျမာက္ဖက္ သံပုရာ႐ြာအနီးမွပတ္ကာ
ဂန႔္ေဂါနယ္ေတာင္ပိုင္းရွိ စပယ္ ၊ စင္ပုန္း ၊ ပနန္း႐ြာ ၊ ျမစ္သာ႐ြာတို႔မွျဖတ္ကာ
မင္း႐ြာနဲ႔ ေတာင္ပို႔႐ြာကို လြန္ေသာ္ ေမာေခ်ာင္းႏွင့္ ပူးေပါင္းမိၾကပါတယ္။
ေမာေခ်ာင္းသည္ ေတာင္ေယာနယ္ဟုေခၚေသာ ေဆာနယ္မွစီးဆင္းလာေသာ ေခ်ာင္းျဖစ္ပါတယ္။
ဤျမစ္သာျမစ္ႀကီးႏွင့္ ေမာေခ်ာင္းတို႔ဟာ ထူးဆန္းစြာ ေတာင္မွေျမာက္သို႔ စီးဆင္းၾကပါတယ္။
ေယာနယ္ ၊ ေယာေဒသ တနည္းအားျဖင့္ ယခုလက္ရွိ ေယာၿမိဳ႕ေတာ္ ဂန႔္ေဂါ ၊ ထီးလင္း စသည့္ေဒသေန
ေယာသူ/သားတို႔ကား ေျပာင္းျပန္စီးေသာ ျမစ္မင္းသီတာ ျမစ္ ျမစ္သာႏွင့္ ၾကည္လင္ေထြေထြ ေမာေခ်ာင္းေျမတို႔တြင္ ေရွးယခင္ေခတ္အဆက္ဆက္ကပင္ ဥမကြဲ သိုက္မပ်က္ ေနထိုင္ခဲ့ၾကသည္သာ။

ဤေဆာင္းပါးကို သင္ဆရာ ၊ ျမင္ဆရာ ၊ ၾကားဆရာ မ်ား၏မွတ္စုတိုမ်ားထဲမွ ေကာက္ႏႈတ္ေရးသားထားပါသည္။

No comments:

Post a Comment