Translate

Sunday, June 16, 2019

ချင်းတွင်းမြစ်-Chin Dwin River

Unicode

မြန်မာနိုင်ငံမှာ အဓိက မြစ်ကြီး ၇စင်းရှိပါတယ်။
ဧရာဝတီမြစ် ၊ ချင်းတွင်းမြစ် ၊ သံလွင်မြစ် ၊ စစ်တောင်းမြစ် ၊ မဲခေါင်မြစ် ၊ ကုလားတန်မြစ် ၊ ရွှေလီမြစ် တို့ဖြစ်ပါတယ်။

ချင်းတွင်းမြစ်

ဧရာဝတီမြစ်အတွင်းစီးဝင်သည့် အကြီးဆုံးရေဝေမြစ်ဖြစ်ပြီး ၁၂၀၇ ကီလိုမီတာ အရှည်ရှိပါတယ်။
ကချင်ပြည်နယ်ရှိ ကျယ်ဝန်းသည့် ဟူးကောင်းချိုင့်ဝှမ်းလွင်ပြင်တွင် မြစ်ဖျားခံပြီး
တနိုင်း ၊ တဗြဲ ၊ တရွန် မြစ်များ စုဆုံကာ ချင်းတွင်းမြစ်ဖြစ်ပေါ်လာသည်။
မြန်မာနိုင်ငံ၏နာမည်ကျော် ကျောက်စိမ်းတွင်းများဟာလည်း ဥရုချောင်းဖျားမှာပဲ တည်ရှိကြပါတယ်။
ထူးခြားထင်ရှားတဲ့အချက်မှာ ချင်းတွင်းမြစ်ဟာ လူအထိအတွေ့နည်းသေးသော ထမံသီဘေးမဲ့တောနှင့်
ဟူးကောင်းချိုင့်ဝှမ်း ကျားဘေးမဲ့တောများကို ဖြတ်သန်းစီးဆင်းနေပြီး ဤကျားဘေးမဲ့တောသည် ကမ္ဘာပေါ်တွင်
အကြီးဆုံး ကျားဘေးမဲ့တောလည်းဖြစ်ပါတယ်။ထို့အပြင် အခြားသားရိုင်းတိရစ္ဆန်များဖြစ်ကြသည့်
ရှားပါားပျောက်ကွယ်တော့မည်ဖြစ်သော မျိုးစိတ်များ ၊ ကျားများ ၊ ဆင်များ ၊ မြန်မာနိုင်ငံတွင်သာ ရှိသည့်
အခွံမာလိပ်မျိုးများအတွက် ခိုလှုံနေထိုင်ရာဒေသတစ်ခုလည်းဖြစ်ပါတယ်။

ဤဆောင်းပါးကို သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ၏မှတ်စုတိုများထဲမှ ကောက်နှုတ်ရေးသားထားပါသည်။


Zawgyi


ျမန္မာႏိုင္ငံမွာ အဓိက ျမစ္ႀကီး ၇စင္းရွိပါတယ္။

ဧရာဝတီျမစ္ ၊ ခ်င္းတြင္းျမစ္ ၊ သံလြင္ျမစ္ ၊ စစ္ေတာင္းျမစ္ ၊ မဲေခါင္ျမစ္ ၊ ကုလားတန္ျမစ္ ၊ ေ႐ႊလီျမစ္ တို႔ျဖစ္ပါတယ္။



ခ်င္းတြင္းျမစ္

ဧရာဝတီျမစ္အတြင္းစီးဝင္သည့္ အႀကီးဆုံးေရေဝျမစ္ျဖစ္ၿပီး ၁၂၀၇ ကီလိုမီတာ အရွည္ရွိပါတယ္။
ကခ်င္ျပည္နယ္ရွိ က်ယ္ဝန္းသည့္ ဟူးေကာင္းခ်ိဳင့္ဝွမ္းလြင္ျပင္တြင္ ျမစ္ဖ်ားခံၿပီး 
တႏိုင္း ၊ တၿဗဲ ၊ တ႐ြန္ ျမစ္မ်ား စုဆုံကာ ခ်င္းတြင္းျမစ္ျဖစ္ေပၚလာသည္။
ျမန္မာႏိုင္ငံ၏နာမည္ေက်ာ္ ေက်ာက္စိမ္းတြင္းမ်ားဟာလည္း ဥ႐ုေခ်ာင္းဖ်ားမွာပဲ တည္ရွိၾကပါတယ္။
ထူးျခားထင္ရွားတဲ့အခ်က္မွာ ခ်င္းတြင္းျမစ္ဟာ လူအထိအေတြ႕နည္းေသးေသာ ထမံသီေဘးမဲ့ေတာႏွင့္ 
ဟူးေကာင္းခ်ိဳင့္ဝွမ္း က်ားေဘးမဲ့ေတာမ်ားကို ျဖတ္သန္းစီးဆင္းေနၿပီး ဤက်ားေဘးမဲ့ေတာသည္ ကမာၻေပၚတြင္ 
အႀကီးဆုံး က်ားေဘးမဲ့ေတာလည္းျဖစ္ပါတယ္။ထို႔အျပင္ အျခားသား႐ိုင္းတိရစၦန္မ်ားျဖစ္ၾကသည့္ 
ရွားပါားေပ်ာက္ကြယ္ေတာ့မည္ျဖစ္ေသာ မ်ိဳးစိတ္မ်ား ၊ က်ားမ်ား ၊ ဆင္မ်ား ၊ ျမန္မာႏိုင္ငံတြင္သာ ရွိသည့္ 
အခြံမာလိပ္မ်ိဳးမ်ားအတြက္ ခိုလႈံေနထိုင္ရာေဒသတစ္ခုလည္းျဖစ္ပါတယ္။


ဤေဆာင္းပါးကို သင္ဆရာ ၊ ျမင္ဆရာ ၊ ၾကားဆရာ မ်ား၏မွတ္စုတိုမ်ားထဲမွ ေကာက္ႏႈတ္ေရးသားထားပါသည္။

No comments:

Post a Comment