မြန်မာနိုင်ငံမှာ အဓိက မြစ်ကြီး ၇စင်းရှိပါတယ်။
ဧရာဝတီမြစ် ၊ ချင်းတွင်းမြစ် ၊ သံလွင်မြစ် ၊ စစ်တောင်းမြစ် ၊ မဲခေါင်မြစ် ၊ ကုလားတန်မြစ် ၊ ရွှေလီမြစ် တို့ဖြစ်ပါတယ်။
မဲခေါင်မြစ်
အရှည် ၄၈၀၀ ကီလိုမီတာရှိပြီး မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံကြားတွင် နယ်နိမိတ်အဖြစ်
၂၃၄ ကီလိုမီတာအရှည် ဖြတိသန်းစီးဆင်းနေပါတယ်။မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာနိုင်ငံ၏
တောင်တန်းများအပေါ်၌ ဌာနေတိုင်းရင်းသား ၂၂၀၀၀ခန့် မှီတင်းနေထိုင်လျက်ရှိပြီး
အခါ ၊ ရှမ်း ၊ လားဟူ ၊ လွယ်လ(ဆမ်တောင်) ၊ တရုတ်နှင့် အင်းတိုင်းရင်းသားများ နေထိုင်လျက်ရှိပြီး
မြန်မာ-ထိုင်း-လာအို ၃နိုင်ငံ ပေါင်းဆုံရာ ရွှေတြိဂံဒေသကိုပါ ဖြတ်သန်းစီးဆင်းပါတယ်။
ထူးခြားတဲ့အချက်ကတော့ ရှေးရိုးရာပုံပြင်များအရ ရှေးဦးလားဟူလူမျိုးများသည် ဤမြစ်ဖျားခံရာဒေသမှ
ဆင်းသက်လာကြသည်ဟု ဆိုကြပြီး ရိုးရာသီချင်းများ ၊ ပုံပြင်များက ဤမြစ်ကို ကိုးကား၍
ဖော်ပြပြောဆိုလေ့ရှိကြသည်။
ဤဆောင်းပါးကို သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ၏မှတ်စုတိုများထဲမှ ကောက်နှုတ်ရေးသားထားပါသည်။
Zawgyi
မဲခေါင်မြစ်
No comments:
Post a Comment