Translate

Tuesday, January 5, 2021

 

Unicode

အားလုံးပဲ မင်္ဂလာပါ။ All About Yadanar Blog မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။

အလုပ်ရှုတ်နေလို့ ဒီ Blog လေးကို လှည့်မကြည့်ဖြစ်တာလဲ တစ်နှစ်လောက်ရှိပြီ။

၂၀၂၁ နှစ်သစ်လဲရောက်ပြီဆိုတော့ အားလုံးအတွက် စကားလက်ဆောင်လေးတစ်ခု ရေးပေးချင်လာလို့ပါရှင်။


ကိုယ်ဘယ်လောက်ပဲ ရိုးသားရိုးသား၊ ကိုယ်ဘယ်လောက်ပဲ အနေအထိုင်တတ်တတ်

ကိုယ်ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊  အဲ့ဒီကြိုးစားမှုတွေကြောင့် ဘယ်လောက်ပဲ အောင်မြင်မှုတွေရရ

အဲဒါကို မကျေနပ်ကြတဲ့၊ မနာလိုကြတဲ့ လူတစ်စုကတော့ ရှိနေမှာပါပဲ။

သူတို့ဟာ ကိုယ်နဲ့ ပြသနာဖြစ်ဖူးသည်ဖြစ်စေ၊ မဖြစ်ဖူးသည်ဖြစ်စေ

ကိုယ်နဲ့ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ

ကိုယ့်အကြောင်းကို ဂဃနဏ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ

ကိုယ့်နောက်ကွယ်မှာ ကိုယ့်အကြောင်းကို စိတ်ထင်ရာ ချဲ့ကားပြီး 

ကိုယ့် အောင်မြင်မှုတွေ၊ ဂုဏ်သိက္ခာတွေ ကျဆင်းအောင် ပြောဆိုနေကြမှာပါ။


ရတနာကတော့ စကြုံတွေ့ခါစက စိတ်တိုသလို စိတ်လဲမကောင်းဖြစ်မိတယ်။

ငါ ဘယ်လောက်ပဲ ကောင်းအောင်နေနေ၊ ဘယ်လောက်ပဲကြိုးစားကြိုးစား

ဘာလို့ အသိအမှတ်မပြုကြတဲ့အပြင် အောက်ကိုဝိုင်းဆွဲချနေကြတာလဲပေါ့။

စားလဲဒီစိတ်၊ သွားလဲဒီစိတ်နဲ့ ဒီခံစားချက်ကြီးကိုသယ်ပိုးထားပြီး  လျစ်လျူမရှုနိုင်သလို ခွင့်လဲမလွှတ်ချင်ခဲ့ဖူး။

ဒါပေမယ့် အဲ့လိုဆိုရင် တကယ်တမ်း စိတ်ဆင်းရဲပြီး ပင်ပမ်းရတဲ့သူက ကိုယ်ပဲဖြစ်နေမှာလေ။ 

မတန်လိုက်တာနော်။

ခုလို အဖြစ်မျိုးတွေ ငါးခါထက်မက ကြုံတွေ့ခဲ့ရပြီးချိန်မှာတော့

အဲ့လိုလူတွေကို စိတ်လဲမတို၊ မုန်းလဲမမုန်းတော့တဲ့ အပြင် သနားတောင်သနားမိပါသေးတယ်။

ဘာလို့လဲဆိုတော့ သူတို့စိတ်ထဲမှာ ကိုယ့်အကြောင်းကိုထည့်ပြီး လေးပင်စွာ ခရီးဆက်နေကြလို့ပါပဲ။

ငါပဲ ဝတ်ချင်၊ ငါပဲ စားချင်၊ ငါပဲ အောင်မြင်ချင်၊ ငါပဲ ချမ်းသာချင်၊ 

အစစအရာရာ "ငါ" ဆိုတဲ့ ငါတကောကောပြီး ကိုယ်ကလွဲလို့ 

တခြားသူ အဆင်ပြေတာကို မုဒိတာမပွါးပေးနိုင်သူတွေဖြစ်နေလို့ပါပဲ။

ရတနာကြုံဖူးတဲ့လူတစ်ချို့ဆိုရင် လူများများရှိတဲ့ အချိန်ရောက်ရင်

ငွေဘယ်လောက်သုံးနိုင်ဖြုန်းနိုင်တဲ့အကြောင်း၊ ဘာဝယ်မယ်၊ ဘာစားမယ်ဆိုတဲ့အကြောင်း

(တကယ်တော့ ကိုယ့် ကိုယ်ပိုင်ဝင်ငွေနဲ့လဲမဟုတ်၊ ရည်းစားဆီက တောင်းထားတဲ့ငွေ)

ဒီအကြောင်းတွေပဲ အများဆုံးပြောတယ်။ ကျန်တဲ့အချိန်မှာ အတင်းပြောတယ်။

မသိတဲ့သူကတော့ အထင်ကြီးနေမှာပေါ့။ သူ့အကြောင်းသေချာသိတဲ့သူကတော့ 

သူ့ရဲ့ အထင်ကြီးခံချင်တဲ့စိတ်၊ ကြွားဝါချင်တဲ့ အငုံ့စိတ်ကြောင့်ဆိုတာ သိမှာပဲလေ။

တခြားသူက လှလှပပလေးဝတ်စားတာမြင်ရင် အမြင်မကြည်နိုင်ဖူး။

အဲ့လူတစ်ချို့လိုပဲ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေမလေ့လာပဲ 

သူများပြစ်ချက်ကိုပဲ လိုက်ထောက်ဖို့ အမြဲသူများနောက်မှာပဲနေပြီး 

သူများအကြောင်းပဲ အတင်းပြောရင်းနဲ့ သူတို့ကိုယ်တိုင်လဲ ရှေ့ရောက်မလာတော့ဖူး။

ရတနာ ကတော့ လျစ်လျူရှုခဲ့ပြီးပြီဖြစ်လို့ သူတို့ ရှိသည်ဖြစ်စေ၊

မရှိတော့သည်ဖြစ်စေ ကိုယ်အလုပ်ကိုယ် ကြိုးစားလုပ်ကိုင်ရင်း၊

ကိုယ့်ဘဝတိုးတက်ရေးအတွက် ကောင်းနိုးရာရာလေးတွေ ရှာဖွေလေ့လာရင်း

ကိုယ့်ရည်မှန်းချက်ကိုပဲ အသချာအာရုံစိုက်ရင်းနဲ့ပဲ နေဖြစ်တော့တယ်။

အားလုံးလဲ ရတနာ့လိုပဲ ဝေဖန်တာတွေ၊ တိုက်ခိုက်တာတွေကို လျစ်လျူရှုပြီး 

ကိုယ့်အတွက် အကျိုးရှိမယ့် အရာတွေပေါ်ကို အာရုံပိုစိုက်နိုင်အောင် ကြိုးစားကြပါ။

ခုချိန်မှာ ဘယ်လောက်ပဲ ကြီးမားတဲ့ ပြသနာကြုံကြုံ နောင်တစ်ချိန်မှာ ကိုယ့်ပါးစပ်က ရယ်မောပြီး 

ပြန်ပြောပြရမယ့်အချိန် မလွဲမသေရောက်လာဦးမှာပါ။ " This too, will pass " ပေါ့လေ။

အဲ့ဒီအချိန်မရောက်ခင်မှာ ကိုယ့်ကိုယ်ကိုယ် ပိုမို ကြံ့ခိုင်အောင်၊ ဘယ်အရာအတွက်မဆို

အဆင်သင့်ဖြစ်နေအောင်၊ ဝမ်းစာပြည့်ဝအောင် ဖြည့်ထားကြပါ။


ကိုယ့်ဘဝအောင့်မြင်ဖို့ အဓိကတာဝန်ရှိတဲ့သူဟာ ကိုယ်ကိုယ်တိုင်ပဲဖြစ်လို့
လက်ရှိတွေ့ကြုံခံစားနေရတဲ့ ဒုက္ခတွေဟာ ကိုယ့်ရဲ့ အတိတ်က မကောင်းတဲ့ 
အကုသိုလ်ကံနဲ့ လက်ရှိဘဝရဲ့ ရွေးချယ်မှုမှားယွင်းခဲ့လို့သာဖြစ်တယ် လို့ နှလုံးသွင်းပြီး
ပတ်ဝန်းကျင်ကို အပြစ်မမြင်ပဲ ကြိုးစားအားထုတ်ကြပါနော်။
ကိုယ့်အိပ်မက်တွေကို အပျောက်မခံပါနဲ့နော်။


ကဲ နှစ်သစ်လဲရောက်ပြီဆိုတော့ စိတ်သစ်လူသစ် ကြိုးစားမှုအသစ်တွေနဲ့ 

အောင်မြင်မှုအသစ်တွေ ပိုင်ဆိုင်နိုင်ကြပါစေ။

တခြားသူရဲ့ အထင်အမြင်နဲ့ ဝေဖန်မှုတွေကို ကရုမစိုက်ပဲ 

ကိုယ်ဝါသနာပါရာ၊ ကိုယ့်ဘဝရဲ့အသက်မွေးဝမ်းကြောင်းပြုမယ့် အရာတွေကိုပဲ

အမြဲတစေ ရှာဖွေလေ့လာပြီး ဆန္ဒနဲ့ ဘ၀ တစ်ထပ်ထဲကျကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။


Zawgyi


အားလုံးပဲ မဂၤလာပါ။ All About Yadanar Blog မွ ျပန္လည္ၾကိဳဆိုလိုက္ပါတယ္ရွင္။

အလုပ္ရွဳတ္ေနလို့ ဒီ Blog ေလးကို လွည့္မၾကည့္ျဖစ္တာလဲ တစ္နွစ္ေလာက္ရွိျပီ။

၂၀၂၁ နွစ္သစ္လဲေရာက္ျပီဆိုေတာ့ အားလုံးအတြက္ စကားလက္ေဆာင္ေလး တစ္ခု ေရးေပးခ်င္လာလို့ပါရွင္။


ကိူယ္ဘယ္ေလာက္ပဲ ရိုးသားရိုးသား၊ 

ကိုယ္ဘယ္ေလာက္ပဲ အေနအထိုင္တတ္တတ္

ကိုယ္ဘယ္ေလာက္ပဲ ၾကိဳးစားၾကိဳးစား၊  

အဲ့ဒီၾကိဳးစားမွဳေတြေၾကာင့္ ဘယ္ေလာက္ပဲ ေအာင္ျမင္မွဳေတြရရ

အဲဒါကို မေက်နပ္ၾကတဲ့၊ မနာလိုၾကတဲ့ လူတစ္စုကေတာ့ ရွိေနမွာပါပဲ။

သူတို့ဟာ ကိုယ္နဲ့ ျပသနာျဖစ္ဖူးသည္ျဖစ္ေစ၊ မျဖစ္ဖူးသည္ျဖစ္ေစ

ကိုယ္နဲ့ အဆင္ေျပသည္ျဖစ္ေစ၊ မေျပသည္ျဖစ္ေစ

ကိုယ့္အေၾကာင္းကို ဂဃနဏ သိသည္ျဖစ္ေစ၊ မသိသည္ျဖစ္ေစ

ကိုယ့္ေနာက္ကြယ္မွာ ကိုယ့္အေၾကာင္းကို စိတ္ထင္ရာ ခ်ဲ့ကားျပီး 

ကိုယ့္ ေအာင္ျမင္မွဳေတြ၊ ဂုဏ္သိကၡာေတြ က်ဆင္းေအာင္ ေျပာဆိုေနၾကမွာပါ။


ရတနာကေတာ့ စၾကံဳေတြ့ခါစက စိတ္တိုသလို စိတ္လဲမေကာင္းျဖစ္မိတယ္။

ငါ ဘယ္ေလာက္ပဲ ေကာင္းေအာင္ေနေန၊ ဘယ္ေလာက္ပဲၾကိဳးစားၾကိဳးစား

ဘာလို့ အသိအမွတ္မျပဳၾကတဲ့အျပင္ ေအာက္ကို၀ိုင္းဆြဲခ်ေနၾကတာလဲေပါ့။

စားလဲ ဒီစိတ္၊ သြားလဲ ဒီစိတ္နဲ့ ဒီခံစားခ်က္ၾကီးကို သယ္ပိုးထားျပီး  

လ်စ္လ်ဴမရွဳနိုင္သလို ခြင့္လဲမလႊတ္ခ်င္ခဲ့ဖူး။

ဒါေပမယ့္ အဲ့လိုဆိုရင္ တကယ္တမ္း စိတ္ဆင္းရဲျပီး ပင္ပမ္းရတဲ့သူက

ကိုယ္ပဲျဖစ္ေနမွာေလ။ မတန္လိုက္တာေနာ္။

ခုလို အျဖစ္မ်ဳိးေတြ ငါးခါထက္မက ၾကံဳေတြ့ခဲ့ရျပီးခ်ိန္မွာေတာ့

အဲ့လိုလူေတြကို စိတ္လဲမတို၊ မုန္းလဲမမုန္းေတာ့တဲ့ အျပင္

သနားေတာင္သနားမိပါေသးတယ္။

ဘာလို့လဲဆိုေတာ့ သူတို့စိတ္ထဲမွာ ကိုယ့္အေၾကာင္းကိုထည့္ျပီး

ေလးပင္စြာ ခရီးဆက္ေနၾကလို့ပါပဲ။

ငါပဲ ၀တ္ခ်င္၊ ငါပဲ စားခ်င္၊ ငါပဲ ေအာင္ျမင္ခ်င္၊ ငါပဲ ခ်မ္းသာခ်င္၊ 

အစစအရာရာ "ငါ" ဆိုတဲ့ ငါတေကာေကာျပီး ကိုယ္ကလြဲလို့ 

တျခားသူ အဆင္ေျပတာကို မုဒိတာမပြါးေပးနိုင္သူေတြျဖစ္ေနလို့ပါပဲ။

ရတနာၾကံဳဖူးတဲ့လူတစ္ခ်ဳိ့ဆိုရင္ လူမ်ားမ်ားရွိတဲ့ အခ်ိန္ေရာက္ရင္

ေငြဘယ္ေလာက္သုံးနိုင္ျဖဳန္းနိုင္တဲ့အေၾကာင္း၊ ဘာ၀ယ္မယ္၊ ဘာစားမယ္ဆိုတဲ့အေၾကာင္း

(တကယ္ေတာ့ ကိုယ့္ ကိုယ္ပိုင္၀င္ေငြနဲ့လဲမဟုတ္၊ ရည္းစားဆီက ေတာင္းထားတဲ့ေငြ)

အဲ့ဒီအေၾကာင္းေတြပဲ အမ်ားဆံုးေျပာတယ္။ က်န္တဲ့အခ်ိန္မွာ အတင္းေျပာတယ္။

မသိတဲ့သူကေတာ့ အထင္ၾကီးေနမွာေပါ့။ သူ့အေၾကာင္းေသခ်ာသိတဲ့သူကေတာ့ 

သူ့ရဲ့ အထင္ၾကီးခံခ်င္တဲ့စိတ္၊ ၾကြား၀ါခ်င္တဲ့ အငံု့စိတ္ေၾကာင့္ဆိုတာ သိမွာပဲေလ။

တျခားသူက လွလွပပေလး၀တ္စားတာျမင္ရင္ အျမင္မၾကည္နိုင္ဖူး။

အဲ့လူတစ္ခ်ဳိ့လိုပဲ ကိုယ့္တိုးတက္ရာ တိုးတက္ေၾကာင္း ရွာေဖြမေလ့လာပဲ 

သူမ်ားျပစ္ခ်က္ကိုပဲ လိုက္ေထာက္ဖို့ အျမဲသူမ်ားေနာက္မွာပဲေနျပီး 

သူမ်ားအေၾကာင္းပဲ အတင္းေျပာရင္းနဲ့ သူတို့ကိုယ္တိုင္လဲ ေရွ့ေရာက္မလာေတာ့ဖူး။

ရတနာ ကေတာ့ လ်စ္လ်ဴရွုခဲ့ျပီးျပီျဖစ္လို့ သူတို့ ရွိသည္ျဖစ္ေစ၊

မရွိေတာ့သည္ျဖစ္ေစ ကိုယ္အလုပ္ကိုယ္ ၾကိဳးစားလုပ္ကိုင္ရင္း၊

ကိုယ့္ဘ၀တိုးတက္ေရးအတြက္ ေကာင္းနိုးရာရာေလးေတြ ရွာေဖြေလ့လာရင္း

ကိုယ့္ရည္မွန္းခ်က္ကိုပဲ အသခ်ာအာရံုစိုက္ရင္းနဲ့ပဲ ေနျဖစ္ေတာ့တယ္။

အားလုံးလဲ ရတနာ့လိုပဲ ေ၀ဖန္တာေတြ၊ တိုက္ခိုက္တာေတြကို လ်စ္လ်ဴရွုျပီး 

ကိုယ့္အတြက္ အက်ဳိးရွိမယ့္ အရာေတြေပၚကို အာရံုပိုစိုက္နိုင္ေအာင္ ၾကိဳးစားၾကပါ။

ခုခ်ိန္မွာ ဘယ္ေလာက္ပဲ ၾကီးမားတဲ့ ျပသနာၾကံဳၾကံဳ ေနာင္တစ္ခ်ိန္မွာ ကိုယ့္ပါးစပ္က ရယ္ေမာျပီး ျပန္ေျပာျပရမယ့္အခ်ိန္ မလြဲမေသေရာက္လာဦးမွာပါ။ " This too, will pass " ေပါ့ေလ။

အဲ့ဒီအခ်ိန္မေရာက္ခင္မွာ ကိုယ့္ကိုယ္ကိုယ္ ပိုမို ၾကံ့ခိုင္ေအာင္၊ ဘယ္အရာအတြက္မဆို

အဆင္သင့္ျဖစ္ေနေအာင္၊ ၀မ္းစာျပည့္၀ေအာင္ ျဖည့္ထားၾကပါ။

ကိုယ့္ဘ၀ေအာင့္ျမင္ဖို့ အဓိကတာ၀န္ရွိတဲ့သူဟာ ကိုယ္ကိုယ္တိုင္ပဲျဖစ္လို့

လက္ရွိေတြ့ၾကံဳခံစားေနရတဲ့ ဒုကၡေတြဟာ ကိုယ့္ရဲ့ အတိတ္က မေကာင္းတဲ့ 

အကုသိုလ္ကံနဲ့ လက္ရွိဘ၀ရဲ့ ေရြးခ်ယ္မွုမွားယြင္းခဲ့လို့သာျဖစ္တယ္ လို့ နွလဳံးသြင္းျပီး

ပတ္၀န္းက်င္ကို အျပစ္မျမင္ပဲ ၾကိဳးစားအားထုတ္ၾကပါေနာ္။

ကိုယ့္အိပ္မက္ေတြကို အေပ်ာက္မခံပါနဲ့ေနာ္။


ကဲ နွစ္သစ္လဲေရာက္ျပီဆိုေတာ့ စိတ္သစ္လူသစ္ ၾကိဳးစားမွုအသစ္ေတြနဲ့ 

ေအာင္ျမင္မွဳအသစ္ေတြ ပိုင္ဆိုင္နိုင္ၾကပါေစ။

တျခားသူရဲ့ အထင္အျမင္နဲ့ ေ၀ဖန္မွဳေတြကို ကရုမစိုက္ပဲ 

ကိုယ္၀ါသနာပါရာ၊ ကိုယ့္ဘ၀ရဲ့အသက္ေမြး၀မ္းေၾကာင္းျပဳမယ့္ အရာေတြကိုပဲ

အျမဲတေစ ရွာေဖြေလ့လာျပီး ဆႏၵနဲ့ ဘ၀ တစ္ထပ္ထဲက်ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ရွင္။



Sunday, August 18, 2019

မကွေး မြသလွန်ဘုရား-The Myathalun Pagoda

Unicode

မြသလွန်ဘုရားသည် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးမြို့၏ အနောက်မြောက်ဘက်အစွန် ဧရာဝတီမြစ်ကမ်းဘေး
နဂုတ္တမ တောင်ကုန်းပေါ်တွင်တည်ရှိသည်။ မြို့လယ်မှ တမိုင်ခွဲခန့် အကွာတွင်တည်ရှိပြီး ရင်ပြင်တော်ပေါ်သို့
မော်တော်ကားနှင့် ဖြစ်စေ ၊ စောင်းတန်း အတိုင်း လမ်းလျောက်၍ ဖြစ်စေ တက်ရောက် ဖူးမျှော်နိုင်ပါသည်။
မကွေးမြသလွန် မလွန်မြသပိတ် ဟု ဆိုရိုးရှိသည့်အတိုင်း မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများတွင်
မြသလွန်ဘုရားလည်း အပါအဝင်ဖြစ်သည်။ လုံးတော်ပြည့် ရွှေချထားသည့် ဘုရားတစ်ဆူဖြစ်ပြီး
စုစုပေါင်း အချပ်ရေမှာ "ဒွေးအစ်အဌဇေယျသတိ ချပ်ရေရှိ လုံးပြည့်ရွှေရောင်ဖြိုး" ဟု ဆိုစကားရှိသည်။

အချိန်ရလျှင် ညနေစောင်း နေအပူသက်သာချိန်တွင် ဖူးမျှော်ပါက ဘုရားလည်းဖူးရသလို မင်းဘူးမြစ်တကမ်းတွင်
တည်ရှိနေသော စက္ကိန်းတည်း ဘုရားသို့လည်းလှမ်းမျှော်ဖူးတွေ့နိုင်သလို လေတဖြူးဖြူးနှင့် ညနေဆည်းဆာ
နေဝင်ချိန်အလှကိုလည်း ခံစားနိုင်ပေမည်။

သမိုင်းကြောင်း

သမိုင်းအဆိုအရ မြသလွန်ဘုရားသည် ကဿပဘုရား၏ ရွှေသလွန်တော်နှင့် ဂေါတမမြတ်စွာဘုရား၏
မြသလွန်တော်တို့ကို ဌာပနာ၍တည်ထားသည်ဟု ဆိုသည်။
ဂေါတမမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ဝါတော် နှစ်ဆယ်သို့ ရောက်သောအခါ သုနာပရန္တတိုင်း
လယ်ကိုင်းသားတို့သည် စန္ဒကူးသားဖြင့် ဆောက်လုပ်ထားသော ကျောင်းတော်ကို အလှူခံတော်မူရန်
မြတ်စွာဘုရားထံ သွားရောက်လျှောက်ထားကြ၏။ ဘုရားသခင်လည်းမဟာ သက္ကရာဇ် ၁၂၃ ခု၊
ဝါဆိုလဆုတ် ၈ ရက်နေ့တွင် လယ်ကိုင်းစန္ဒကူးနံ့သာကျောင်းကို အလှူခံတော်မူပြီးလျှင် ခုနစ်ရက်ပတ်လုံး
ဈာန်၏ ချမ်းသာခြင်းဖြင့် မွေ့လျော်တော်မူ၍ တရားဒေသနာ တိုက်ကျွေးတော်မူသည်။ ထိုမှတစ်ဖန်
ရွှံ့ပွက်တောင်တို့ဖြင့် ခြံရံလျက်ရှိသော မင်းဘူးမြို့ရှိ စက္ကတဲတောင်ထိပ်သို့ ကြွချီကာ သိတင်းသုံးနေတော်မူသည်။ ရှေးဘုရား အဆူဆူပွင့်တော်မူစဉ်က ထိုတောင်ထိပ်သို့ ရောက်သည်ရှိသော်
သိကြားနတ်မင်းသည် ရတနာ သလွန်တော်ကို လှူဒါန်းမြဲဖြစ်သည်အတိုင်း ဂေါတမ မြတ်စွာဘုရားအားလည်း
မြသားအတိပြီးသော သလွန်တော်ကို လာရောက် လှူဒါန်းလေသည်။

ထိုအချိန်က ဧရာဝတီမြစ်၏ အရှေဘက်တောအုပ်ကြီးတွင်
ဘောကျော် ဘောသော ဘောသူရ ဘောရက္ခ ယက္ခသာဂီ ယက္ခ ဒါလီ အစရှိသည့်
ဘီလူးမောင်နှမ ခြောက်ယောက်နေထိုင်လေသည်။
မြတ်စွာဘုရား စက္ကိန်းတည်းအရပ်တွင်ကြွချီရောက်ရှိနေကြောင်းကြားသိရသောအခါ ညီနောင်လေးဦးသည်
ညီမ နှစ်ဦး မသိရလေအောင် စီစဉ်ပြီး ကြစုဖန်ခါးသီးများဖြင့် လှူဒါန်းရန်စီစဉ်ပြီး သွားရောက်ဖူးမျှော်ကြလေသည်။

ထိုအရပ်သို့ ဘီလူးညီနောင်တို့ရောက်သောအခါ သိကြားမင်းက မြသလွန်တော် ကို မြတ်စွာဘုရားအား လှူဒါန်းနေပြီး
ဘီလူးညီနောင်တို့ကလည်း ကြစုသဖန်သီးများကို ကပ်လှူ ပူဇော်လေသည်။မြတ်စွာဘုရားက ဘီလူးညီနောင်တို့အား
အသင်တို့ ယနေ့မှစ၍ သူတပါးအသက်သတ်ခြင်းကို စွန့်လွှတ်ကြပါကုန်လော့ အစပြု၍ တရားရေအေးတိုက်ကျွေးမူလေသည်။ထိုဘီလူးတို့ တရားရကြပြီး ..တပည့်တော်တို့အား မြတ်စွာဘုရားရှင်ကိုယ်စား ကိုးကွယ်ရာ
ပေသနားပါဟု လျှောက်ထားရာ မြတ်စွာဘုရားမှ မြသလွန်တော်ကို ပေးစွန့်တော်မူပြီး အသင်ဘီလူးတို့ အသင်တို့
လူ့ဘဝပြန်ရောက်သော် ဤ မြသလွန်ကို ဌာပနာထား၍ စေတီတည်ထား ကိုးကွယ်ပါဟု၍ မိန့်လေသည်။

မြတ်စွာဘုရား ပြန်လည်ကြွချီသွားသော အခါ ဘီလူးညီနောင်တို့လည်း မြသလွန်ကို ပင့်ဆောင်၍ ၎င်းတို့နေရပ်သို့
ပြန်ကြပြီး သူတ်ု့နေထိုင်ရာ တောအုပ်တွင် ဌာပနာ ပြု၍ စေတီတည်ထားကိုးကွယ်လေသည်။
သို့သော် ထိုဘုရားတည်ခြင်းအရာကို သိကြားမင်းသိသောအခါ မြသလွန်စေတီတည်ထားကိုးကွယ်ရာ အရပ်သည်
ဘုရားရှင်ဟောကြားခဲ့သည့် ဗျာဒိတ်နေရာ မဟုတ်မှန်သည့်အတွက် သူ၏တန်ခိုးဖြင့် ထိုဘုရားကို
ဖျက်ရန်စီစဉ်လေသည်။နတ်ဒေဝါတု့ိက မသင့်တော်ကြောင်းလျှောက်ထားသည့်အခါ သြိကားမင်းက
"ငါသည် မလိုတမာ အကြံဆိုးနှင့် ကြံစည်သည်မဟုတ်၊ ဘုရားရှင်၏ဗျာဒိတ်နှင့်အညီ ကိုးကွယ်ရာအရပ်
မှားနေသည့်အတွက်ကြောင့်သာ တားဆီးခြင်းသာဖြစ်သည်"ဟု ပြန်လည်ဖြေကြားလေသည်။
မြသလွန်တော်ကို ပင့်ဆောင်သွားခဲ့ရာ ယခုထက်တိုင်အောင်
ထိုဘုရားပြိုရှိသောနေရာကို အမှီပြု၍ ဘုရားပြိုရွာဟု တည်ရှိနေပေသေးသည်။

သိကြားမင်းသည် ဘီလူးတို့ တည်ထားသော ဘုရားကိုဖျက်ကာ မြသားသလွန်တော်ကို ယူ၍ ဧရာဝတီမြစ်ကမ်းတွင်
သိတင်းသုံးနေကြသော ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ ဒ္ဒိဗ္ဗဃာနမည်သော ရသေ့ကြီး သုံးဦးထံ သို့ ပင့်ဆောင် သွားလေသည်။ ထိုနောက် ကဿပဘုရား လက်ထက်တော်အခါက ရွှေသား သလွန်တော်ကို ဌပနာခဲ့ဘူးသော နဂုတ္တမတောင်ထိပ်တွင် မြသလွန်တော်ကိုလည်း ဌာပနာရန် စီမံ၏။ ထိုအခါ ပထမလှေတစင်းတွင် ပတ္တမြားပြာသာဒ်တော်၌ ဂေါတမမြတ်စွာဘုရား၏ မြသလွန်ကို တင်ဆောင်၍၎င်း၊ ဒုတိယ လှေတစ်စင်းတွင် ရွှေသားပြာသာဒ်တော်၌
ကဿပ ဘုရား၏ ရွှေသား သလွန်တော်ကို တင်ဆောင်၍၎င်း မဟာသက္ကရာဇ် ၁၂၈ ခု တပေါင်းလပြည့်နေ့တွင် ဧရာဝတီမြစ်ရေနှင့်အညီ စီမံကာ ဌာပနာတော်မူလေသည်။
နောက်ထပ် စေတီတည်ရန်မှာ ဘီလူးညီနောင်တို့ စုတေ၍ လူသားစင်စစ်ဖြစ်သောအခါမှသာ ဘုရားတည်ရန် သင့်ကြောင်း ရသေ့တို့အား ပန်ကြား၍ တာဝတိံသာသို့ ပြန်ကြွသွားလေသည်။

ဘီလူးမောင်နှမများမှ အငယ်ဆုံးညီမ ဘီလူးမယက္ခဒါလီသည် သူတို့ညီအမကို အသိမပေးဘဲ စက္ကိန်းတည်း သို့
မြတ်စွာဘုရားကြွချီလာစဉ် အကိုများသာ တိတ်တဆိတ် သွားဖူးခဲ့ကြလေသည်။ သူတို့လည်း ဖူးခြင်ပါလျှက်
မဖူးရသောကြောင့် လွန်စွာမှ အကိုတော်တို့ကို စိတ်ဆိုးပြီး အတူမနေနိုင်တော့သဖြင့် ထွက်ခွာခဲ့လေသည်။
ဝေဿနတ်မင်းကြီးထံရောက်သောအခါ အကြောင်းစုံလျှောက်ထားပြီး အကိုတော်တု့ိနှင့်
အတူမနေနိုင်တော့သည့်အတွက် နယ်မြေတခုပေးသနားရန် တောင်းသည့်အခါ ယက္ခဒါလီ ဘီလူးမကို
ယင်းချောင်း၏ တောင်ဖက်နယ်ကို အပိုင်စားပေးသနားလေသည်။

တနေ့ ယက္ခဒါလီ ဘီလူးမသည် တောပန်းများ သစ်သီးဝလံများခူးဆွတ်ကာ ဘုရားရှင် ဌာပနာထားရာအရပ်၌
ဆုတောင်းလေသည်။ "တပည့်တော်သည် လူ့ဘဝအဖြစ် ပြန်ဝင်စားခဲ့လျှင်အကိုတော်တို့ထက် စည်းစိမ်ချမ်းသာ
အလွန်အမင်းသာရသော ဘဝကို ရရှိလိုပါ၏" ဟုဆုတောင်းခဲ့လေသည်။
(ယက္ခဒါလီဆုတောင်းခဲ့သော နေရာကို စေတီတည်ထားပြီး ယခု ဆုတောင်းပြည့် စေတီဟု မှဲ့ခေါ်ပါသည်။)
သေလွန်ပြီးနောက် လူ့ဘဝတွင် အလွန်ချမ်းသာကြွယ်ဝသော ပုဏ္ဏားသူဌေး၏ သ္မီးအဖြစ် ဝင်စားလေသည်။
ယက္ခဒါလီ မင်းသ္မီးလေးမှာ အလွန်ကြွယ်ဝ ချမ်းသာလှသလို ရုပ်ဆင်းအင်္ဂါမှာလည်း ချောမောတင့်တယ်လွန်းသောကြောင့် ပုဏ္ဏားသူဌေးသည် သူ့သမီးအား  ဘုရင်မင်းမြတ်တု့ိနှင့်သာ သင်တော်ပေသည်ဟုဆိုကာ
တကောင်းပြည့်ရှင်မင်းထံ သမီးတော်ကို ဆက်ကပ်လေသည်။တကောင်းမင်းက နှစ်သက်တော်မူသဖြင့်
မြောက်နန်းမိဖုရားအဖြစ် မြှောက်စားလေသည်။

ထိုအချိန် မဟာဂါမရွှာ ဆိုသော အရပ်တွင် သူဘောဂ ဆိုသောသူဌေးကြီးရှိလေသည်။သူဘောဂ သူဌေးသည်
ရသေ့ကြီးသုံးပါးအား ပစ္စည်းလေးပါး မပြတ်လှူဒါန်းနေသောသူလည်း ဖြစ်ပေသည်။တနေ့သ၌ သူသည် မြသလွန် ဌာပနာ ထားရှိရာ အရပ်တွင် စေတီတည်ထားကိုးကွယ်လိုကြောင်း ရသေ့ကြီး သုံးပါးထံလျှောက်ထားလေသည်။
ရသေ့ကြီးသုံးပါးမှ ဘုရား၏ ဗျာဒိတ်တော်အရ ဘောကျော် နှင့် ဘောသော တို့ညီနောင် လူ့အဖြစ်ပြန်ရောက်မှ
သူတို့သာလျှင် ဘုရားတည်မည့် သူများ ဖြစ်လေသည်။ သင်ဘုရားတည်လိုပါက ဘောကျော် ဘောသော
လူဝင်စားတို့ကို တွေ့အောင်ရှာ၍ ကုသိုလ်ပြုပါတော့ဟု မိန့်လေသည်။ သူဌေးကြီးသူ့ဘောဂ လည်းတပည့်တပန်းများလွှတ်၍ ဘီလူးညီနောင် လူဝင်စားနှစ်ယောက် အကြောင်း နယ်အစုံလွှတ် စုံစမ်းလေသည်။သတင်းကမရပေ။
ထိုသို့ အဖေဖြစ်သူ သူ့ေဘောဂ တယောက် ကုသိုလ်ယူ ဘုရားတည်လိုသောကြောင့်
ဘီလူးလူဝင်စား ညီနောင်ကိုရှာနေကြောင်း သူ့ဘောဂ၏ သ္မီးပုဏ္ဏဝတီ ကြားသိရလေသည်။တနေ့ ပဏ္ဏဝတီသည်
မြသလွန် ဌာပနာပြုရာ နဂုတ္တမ တောင်သို့သွားပြီး အဓိဌာန် ဆုတောင်းလေသည်။
တောပန်းလေးများးကို ပန်းစာခွေပြုလုပ်ပြီး အဖေပြုလိုသော ဘုရားတည်ခြင်းကို ဘောကျော် ဘောသော
ဝင်စားသောသူများကိုတွေ့မှသာ ကုသိုလ်ပြုနိုင်ပေတေ့ာမည်။ အဖေ ကုသိုလ်ယူနိုင်ရန်အတွက် ဤ ပန်းစာခွေအား
ဘောကျော် ဘောသော ဝင်စားသူများတွေ့ရပါစေဟု ဆုတောင်းခဲ့လေသည်။
( နောင်တွင် ပန်းစာခွေချထားရစ်ခဲ့သောနေရာအား ပန်းရစ်တောင်စေတီဟုအထင်အရှားတည်ရှိလေသည်)
ထို့နောက် ပုဏ္ဏဝတ္တီသည် အတန်ငယ်ဝေးသော ကုန်းမြင့်ပေါ်မှ သူမျှော်လင့် လျာထားသော ခင်ပွန်းကိုမျှော်သော တောင်အား နောင်အခါ ရွှေလင်မျှော်စေတီ ဟုခေါ်ဝေါ်လေသည်။

ဘောကျော် ဘောသော ညီနောင်မှာလည်း သူတို့ ဘီလူးဘဝကနေထိုင်ခဲသည့် တောအုပ်နှင့်
များစွာ မဝေးကွာလှသောနေရာတွင် ကုန်သည်မျိုးရိုး၌ လူ့ဘဝ ဝင်စားလေသည်။
ဘောကျော်က အကိုဖြစ်ကာ ဘောသော က ညီအဖြစ်ပြန်ဝင်စားလေသည်။တနေ့ ကုန်ကူး ကုန်ရောင်းကြရင်း
ရသေ့ကြီး ၃ပါးရှိသောအရပ်သို့ ရောက်ရှိလာရင်း လှူဖွယ်များ ဆက်ကပ်လေသည်။
တဆက်တည်း မြသလွန် ဌာပါထားသည့် နေရာအား ဖူးေျျမျျှာ်ခွင့်တောင်းလေသည်။ ရသေ့ကြီးတို့၏
ခွင့်ပြုချက်အရ မြသလွန်ဌာပနာရှိရာ တောင်သို့အသွား လမ်းခုလတ်ရှိတောင်ကုန်းထက်တွင် ပန်းစာခွေ ကိုတွေ့ရှိရလေသည်။ပန်းစာခွေတွင်ရေးထားသော စာကို ဖတ်ပြီး အကိုဖြစ်သူ ဘောကျော်က"ငါတို့ဘီလူးဘဝတုန်းက
ဘုရားမတည်ဖြစ်ခဲ့တဲ့ ကိစ္စ အခုလူ့ဘဝ ရောက်တော့ဆုတောင်းပြည့်ရတော့မယ်" ဟု ဆိုလေသည်။

မြသလွန်ဌာပနာထားရာ အရပ်သို့ ဖူးမျှော်ကန်တော့ပြီး ပန်းစာခွေရေးခဲ့သုူ ပုဏ္ဏဝတီ ရှိရာ မဟာဂါမရွှာသို့ လိပ်စာအတိုင်း
ဆက်ထွက်ခဲ့ကြလေသည်။မဟာဂါမ ရွှာသို့ရောက်ပြီး သူဌေးသူဘောဂထံ ပန်းစာခွေအားအပ်ပြီး မိမိတု့ိသည်
ဘီလူးဘဝ ဘောကျော် ဘောသောမှလူ့ ဘဝအဖြစ် လူဖြစ်လာသော ညီနောင်ဖြစ်ကြောင်း ဦးသူ့ဘောဂ ထံ
အကျိုးအကြောင်းပြောပြလေသည်။ သူဌေးကြီးလည်း ဝမ်းမြောက်ဝမ်းသာဖြစ်လှပြီး သမီးမျှော်လင့်သော
ကြင်လျာဖက်တို့ရောက်လာချေပြီ ကောင်းစွာ ြုပုစုပါဟု သမီးပုဏ္ဏဝတီကိုမှာ ကြားလေသည်။
သမီးကို ဘောကျော် လုလင်နှင့် လက်ဆက်ပေးပြီး ဘောကျော် ဘောသောတို့နှင့် အတူ သူ့ဘောဂ သူဌေးကြီးသည်
ရသေ့ကြီးသုံးပါးထံသွားရောက်၍ မြသလွန်ဘုရားတည်လိုကြောင်းလျောက်ထားလေသည်။ ရသေ့ကြီးတို့လည်း
မြတ်စွာဘုရား၏ဗျာဒိတ်တော်နှင့် ကိုက်ညီလေသဖြင့် ခွင့်ပြုလေသည်။ အနယ်နယ် အရပ်ရပ်မှ
မြသလွန်ဘုရားတည်တော်မူရာတွင် ကုသိုလ်ပါဝင်နိုင်ကြရန် တဖွဲဖွဲရောက်ရှိလာကြတော့သည်။ သိကြားမင်းနတ်ဒေဝါများ၊ နတ်၊ ဝိဇ္ဇာ၊ ဇော်ဂျီ၊ ဘီလူးများပါ စုဝေးရောက်ရှိလာကြလေသည်။ဌာပနာတိုက်အတွင်း တည်ရှိနေသော
ရွှေသလွန် မြသလွန် အပေါ်မှ ညဏ်တော်အမြင့် ၃၅ တောင့်ရှိသော မူလ ပထမစေတီကို သူဌေးသူ့ဘောဂ ၊
လူဝင်စားဘောကျော်နှင့်ဇနီး ပုဏ္ဏဝတီတို့က စတင်တည်ထား ကိုးကွယ်ခဲ့ကြလေသည်။
ဤသို့ဖြင့် သမိုင်းဝင် မြသလွန်စေတီတော်ကြီး ဖြစ်လာလေသည်။

သက္ကရာဇ် ၄၁၂ ခုနစ်တွင် အနော်ရထာမင်း၏ သားတော် စောလူးမင်းလက်ထက်တွင် ပျက်ဆီးနေသော မြသလွန်စေတီကို ပြန်လည်ပြုပြင်ရင်း ညဏ်တော်ကို မူလထက် အတောင်၂၀ ထပ်မံမြှင့်တင်ပြီး ၅၅တောင်အမြင့်ရှိ မြသလွန်စေတီအဖြစ် ပြုပြင်တည်ထားကိုးကွယ်ခဲ့ကြောင်း မကွေးမြသလွန် ဘုရားသမိုင်းက ညွှန်းဆိုပြနေလေသည်။

အရွယ်အစား
မဟာ သက္ကရာဇ် ၁၅ဝ ပြည့်နှစ်တွင် ရသေ့ကြီး သုံးဦးနှင့်တကွ သိကြားမင်း၊ သူဌေးကြီး သမီး သုဏ္ဏဝတီနှင့် သားမက်ဘောကျော်တို့သည် ရွှေသားသလွန်တော်နှင့် မြသားသလွန်တော်တို့ကို ဌာပနာကာ စေတီတည်ကြလေသည်။ ထိုပထမဆုံးအကြိမ်တည်သော စေတီတော်မှာ အမြင့် သံတောင် ၃၅ တောင်ရှိသည်ဟူ၏။ ဤကား မြသလွန်စေတီကို ပထမဆုံအကြိမ် တည်ခြင်းဖြစ်သည်။ ထို့နောက် ပုဂံခေတ်၊ သက္ကရာဇတ် ၄၂၁ ခုနှစ်တွင် နန်းတက်သော စောလူးမင်းသည် သံတောင် ၅၅ တောင်မြင့်သော မြသလွန် စေတီတော်ကို ဒုတိယအကြိမ် ထပ်မံပြုပြင် တည်ပြန်သည်။
သက္ကရာဇ် ၁၂ဝ၉ ခုနှစ်တွင် မြေငလျင် ကြီးကျယ်စွာ လှုပ်သောကြောင့် မြသလွန်စေတီတော်ကြီး ကွဲအက်ပျက်စီး၍
ပြိုခဲ့ရလေသည်။ ထိုနှစ် တပေါင်းလဆန်း ၁၅ ရက်နေ့တွင် မကွေးမြို့သူကြီးမင်းမင်းထင် မင်းလှကျော်ခေါင်သည် သံတောင် ၆၆ တောင် ၂ မိုက်မြင့်သော စေတီတော်ကြီးကို အသစ်တဖန်
ထပ်မံတည်ပြန်သည်။ ထိုမှ တစ်ပါး ပထမခွေတွင် အချင်း ၅ တောင်တစ်မိုက် ၊ အစောက် ၁၇ တောင်မြင့်သော ထီးတော်ကြီးကိုလည်း လှူဒါန်းခဲ့လေသည်။ ထိုသို့ တည်စဉ် ဘုရားတည်ဆောက်သော ဗိသုကာ ပန်းရံဆရာကြီးများက ဘုရားသပိတ်မှောက်တွင် လက်ယှက်ဘီလူးရုပ် ၂၁ ရုပ်တိတိ ထုလုပ်ရာ၌ တနင်္ဂနွေထောင့်နှင့် သောကြာထောင့်ကြားရှိ ဘီလူးရုပ်ကို အခြားဘီလူးများကဲ့သို့ ထုလုပ်သော်လည်း အစွယ်မပါ ပြုံးနေသော ဘီလူးပုံသာ
ဖြစ်ပေါ်လာသည်။ ၃ ရက် ၃ ကြိမ်တိတိ ပြင်ဆင် ထုလုပ်သော်လည်း
အခြားဘီလူးရုပ်ကဲ့သို့ မထွက်လာသည့်အတွက် ဤအတိုင်း ထားခဲ့ရသည်။

သီရိဃဏ္ဍခေါင်းလောင်း

စေတီရင်ပြင် တနင်္ဂနွေထောင့်တွင် ချိတ်ဆွဲလှူဒါန်းထားသော ခေါင်းလောင်းက သီရိဃဏ္ဍခေါင်းလောင်း ဖြစ်ပြီး ယင်းကို ၁၈ အောက်တိုဘာ ၁၈၄၆ သာယာဝတီမင်းလက်ထက်တွင် မကွေးမြို့သူကြီး မောင်ရွှေပြည့်က ချိတ်ဆွဲလှူဒါန်းသည်။ ခေါင်းလောင်းစာ စီကုံးရေးသားသူမှာ ရှင်ပညာတိက္ခ ဖြစ်သည်။

ဘုရားပွဲတော်

မကွေးမြို့ မြသလွန်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်း ၈ ရက်မှ သီတင်းကျွတ် လပြည့်ကျော်
၈ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ ရှေးအခါက မကွေးမြသလွန် ဘုရားပွဲသည် အထက်အောက် ကုန်စည်ဖလှယ်ရာ ဈေးကြီးအဖြစ် အရောင်းအဝယ်စည်ကားခဲ့သည်။

ဤဆောင်းပါးကို သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ၏မှတ်စုတိုများထဲမှ ကောက်နှုတ်ရေးသားထားပါသည်။




Zawgyi

မေကြး ျမသလြန္ဘုရား

ျမသလြန္ဘုရားသည္ ျမန္မာႏိုင္ငံ အလယ္ပိုင္း မေကြးၿမိဳ႕၏ အေနာက္ေျမာက္ဘက္အစြန္ ဧရာဝတီျမစ္ကမ္းေဘး နဂုတၱမ ေတာင္ကုန္းေပၚတြင္တည္ရွိသည္။ ၿမိဳ႕လယ္မွ တမိုင္ခြဲခန႔္ အကြာတြင္တည္ရွိၿပီး ရင္ျပင္ေတာ္ေပၚသို႔ ေမာ္ေတာ္ကားႏွင့္ ျဖစ္ေစ ၊ ေစာင္းတန္း အတိုင္း လမ္းေလ်ာက္၍
 ျဖစ္ေစ တက္ေရာက္ ဖူးေမွ်ာ္ႏိုင္ပါသည္။မေကြးျမသလြန္ မလြန္ျမသပိတ္ ဟု ဆို႐ိုးရွိသည့္အတိုင္း ျမန္မာႏိုင္ငံရွိ တန္ခိုးႀကီးဘုရားမ်ားတြင္ ျမသလြန္ဘုရားလည္း အပါအဝင္ျဖစ္သည္။ လုံးေတာ္ျပည့္ ေ႐ႊခ်ထားသည့္ ဘုရားတစ္ဆူျဖစ္ၿပီး စုစုေပါင္း အခ်ပ္ေရမွာ "ေဒြးအစ္အဌေဇယ်သတိ ခ်ပ္ေရရွိ လုံးျပည့္ေ႐ႊေရာင္ၿဖိဳး" ဟု ဆိုစကားရွိသည္။

အခ်ိန္ရလွ်င္ ညေနေစာင္း ေနအပူသက္သာခ်ိန္တြင္ ဖူးေမွ်ာ္ပါက ဘုရားလည္းဖူးရသလို မင္းဘူးျမစ္တကမ္းတြင္
တည္ရွိေနေသာ စကၠိန္းတည္း ဘုရားသို႔လည္းလွမ္းေမွ်ာ္ဖူးေတြ႕ႏိုင္သလို ေလတျဖဴးျဖဴးႏွင့္ ညေနဆည္းဆာ
ေနဝင္ခ်ိန္အလွကိုလည္း ခံစားႏိုင္ေပမည္။

သမိုင္းေၾကာင္း

သမိုင္းအဆိုအရ ျမသလြန္ဘုရားသည္ ကႆပဘုရား၏ ေ႐ႊသလြန္ေတာ္ႏွင့္ ေဂါတမျမတ္စြာဘုရား၏
ျမသလြန္ေတာ္တို႔ကို ဌာပနာ၍တည္ထားသည္ဟု ဆိုသည္။

ေဂါတမျမတ္စြာဘုရားသည္ ဘုရားျဖစ္ေတာ္မူၿပီး၍ ဝါေတာ္ ႏွစ္ဆယ္သို႔ ေရာက္ေသာအခါ သုနာပရႏၲတိုင္း လယ္ကိုင္းသားတို႔သည္ စႏၵကူးသားျဖင့္ ေဆာက္လုပ္ထားေသာ ေက်ာင္းေတာ္ကို အလႉခံေတာ္မူရန္ ျမတ္စြာဘုရားထံ သြားေရာက္ေလွ်ာက္ထားၾက၏။ ဘုရားသခင္လည္းမဟာ သကၠရာဇ္ ၁၂၃ ခု၊ ဝါဆိုလဆုတ္ ၈ ရက္ေန႔တြင္ လယ္ကိုင္းစႏၵကူးနံ႔သာေက်ာင္းကို အလႉခံေတာ္မူၿပီးလွ်င္ ခုနစ္ရက္ပတ္လုံး ဈာန္၏ ခ်မ္းသာျခင္းျဖင့္ ေမြ႕ေလ်ာ္ေတာ္မူ၍
တရားေဒသနာ တိုက္ေကြၽးေတာ္မူသည္။ ထိုမွတစ္ဖန္ ႐ႊံ႕ပြက္ေတာင္တို႔ျဖင့္ ၿခံရံလ်က္ရွိေသာ မင္းဘူးၿမိဳ႕ရွိ စကၠတဲေတာင္ထိပ္သို႔ ႂကြခ်ီကာ သိတင္းသုံးေနေတာ္မူသည္။ ေရွးဘုရား အဆူဆူပြင့္ေတာ္မူစဥ္က ထိုေတာင္ထိပ္သို႔ ေရာက္သည္ရွိေသာ္
သိၾကားနတ္မင္းသည္ ရတနာ သလြန္ေတာ္ကို လႉဒါန္းၿမဲျဖစ္သည္အတိုင္း ေဂါတမ ျမတ္စြာဘုရားအားလည္း ျမသားအတိၿပီးေသာ သလြန္ေတာ္ကို လာေရာက္ လႉဒါန္းေလသည္။

ထိုအခ်ိန္က ဧရာဝတီျမစ္၏ အေရွဘက္ေတာအုပ္ႀကီးတြင္
ေဘာေက်ာ္ ေဘာေသာ ေဘာသူရ ေဘာရကၡ ယကၡသာဂီ ယကၡ ဒါလီ အစရွိသည့္
ဘီလူးေမာင္ႏွမ ေျခာက္ေယာက္ေနထိုင္ေလသည္။
ျမတ္စြာဘုရား စကၠိန္းတည္းအရပ္တြင္ႂကြခ်ီေရာက္ရွိေနေၾကာင္းၾကားသိရေသာအခါ ညီေနာင္ေလးဦးသည္
ညီမ ႏွစ္ဦး မသိရေလေအာင္ စီစဥ္ၿပီး ၾကစုဖန္ခါးသီးမ်ားျဖင့္ လႉဒါန္းရန္စီစဥ္ၿပီး သြားေရာက္ဖူးေမွ်ာ္ၾကေလသည္။

ထိုအရပ္သို႔ ဘီလူးညီေနာင္တို႔ေရာက္ေသာအခါ သိၾကားမင္းက ျမသလြန္ေတာ္ ကို ျမတ္စြာဘုရားအား လႉဒါန္းေနၿပီး ဘီလူးညီေနာင္တို႔ကလည္း ၾကစုသဖန္သီးမ်ားကို ကပ္လႉ
ပူေဇာ္ေလသည္။ျမတ္စြာဘုရားက ဘီလူးညီေနာင္တို႔အား
အသင္တို႔ ယေန႔မွစ၍ သူတပါးအသက္သတ္ျခင္းကို စြန႔္လႊတ္ၾကပါကုန္ေလာ ..အစျပဳ၍ တရားေရေအးတိုက္ေကြၽးမူေလသည္။ထိုဘီလူးတို႔ တရားရၾကၿပီး ..တပည့္ေတာ္တို႔အား ျမတ္စြာဘုရားရွင္ကိုယ္စား ကိုးကြယ္ရာ ေပသနားပါဟု ေလွ်ာက္ထားရာ
ျမတ္စြာဘုရားမွ ျမသလြန္ေတာ္ကို ေပးစြန႔္ေတာ္မူၿပီး အသင္ဘီလူးတို႔ အသင္တို႔ လူ႔ဘဝျပန္ေရာက္ေသာ္ ဤ ျမသလြန္ကို ဌာပနာထား၍ ေစတီတည္ထား ကိုးကြယ္ပါဟု၍ မိန႔္ေလသည္။

ျမတ္စြာဘုရား ျပန္လည္ႂကြခ်ီသြားေသာ အခါ ဘီလူးညီေနာင္တို႔လည္း ျမသလြန္ကို ပင့္ေဆာင္၍ ၎တို႔ေနရပ္သို႔ ျပန္ၾကၿပီး သူတ္ု႔ေနထိုင္ရာ ေတာအုပ္တြင္ ဌာပနာ ျပဳ၍ ေစတီတည္ထားကိုးကြယ္ေလသည္။သို႔ေသာ္ ထိုဘုရားတည္ျခင္းအရာကို သိၾကားမင္းသိေသာအခါ ျမသလြန္ေစတီတည္ထားကိုးကြယ္ရာ အရပ္သည္ ဘုရားရွင္ေဟာၾကားခဲ့သည့္ ဗ်ာဒိတ္ေနရာ မဟုတ္မွန္သည့္အတြက္ သူ၏တန္ခိုးျဖင့္ ထိုဘုရားကို ဖ်က္ရန္စီစဥ္ေလသည္။နတ္ေဒဝါတု႔ိက မသင့္ေတာ္ေၾကာင္းေလွ်ာက္ထားသည့္အခါ ႀသိကားမင္းက "ငါသည္ မလိုတမာ အႀကံဆိုးႏွင့္
ႀကံစည္သည္မဟုတ္၊ ဘုရားရွင္၏ဗ်ာဒိတ္ႏွင့္အညီ ကိုးကြယ္ရာအရပ္ မွားေနသည့္အတြက္ေၾကာင့္သာ
တားဆီးျခင္းသာျဖစ္သည္"ဟု ျပန္လည္ေျဖၾကားေလသည္။ ျမသလြန္ေတာ္ကို ပင့္ေဆာင္သြားခဲ့ရာ ယခုထက္တိုင္ေအာင္ ထိုဘုရားၿပိဳရွိေသာေနရာကို အမွီျပဳ၍ ဘုရားၿပိဳ႐ြာဟု တည္ရွိေနေပေသးသည္။

သိၾကားမင္းသည္ ဘီလူးတို႔ တည္ထားေသာ ဘုရားကိုဖ်က္ကာ ျမသားသလြန္ေတာ္ကို ယူ၍ ဧရာဝတီျမစ္ကမ္းတြင္ သိတင္းသုံးေနၾကေသာ ဒိဗၺစကၡဳ၊ ဒိဗၺေသာတ၊ ဒၵိဗၺဃာနမည္ေသာ ရေသ့ႀကီး သုံးဦးထံ သို႔ ပင့္ေဆာင္ သြားေလသည္။ ထိုေနာက္ ကႆပဘုရား လက္ထက္ေတာ္အခါက ေ႐ႊသား သလြန္ေတာ္ကို ဌပနာခဲ့ဘူးေသာ နဂုတၱမေတာင္ထိပ္တြင္
ျမသလြန္ေတာ္ကိုလည္း ဌာပနာရန္ စီမံ၏။ ထိုအခါ ပထမေလွတစင္းတြင္ ပတၱျမားျပာသာဒ္ေတာ္၌ ေဂါတမျမတ္စြာဘုရား၏ ျမသလြန္ကို တင္ေဆာင္၍၎၊ ဒုတိယ ေလွတစ္စင္းတြင္ ေ႐ႊသားျပာသာဒ္ေတာ္၌ကႆပ ဘုရား၏ ေ႐ႊသား သလြန္ေတာ္ကို တင္ေဆာင္၍၎ မဟာသကၠရာဇ္ ၁၂၈ ခု တေပါင္းလျပည့္ေန႔တြင္ ဧရာဝတီျမစ္ေရႏွင့္အညီ စီမံကာ ဌာပနာေတာ္မူေလသည္။
ေနာက္ထပ္ ေစတီတည္ရန္မွာ ဘီလူးညီေနာင္တို႔ စုေတ၍ လူသားစင္စစ္ျဖစ္ေသာအခါမွသာ ဘုရားတည္ရန္ သင့္ေၾကာင္း ရေသ့တို႔အား ပန္ၾကား၍ တာဝတႎသာသို႔ ျပန္ႂကြသြားေလသည္။

ဘီလူးေမာင္ႏွမမ်ားမွ အငယ္ဆုံးညီမ ဘီလူးမယကၡဒါလီသည္ သူတို႔ညီအမကို အသိမေပးဘဲ စကၠိန္းတည္း သို႔ ျမတ္စြာဘုရားႂကြခ်ီလာစဥ္ အကိုမ်ားသာ တိတ္တဆိတ္ သြားဖူးခဲ့ၾကေလသည္။ သူတို႔လည္း ဖူးျခင္ပါလွ်က္ မဖူးရေသာေၾကာင့္ လြန္စြာမွ အကိုေတာ္တို႔ကို စိတ္ဆိုးၿပီး အတူမေနႏိုင္ေတာ့သျဖင့္ ထြက္ခြာခဲ့ေလသည္။ေဝႆနတ္မင္းႀကီးထံေရာက္ေသာအခါ အေၾကာင္းစုံေလွ်ာက္ထားၿပီး အကိုေတာ္တု႔ိႏွင့္ အတူမေနႏိုင္ေတာ့သည့္အတြက္ နယ္ေျမတခုေပးသနားရန္ ေတာင္းသည့္အခါ ယကၡဒါလီ ဘီလူးမကို ယင္းေခ်ာင္း၏ ေတာင္ဖက္နယ္ကို အပိုင္စားေပးသနားေလသည္။

တေန႔ ယကၡဒါလီ ဘီလူးမသည္ ေတာပန္းမ်ား သစ္သီးဝလံမ်ားခူးဆြတ္ကာ ဘုရားရွင္ ဌာပနာထားရာအရပ္၌
ဆုေတာင္းေလသည္။ "တပည့္ေတာ္သည္ လူ႔ဘဝအျဖစ္ ျပန္ဝင္စားခဲ့လွ်င္အကိုေတာ္တို႔ထက္ စည္းစိမ္ခ်မ္းသာ အလြန္အမင္းသာရေသာ ဘဝကို ရရွိလိုပါ၏" ဟုဆုေတာင္းခဲ့ေလသည္။
(ယကၡဒါလီဆုေတာင္းခဲ့ေသာ ေနရာကို ေစတီတည္ထားၿပီး ယခု ဆုေတာင္းျပည့္ ေစတီဟု မွဲ႔ေခၚပါသည္။)ေသလြန္ၿပီးေနာက္ လူ႔ဘဝတြင္ အလြန္ခ်မ္းသာႂကြယ္ဝေသာ ပုဏၰားသူေဌး၏ သၼီးအျဖစ္ ဝင္စားေလသည္။ယကၡဒါလီ မင္းသၼီးေလးမွာ အလြန္ႂကြယ္ဝ ခ်မ္းသာလွသလို ႐ုပ္ဆင္းအဂၤါမွာလည္း ေခ်ာေမာတင့္တယ္လြန္းေသာေၾကာင့္
ပုဏၰားသူေဌးသည္ သူ႔သမီးအား  ဘုရင္မင္းျမတ္တု႔ိႏွင့္သာ သင္ေတာ္ေပသည္ဟုဆိုကာ တေကာင္းျပည့္ရွင္မင္းထံ သမီးေတာ္ကို ဆက္ကပ္ေလသည္။တေကာင္းမင္းက ႏွစ္သက္ေတာ္မူသျဖင့္ ေျမာက္နန္းမိဖုရားအျဖစ္ ေျမႇာက္စားေလသည္။

ထိုအခ်ိန္ မဟာဂါမ႐ႊာ ဆိုေသာ အရပ္တြင္ သူေဘာဂ ဆိုေသာသူေဌးႀကီးရွိေလသည္။သူေဘာဂ သူေဌးသည္ ရေသ့ႀကီးသုံးပါးအား ပစၥည္းေလးပါး မျပတ္လႉဒါန္းေနေသာသူလည္း ျဖစ္ေပသည္။တေန႔သ၌ သူသည္ ျမသလြန္ ဌာပနာ ထားရွိရာ အရပ္တြင္ ေစတီတည္ထားကိုးကြယ္လိုေၾကာင္း ရေသ့ႀကီး သုံးပါးထံေလွ်ာက္ထားေလသည္။ရေသ့ႀကီးသုံးပါးမွ ဘုရား၏ ဗ်ာဒိတ္ေတာ္အရ ေဘာေက်ာ္ ႏွင့္ ေဘာေသာ တို႔ညီေနာင္ လူ႔အျဖစ္ျပန္ေရာက္မွ သူတို႔သာလွ်င္ ဘုရားတည္မည့္ သူမ်ား ျဖစ္ေလသည္။ သင္ဘုရားတည္လိုပါက ေဘာေက်ာ္ ေဘာေသာ လူဝင္စားတို႔ကို
ေတြ႕ေအာင္ရွာ၍ ကုသိုလ္ျပဳပါေတာ့ဟု မိန႔္ေလသည္။ သူေဌးႀကီးသူ႔ေဘာဂ လည္းတပည့္တပန္းမ်ားလႊတ္၍ ဘီလူးညီေနာင္ လူဝင္စားႏွစ္ေယာက္ အေၾကာင္း နယ္အစုံလႊတ္ စုံစမ္းေလသည္။
သတင္းကမရေပ။ ထိုသို႔ အေဖျဖစ္သူ သူ႔ေေဘာဂ တေယာက္ ကုသိုလ္ယူ ဘုရားတည္လိုေသာေၾကာင့္
ဘီလူးလူဝင္စား ညီေနာင္ကိုရွာေနေၾကာင္း သူ႔ေဘာဂ၏ သၼီးပုဏၰဝတီ ၾကားသိရေလသည္။တေန႔ ပဏၰဝတီသည္ ျမသလြန္ ဌာပနာျပဳရာ နဂုတၱမ ေတာင္သို႔သြားၿပီး အဓိဌာန္ ဆုေတာင္းေလသည္။
ေတာပန္းေလးမ်ားးကို ပန္းစာေခြျပဳလုပ္ၿပီး အေဖျပဳလိုေသာ ဘုရားတည္ျခင္းကို ေဘာေက်ာ္ ေဘာေသာ ဝင္စားေသာသူမ်ားကိုေတြ႕မွသာ ကုသိုလ္ျပဳႏိုင္ေပေတ့ာမည္။ အေဖ ကုသိုလ္ယူႏိုင္ရန္အတြက္ ဤ ပန္းစာေခြအားေဘာေက်ာ္ ေဘာေသာ ဝင္စားသူမ်ားေတြ႕ရပါေစဟု ဆုေတာင္းခဲ့ေလသည္။
( ေနာင္တြင္ ပန္းစာေခြခ်ထားရစ္ခဲ့ေသာေနရာအား ပန္းရစ္ေတာင္ေစတီဟုအထင္အရွားတည္ရွိေလသည္)
ထို႔ေနာက္ ပုဏၰဝတၱီသည္ အတန္ငယ္ေဝးေသာ ကုန္းျမင့္ေပၚမွ သူေမွ်ာ္လင့္ လ်ာထားေသာ ခင္ပြန္းကိုေမွ်ာ္ေသာေတာင္အား ေနာင္အခါ ေ႐ႊလင္ေမွ်ာ္ေစတီ ဟုေခၚေဝၚေလသည္။

ေဘာေက်ာ္ ေဘာေသာ ညီေနာင္မွာလည္း သူတို႔ ဘီလူးဘဝကေနထိုင္ခဲသည့္ ေတာအုပ္ႏွင့္
မ်ားစြာ မေဝးကြာလွေသာေနရာတြင္ ကုန္သည္မ်ိဳး႐ိုး၌ လူ႔ဘဝ ဝင္စားေလသည္။
ေဘာေက်ာ္က အကိုျဖစ္ကာ ေဘာေသာ က ညီအျဖစ္ျပန္ဝင္စားေလသည္။တေန႔ ကုန္ကူး ကုန္ေရာင္းၾကရင္း ရေသ့ႀကီး ၃ပါးရွိေသာအရပ္သို႔ ေရာက္ရွိလာရင္း လႉဖြယ္မ်ား ဆက္ကပ္ေလသည္။
တဆက္တည္း ျမသလြန္ ဌာပါထားသည့္ ေနရာအား ဖူးေ််မ်ွ်ာ္ခြင့္ေတာင္းေလသည္။ ရေသ့ႀကီးတို႔၏ ခြင့္ျပဳခ်က္အရ ျမသလြန္ဌာပနာရွိရာ ေတာင္သို႔အသြား လမ္းခုလတ္ရွိေတာင္ကုန္းထက္တြင္ ပန္းစာေခြ ကိုေတြ႕ရွိရေလသည္။
ပန္းစာေခြတြင္ေရးထားေသာ စာကို ဖတ္ၿပီး အကိုျဖစ္သူ ေဘာေက်ာ္က"ငါတို႔ဘီလူးဘဝတုန္းက ဘုရားမတည္ျဖစ္ခဲ့တဲ့ ကိစၥ အခုလူ႔ဘဝ ေရာက္ေတာ့ဆုေတာင္းျပည့္ရေတာ့မယ္" ဟု ဆိုေလသည္။

ျမသလြန္ဌာပနာထားရာ အရပ္သို႔ ဖူးေမွ်ာ္ကန္ေတာ့ၿပီး ပန္းစာေခြေရးခဲ့သုူ ပုဏၰဝတီ ရွိရာ မဟာဂါမ႐ႊာသို႔ လိပ္စာအတိုင္း
ဆက္ထြက္ခဲ့ၾကေလသည္။မဟာဂါမ ႐ႊာသို႔ေရာက္ၿပီး သူေဌးသူေဘာဂထံ ပန္းစာေခြအားအပ္ၿပီး မိမိတု႔ိသည္ ဘီလူးဘဝ ေဘာေက်ာ္ ေဘာေသာမွလူ႔ ဘဝအျဖစ္ လူျဖစ္လာေသာ ညီေနာင္ျဖစ္ေၾကာင္း ဦးသူ႔ေဘာဂ ထံ
အက်ိဳးအေၾကာင္းေျပာျပေလသည္။ သူေဌးႀကီးလည္း ဝမ္းေျမာက္ဝမ္းသာျဖစ္လွၿပီး သမီးေမွ်ာ္လင့္ေသာ
ၾကင္လ်ာဖက္တို႔ေရာက္လာေခ်ၿပီ ေကာင္းစြာ ျုပုစုပါဟု သမီးပုဏၰဝတီကိုမွာ ၾကားေလသည္။
သမီးကို ေဘာေက်ာ္ လုလင္ႏွင့္ လက္ဆက္ေပးၿပီး ေဘာေက်ာ္ ေဘာေသာတို႔ႏွင့္ အတူ သူ႔ေဘာဂ သူေဌးႀကီးသည္
ရေသ့ႀကီးသုံးပါးထံသြားေရာက္၍ ျမသလြန္ဘုရားတည္လိုေၾကာင္းေလ်ာက္ထားေလသည္။ ရေသ့ႀကီးတို႔လည္း
ျမတ္စြာဘုရား၏ဗ်ာဒိတ္ေတာ္ႏွင့္ ကိုက္ညီေလသျဖင့္ ခြင့္ျပဳေလသည္။ အနယ္နယ္ အရပ္ရပ္မွ
ျမသလြန္ဘုရားတည္ေတာ္မူရာတြင္ ကုသိုလ္ပါဝင္ႏိုင္ၾကရန္ တဖြဲဖြဲေရာက္ရွိလာၾကေတာ့သည္။ သိၾကားမင္းနတ္ေဒဝါမ်ား၊
နတ္၊ ဝိဇၨာ၊ ေဇာ္ဂ်ီ၊ ဘီလူးမ်ားပါ စုေဝးေရာက္ရွိလာၾကေလသည္။
ဌာပနာတိုက္အတြင္း တည္ရွိေနေသာေ႐ႊသလြန္ ျမသလြန္ အေပၚမွ ညဏ္ေတာ္အျမင့္ ၃၅ ေတာင့္ရွိေသာ
မူလ ပထမေစတီကို သူေဌးသူ႔ေဘာဂ လူဝင္စားေဘာေက်ာ္ႏွင့္ဇနီး ပုဏၰဝတီတို႔က စတင္တည္ထား ကိုးကြယ္ခဲ့ၾကေလသည္။
ဤသို႔ျဖင့္ သမိုင္းဝင္ ျမသလြန္ေစတီေတာ္ႀကီး ျဖစ္လာေလသည္။

သကၠရာဇ္ ၄၁၂ ခုနစ္တြင္ အေနာ္ရထာမင္း၏ သားေတာ္ ေစာလူးမင္းလက္ထက္တြင္ ပ်က္ဆီးေနေသာ ျမသလြန္ေစတီကို
ျပန္လည္ျပဳျပင္ရင္း ညဏ္ေတာ္ကို မူလထက္ အေတာင္၂၀ ထပ္မံျမႇင့္တင္ၿပီး ၅၅ေတာင္အျမင့္ရွိ ျမသလြန္ေစတီအျဖစ္
ျပဳျပင္တည္ထားကိုးကြယ္ခဲ့ေၾကာင္း မေကြးျမသလြန္ ဘုရားသမိုင္းက ၫႊန္းဆိုျပေနေလသည္။

အ႐ြယ္အစား

မဟာ သကၠရာဇ္ ၁၅ဝ ျပည့္ႏွစ္တြင္ ရေသ့ႀကီး သုံးဦးႏွင့္တကြ သိၾကားမင္း၊ သူေဌးႀကီး သမီး သုဏၰဝတီႏွင့္ သားမက္ေဘာေက်ာ္တို႔သည္ ေ႐ႊသားသလြန္ေတာ္ႏွင့္ ျမသားသလြန္ေတာ္တို႔ကို ဌာပနာကာ ေစတီတည္ၾကေလသည္။ ထိုပထမဆုံးအႀကိမ္တည္ေသာ
ေစတီေတာ္မွာ အျမင့္ သံေတာင္ ၃၅ ေတာင္ရွိသည္ဟူ၏။ ဤကား ျမသလြန္ေစတီကို ပထမဆုံအႀကိမ္ တည္ျခင္းျဖစ္သည္။
ထို႔ေနာက္ ပုဂံေခတ္၊ သကၠရာဇတ္ ၄၂၁ ခုႏွစ္တြင္ နန္းတက္ေသာ ေစာလူးမင္းသည္ သံေတာင္ ၅၅ ေတာင္ျမင့္ေသာ
ျမသလြန္ ေစတီေတာ္ကို ဒုတိယအႀကိမ္ ထပ္မံျပဳျပင္ တည္ျပန္သည္။ သကၠရာဇ္ ၁၂ဝ၉ ခုႏွစ္တြင္ ေျမငလ်င္ ႀကီးက်ယ္စြာ
လႈပ္ေသာေၾကာင့္ ျမသလြန္ေစတီေတာ္ႀကီး ကြဲအက္ပ်က္စီး၍ ၿပိဳခဲ့ရေလသည္။ ထိုႏွစ္ တေပါင္းလဆန္း ၁၅ ရက္ေန႔တြင္
မေကြးၿမိဳ႕သူႀကီးမင္းမင္းထင္ မင္းလွေက်ာ္ေခါင္သည္ သံေတာင္ ၆၆ ေတာင္ ၂ မိုက္ျမင့္ေသာ ေစတီေတာ္ႀကီးကို အသစ္တဖန္
ထပ္မံတည္ျပန္သည္။ ထိုမွ တစ္ပါး ပထမေခြတြင္ အခ်င္း ၅ ေတာင္တစ္မိုက္ ၊ အေစာက္ ၁၇ ေတာင္ျမင့္ေသာ ထီးေတာ္ႀကီးကိုလည္း လႉဒါန္းခဲ့ေလသည္။ ထိုသို႔ တည္စဥ္ ဘုရားတည္ေဆာက္ေသာ ဗိသုကာ ပန္းရံဆရာႀကီးမ်ားက ဘုရားသပိတ္ေမွာက္တြင္
လက္ယွက္ဘီလူး႐ုပ္ ၂၁ ႐ုပ္တိတိ ထုလုပ္ရာ၌ တနဂၤေႏြေထာင့္ႏွင့္ ေသာၾကာေထာင့္ၾကားရွိ ဘီလူး႐ုပ္ကို အျခားဘီလူးမ်ားကဲ့သို႔
ထုလုပ္ေသာ္လည္း အစြယ္မပါ ၿပဳံးေနေသာ ဘီလူးပုံသာ ျဖစ္ေပၚလာသည္။ ၃ ရက္ ၃ ႀကိမ္တိတိ ျပင္ဆင္ ထုလုပ္ေသာ္လည္း
အျခားဘီလူး႐ုပ္ကဲ့သို႔ မထြက္လာသည့္အတြက္ ဤအတိုင္း ထားခဲ့ရသည္။

သီရိဃ႑ေခါင္းေလာင္း

ေစတီရင္ျပင္ တနဂၤေႏြေထာင့္တြင္ ခ်ိတ္ဆြဲလႉဒါန္းထားေသာ ေခါင္းေလာင္းက သီရိဃ႑ေခါင္းေလာင္း ျဖစ္ၿပီး ယင္းကို
၁၈ ေအာက္တိုဘာ ၁၈၄၆ သာယာဝတီမင္းလက္ထက္တြင္ မေကြးၿမိဳ႕သူႀကီး ေမာင္ေ႐ႊျပည့္က ခ်ိတ္ဆြဲလႉဒါန္းသည္။
ေခါင္းေလာင္းစာ စီကုံးေရးသားသူမွာ ရွင္ပညာတိကၡ ျဖစ္သည္။

ဘုရားပြဲေတာ္

မေကြးၿမိဳ႕ ျမသလြန္ပြဲေတာ္ကို ႏွစ္စဥ္ႏွစ္တိုင္း သီတင္းကြၽတ္လဆန္း ၈ ရက္မွ သီတင္းကြၽတ္ လျပည့္ေက်ာ္ ၈ ရက္ေန႔ထိ
စည္ကားသိုက္ၿမိဳက္စြာ က်င္းပလ်က္ရွိသည္။ ေရွးအခါက မေကြးျမသလြန္ ဘုရားပြဲသည္ အထက္ေအာက္ ကုန္စည္ဖလွယ္ရာ
ေဈးႀကီးအျဖစ္ အေရာင္းအဝယ္စည္ကားခဲ့သည္။

ဤေဆာင္းပါးကို သင္ဆရာ ၊ ျမင္ဆရာ ၊ ၾကားဆရာ မ်ား၏မွတ္စုတိုမ်ားထဲမွ ေကာက္ႏႈတ္ေရးသားထားပါသည္။


Sunday, July 7, 2019

ပုဂံ-One of the UNESCO World Heritage

Unicode

ပုဂံ (ခေါ်) တမ္ပဒီပ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက်
အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်၎င်း ၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်၎င်း ၊ ကမ္ဘာလှည့်ခရီးသည်တို့ကို စွဲဆောင်ရာနေရာအဖြစ်၎င်း ကမ္ဘာကျော်သည့်နေရာတစ်နေရာဖြစ်သည်။ ၂၀၁၉ ခုနှစ် ၊ ဇူလိုင်လ ၊ ၆ ရက်နေ့တွင် ပုဂံဒေသတစ်ခုလုံးကို ယူနက်စကို
ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံရဲ့ ရှေးဟောင်းပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် ထည့်သွင်းသတ်မှတ်လိုက်ပြီလို့
ကုလသမဂ္ဂယူနက်စကို (UNESCO) အဖွဲ့က 6.6.2019(Sat) မှာ ကြေငြာလိုက်ပါတယ်။ 6.6.2019 ရက်နေ့က
အဇာဘိုင်ဂျန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးအတွင်း အခုလို
သတ်မှတ်လိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)
အင်တာနက်စာမျက်နှာနဲ့ တွစ်တာစာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ထည့်သွင်းလိုက်တဲ့အပေါ် ကမ္ဘာ့အမွေအနှစ်ကော်မတီ အဖွဲ့ဝင်နိုင်ငံများက လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့ကြပါသည်။ အခုလို ကမ္ဘာ့အမွေအနှစ်အဖြစ် ထည့်သွင်း သတ်မှတ်လိုက်တဲ့အပေါ်မှာ မြန်မာအစိုးရနဲ့ ပြည်သူတွေကိုယ်စား အထူးပဲကျေးဇူးတင်တယ်လို့ ယူနက်စကိုဆိုင်ရာ
မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်ဇေယျက  အခမ်းအနားတွင် ပြောကြားလိုက်ပါတယ်။
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့အတွက် ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ပုဂံအား ရှေးဟောင်းယဉ်ကျေးမှု
အမွေအနှစ် ထိန်းသိမ်းရေးဒေသအဖြစ် ယူနက်စကိုသို့ တင်သွင်းခဲ့သည်။ နိုင်ငံတကာ အထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများ ကောင်စီ (ICOMOS) အဖွဲ့မှ ပညာရှင်တဦးက ၂၀၁၈ စက်တင်ဘာ တွင် ၁၀ ရက်ကြာ
လာရောက်စစ်ဆေးခဲ့ပြီးနောက် ICOMOS အဖွဲ့က ပုဂံဒေသကို ယူနက်စကို စာရင်းဝင်ဖို့အတွက်
ထောက်ခံပေးခဲ့တာဖြစ်ပါတယ်။၁၉၉၄ ခုနှစ် မြန်မာစစ်အစိုးရလက်ထက်တုန်းကလည်း ပုဂံဒေသကို
World Heritage ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ထည့်သွင်းပေးဖို့ တခါလျှောက်ထားခဲ့ဖူးပေမဲ့ စစ်အစိုးရက
ပုဂံမှာ မျှော်စင်ကြီးတွေဆောက်တာ ၊ ဘုရားစေတီတွေကို ထီးတင်တာ ၊ ရွှေသင်္ကန်း ကပ်တာတွေလုပ်ခဲ့တာကြောင့် မူရင်းပုဂံလက်ရာကို ထိခိုက်စေတယ်ဆိုပြီး ရှေးဟောင်းသုတေသနပညာရှင်တွေက ကန့်ကွက်ခဲ့ကြပါတယ်။
အခုနှစ်မှာတော့ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ဖို့ အဆိုပြုထားတဲ့ နေရာ ၃၅ နေရာရှိခဲ့ပြီး အဲဒီထဲက
မြန်မာနိုင်ငံက ပုဂံ အပါအဝင် ၂၁ နေရာကို ဒီနှစ်မှာ ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်တယ်လို့
UNESCO က ကြေငြာလိုက်တာ ဖြစ်ပါတယ်။

များသောအားဖြင့် ပျူဂါမမှ ပုဂါမ ၊ ပုဂါမ်မှ ပုဂံဖြစ်လာခဲ့သည်ဟု ဖော်ပြလေ့ရှိကြသည်။ ဤကဲ့သို့ ဖော်ပြခြင်းမှာ
မှန်နန်းရာဇဝင်ကြီး စသည်များတွင် သရေခေတ္တရာပြည် ပျက်ပြီးနောက် သရေခေတ္တရာမှ ပျူအစုတို့သည်
တောင်ညိုအရပ် ၊ ၎င်းနောက် ပန်းတောင်းသက်သာအရပ် ၊ ထိုမှ မင်းတုန်းအရပ် ၊ တဖန် ယုန်လွှတ်ကျွန်းအရပ်သို့ အဆင့်ဆင့် ပြောင်းရွှေ့လာခဲ့ကြပြီးနောက် ထိုယုန်လွှတ်ကျွန်းအရပ် ရွာပေါင်း တစ်ဆယ့်ကိုးရွာသားတို့နှင့်
သမုဒ္ဒရာဇ်မင်းသည် အရိမဒ္ဒနာမည်သော ပုဂံပြည်ကိုတည်လေသည်ဟု ပါရှိခြင်းများကို အထောက်အထားပြု၍
ဖော်ပြကြခြင်းပင် ဖြစ်ဟန်ရှိသည်။ တုရင်တောင်အရှေ့ ယုန်လွှတ်ကျွန်း ဒေသတွင် လာရောက်တည်ထောင်သော
ပျူအမျိုးစုတို့နှင့် ရွာတစ်ဆယ့်ကိုးရွာဟူသော စကားပေါင်းစပ်၍ ပျူဂါမ ဟူသောအမည် ပေါ်ထွက်လာခြင်း
ဖြစ်ပေသည်။

ရှေးပုဂံခေတ် ကျောက်စာများတွင် "ပုကံ" ဟူ၍ ရေးသားပြီး ပုဂံဟူသော အရေးအသားမှာ အလွန်နည်းပါးသည်။
ပုဂံခေတ်ကျောက်စာများတွင်သာမက ပင်းယ ၊ အင်းဝ ကျောက်စာများတွင်လည်း "ပုကံ" ဟူသော
အရေးအသားမှာ များပြားပါသည်။
ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး (၄၄၆-၄၇၅) ရေးထိုးခဲ့သော မွန်ဘာသာ ကျောက်စာများတွင် ပုဂံအမည်ကို
ပါဠိဘာသာတွင် "'ပေါကာမ"'ဟု ၎င်း ၊ မွန်ဘာသာတွင် "'ပေါကာမ်"'ဟု၎င်း ပါရှိသည်။

တည်နေရာ
မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသည်။
မန္တလေးမြို့မှ အနောက်တောင်ဖက် မိုင် ၉ဝ အကွာတွင်တည်ရှိသည်။



သမိုင်းကြောင်း
ပျူမြို့ပြနိုင်ငံများခေတ် ကုန်ဆုံးပြီးနောက် ကျောက်ဆည်နယ်မှတစ်ဆင့် ယပ်တောင်ပုံဖြန့်ကာ
မြန်မာနိုင်ငံအလယ်ပိုင်းဒေသအတွင်းသို့ အုပ်စုများဖွဲ့ကာ ဝင်ရောက်လာသည့် ဗမာလူမျိုးတို့သည် မူရင်းဌာနေ
လူမျိုးများဖြစ်သည့် ပျူ နှင့်မွန် တို့ထံမှ စာပေ ၊ လယ်ယာစိုက်ပျိုးခြင်း နှင့် ယဉ်ကျေးမှုများကို ဆက်ခံရယူကာ
တဖြည်းဖြည်း အင်အားကောင်းသည့်အဆင့်သို့ ရောက်လာသည်။ မူလအစက စစ်တိုက်ခိုက်ခြင်းဖြင့်
ကျော်ကြားသော လူမျိုးသည် စည်းလုံးခြင်းဖြင့်သာ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဟု
စစ်ရေးအမြင်ဖြင့် မြို့ရွာများကို စုစည်းတည်ထောင်လာကြသည်။ သို့ဖြင့် လမ်းခရီးနှင့်ဆက်သွယ်ရေး
လွယ်ကူပြီး မိမိတို့ အခြေချရာရပ်ဝန်း၏ ဗဟိုတွင်ရှိသည့် ဒေသမှ ကျေးရွာများကို စုစည်းကာ ပုဂံမြို့အဖြစ် တည်ထောင်လိုက်ကြသည်။ပုဂံသည် စတုတ္ထပုဂံ မင်းဆက်များ နန်းတည်သွားသော နေရာဖြစ်သည်။
ပျဉ်ပြားမင်း(၈၄၆-၈၇၆)လက်ထက်မှ စောမွန်နစ်မင်း(၁၃၂၅-၁၃၆၈)အထိ စိုးစံခဲ့ကြသည်။

ပုဂံနိုင်ငံတော် - ပုဂံခေတ်
အစောပိုင်း ပုဂံမင်းဆက်များနှင့် ပတ်သက်၍ တိကျသည့် သမိုင်းအထောက်အထားများကို မတွေ့ရပဲ
ပါးစပ်ရာဇဝင်များအနေဖြင့်သာ မှတ်သားလာခဲ့ကြပြီး အနော်ရထာမင်းလက်ထက်ရောက်မှသာ တိကျသည့်
သမိုင်းအထောက်အထားများကို စတင်တွေ့ရှိလာကြရသည်။ အနော်ရထာ၏ သိမ်းသွင်းမှုကြောင့် ပုဂံနိုင်ငံတော်သည်
ပဒေသရာဇ် အဆင့်မှ ဧကရာဇ် (အင်ပါယာ) အဆင့်တို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူ့အားဆက်ခံသည့်
စောလူးမင်းလက်ထက်တွင် တိုင်းပြည်အခြေအနေဆိုးရွားသွားခဲ့သော်လည်း ကျန်စစ်သား ၊ အလောင်းစည်သူ အစရှိသည့် မင်းများလက်ထက်တွင်မူ တိုင်းပြည်အင်အား ပြန်လည်ပြည့်ဝလာပြန်သည်။

ပုဂံနိဂုံး
အလောင်းစည်သူနောက် နန်းတက်သည့် မင်းများလက်ထက်တွင် ပုဂံ၏ဩဇာအာဏာကျဆင်းလာသလို ၊ နယ်ခြားမှ
ရန်သူများ၏ လုပ်ကြံမှုကြောင့် ထီးဆောင်းမင်းတစ်ပါးကျဆုံးရသည့် အဖြစ် ၊ နရသီဟပတေ့ကဲ့သို့ အစားကျူးပြီး
အမျက်ဒေါသကြီးသည့်မင်း အစရှိသဖြင့် ပေါ်ပေါက်လာသည်။ ခရစ်နှစ် ၁၂၈၇ တွင် မွန်ဂိုတို့၏ ကျူးကျော်မှုကြောင့်
နရသီဟပတေ့ ပုဂံကိုစွန့်ခွာထွက်ပြေးရခြင်းဖြင့် ပုဂံ၏ဩဇာမှာ လုံးဝကျဆင်းတော့သည်။ ရှင်ဒိသာပါမောက်၏
သံတမန်ရေးကျွမ်းကျင်စွာ အရေးဆိုမှုကြောင့် မွန်ဂိုဘုရင် ကူဗလိုင်ခန်က တပ်များကို ပြန်ဆုတ်စေသည်။
ထိုမှစကာ ပုဂံမင်းဆိုသည်မှာ အဆောင်အယောင်မျှသာ ဖြစ်၍ အမှန်ဩဇာကြီးသူများမှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။


ယနေ့ပုဂံ
ယနေ့ပုဂံမှာ ရှေးဟောင်းလက်ရာများနှင့် ပြည့်နက်နေသည့် မြို့ဟောင်းကြီးအသွင်မျှသာ ကျန်ရှိတော့သည်။ သို့သော် အဆိုပါရှေးဟောင်းလက်ရာများမှာ ပြည်တွင်း ၊ ပြည်ပတို့မှ ခရီးသွားများကို ဆွဲဆောင်နိုင်သည်ဖြစ်၍
အတော်ပင်ကျော်ကြားလှပေသည်။ ကမ္ဘာလှည့်ခရီးသည်များ၏ အဓိကလှည်ပတ်ရာ နေရာတစ်ခုအဖြစ်
ရပ်တည်လျက်ရှိသည်။ သို့သော် သီးခြားမြို့အဖြစ် ရပ်တည်နိုင်ခြင်းမရှိပဲ ညောင်ဦးမြို့နယ်အတွင်းတွင်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အဖြစ်ထည့်သွင်းထားသဖြင့် အများအခေါ်တွင်
ပုဂံ-ညောင်ဦး ဟူ၍ထင်ရှားသည်။

၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် (၁၇)နာရီ (၀၄)မိနစ် (၅၅)စက္ကန့်အချိန်တွင်
မန္တလေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း
(ချောက်မြို့အနောက်ဘက် (၁၂)မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈)အဆင့်ရှိ
အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားသဖြင့် ပုဂံရှိ စေတီပုထိုး ၆၅ဆူခန့် ထိခိုက်ပျက်စီးခဲ့သည်။

မြေမျက်နှာသွင်ပြင်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် မြောက်ဘက်တွင် ညောင်ဦး နှင့် တောင်ဘက်တွင် ပုဂံမြို့သစ်တို့ တည်ရှိပြီး
ဧရာဝတီမြစ်ဘေး မြန်မာနိုင်ငံအထက်ပိုင်း ကျယ်ပြောလှသော လွင်ပြင်တွင် တည်ရှိသည်။ မန္တလေးမြို့ မှ အနောက်တောင်ဘက် ကီလိုမီတာ ၂၉၀ (မိုင် ၁၈၀) ကွာဝေးပြီး ရန်ကုန်မြို့မှ မြောက်ဘက် ကီလိုမီတာ ၇၀၀
(မိုင် ၄၃၀) အကွာတွင် တည်ရှိသည်။

ရာသီဥတု
ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးဖြစ်သည်။

ယဉ်ကျေးမှု
ပုဂံခေတ်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူ နှင့် မွန်တို့ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု
ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး ၊
စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် နရပတိစည်သူမတိုင်မှီအထိတည်ဆောက်ခဲ့သည့်
ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့ ၊ လက်ရာနှင့် အယူအဆများလွှမ်းမိုးနေသည်ကိုတွေ့ရသည်။ သို့သော်
နရပတိစည်သူမင်းလက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာတို့သည် စိတ်ကူးယဉ်ဆန်သည့် မွန်တို့ထက် ပို၍တက်ကြွသည့် ၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီမည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည်။

ပြတိုက်မျာ
ပုဂံယဉ်ကျေးမှုပြတိုက် - ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တစ်ခုတည်းသော ယဉ်ကျေးမှုပြတိုက်ဖြစ်သည်။
(၃) ထပ်အဆောက်အဦးဖြစ်ပြီး မြစေတီကျောက်စာမူရင်း အပါအဝင် ရှေးဟောင်းအမွေအနှစ်များကို ပြသထားသည်။
အနော်ရထာမင်း နန်းတော် - ၂၀၀၃ ခုနှစ်တွင် ယခင်တည်ရှိခဲ့သော နန်းတော်ပေါ်မူတည်၍ ပြန်လည်တည်ဆောက်ခဲ့သည်။ သို့သော် မြေပြင်အထက်မှာ စိတ်ကူးသက်သက် ပြန်လည်ပုံဖော်တည်ဆောက်ထားခြင်း ဖြစ်သည်။

သယ်ယူပို့ဆောင်ရေ
ညောင်ဦးလေဆိပ်သည် ပုဂံဒေသ၏ လေကြောင်းဝင်ထွက်သွားလာရာ ဖြစ်သည်။
ပုဂံသို့ လေယာဉ်၊ ရထား၊ ကား တို့အပြင် သင်္ဘောဖြင့်ပါ လာရောက်နိုင်သည်။

လေကြောင်းလိုင်
နိုင်ငံခြားသားခရီးသွား အများစုသည် လေကြောင်းလိုင်းကို အသုံးပြု၍ ပုဂံသို့ လာရောက်လည်ပတ်ကြသည်။
ညောင်ဦးလေဆိပ်မှာ ပုဂံဒေသ၏ လေကြောင်းဝင်ထွက်သွားလာရာ ဖြစ်သည်။ ပြည်တွင်းလေကြောင်းလိုင်း
အများစုမှာ ပုဂံသို့ ဆင်းသက်ကြသည်။ ရန်ကုန်မြို့မှ လာပါက မိနစ် ၈၀ ခန့် ကြာမြင့်ပြီး မန္တလေးမြို့မှ လာပါက
မိနစ် ၃၀ ခန့်ကြာမြင့်မည် ဖြစ်သည်။ ညောင်ဦးလေဆိပ်သည် ညောင်ဦးမြို့အပြင်ဘက်တွင် တည်ရှိပြီး ပုဂံသို့ ရောက်ရှိရန် ကားဖြင့် မိနစ် (၂၀) ခန့် ကြာမြင့်မည် ဖြစ်သည်။

ရထား
ပုဂံရထားလမ်းသည် ရန်ကုန် - မန္တလေး ရထားလမ်းမှ ပျဉ်းမနား ဘူတာတွင်လမ်းခွဲပါသည်။ ယခင်
ပျဉ်းမနား - ကျောက်ပန်းတောင်းရထားလမ်းမှ ဆက်ဖေါက်ထားသောလမ်းဖြစ်ပြီး ယ္ခုအခါ ပခုက္ကူ နှင့် မြင်းခြံတို့ထိဆက်ထားပါသည်။ မြန်မာ့မီးရထားမှ နေ့စဉ် ရန်ကုန် - ပုဂံ ခရီးစဉ်ကို ပြေးဆွဲပေးလျက် ရှိသည်။ ရန်ကုန် မှ
ပုဂံသို့ (၁၈) နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ရထားတွင် အိပ်စဉ်၊ အထက်တန်း နှင့် ရိုးရိုးတန်းတို့ ပါဝင်သည်။ မန္တလေး - ပုဂံ ရထားမှာ ၁ ရက်လျှင် ၂ ကြိမ် ပြေးဆွဲလျက် ရှိပြီး (၈) နာရီခန့် ကြာမြင့်သည်။
သို့သော် အိပ်စဉ်တွဲ မပါဝင်ဘဲ အထက်တန်း နှင့် ရိုးရိုးတန်းသာ ပါဝင်သည်။

ကားလမ်
ရန်ကုန် သို့မဟုတ် မန္တလေးမှ ပုဂံသို့ ကားလမ်းမှ လာလျှင် ၉ နာရီ နှင့် ၆ နာရီ အသီးသီးကြာမြင့်သည်။

ရေကြောင်
မန္တလေး-ပုဂံ အသွားအပြန်သင်္ဘောများရှိပြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ကီလိုမီတာ ၁၇၀ သွားလာရန် ၉ နာရီခန့် ကြာမြင့်မည်ဖြစ်သည်။ ခရီးသွားရာသီတွင် နေ့စဉ်ခရီးစဉ်ရှိပြီး တစ်ခါတစ်ရံ ညအိပ်ခရီးစဉ်များပါရှိသည်။

ထင်ရှားသည့် ပုဂံဘုရားပုထိုးများ
ရွှေစည်းခုံစေတီ
အလိုတော်ပြည့်ဂူဘုရား
ထီးလိုမင်းလိုဘုရား
အာနန္ဒာဘုရား
ကန်တော့ပလ္လင်ဘုရား
သဗ္ဗညုဘုရား
ဗူးဘုရား
ရွှေဆံတော်စေတီ
ဓမ္မရံကြီးဘုရား
လောကထိပ်ပန်ဘုရား
မြစေတီ
မနူဟာဘုရား
နန်းဘုရားကျောင်း
လောကနန္ဒာဘုရား
ပြဿဒါးကြီး (ပြဿဒ်ကြီး)
သကျမုနိ
ရှင်ပင်သာလျောင်း
ဂူပြောက်ကြီး

ပုဂံရှိ ဟိုတယ်များ
သံတဲဟိုတယ်
သီရိပစ္စယာဟိုတယ်
ဧရာဟိုတယ်

အထင်ကရ နေရာများ
သရပါတံခါး
မြစေတီကျောက်စာ
မြင်းကပါ
ဥပါလိသိမ်
ငှက်ပစ်တောင်

ဤဆောင်းပါးကို သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ၏မှတ်စုတိုများထဲမှ ကောက်နှုတ်ရေးသားထားပါသည်။



                                                                 အာနန္ဒာ စေတီတော်

                                                                ဘုရားသုံးဆူ စေတီတော်

                                              အဆင်အတန်းမြင့်မားသော ပုဂံခေတ်လက်ရာတစ်ခု

                                                           ပုဂံဘုရားတစ်ဆူ၏ မုဒ်ဝတစ်ခု

                                                                           ပုဂံမြို့အဝင်

                                                                     ပုဂံမြင်ကွင်းတစ်ခု

                                                                   မင်္ဂလာစေတီဘုရား

                                                         ပုဂံစေတီပုထိုးတော်ဟောင်းများ

                                                                     ပုဂံရှိ တစ်နေရာ

                                                                       ပုဂံရှိ တစ်နေရာ

                                               ပုဂံဘုရားများအား ညနေဆည်းဆာ နေဝင်ချိန်အလှ

                                                        ပုဂံမြို့ ၏နေဝင်ချိန် (၁၉⁠၉၉) ခုနှစ်

                                                                  သဗ္ဗေညု စေတီတော်

                    ဤသို့သော ပြန်လည်မွမ်းမံမှုများကြောင့် ကမ္ဘာ့အံ့ဩဖွယ်ရာ ဆုကြီးများနှင့်လွဲခဲ့ရ


Zawgyi


ပုဂံ (ေခၚ) တမၸဒီပ သည္ ျမန္မာႏိုင္ငံ၏ ပထမဆုံးဧကရာဇ္ႏိုင္ငံ တည္ေထာင္ရာ ၿမိဳ႕ေတာ္ဟူ၍ ျမန္မာတို႔အတြက္ အမ်ိဳးသားေရး လကၡဏာတစ္ရပ္အေနျဖင့္၎ ၊ မ်ားျပားလွသည့္ ေရွးေဟာင္းလက္ရာ ေစတီပုထိုးမ်ားေၾကာင့္၎ ၊ ကမာၻလွည့္ခရီးသည္တို႔ကို စြဲေဆာင္ရာေနရာအျဖစ္၎ ကမာၻေက်ာ္သည့္ေနရာတစ္ေနရာျဖစ္သည္။
၂၀၁၉ ခုႏွစ္ ၊ ဇူလိုင္လ ၊ ၆ ရက္ေန႔တြင္ ပုဂံေဒသတစ္ခုလုံးကို ယူနက္စကို ကမာၻ႔အေမြအႏွစ္ေနရာအျဖစ္ သတ္မွတ္ခဲ့သည္။

ျမန္မာႏိုင္ငံရဲ႕ ေရွးေဟာင္းပုဂံေဒသကို ကမာၻ႔အေမြအႏွစ္စာရင္းအျဖစ္ ထည့္သြင္းသတ္မွတ္လိုက္ၿပီလို႔ ကုလသမဂၢယူနက္စကို (UNESCO) အဖြဲ႕က 6.6.2019(Sat) မွာ ေၾကျငာလိုက္ပါတယ္။
6.6.2019 ရက္ေန႔က အဇာဘိုင္ဂ်န္ႏိုင္ငံမွာ က်င္းပျပဳလုပ္ခဲ့တဲ့ ယူနက္စကိုရဲ႕ ကမာၻ႔အေမြအႏွစ္ေကာ္မတီအစည္းအေဝးအတြင္း အခုလို သတ္မွတ္လိုက္တာျဖစ္တယ္လို႔ ကုလသမဂၢ ပညာေရး ၊ သိပၸံနဲ႔ ယဥ္ေက်းမႈဆိုင္ရာအဖြဲ႕ (UNESCO) အင္တာနက္စာမ်က္ႏွာနဲ႔ တြစ္တာစာမ်က္ႏွာေတြမွာ ေဖာ္ျပထားပါတယ္။
ပုဂံယဥ္ေက်းမႈအေမြအႏွစ္ေဒသကို ကမာၻ႔အေမြအႏွစ္စာရင္းသို႔ ထည့္သြင္းလိုက္တဲ့အေပၚ ကမာၻ႔အေမြအႏွစ္ေကာ္မတီ အဖြဲ႕ဝင္ႏိုင္ငံမ်ားက လႈိက္လႈိက္လွဲလွဲ ေထာက္ခံခဲ့ၾကပါသည္။ အခုလို ကမာၻ႔အေမြအႏွစ္အျဖစ္ ထည့္သြင္း သတ္မွတ္လိုက္တဲ့အေပၚမွာ ျမန္မာအစိုးရနဲ႔ ျပည္သူေတြကိုယ္စား အထူးပဲေက်းဇူးတင္တယ္လို႔ ယူနက္စကိုဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္ေဇယ်က  အခမ္းအနားတြင္ ေျပာၾကားလိုက္ပါတယ္။ ပုဂံေဒသကို ကမာၻ႔အေမြအႏွစ္ စာရင္းဝင္ဖို႔အတြက္ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလတြင္ ပုဂံအား ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္ ထိန္းသိမ္းေရးေဒသအျဖစ္ ယူနက္စကိုသို႔
တင္သြင္းခဲ့သည္။ ႏိုင္ငံတကာ အထိမ္းအမွတ္အေဆာက္အအုံႏွင့္
ေနရာေဒသမ်ား ေကာင္စီ (ICOMOS) အဖြဲ႕မွ ပညာရွင္တဦးက ၂၀၁၈ စက္တင္ဘာ တြင္ ၁၀ ရက္ၾကာ လာေရာက္ စစ္ေဆးခဲ့ၿပီးေနာက္ ICOMOS အဖြဲ႕က ပုဂံေဒသကို ယူနက္စကို စာရင္းဝင္ဖို႔အတြက္ ေထာက္ခံေပးခဲ့တာျဖစ္ပါတယ္။ ၁၉၉၄ ခုႏွစ္ ျမန္မာစစ္အစိုးရလက္ထက္တုန္းကလည္း ပုဂံေဒသကို World Heritage ကမာၻ႔အေမြအႏွစ္စာရင္းထဲ
ထည့္သြင္းေပးဖို႔ တခါေလွ်ာက္ထားခဲ့ဖူးေပမဲ့ စစ္အစိုးရက ပုဂံမွာ ေမွ်ာ္စင္ႀကီးေတြေဆာက္တာ ၊ ဘုရားေစတီေတြကို ထီးတင္တာ ၊ ေ႐ႊသကၤန္း ကပ္တာေတြလုပ္ခဲ့တာေၾကာင့္ မူရင္းပုဂံလက္ရာကို
ထိခိုက္ေစတယ္ဆိုၿပီး ေရွးေဟာင္းသုေတသနပညာရွင္ေတြက ကန႔္ကြက္ခဲ့ၾကပါတယ္။အခုႏွစ္မွာေတာ့ ကမာၻ႔အေမြအႏွစ္အျဖစ္ သတ္မွတ္ဖို႔ အဆိုျပဳထားတဲ့ ေနရာ ၃၅ ေနရာရွိခဲ့ၿပီး အဲဒီထဲက
 ျမန္မာႏိုင္ငံက ပုဂံ အပါအဝင္ ၂၁ ေနရာကို
ဒီႏွစ္မွာ ကမာၻ႔အေမြအႏွစ္အျဖစ္သတ္မွတ္တယ္လို႔ UNESCO က ေၾကျငာလိုက္တာ ျဖစ္ပါတယ္။

မ်ားေသာအားျဖင့္ ပ်ဴဂါမမွ ပုဂါမ ၊ ပုဂါမ္မွ ပုဂံျဖစ္လာခဲ့သည္ဟု ေဖာ္ျပေလ့ရွိၾကသည္။ ဤကဲ့သို႔ ေဖာ္ျပျခင္းမွာ မွန္နန္းရာဇဝင္ႀကီး စသည္မ်ားတြင္ သေရေခတၱရာျပည္ ပ်က္ၿပီးေနာက္ သေရေခတၱရာမွ ပ်ဴအစုတို႔သည္ ေတာင္ညိဳအရပ္ ၊ ၎ေနာက္ ပန္းေတာင္းသက္သာအရပ္ ၊ ထိုမွ မင္းတုန္းအရပ္ ၊ တဖန္ ယုန္လႊတ္ကြၽန္းအရပ္သို႔ အဆင့္ဆင့္
ေျပာင္းေ႐ႊ႕လာခဲ့ၾကၿပီးေနာက္ ထိုယုန္လႊတ္ကြၽန္းအရပ္ ႐ြာေပါင္း တစ္ဆယ့္ကိုး႐ြာသားတို႔ႏွင့္ သမုဒၵရာဇ္မင္းသည္ အရိမဒၵနာမည္ေသာ ပုဂံျပည္ကိုတည္ေလသည္ဟု ပါရွိျခင္းမ်ားကို အေထာက္အထားျပဳ၍ ေဖာ္ျပၾကျခင္းပင္ ျဖစ္ဟန္ရွိသည္။ တုရင္ေတာင္အေရွ႕ ယုန္လႊတ္ကြၽန္း ေဒသတြင္ လာေရာက္တည္ေထာင္ေသာ ပ်ဴအမ်ိဳးစုတို႔ႏွင့္ ႐ြာတစ္ဆယ့္ကိုး႐ြာဟူေသာ
စကားေပါင္းစပ္၍ ပ်ဴဂါမ ဟူေသာအမည္ ေပၚထြက္လာျခင္း ျဖစ္ေပသည္။

ေရွးပုဂံေခတ္ ေက်ာက္စာမ်ားတြင္ "ပုကံ" ဟူ၍ ေရးသားၿပီး ပုဂံဟူေသာ အေရးအသားမွာ
အလြန္နည္းပါးသည္။ ပုဂံေခတ္ေက်ာက္စာမ်ားတြင္သာမက ပင္းယ ၊ အင္းဝ ေက်ာက္စာမ်ားတြင္လည္း "ပုကံ" ဟူေသာ အေရးအသားမွာ မ်ားျပားပါသည္။
ထီးလႈိင္ရွင္ က်န္စစ္သားမင္းႀကီး (၄၄၆-၄၇၅) ေရးထိုးခဲ့ေသာ မြန္ဘာသာ ေက်ာက္စာမ်ားတြင္ ပုဂံအမည္ကို ပါဠိဘာသာတြင္ "'ေပါကာမ"'ဟု ၎ ၊ မြန္ဘာသာတြင္ "'ေပါကာမ္"'ဟု၎ ပါရွိသည္။

တည္ေနရာ
မႏၲေလးတိုင္းအတြင္းရွိ ေညာင္ဦးၿမိဳ႕နယ္အတြင္း ဧရာဝတီျမစ္၏ အေရွ႕ဘက္ကမ္းတြင္တည္ရွိသည္။
မႏၲေလးၿမိဳ႕မွ အေနာက္ေတာင္ဖက္ မိုင္ ၉ဝ အကြာတြင္တည္ရွိသည္။

သမိုင္းေၾကာင္
ပ်ဴၿမိဳ႕ျပႏိုင္ငံမ်ားေခတ္ ကုန္ဆုံးၿပီးေနာက္ ေက်ာက္ဆည္နယ္မွတစ္ဆင့္ ယပ္ေတာင္ပုံျဖန႔္ကာ
ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသအတြင္းသို႔ အုပ္စုမ်ားဖြဲ႕ကာ ဝင္ေရာက္လာသည့္ ဗမာလူမ်ိဳးတို႔သည္ မူရင္းဌာေန လူမ်ိဳးမ်ားျဖစ္သည့္ ပ်ဴ ႏွင့္မြန္ တို႔ထံမွ စာေပ ၊ လယ္ယာစိုက္ပ်ိဳးျခင္း ႏွင့္ ယဥ္ေက်းမႈမ်ားကို ဆက္ခံရယူကာ
တျဖည္းျဖည္း အင္အားေကာင္းသည့္အဆင့္သို႔ ေရာက္လာသည္။ မူလအစက စစ္တိုက္ခိုက္ျခင္းျဖင့္
ေက်ာ္ၾကားေသာ လူမ်ိဳးသည္ စည္းလုံးျခင္းျဖင့္သာ မိမိတို႔၏အသက္အိုးအိမ္စည္းစိမ္မ်ားကို ကာကြယ္ႏိုင္မည္ဟူေသာ  စစ္ေရးအျမင္ျဖင့္ ၿမိဳ႕႐ြာမ်ားကို စုစည္းတည္ေထာင္လာၾကသည္။ သို႔ျဖင့္ လမ္းခရီးႏွင့္ဆက္သြယ္ေရး လြယ္ကူၿပီး
မိမိတို႔ အေျခခ်ရာရပ္ဝန္း၏ ဗဟိုတြင္ရွိသည့္ ေဒသမွ ေက်း႐ြာမ်ားကို စုစည္းကာ ပုဂံၿမိဳ႕အျဖစ္ တည္ေထာင္လိုက္ၾကသည္။ ပုဂံသည္ စတုတၳပုဂံ မင္းဆက္မ်ား နန္းတည္သြားေသာ ေနရာျဖစ္သည္။ ပ်ဥ္ျပားမင္း(၈၄၆-၈၇၆)လက္ထက္မွ ေစာမြန္နစ္မင္း(၁၃၂၅-၁၃၆၈)အထိ စိုးစံခဲ့ၾကသည္။

ပုဂံႏိုင္ငံေတာ္ - ပုဂံေခတ္
အေစာပိုင္း ပုဂံမင္းဆက္မ်ားႏွင့္ ပတ္သက္၍ တိက်သည့္ သမိုင္းအေထာက္အထားမ်ားကို မေတြ႕ရပဲ
ပါးစပ္ရာဇဝင္မ်ားအေနျဖင့္သာ မွတ္သားလာခဲ့ၾကၿပီး အေနာ္ရထာမင္းလက္ထက္ေရာက္မွသာ တိက်သည့္
သမိုင္းအေထာက္အထားမ်ားကို စတင္ေတြ႕ရွိလာၾကရသည္။ အေနာ္ရထာ၏ သိမ္းသြင္းမႈေၾကာင့္
ပုဂံႏိုင္ငံေတာ္သည္ ပေဒသရာဇ္ အဆင့္မွ ဧကရာဇ္ (အင္ပါယာ) အဆင့္တို႔ တက္လွမ္းလာႏိုင္ခဲ့သည္။ သူ႔အားဆက္ခံသည့္ ေစာလူးမင္းလက္ထက္တြင္ တိုင္းျပည္အေျခအေနဆိုး႐ြားသြားခဲ့ေသာ္လည္း က်န္စစ္သား ၊ အေလာင္းစည္သူ အစရွိသည့္ မင္းမ်ားလက္ထက္တြင္မူ တိုင္းျပည္အင္အား ျပန္လည္ျပည့္ဝလာျပန္သည္။

ပုဂံနိဂုံ
အေလာင္းစည္သူေနာက္ နန္းတက္သည့္ မင္းမ်ားလက္ထက္တြင္ ပုဂံ၏ဩဇာအာဏာက်ဆင္းလာသလို ၊ နယ္ျခားမွ ရန္သူမ်ား၏ လုပ္ႀကံမႈေၾကာင့္ ထီးေဆာင္းမင္းတစ္ပါးက်ဆုံးရသည့္ အျဖစ္ ၊ နရသီဟပေတ့ကဲ့သို႔ အစားက်ဴးၿပီး အမ်က္ေဒါသႀကီးသည့္မင္း အစရွိသျဖင့္ ေပၚေပါက္လာသည္။ ခရစ္ႏွစ္ ၁၂၈၇ တြင္ မြန္ဂိုတို႔၏ က်ဴးေက်ာ္မႈေၾကာင့္ နရသီဟပေတ့ ပုဂံကိုစြန႔္ခြာထြက္ေျပးရျခင္းျဖင့္
ပုဂံ၏ဩဇာမွာ လုံးဝက်ဆင္းေတာ့သည္။ ရွင္ဒိသာပါေမာက္၏ သံတမန္ေရးကြၽမ္းက်င္စြာ အေရးဆိုမႈေၾကာင့္ မြန္ဂိုဘုရင္ ကူဗလိုင္ခန္က တပ္မ်ားကို ျပန္ဆုတ္ေစသည္။ ထိုမွစကာ ပုဂံမင္းဆိုသည္မွာ အေဆာင္အေယာင္မွ်သာ ျဖစ္၍ အမွန္ဩဇာႀကီးသူမ်ားမွာ ရွမ္းညီေနာင္သုံးဦး ျဖစ္သည္။


ယေန႔ပုဂံ
ယေန႔ပုဂံမွာ ေရွးေဟာင္းလက္ရာမ်ားႏွင့္ ျပည့္နက္ေနသည့္ ၿမိဳ႕ေဟာင္းႀကီးအသြင္မွ်သာ က်န္ရွိေတာ့သည္။ သို႔ေသာ္ အဆိုပါေရွးေဟာင္းလက္ရာမ်ားမွာ ျပည္တြင္း ၊ ျပည္ပတို႔မွ ခရီးသြားမ်ားကို ဆြဲေဆာင္ႏိုင္သည္ျဖစ္၍ အေတာ္ပင္ေက်ာ္ၾကားလွေပသည္။ ကမာၻလွည့္ခရီးသည္မ်ား၏
အဓိကလွည္ပတ္ရာ ေနရာတစ္ခုအျဖစ္ ရပ္တည္လ်က္ရွိသည္။ သို႔ေသာ္ သီးျခားၿမိဳ႕အျဖစ္ ရပ္တည္ႏိုင္ျခင္းမရွိပဲ ေညာင္ဦးၿမိဳ႕နယ္အတြင္းတြင္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမ အျဖစ္
ထည့္သြင္းထားသျဖင့္ အမ်ားအေခၚတြင္ ပုဂံ-ေညာင္ဦး ဟူ၍ထင္ရွားသည္။

၂၀၁၆ ခုႏွစ္၊ ဩဂုတ္လ (၂၄)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ (၁၇)နာရီ (၀၄)မိနစ္ (၅၅)စကၠန႔္အခ်ိန္တြင္ မႏၲေလး ေျမငလ်င္ စခန္းမွ အေနာက္ေတာင္ဘက္ (၁၂၃)မိုင္ခန႔္ကြာေဝးေသာ ျမန္မာႏိုင္ငံျပည္တြင္း(ေခ်ာက္ၿမိဳ႕အေနာက္ဘက္ (၁၂)မိုင္ခန႔္အကြာ) ကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာ စေကး (၆.၈)အဆင့္ရွိ အင္အားျပင္းထန္ေသာ ေျမငလ်င္ တစ္ခု
လႈပ္ရွားသြားသျဖင့္ ပုဂံရွိ ေစတီပုထိုး ၆၅ဆူခန႔္ ထိခိုက္ပ်က္စီးခဲ့သည္။

ေျမမ်က္ႏွာသြင္ျပင္
ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမသည္ ေျမာက္ဘက္တြင္ ေညာင္ဦး ႏွင့္ ေတာင္ဘက္တြင္ ပုဂံၿမိဳ႕သစ္တို႔ တည္ရွိၿပီး ဧရာဝတီျမစ္ေဘး ျမန္မာႏိုင္ငံအထက္ပိုင္း က်ယ္ေျပာလွေသာ
လြင္ျပင္တြင္ တည္ရွိသည္။ မႏၲေလးၿမိဳ႕ မွ အေနာက္ေတာင္ဘက္ ကီလိုမီတာ ၂၉၀ (မိုင္ ၁၈၀) ကြာေဝးၿပီး ရန္ကုန္ၿမိဳ႕မွ ေျမာက္ဘက္ ကီလိုမီတာ ၇၀၀ (မိုင္ ၄၃၀) အကြာတြင္ တည္ရွိသည္။

ရာသီဥတု
ပူျပင္းေျခာက္ေသြ႕သည့္ ရာသီဥတုမ်ိဳးျဖစ္သည္။

ယဥ္ေက်းမႈ
ပုဂံေခတ္ယဥ္ေက်းမႈသည္ ျမန္မာႏိုင္ငံအတြက္ ပ်ဴ ႏွင့္ မြန္တို႔ၿပီးလွ်င္ တိုးတက္ျဖစ္တည္လာသည့္ ယဥ္ေက်းမႈဟု ဆိုရမည္ျဖစ္သည္။ ပ်ဴတို႔ထံမွ ဘာသာ၊ ကိုးကြယ္ယုံၾကည္မႈ ႏွင့္ မြန္တို႔ထံမွ
အႏုပညာ၊ လယ္ယာစိုက္ပ်ိဳးေရး၊ စာေပအကၡရာ အစရွိသည္တို႔ကို သင္ယူခဲ့ၾကသည္။ ထို႔ေၾကာင့္ နရပတိစည္သူမတိုင္မွီအထိတည္ေဆာက္ခဲ့သည့္ ပုဂံရွိ ေစတီပုထိုးမ်ားမွာ
မြန္တို႔၏ ဓေလ့ ၊ လက္ရာႏွင့္ အယူအဆမ်ားလႊမ္းမိုးေနသည္ကိုေတြ႕ရသည္။ သို႔ေသာ္ နရပတိစည္သူမင္းလက္ထက္မွစ၍ လက္ေတြ႕က်သည့္ ျမန္မာတို႔သည္ စိတ္ကူးယဥ္ဆန္သည့္ မြန္တို႔ထက္ ပို၍တက္ႂကြသည့္ ၊ အရပ္ေဒသႏွင့္ ပိုမိုကိုက္ညီမည့္ လက္ရာမ်ားကို တီထြင္သုံးစြဲလာၾကသည္။

ျပတိုက္မ်ား
ပုဂံယဥ္ေက်းမႈျပတိုက္ - ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမအတြင္း တစ္ခုတည္းေသာ ယဥ္ေက်းမႈျပတိုက္ျဖစ္သည္။ (၃) ထပ္အေဆာက္အဦးျဖစ္ၿပီး ျမေစတီေက်ာက္စာမူရင္း အပါအဝင္ ေရွးေဟာင္းအေမြအႏွစ္မ်ားကို ျပသထားသည္။ အေနာ္ရထာမင္း နန္းေတာ္ - ၂၀၀၃ ခုႏွစ္တြင္ ယခင္တည္ရွိခဲ့ေသာ နန္းေတာ္ေပၚမူတည္၍ ျပန္လည္တည္ေဆာက္ခဲ့သည္။
သို႔ေသာ္ ေျမျပင္အထက္မွာ စိတ္ကူးသက္သက္ ျပန္လည္ပုံေဖာ္တည္ေဆာက္ထားျခင္း ျဖစ္သည္။

သယ္ယူပို႔ေဆာင္ေရး
ေညာင္ဦးေလဆိပ္သည္ ပုဂံေဒသ၏ ေလေၾကာင္းဝင္ထြက္သြားလာရာ ျဖစ္သည္။
ပုဂံသို႔ ေလယာဥ္၊ ရထား၊ ကား တို႔အျပင္ သေဘၤာျဖင့္ပါ လာေရာက္ႏိုင္သည္။

ေလေၾကာင္းလိုင္း
ႏိုင္ငံျခားသားခရီးသြား အမ်ားစုသည္ ေလေၾကာင္းလိုင္းကို အသုံးျပဳ၍ ပုဂံသို႔ လာေရာက္လည္ပတ္ၾကသည္။ ေညာင္ဦးေလဆိပ္မွာ ပုဂံေဒသ၏ ေလေၾကာင္းဝင္ထြက္သြားလာရာ ျဖစ္သည္။ ျပည္တြင္းေလေၾကာင္းလိုင္း အမ်ားစုမွာ ပုဂံသို႔ ဆင္းသက္ၾကသည္။ ရန္ကုန္ၿမိဳ႕မွ လာပါက မိနစ္ ၈၀ ခန႔္ ၾကာျမင့္ၿပီး မႏၲေလးၿမိဳ႕မွ လာပါက
မိနစ္ ၃၀ ခန႔္ၾကာျမင့္မည္ ျဖစ္သည္။ ေညာင္ဦးေလဆိပ္သည္ ေညာင္ဦးၿမိဳ႕အျပင္ဘက္တြင္ တည္ရွိၿပီး ပုဂံသို႔ ေရာက္ရွိရန္ ကားျဖင့္ မိနစ္ (၂၀) ခန႔္ ၾကာျမင့္မည္ ျဖစ္သည္။

ရထား
ပုဂံရထားလမ္းသည္ ရန္ကုန္ - မႏၲေလး ရထားလမ္းမွ ပ်ဥ္းမနား ဘူတာတြင္လမ္းခြဲပါသည္။ ယခင္ ပ်ဥ္းမနား - ေက်ာက္ပန္းေတာင္းရထားလမ္းမွ ဆက္ေဖါက္ထားေသာလမ္းျဖစ္ၿပီး ယၡဳအခါ
ပခုကၠဴ ႏွင့္ ျမင္းၿခံတို႔ထိဆက္ထားပါသည္။ ျမန္မာ့မီးရထားမွ ေန႔စဥ္
ရန္ကုန္ - ပုဂံ ခရီးစဥ္ကို ေျပးဆြဲေပးလ်က္ ရွိသည္။ ရန္ကုန္ မွ ပုဂံသို႔ (၁၈) နာရီခန႔္ ၾကာျမင့္မည္ ျဖစ္သည္။ ရထားတြင္ အိပ္စဥ္၊ အထက္တန္း ႏွင့္ ႐ိုး႐ိုးတန္းတို႔ ပါဝင္သည္။ မႏၲေလး - ပုဂံ
ရထားမွာ ၁ ရက္လွ်င္ ၂ ႀကိမ္ ေျပးဆြဲလ်က္ ရွိၿပီး (၈) နာရီခန႔္ ၾကာျမင့္သည္။ သို႔ေသာ္
အိပ္စဥ္တြဲ မပါဝင္ဘဲ အထက္တန္း ႏွင့္ ႐ိုး႐ိုးတန္းသာ ပါဝင္သည္။

ကားလမ္း
ရန္ကုန္ သို႔မဟုတ္ မႏၲေလးမွ ပုဂံသို႔ ကားလမ္းမွ လာလွ်င္ ၉ နာရီ ႏွင့္ ၆ နာရီ အသီးသီး
ၾကာျမင့္သည္။

ေရေၾကာင္း
မႏၲေလး - ပုဂံ အသြားအျပန္ သေဘၤာမ်ား ရွိၿပီး ဧရာဝတီ ျမစ္ေၾကာင္းတစ္ေလွ်ာက္ ကီလိုမီတာ ၁၇၀ သြားလာရန္ ၉ နာရီခန႔္ ၾကာျမင့္မည္ ျဖစ္သည္။ ခရီးသြားရာသီတြင္ ေန႔စဥ္ခရီးစဥ္ ရွိၿပီး
တစ္ခါတစ္ရံ ညအိပ္ခရီးစဥ္မ်ားပါ ရွိသည္။

ထင္ရွားသည့္ ပုဂံဘုရားပုထိုးမ်ား
ေ႐ႊစည္းခုံေစတီ
အလိုေတာ္ျပည့္ဂူဘုရား
ထီးလိုမင္းလိုဘုရား
အာနႏၵာဘုရား
ကန္ေတာ့ပလႅင္ဘုရား
သဗၺညဳဘုရား
ဗူးဘုရား
ေ႐ႊဆံေတာ္ေစတီ
ဓမၼရံႀကီးဘုရား
ေလာကထိပ္ပန္ဘုရား
ျမေစတီ
မႏူဟာဘုရား
နန္းဘုရားေက်ာင္း
ေလာကနႏၵာဘုရား
ျပႆဒါးႀကီး (ျပႆဒ္ႀကီး)
သက်မုနိ
ရွင္ပင္သာေလ်ာင္း
ဂူေျပာက္ႀကီး

ပုဂံရွိ ဟိုတယ္မ်ား
သံတဲဟိုတယ္
သီရိပစၥယာဟိုတယ္
ဧရာဟိုတယ္

အထင္ကရ ေနရာမ်ား
သရပါတံခါး
ျမေစတီေက်ာက္စာ
ျမင္းကပါ
ဥပါလိသိမ္
ငွက္ပစ္ေတာင္

ဤေဆာင္းပါးကို သင္ဆရာ ၊ ျမင္ဆရာ ၊ ၾကားဆရာ မ်ား၏မွတ္စုတိုမ်ားထဲမွ ေကာက္ႏႈတ္ေရးသားထားပါသည္။

Tuesday, July 2, 2019

အာဇာနည် ခေါင်းဆောင်ကြီးများ

Unicode

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ မြန်မာနိုင်ငံ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင်
နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ ဟု သတ်မှတ်ပြီး
ယနေ့ထက်တိုင် အောင့်မေ့ သတိရ အမှတ်တရ ကျင်းပလျက်ရှိသည်။

ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)
သခင် မြ (၁၈၉၇ - ၁၉၄၇)
ဦးဘချို (၁၈၉၃ - ၁၉၄၇)
ဦးရာဇာတ် (၁၈၉၈ - ၁၉၄၇)
မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)
မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)
ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇)
ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)
ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)

ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)
၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း ၊ တောင်တွင်းကြီး ခရိုင် ၊ နတ်မောက်မြို့၌ အမိန့်တော်ရ
ရှေ့နေ ဦးဖာ - ဒေါ်စု တို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ် အောင်ဆန်း ဟူ၍ မြန်မာနိုင်ငံသမိုင်း၌ တွင်စေမည့်
သားရတနာကို ဖွားမြင်ခဲ့သည်။ ဇာတာအမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ်ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ယူခဲ့ပြီး ယင်းကျောင်းမှ မြန်မာ ၊ ပါဠိ ၂ ဘာသာ
ဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင်ခဲ့သည်။ ပညာထူးချွန်သူဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု
ရရှိခဲ့ဖူးသည်။ ထိုနောက် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာဆည်းပူးခဲ့သည်။
၁၉၃၅ - ၃၆ ပညာ သင်နှစ်မှ စ၍ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်လာ ခဲ့ပြီး
သမဂ္ဂ၏ အာဘော် အိုးဝေမဂ္ဂဇင်း အယ်ဒီတာလည်း ဖြစ်လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ်
ဆောင်ရွက်သော အိုးဝေမဂ္ဂဇင်းတွင် ယမမင်း အမည် အိုးဝေ ညိုမြ ရေးသားသော
“ငရဲခွေးကြီး လွတ်ပြီး သရမ်းနေသည် (The Hell Hound At Large)” ခေါင်းစဉ်ဖြင့် ပေးစာတစောင်
ဖော်ပြခဲ့မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ် ဖြစ်ပွားစေခဲ့သော အဓိကအကြောင်းရင်းတချက် ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်၏ သပိတ်မှောက် ကောင်စီအဖွဲ့ဝင်တဦးလည်း ဖြစ်ခဲ့သည်။

ကုလား - ဗမာ အဓိကရုဏ်း ပေါ်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခရောက်သူများအား
ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခု သပိတ် အရေးတော်ပုံတွင် ဖွဲ့စည်းပေးခဲ့သော
ဆာမြဘူး ကော်မတီ အစီရင်ခံစာ ထွက်လာသည်၊ အစီရင်ခံစာကို တကသမှ ကန့်ကွက် ခဲ့သည်။
ဒေါက်တာ ဘမော် အစိုးရတက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည်ကိုလည်း လက်မခံခဲ့ပေ။
၁၉၃၆ - ၃၇ ပညာ သင်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာပြီး ၊
၁၉၃၈ - ၃၉ တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ်အပြီးတွင် ပေါ်ပေါက်လာသော
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီးတည်ထောင်သူတဦးလည်းဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ပထမဆုံးအတွင်းရေးမှူးဖြစ်လေသည်။
၁၉၃၇ - ၃၈ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်းကို အောင်ပြီး ဥပဒေ ဝိဇ္ဇာတန်းသို့ ဆက်တက်ခဲ့သည်။ ၁၉၃၈ - ၃၉ တွင်
တကသဥက္ကဋ္ဌ ဖြစ်သည်။ တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့်
တက္ကသိုလ် ကောင်စီဝင်တွင် ပထမဆုံး ကျောင်းသားကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် တကသဥက္ကဋ္ဌအဖြစ် သက်တမ်းကုန်သည်ထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင်
တက္ကသိုလ်မှထွက်ပြီး သခင်ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်၍ သခင်အောင်ဆန်းအဖြစ် နိုင်ငံရေးနယ်ပယ်သို့ ခြေစုံပစ် ဝင်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးအဖြစ်
တက်မြောက်ခြင်း ခံရသည်။

သခင်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ် ဖြစ်လာ၍ မြန်မာ့လွတ်လပ်ရေးအတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန်
ဖွဲ့စည်းခဲ့သော ဗမာ ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။ မြန်မာ့လွတ်လပ်ရေးအတွက်
လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲရန် ပေါ်ပေါက် ခဲ့သော ပြည်သူ့အရေးတော်ပုံပါတီ (နောင် ဆိုရှယ်လစ် ပါတီ) ၏
ပြည်ပဆက်သွယ်ရေး ခေါင်းဆောင်တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄ဝ မတ်လအတွင်း အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့၌
ကျင်းပသော အိန္ဒိယ အမျိုးသားကွန်ဂရက်ညီလာခံသို့ တက်ရောက်ခဲ့သည်။ သခင်အောင်ဆန်းအား
အင်္ဂလိပ် နယ်ချဲ့အစိုးရကို ဆန့်ကျင် ဟောပြောမှုဖြင့် ဖမ်းဆီးရန် ဟင်္သာတခရိုင် ရာဇဝတ်ဝန် ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ၁၉၄ဝ ဩဂုတ်လ အတွင်း မြန်မာ့ လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့ အစိုးရအား
မြန်မာ့မြေပေါ်မှ လက်နက်အားဖြင့် မောင်းထုတ်နိုင်ရန်အတွက် နိုင်ငံခြားမှ အကူအညီရယူရန် တရုတ်နိုင်ငံသို့ စွန့်စားထွက်ခွာခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင်နေစဉ် မြန်မာနိုင်ငံမှ ရဲဘော်များ၏
စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ဂျပန် အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ်ရကာ ဂျပန်နိုင်ငံသို့
ရောက်သွားသည်။ဂျပန်ပြည်တွင် ‘ဗမာ့ လွတ်လပ်ရေး စီမံကိန်း’ စာတမ်းတရပ်ကို ရေးဆွဲကာ
ဂျပန် စစ်အာဏာပိုင် များနှင့် ညှိနှိုင်းခဲ့သည်။ ယင်းစီမံကိန်းအရ မြန်မာပြည်အတွင်းမှ မျိုးချစ်လူငယ်များကို
စုစည်းကာ အလီလီ ခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ်တစုသည်ပင်လျှင် နောင်သောအခါတွင်
ဗိုလ်တေဇ (ခေါ်) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ် ဖြစ်လာခဲ့သည်။ ဤမျိုးချစ်လူငယ်များသည်
ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယား (ယခု ထိုင်း) နိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်းတည်ထောင်ကာ မြန်မာနိုင်ငံအတွင်းသို့ ဂျပန်များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ဂျပန်တပ်မတော်က မြန်မာနိုင်ငံကိုသိမ်းပြီးသောအခါ အင်အားကြီးထွားပြီး ဗရမ်းဗတာဖြစ်လာသော ဗမာ့လွတ်လပ်ရေးတပ်မတော်ကို အင်အားလျော့ချပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည်ဖွဲ့စည်းသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းသည် ဘီဒီအေ၏ စစ်သနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြုဆရာမ
ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ မြန်မာနိုင်ငံကို ဂျပန်က ရွှေရည်စိမ်လွတ်လပ်ရေးပေးသောအခါ
ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ် ဂျပန် စစ်အုပ်ချုပ်ရေးသမားများသည် မြန်မာ နိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံ နိုင်ငံ တနိုင်ငံသဖွယ်
သဘောထားလာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ် ဩဂုတ်လ အတွင်းမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့်
သခင် စိုးတို့ ဦးဆောင်ပြီး ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ)
[ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်း တည်ထောင်ကာ ၁၉၄၅ ခုနှစ်
မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ ကာကွယ်ရေးတပ်မတော်သည် ဗိုလ်ချုပ် အောင်ဆန်း၏ တိုက်ရိုက်
ကွပ်ကဲညွှန်ကြားမှုဖြင့် ဖက်ဆစ် ဂျပန် တို့ကို အတိအလင်းစစ်ကြေညာကာ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးနောက်တွင် ဗမာ့တပ်မတော်ကို ဂန္ဒီစာချုပ်အရ ဆက်လက် ဖွဲ့စည်းတည်ထောင်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်မှနုတ်ထွက်ကာ
နိုင်ငံရေးခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌအဖြစ် တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်
ဖဆပလခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ရာထူး လက်ခံရန် စကားကမ်းလှမ်းသော်လည်း
ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များအတိုင်းမရ၍ ဗိုလ်ချုပ် အောင်ဆန်းတို့က လက်မခံခဲ့ဘဲ
ဘုရင်ခံရဲ့ စက္ကူဖြူ စီမံကိန်း တိုက်ဖျက်ရေးကိုသာ ပြည်သူလူထုအား စည်းရုံးကာ အင်တိုက်အားတိုက်
ဆောင်ရွက်ခဲ့သဖြင့် ပုလိပ်သပိတ် အပါအဝင် အထွေထွေအမူထမ်းပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက်လာပြီး
နယ်ချဲ့တို့၏ အုပ်ချုပ်ရေး ရပ်တန့်သွားခဲ့ရသည်။ ဗြိတိန်အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို
အင်္ဂလန်သို့ ပြန်ခေါ်ပြီး ဘုရင်ခံအသစ်အဖြစ် ဆာဟူးဘတ်ရန်စ်ကို ခန့်အပ်လိုက်သည်။ ဘုရင်ခံသစ်
ဆာဟူးဘတ်ရန်စ်က ဗိုလ်ချုပ်တို့အလိုကျ အစိုးရဖွဲ့စည်းရန် စကား ကမ်းလှမ်းလာတော့သည်။
ထိုကမ်းလှမ်းချက်များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်းကြပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့်
ဖဆပလ ခေါင်းဆောင်များသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင်ရာထူးကို ယူလိုက်ကြသည်။
ထိုကြောင့် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ မှစ၍ ဗိုလ်ချုပ် အောင်ဆန်းသည် ဘုရင်ခံ၏
အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တနှစ်အတွင်း လုံးဝ လွတ်လပ်ရေးရရှိရေးဆောင်ပုဒ်အရ
မြန်မာ့လွတ်လပ်ရေးကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာအစိုးရ၏ ဖိတ်ကြားချက်အရ မြန်မာကိုယ်စားလှယ်အဖွဲ့ကို
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု ဇန်နဝါရီလတွင် လန်ဒန်သို့ သွားရောက်ခဲ့သည်။ ထိုဆွေးနွေးပွဲမှ
မြန်မာနိုင်ငံအား တနှစ်အတွင်း လွတ်လပ်ရေးပေးမည့် အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်း ဒေသများကို ချန်ထားလိုသောကြောင့်
ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသ ကိုပါ တပါတည်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ပြီး တောင်တန်းဒေသနှင့် မြန်မာပြည်ပပေါင်းစည်းရေးအတွက် အားသွန် ကြိုးပမ်းခဲ့ပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးစားရိုးသားမှုကြောင့် တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များ၏ ယုံကြည်ကိုးစားမှုကိုပါ ရရှိခဲ့ပြီး
မြန်မာနိုင်ငံသမိုင်းတွင် အရေးပါသော တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့်
ပင်လုံစာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေးရရန် သေချာသော အခြေအနေသို့
ရောက်သောအခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲကြမည့် တိုင်းပြု ပြည်ပြု
လွတ်တော် အတွက် ရွေးကောက်ပွဲ ကြီးကို ၁၉၄၇ ခု ဧပြီလတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
ယင်းသို့ မြန်မာ့လွတ်လပ်ရေး ဗိမာန်ကြီးပြီးခါနီးအချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး
အားသွန်ကြိုးပမ်းနေဆဲတွင် နယ်ချဲ့ လက်ပါးစေ ဦးစောနှင့် အပေါင်းပါ တို့၏ ရက်စက်ယုတ်မာစွာ
လုပ်ကြံသတ်ဖြတ်မှုကြောင့် ၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက်တွင် အခြားသောလုပ်ဖော်ကိုင်ဖက်
တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရပေသည်။

သခင် မြ (၁၈၉၇ - ၁၉၄၇)
သခင်မြသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဝန်ကြီးအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ်
တာဝန်ထမ်းဆောင်ခဲ့သည်။
ကွယ်လွန်သူ အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာ ဇာတိ ဖြစ်သည်။
အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ် အောက်တိုဘာလ ရ ရက်နေ့တွင် ဖွားမြင်သည်။
ငယ်နာမည် မောင်ဘရွှေ ဖြစ်သည်။ နှမ မမြငွေ တဦးသာ ရှိ၍ နောင်အခါ သီလရှင် ဝတ်သွားပြီး
ဒေါ်ခေမာဝတီ ဖြစ်လာခဲ့သည်။ သာယာဝတီ အေဘီအမ် ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို
ရန်ကုန် ဘက်ပတစ် အထက်တန်းကျောင်းမှ အောင်သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်နှင့်
ကာလတ္တားတက္ကသိုလ်တို့မှ အိုင်အက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်သည်။
၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်းသပိတ်နောက်
ပေါ်လာသော အမျိုးသား ပညာရေးကောင်စီတွင်လည်း အဖွဲ့ဝင်တစ်ဦးဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒဂုဏ်ထူးဖြင့် အမျိုးသားကောလိပ်မှပင် အောင်သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။

၁၉၂၇ ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ အောင်ပြီးသောအခါ သာယာဝတီသို့ ပြန်၍ ရှေ့နေအလုပ်ဖြင့် အသက်မွေးသည်။
၁၉၃ဝ ပြည့်နှစ် တောင်သူလယ်သမားအရေးတော်ပုံတွင် အရေးတော်ပုံသားများဘက်မှ ရှေ့နေလိုက်ရာမှ
ထင်ရှားလာသည်။ ၁၉၃၆ ခုနှစ်ရောက်သော် တို့ဗမာအစည်းအရုံးဝင်ရာမှ သခင်ဖြစ်လာပြီး သခင်မြဟု
ထင်ရှားလာခဲ့သည်။ ထို့နောက် တို့ဗမာအစည်းအရုံး၏ ကိုယ်ပွားဖြစ်သော ‘ကိုယ့်မင်းကိုယ်ချင်း အဖွဲ့’၏
ဥက္ကဋ္ဌဖြစ်လာသည်။ ကိုယ်မင်းကိုယ်ချင်းအဖွဲ့၏ တာဝန်ပေးချက်အရ သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ်
ဝင်ရောက်ယှဉ်ပြိုင်ရာ အရွေးခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြု လွှတ်တော်အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြုလွှတ်တော်အတွက် ပထမဆုံး အရွေးခံရသော သခင်အမတ် သုံးဦးအနက်
တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ အမတ်အဖြစ် အရွေးခံရသော်လည်း အင်္ဂလိပ်နယ်ချဲ့အုပ်စိုးမှုကို
ဆန့်ကျင်သည့်အနေဖြင့် အမတ်လစာမယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။

ပြည်သူ့အရေးတော်ပုံပါတီ ဖွဲ့သောအခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပဆက်သွယ်ရေး တာဝန်ယူပြီး သခင်မြက
ပြည်တွင်းခေါင်းဆောင် တာဝန်ယူခဲ့ရသည်။ ၁၉၄၁ ခုတွင်မူ တို့ဗမာအစည်းအရုံးဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခံရသည်။
ရဲဘော်သုံးကျိပ် ဂျပန်နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးခဲ့ရသူတဦးလည်း ဖြစ်သည်။
ဒေါက်တာဘမော် ဦးဆောင်သော ဂျပန်ခေတ်လွတ်လပ်ရေး အစိုးရအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် ဖြစ်သည်။
ဖက်ဆစ်တော်လှန်ရေးအတွက် ဖတပလကို ဖွဲ့သောအခါ ပြည်သူ့အရေးတော်ပုံါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့အရေးတော်ပုံပါတီကို မြန်မာပြည် ဆိုရှယ်လစ်ပါတီဟု ပြင်ဆင်ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ကြားဖြတ်အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန
ဝန်ကြီးတာဝန်များ ယူခဲ့ရသူလည်းဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြုပြည်ပြု လွှတ်တော် ယာယီသဘာပတိ တာဝန်များ အပေးခံရသည်။
အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။ လယ်သီစား ဥပဒေဋီကာ ကိုလည်း ရေးသားခဲ့သေးသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာသူတို့ လက်ချက်ဖြင့် ၁၉၄၇ ခု ၊ ဇူလိုင်လ ၁၉ ရက် ၊ စနေနေ့ ၊ နံနက် ၁ဝ နာရီ ၊ ၃၇ မိနစ်တွင် အသက်ဆုံးရှုံးခဲ့ရရှာသည်။

ဦးဘချို (၁၈၉၃ - ၁၉၄၇)
ဒီးဒုတ်ဦးဘချိုမှာ မြောင်းမြဇာတိ ဖြစ်သည်။ အဖ မြန်မာဆေးဆရာကြီး ဦးဘိုးစာနှင့် အမိဒေါ်မြစ် တို့မှ ၁၈၉၃ ခု
ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင်ကျောင်းမှ သတ္တမတန်းကို
အထူးအောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိ ခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက်
ပညာသင်ယူရာ ၁ဝ တန်းကို အထူးအောင်သောကြောင့် ပညာသင်ဆုထပ်ရသည်။ ရန်ကုန်တက္ကသိုလ်တွင်
ဘီအေအထက်တန်းတက်နေဆဲ မျက်စိရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ရသည်။ ပေါင်းတည်နှင့်
ဟင်္သာတ မြို့များတွင် အစိုးရကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ဖူးသည်။
၁၉၂ဝ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသားကျောင်းများ ဖွင့်လာသောအခါ အစိုးရဝန်ထမ်းအဖြစ်မှ
ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာဆရာ ဝင်လုပ်သည်။ အစိုးရအထောက်အပံ့မယူသော
အမျိုးသားကျောင်းဆရာလည်း လုပ်ခဲ့ဖူးသည်။ တပတ်တကြိမ်ထုတ် မြန်မာ့ရီဗျူးဂျာနယ်ကို အယ်ဒီတာချုပ်အဖြစ်
ဦးစီးထုတ်ဝေခဲ့သည်။ ထိုနောက် ဒီးဒုတ် ဂျာနယ် ကို ၁၉၂၅ ခုနှစ်တွင်
ဦးစီး ထုတ်ဝေရာတွင် ဒီးဒုတ် ဦးဘချိုဟု ထင်ရှား လာသည်။

ဆရာကြီးသည် အင်္ဂလိပ် - မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း ၊ ဗေဒင် ၊ နက္ခတ်နှင့် အဂ္ဂရပ်
ပညာများကိုလည်း လိုက်စားခဲ့သည်။ မြန်မာသီချင်းကြီးကိုလည်း စည်းစနစ်ကျစွာ တတ်မြောက်သူ တဦးဖြစ်သည်။
တူရိယာ ၊ ကဗျာ ၊ ဂီတကို မြတ်နိုးပြီး စောင်းကောက်ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ မြန်မာသီချင်းကြီး
သီချင်းခန့် များကို မူမှန်အတိုင်း ဖြစ်စေရန် ဂီတဝိသောဓနိ ကျမ်းကိုလည်း တည်းဖြတ်ခဲ့သည်။ ၁၉၃၈ ခုနှစ်အတွင်း
ဒီးဒုတ် နေ့စဉ်သတင်းစာကို ထုတ်ဝေခဲ့သည်။ ဆရာကြီးသည် သတင်းစာဆရာ ၊ အယ်ဒီတာ ၊ စာရေးဆရာ စသည့်
စာပေသမားတဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြား စေသည့် စာပေ များကိုလည်း ရေးသားခဲ့သည်။ အင်္ဂလိပ်တို့ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ ဌာနအုပ်ချုပ်ရေးတို့ကို ဆန့်ကျင်ခဲ့သည်။
ဖေဘီယန် (Fabian) ပါတီကိုလည်း တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သေးသည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ် သပိတ်မှောက်ကျောင်းသားများ စောင့်ရှောက်ရေး
အဖွဲ့ဝင်တဦးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာ ဘမော် အစိုးရလက်ထက်တွင်
အတိုင်ပင်ခံ လွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ စာရေးဆရာအသင်း နယကလည်း ဖြစ်သည်။
မြန်မာနိုင်ငံ လုံးဝလွတ်လပ်ရေးရရှိ ကြိုးပမ်းရန်အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသောအခါ
ဝင်ရောက်ဆောင်ရွက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ် အစိုးရအဖွဲ့တွင်
ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ၊ သခင်မြ တို့နှင့် အတူ အထူးအပင်ပန်းခံ၍
ဆောင်ရွက်ခဲ့သည်။ ချင်းပြည်နယ် ထီးလင်း မြို့တွင် ကျင်းပသော ချင်း - ဗမာ ချစ်ကြည်ရေး ကျောက်တိုင်
ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်စား အဖြစ်လည်းကောင်း ၊ ပြန်ကြားရေး ဝန်ကြီး အနေဖြင့်လည်းကောင်း တက်ရောက်ခဲ့သည်။၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက် ၊ နံနက် ၁ဝ နာရီ ၊ ၃၇ မိနစ်တွင် အခြားခေါင်းဆောင်ကြီးများ နှင့်အတူ လုပ်ကြံခံရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် ကွယ်လွန်သည်။

ဦးရာဇာတ် (၁၈၉၈ - ၁၉၄၇)
အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့်
ဒေါ်ညိမ်းလှတို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောကျ်ားလေးကျောင်းမှ ဆယ်တန်းကို ပါဠိ ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာသင်နေစဉ် ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ်သပိတ်တွင် ပါဝင်ခဲ့သည်။
အစ္စလာမ်ဘာသာ ကိုးကွယ်သည်။

၁၉၂၁ ခုတွင် မန္တလေး ဗဟိုအမျိုးသားအထက်တန်း ကျောင်းကြီးကို ဦးစီးဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌
အထက်တန်းပြဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေး အဖွဲ့ကြီး၏ ဘီအေစာမေးပွဲကြီးကို အောင်ခဲ့၍
အေရာဇတ် ဘီအေ (နယ်ရှင်နယ်) အမည်ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟို အမျိုးသားအထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟိုအမျိုးသားအထက်တန်းကျောင်းအုပ် အဖြစ်
ဆောင်ရွက်စဉ် ရဲညွန့်တပ် ဖွဲ့စည်းပြီး ကျောင်းသား လူငယ်များကို စစ်ပညာသင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူဒေါ်ခင်ခင်နှင့် လက်ထပ်သည်။
၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထားခဲ့ရသော အမျိုးသားကျောင်းကြီးကို ပြန်လည်ဖွင့်လှစ်သောအခါ
အမျိုးသားကျောင်းတွင် ဆရာ ပြန်လုပ်သည်။ အထက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖဆပလအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာမွတ်စလင် ကွန်ဂရက် (ဗ.မ.က) ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး
ကော်မတီဝင်တဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့တွင်
ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာန ဝန်ကြီးအဖြစ် တာဝန်ယူနေစဉ် အခြားခေါင်းဆောင်ကြီးများ နှင့်အတူ
မသမာသူ တို့၏လက်ချက်ဖြင့် ၁၉၄၇ ခု ၊ ဇူလိုင်လ ၁၉ ရက်
စနေနေ့ ၊ နံနက် ၁ဝ နာရီ ၊ ၃၇ မိနစ်တွင် လုပ်ကြံခံရပြီး အသက်ဆုံးရှုံးခဲ့သည်။

မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)
ကရင်အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာ ဇာတိ ဖြစ်သည်။
အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိ ဒေါ်ပု ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉ဝ၃ ခုနှစ်
အောက်တိုဘာလ ၂၆ ရက်ဖြစ်သည်။ ဟင်္သာတမြို့ အေဘီအမ်ကျောင်းတွင် ပညာသင်ယူခဲ့ရာ ၁၉၂ဝ ပြည့်နှစ်တွင်
သတ္တမတန်း အောင်သည်။ ကရင်ဘာသာသင်ကျောင်း တစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူတစ်ဦး ဖြစ်သည်။
၁၉၃၇ ခုတွင် ပုသိမ် မြောက်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေးဌာန အတွင်းဝန် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက
ကရင် - ဗမာ ချစ်ကြည်ရေးကို အထူး ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီးခေတ်တွင် ဖဆပလ
ဗဟိုအမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီး ဌာနဝန်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ လုပ်ကြံခံရ၍ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)
မိုင်းပွန် စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့၏ သား စပ်စံထွန်းသည် ၁၉ဝ၇
မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ အထက်တန်းကျောင်းမှ ဆယ်တန်း အောင်သည်။ မန္တလေးပုလိပ် အတတ်သင်ကျောင်းလည်း တက်ခဲ့ဖူးသည်။ ထို့နောက် ပုလိပ်အရာရှိအဖြစ် ခေတ္တအမှုထမ်းခဲ့သည်။
၁၉၂၈ ခုတွင် စော်ဘွားအဖြစ် ခံယူလိုက်၍ မိုင်းပွန်စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြီး၏ သမီး စပ်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေးလုပ်ငန်းများ
ထွန်းကားလာစေရန် ကြိုးပမ်းခဲ့သူတဦးလည်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီ စာအုပ်များ ၊ ကိရိယာတန်ဆာပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာနိုင်ငံသို့ ပြန်ဝင်လာသော် ယင်းနှင့်အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ်သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံးညီညွတ်ရေးအတွက် လုံးပမ်းခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည့်
စော်ဘွားလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏
ပြည်ထောင်စုနှင့် ပြည်နယ်ဆိုင်ရာ ဆပ် ကော်မတီ ၊ လူနည်းစုဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီများတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း တို့နှင့်အတူ လုပ်ကြံခံရပြီး ၊ ဇူလိုင်လ ၂ဝ ရက် ၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန်ခဲ့သည်။

ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇)
နတ်မောက်မြို့ ရှေ့နေ ဦးဖာ ၊  ဒေါ်စုတို့၏ သားသမီး ၉ ယောက်အနက် ဦးဘဝင်းသည် အကြီးဆုံးသားဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုအကြီးဆုံး ဖြစ်ပြီး ၁၉ဝ၁ ခု ၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင်
နတ်မောက် အလယ်တန်းကျောင်းမှ သတ္တမတန်း အောင်သည်။ မြန်မာလို ကိုးတန်း အောင်ပြီးနောက် အလယ်တန်း ဆရာဖြစ် စာမေးပွဲလည်း အောင်သောအခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တလုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ ၊ ဘီအိုစီ စာရေးဘဝဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာအလွတ်ပညာသင်ကျောင်း တက်သည်။
၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းမှ ဆယ်တန်းကို သုံးဘာသာဂုဏ်ထူးဖြင့်
အောင်ရုံမက ပထမလည်းရသည်။ ၁၉၂၉ ခုတွင် ရန်ကုန် တက္ကသိုလ်မှ သင်္ချာဂုဏ်ထူးတန်း အောင်၍
ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းတွင် အထက်တန်းပြဆရာအဖြစ် လည်းကောင်း ၊ ဖြူးမြို့ အမျိုးသား အထက်တန်းကျောင်းတွင် အထက်တန်းကျောင်းအုပ် အဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့သည်။
၁၉၃၅ ခုတွင် တောင်တွင်းကြီး မြို့မှ ဦးစံ ၊ ဒေါ်ရွှေမေ တို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင်
ရေနံချောင်း မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်သည်။ တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး
ကော်မတီတွင်လည်း ပါဝင်ခဲ့သည်။
၁၉၄၇ ခု ၊ ဇူလိုင်လ ၁၉ ရက် ၊ စနေနေ့ ၊ နံနက် ၁ဝ နာရီ ၊ ၃၇ မိနစ် အချိန်တွင် လုပ်ကြံခံရပြီး ကွယ်လွန်သည်။

ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)
ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ချ်ဒဗလျူတရပ်(တ်)ဝန်း ၊ ဒေါ်ရွှေမြင့် တို့၏ ဒုတိယသား ဖြစ်သည်။
မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု ၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘဝက ရန်ကုန်တက္ကသိုလ်တပ်ရင်းတွင် တပ်ခွဲတပ်ထောက် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲ ဖြေသူ ၃ ဦး အနက် ပထမ ရသည်။ ၁၉၃၉ ခုတွင် မန္တလေးမြို့ ၊ အရှေ့နယ်ပိုင်ဝန်ထောက် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနားအရေးပိုင်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် ခန့်အပ်ခြင်း ခံရသည်။
၁၉၄၇ ခု ၊ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့ ၊ နံနက် ၁ဝ နာရီ ၊ ၃၇ မိနစ်တွင် လုပ်ကြံခံရသည်။

ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)
မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာ စိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး ၊ ဒေါ်မင်းရီ တို့၏
ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်းအထိ ပညာသင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေးဝန်ကြီး
ဦးရာဇတ်၏ သက်တော်စောင့် အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၄၇ ခု ၊ ဇူလိုင်လ ၁၉ ရက် ၊ စနေနေ့ ၊
နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံသော မသမာသူတို့၏
လက်ချက်ဖြင့် ကျဆုံးရသည်။

ဤဆောင်းပါးကို သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ၏မှတ်စုတိုများထဲမှ ကောက်နှုတ်ရေးသားထားပါသည်။



Zawgyi

အာဇာနည္ ေခါင္းေဆာင္ႀကီးမ်ား

၁၉၄၇ ခုႏွစ္ ဇူလိုင္လ ၁၉ ရက္ေန႔တြင္ ျမန္မာႏိုင္ငံ၊ ရန္ကုန္ၿမိဳ႕ ျမန္မာႏိုင္ငံ 
ဗိုလ္ခ်ဳပ္ ေအာင္ဆန္း အပါအဝင္ ႏိုင္ငံေရးတြင္ အလြန္အေရးပါေသာ ေခါင္းေဆာင္ႀကီး 
ကိုးဦး က်ဆုံးခဲ့သည္။ ထိုေန႔ကို အာဇာနည္ေန႔ ဟု သတ္မွတ္ၿပီး 
ယေန႔ထက္တိုင္ ေအာင့္ေမ့ သတိရ အမွတ္တရ က်င္းပလ်က္ရွိသည္။

ဗိုလ္ခ်ဳပ္ ေအာင္ဆန္း (၁၉၁၅ - ၁၉၄၇)
သခင္ ျမ (၁၈၉၇ - ၁၉၄၇)
ဦးဘခ်ိဳ (၁၈၉၃ - ၁၉၄၇)
ဦးရာဇာတ္ (၁၈၉၈ - ၁၉၄၇)
မန္းဘခိုင္ (၁၉ဝ၃ - ၁၉၄၇)
မိုင္းပြန္ ေစာ္ဘြားႀကီး စပ္စံထြန္း (၁၉ဝ၇ - ၁၉၄၇)
ဦးဘဝင္း (၁၉ဝ၁ - ၁၉၄၇)
ဦးအုန္းေမာင္ (၁၉၁၃ - ၁၉၄၇)
ရဲေဘာ္ ကိုေထြး (၁၉၂၉ - ၁၉၄၇)

ဗိုလ္ခ်ဳပ္ ေအာင္ဆန္း (၁၉၁၅ - ၁၉၄၇)
၁၉၁၅ ခု၊ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔တြင္ မေကြးတိုင္း ၊ ေတာင္တြင္းႀကီး ခ႐ိုင္ ၊ နတ္ေမာက္ၿမိဳ႕၌ 
အမိန႔္ေတာ္ရ ေ ရွ႕ေန ဦးဖာ - ေဒၚစု တို႔မွ ေနာင္တေခတ္တြင္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ဟူ၍ ျမန္မာႏိုင္ငံသမိုင္း၌ တြင္ေစမည့္ သားရတနာကို ဖြားျမင္ခဲ့သည္။ ဇာတာအမည္မွာ ေမာင္ထိန္လင္း ျဖစ္ေသာ္လည္း ငယ္စဥ္ကပင္ ေမာင္ေအာင္ဆန္းဟု တြင္သည္။ ငယ္စဥ္က 
နတ္ေမာက္ၿမိဳ႕ ဆရာေတာ္ ဦးေသာဘိတေက်ာင္း၌ ေနခဲ့သည္။ ၁၉၂၈ ခုတြင္ ေရနံေခ်ာင္း အမ်ိဳးသား အထက္တန္းေက်ာင္းသို႔ 
ေျပာင္းေ႐ႊ႕ ပညာသင္ယူခဲ့ၿပီး ယင္းေက်ာင္းမွ ျမန္မာ ၊ ပါဠိ ၂ ဘာသာ ဂုဏ္ထူးျဖင့္ ၁ဝ တန္း ေအာင္ျမင္ခဲ့သည္။ ပညာထူးခြၽန္သူျဖစ္၍ အထက္တန္း စေကာလားရွစ္ႏွင့္ ဦးေ႐ႊခိုဆု ရရွိခဲ့ဖူးသည္။ ထိုေနာက္ ရန္ကုန္ တကၠသိုလ္သို႔ တက္ေရာက္ၿပီး ဆက္လက္ ပညာဆည္းပူးခဲ့သည္။ 
၁၉၃၅ - ၃၆ ပညာ သင္ႏွစ္မွ စ၍ ရန္ကုန္တကၠသိုလ္ ေက်ာင္းသား သမဂၢ 
အမႈေဆာင္ အဖြဲ႕ဝင္ ျဖစ္လာ ခဲ့ၿပီး သမဂၢ၏ အာေဘာ္ အိုးေဝမဂၢဇင္း အယ္ဒီတာလည္း ျဖစ္လာခဲ့သည္။ ကိုေအာင္ဆန္း အယ္ဒီတာအျဖစ္ ေဆာင္႐ြက္ေသာ အိုးေဝမဂၢဇင္းတြင္ ယမမင္း အမည္ အိုးေဝ ညိဳျမ
 ေရးသားေသာ “ငရဲေခြးႀကီး လြတ္ၿပီး သရမ္းေနသည္ (The Hell Hound At Large)”
 ေခါင္းစဥ္ျဖင့္ ေပးစာတေစာင္ ေဖာ္ျပခဲ့မႈသည္လည္း ၁၉၃၆ ဒုတိယ ေက်ာင္းသားသပိတ္
 ျဖစ္ပြားေစခဲ့ေသာ အဓိကအေၾကာင္းရင္းတခ်က္ ျဖစ္သည္။ ၁၉၃၆ ဒုတိယ 
ေက်ာင္းသားသပိတ္၏ သပိတ္ေမွာက္ ေကာင္စီအဖြဲ႕ဝင္တဦးလည္း ျဖစ္ခဲ့သည္။

ကုလား - ဗမာ အဓိက႐ုဏ္း ေပၚခဲ့သည္။ သမဂၢသည္ အဓိက႐ုဏ္းေၾကာင့္ ဒုကၡေရာက္သူမ်ားအား 
ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့သည္။ ၁၉၃၆ ခု သပိတ္ အေရးေတာ္ပုံတြင္ ဖြဲ႕စည္းေပးခဲ့ေသာ ဆာျမဘူး ေကာ္မတီ အစီရင္ခံစာ ထြက္လာသည္၊ အစီရင္ခံစာကို တကသမွ ကန႔္ကြက္ ခဲ့သည္။
 ေဒါက္တာ ဘေမာ္ အစိုးရတကၠသိုလ္ အက္ဥပေဒၾကမ္း ျပဳလုပ္ရန္ စီစဥ္သည္ကိုလည္း လက္မခံခဲ့ေပ။
 ၁၉၃၆ - ၃၇ ပညာ သင္ႏွစ္တြင္ ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ား သမဂၢ၏ ဒုတိယဥကၠ႒ ျဖစ္လာၿပီး ၊ ၁၉၃၈ - ၃၉ တြင္ ဥကၠ႒အျဖစ္ တာဝန္ယူခဲ့သည္။ ၁၉၃၆ တကၠသိုလ္ သပိတ္အၿပီးတြင္ ေပၚေပါက္လာေသာ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား သမဂၢႀကီးကို ဦးစီးတည္ေထာင္သူတဦးလည္းျဖစ္ၿပီး ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ားသမဂၢတြင္ ပထမဆုံးအတြင္းေရးမႉးျဖစ္ေလသည္။ 
၁၉၃၇ - ၃၈ တြင္ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ားသမဂၢ ဥကၠ႒အျဖစ္ တာဝန္ယူခဲ့သည္။ ၁၉၃၇ ခုႏွစ္တြင္ ဝိဇၨာတန္းကို ေအာင္ၿပီး ဥပေဒ ဝိဇၨာတန္းသို႔ ဆက္တက္ခဲ့သည္။ 
၁၉၃၈ - ၃၉ တြင္ တကသဥကၠ႒ ျဖစ္သည္။ တကၠသိုလ္ အက္ဥပေဒျပင္ဆင္ေရး 
ေကာ္မတီတြင္ အဖြဲ႕ဝင္အျဖစ္လည္း တာဝန္ယူခဲ့သည္။ ၁၉၃၈ ခုႏွစ္တြင္ တကၠသိုလ္အုပ္ခ်ဳပ္ေရး 
အဖြဲ႕ျဖစ္သည့္ တကၠသိုလ္ ေကာင္စီဝင္တြင္ ပထမဆုံး ေက်ာင္းသားကိုယ္စားလွယ္အျဖစ္ တာဝန္ေပးအပ္ျခင္းခံခဲ့ရသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ တကသဥကၠ႒အျဖစ္ သက္တမ္းကုန္သည္ထိ မေနခဲ့ေပ။ ၁၉၃၈ ခုႏွစ္တြင္ တကၠသိုလ္မွထြက္ၿပီး သခင္ကိုယ္ေတာ္မႈိင္း ႀကီးမႉးေသာ
တို႔ဗမာအစည္းအ႐ုံးသို႔ ဝင္ေရာက္၍ သခင္ေအာင္ဆန္းအျဖစ္ ႏိုင္ငံေရးနယ္ပယ္သို႔
 ေျခစုံပစ္ ဝင္ခဲ့သည္။ ၁၉၃၉ တြင္ တို႔ဗမာအစည္းအ႐ုံး၏ 
အတြင္းေရးမႉးအျဖစ္ တက္ေျမာက္ျခင္း ခံရသည္။

သခင္ေအာင္ဆန္းသည္ ဒုတိယကမာၻစစ္ ျဖစ္လာ၍ ျမန္မာ့လြတ္လပ္ေရးအတြက္ စည္းစည္းလုံးလုံး ေဆာင္႐ြက္ႏိုင္ရန္ ဖြဲ႕စည္းခဲ့ေသာ ဗမာ ထြက္ရပ္ဂိုဏ္းတြင္ အတြင္းေရးမႉးအျဖစ္လည္း 
တာဝန္ယူခဲ့သည္။ ျမန္မာ့လြတ္လပ္ေရးအတြက္ လက္နက္ကိုင္ေတာ္လွန္ေရး ဆင္ႏြဲရန္
 ေပၚေပါက္ ခဲ့ေသာ ျပည္သူ႔အေရးေတာ္ပုံပါတီ (ေနာင္ ဆိုရွယ္လစ္ ပါတီ) ၏ 
ျပည္ပဆက္သြယ္ေရး ေခါင္းေဆာင္တာဝန္ကိုလည္း ယူခဲ့သည္။ ၁၉၄ဝ မတ္လအတြင္း အိႏၵိယႏိုင္ငံ ရမ္းဂါးၿမိဳ႕၌ က်င္းပေသာ အိႏၵိယ အမ်ိဳးသားကြန္ဂရက္ညီလာခံသို႔ တက္ေရာက္ခဲ့သည္။ 
သခင္ေအာင္ဆန္းအား အဂၤလိပ္ နယ္ခ်ဲ႕အစိုးရကို ဆန႔္က်င္ ေဟာေျပာမႈျဖင့္ ဖမ္းဆီးရန္ ဟသၤာတခ႐ိုင္ ရာဇဝတ္ဝန္ ဆုေငြ ၅ က်ပ္ျဖင့္ ဖမ္းဝရမ္းထုတ္ခဲ့သည္။ ၁၉၄ဝ ဩဂုတ္လ အတြင္း ျမန္မာ့ လြတ္လပ္ေရးအတြက္ အဂၤလိပ္နယ္ခ်ဲ႕ အစိုးရအား ျမန္မာ့ေျမေပၚမွ လက္နက္အားျဖင့္ 
ေမာင္းထုတ္ႏိုင္ရန္အတြက္ ႏိုင္ငံျခားမွ အကူအညီရယူရန္ တ႐ုတ္ႏိုင္ငံသို႔ စြန႔္စားထြက္ခြာခဲ့သည္။ တ႐ုတ္ျပည္ အမြိဳင္၌ ေသာင္တင္ေနစဥ္ ျမန္မာႏိုင္ငံမွ ရဲေဘာ္မ်ား၏ စီစဥ္ ေဆာင္႐ြက္ေပးမႈေၾကာင့္ ဂ်ပန္ အရာရွိ စူဖူကိေကအိခ်ိႏွင့္ အဆက္အသြယ္ရကာ ဂ်ပန္ႏိုင္ငံသို႔ ေရာက္သြားသည္။ဂ်ပန္ျပည္တြင္ ‘ဗမာ့ လြတ္လပ္ေရး စီမံကိန္း’ စာတမ္းတရပ္ကို ေရးဆြဲကာ 
ဂ်ပန္ စစ္အာဏာပိုင္ မ်ားႏွင့္ ညႇိႏႈိင္းခဲ့သည္။ ယင္းစီမံကိန္းအရ ျမန္မာျပည္အတြင္းမွ မ်ိဳးခ်စ္လူငယ္မ်ားကို စုစည္းကာ အလီလီ ခြဲလ်က္ ဂ်ပန္ျပည္သို႔ ပို႔ေပးခဲ့သည္။ ဤမ်ိဳးခ်စ္ 
လူငယ္တစုသည္ပင္လွ်င္ ေနာင္ေသာအခါတြင္ ဗိုလ္ေတဇ (ေခၚ) ဗိုလ္ေအာင္ဆန္း ေခါင္းေဆာင္သည့္ ရဲေဘာ္သုံးက်ိပ္ ျဖစ္လာခဲ့သည္။ ဤမ်ိဳးခ်စ္လူငယ္မ်ားသည္ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ 
(ဘီအိုင္ေအ) ကို ယိုးဒယား (ယခု ထိုင္း) ႏိုင္ငံ ဘန္ေကာက္တြင္ ဖြဲ႕စည္းတည္ေထာင္ကာ ျမန္မာႏိုင္ငံအတြင္းသို႔ ဂ်ပန္မ်ားႏွင့္အတူ ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။

ဂ်ပန္တပ္မေတာ္က ျမန္မာႏိုင္ငံကိုသိမ္းၿပီးေသာအခါ အင္အားႀကီးထြားၿပီး ဗရမ္းဗတာျဖစ္လာေသာ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ကို အင္အားေလ်ာ့ခ်ၿပီး ဗမာ့ကာကြယ္ေရးတပ္မေတာ္ (ဘီဒီေအ) 
အျဖစ္ ျပန္လည္ဖြဲ႕စည္းသည့္အခါ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ 
ဘီဒီေအ၏ စစ္သနာပတိ ျဖစ္လာသည္။ ၁၉၄၂ ခု စက္တင္ဘာလတြင္ သူနာျပဳဆရာမ ေဒၚခင္ၾကည္ႏွင့္ လက္ထပ္သည္။ ျမန္မာႏိုင္ငံကို ဂ်ပန္က ေ႐ႊရည္စိမ္လြတ္လပ္ေရးေပးေသာအခါ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းသည္ စစ္ဝန္ႀကီးႏွင့္ စစ္ေသနာပတိ ျဖစ္လာသည္။ 
ဖက္ဆစ္ ဂ်ပန္ စစ္အုပ္ခ်ဳပ္ေရး သမားမ်ားသည္ ျမန္မာ ႏိုင္ငံႏွင့္ ျပည္သူတို႔အား ဖက္ဆစ္ႏိုင္ငံ၏ လက္ေအာက္ခံ ႏိုင္ငံ တႏိုင္ငံသဖြယ္ သေဘာထားလာၾကသည္။ 
ထို႔ေၾကာင့္ ၁၉၄၄ ခုႏွစ္ ဩဂုတ္လ အတြင္းမွာ 
ဗိုလ္ခ်ဳပ္ ေအာင္ဆန္းႏွင့္ သခင္ စိုးတို႔ ဦးေဆာင္ၿပီး ဖက္ဆစ္ တိုက္ဖ်က္ေရး ျပည္သူ႔ လြတ္လပ္ေရး အဖြဲ႕ခ်ဳပ္ (ဖတပလ) [ဖက္ဆစ္ တိုက္ဖ်က္ေရး ျပည္သူ႔ လြတ္လပ္ေရး အဖြဲ႕ခ်ဳပ္ (ဖဆပလ)] ကို ဖြဲ႕စည္း တည္ေထာင္ကာ ၁၉၄၅ ခုႏွစ္ မတ္လ ၂၇ ရက္ေန႔တြင္ ဗမာ့ ကာကြယ္ေရးတပ္မေတာ္သည္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း၏ တိုက္႐ိုက္ ကြပ္ကဲၫႊန္ၾကားမႈျဖင့္ 
ဖက္ဆစ္ ဂ်ပန္ တို႔ကို အတိအလင္းစစ္ေၾကညာကာ ဖက္ဆစ္ေတာ္လွန္ေရးကို ဆင္ႏႊဲခဲ့သည္။ ဒုတိယ ကမာၻစစ္ႀကီးၿပီးေနာက္တြင္ ဗမာ့တပ္မေတာ္ကို ဂႏၵီစာခ်ဳပ္အရ ဆက္လက္ ဖြဲ႕စည္းတည္ေထာင္ၿပီးေနာက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ တပ္မေတာ္မွႏုတ္ထြက္ကာ 
ႏိုင္ငံေရးေခါင္းေဆာင္ ဖဆပလ ဥကၠ႒အျဖစ္ တိုင္းျပည္တာဝန္ကို ဆက္လက္ထမ္းေဆာင္ခဲ့သည္။

ဒုတိယကမာၻစစ္အၿပီးတြင္ ျမန္မာႏိုင္ငံဘုရင္ခံ ဆာေဒၚမန္စမစ္က ဗိုလ္ခ်ဳပ္ေအာင္ဆန္းအပါအဝင္ 
ဖဆပလေခါင္းေဆာင္မ်ားအား ဘုရင္ခံ၏ အမႈေဆာင္ ေကာင္စီတြင္ ရာထူး လက္ခံရန္ စကားကမ္းလွမ္းေသာ္လည္း ဖဆပလမွ ခ်မွတ္ထားေသာ 
စည္းကမ္းခ်က္မ်ားအတိုင္း မရ၍ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းတို႔က လက္မခံခဲ့ဘဲ ဘုရင္ခံရဲ႕ စကၠဴျဖဴ စီမံကိန္း တိုက္ဖ်က္ေရးကိုသာ ျပည္သူလူထုအား စည္း႐ုံးကာ အင္တိုက္အားတိုက္ ေဆာင္႐ြက္ခဲ့သျဖင့္ 
ပုလိပ္သပိတ္ အပါအဝင္ အေထြေထြအမူထမ္းေပါင္းစုံ 
သပိတ္ႀကီး ေပၚေပါက္လာၿပီး နယ္ခ်ဲ႕တို႔၏ အုပ္ခ်ဳပ္ေရး ရပ္တန႔္သြားခဲ့ရသည္။ ၿဗိတိန္အစိုးရလည္း ဘုရင္ခံ ဆာေဒၚမန္စမစ္ကို အဂၤလန္သို႔ ျပန္ေခၚၿပီး ဘုရင္ခံအသစ္အျဖစ္ ဆာဟူးဘတ္ရန္စ္ကို ခန႔္အပ္လိုက္သည္။ ဘုရင္ခံသစ္ ဆာဟူးဘတ္ရန္စ္က ဗိုလ္ခ်ဳပ္တို႔အလိုက် အစိုးရဖြဲ႕စည္းရန္ စကား ကမ္းလွမ္းလာေတာ့သည္။ ထိုကမ္းလွမ္းခ်က္မ်ားကို ဖဆပလႏွင့္ ေဆြးေႏြး 
ညႇိႏႈိင္းၾကၿပီးေနာက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ဖဆပလ ေခါင္းေဆာင္မ်ားသည္ ဘုရင္ခံ၏ အမႈေဆာင္ ေကာင္စီဝင္ရာထူးကို ယူလိုက္ၾကသည္။ ထိုေၾကာင့္ ၁၉၄၆ ခုႏွစ္ စက္တင္ဘာလ 
၂၈ ရက္ေန႔ မွစ၍ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းသည္ ဘုရင္ခံ၏ အမႈေဆာင္ေကာင္စီ ဒုတိယဥကၠ႒ ျဖစ္လာသည္။ ထိုေနာက္ တႏွစ္အတြင္း လုံးဝ လြတ္လပ္ေရးရရွိေရး ေဆာင္ပုဒ္အရ 
ျမန္မာ့လြတ္လပ္ေရးကိစၥ ေဆြးေႏြးရန္ ၿဗိတိသွ် ေလဘာအစိုးရ၏ ဖိတ္ၾကားခ်က္အရ
 ျမန္မာကိုယ္စားလွယ္အဖြဲ႕ကို ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဦးေဆာင္ၿပီး ၁၉၄၇ ခု ဇန္နဝါရီလတြင္ လန္ဒန္သို႔ သြားေရာက္ခဲ့သည္။ ထိုေဆြးေႏြးပြဲမွ ျမန္မာႏိုင္ငံအား 
တႏွစ္အတြင္း လြတ္လပ္ေရးေပးမည့္ ေအာင္ဆန္း - အက္တလီ စာခ်ဳပ္ ခ်ဳပ္ဆို ႏိုင္ခဲ့သည္။

သို႔ေသာ္ ျမန္မာႏိုင္ငံကို လြတ္လပ္ေရး ေပးရာတြင္ ၿဗိတိသွ်တို႔က ေတာင္တန္း
 ေဒသမ်ားကို ခ်န္ထားလိုေသာေၾကာင့္ 
ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ေတာင္တန္းေဒသ ကိုပါ တပါတည္း လြတ္လပ္ေရးေပးရန္ ေတာင္းဆိုခဲ့ၿပီး ေတာင္တန္းေဒသႏွင့္ ျမန္မာျပည္ပေပါင္းစည္းေရးအတြက္ အားသြန္
 ႀကိဳးပမ္းခဲ့ျပန္သည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏
 ႀကိဳးစား႐ိုးသားမႈေၾကာင့္ ေတာင္တန္းေဒသ တိုင္းရင္းသားေခါင္းေဆာင္မ်ား၏ 
ယုံၾကည္ကိုးစားမႈကိုပါ ရရွိခဲ့ၿပီး ျမန္မာႏိုင္ငံသမိုင္းတြင္ အေရးပါေသာ 
တိုင္းရင္းသားေပါင္းစုံ ေသြးစည္းညီၫြတ္ေရး သေကၤတ ျဖစ္ခဲ့သည့္ ပင္လုံစာခ်ဳပ္ ခ်ဳပ္ဆို ႏိုင္ခဲ့သည္။ ထိုလုပ္ငန္းမ်ား ၿပီးစီး၍ 
လြတ္လပ္ေရးရရန္ ေသခ်ာေသာ အေျခအေနသို႔ ေရာက္ေသာ အခါ လြတ္လပ္ေသာ ျမန္မာႏိုင္ငံ၏ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ေရးဆြဲၾကမည့္ တိုင္းျပဳ ျပည္ျပဳ လြတ္ေတာ္ အတြက္
 ေ႐ြးေကာက္ပြဲ ႀကီးကို ၁၉၄၇ ခု ဧၿပီလတြင္ ေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့သည္။ 
ယင္းသို႔ ျမန္မာ့လြတ္လပ္ေရး ဗိမာန္ႀကီးၿပီးခါနီးအခ်ိန္ လြတ္လပ္ေသာ ျမန္မာႏိုင္ငံ တည္ေထာင္ေရး အားသြန္ႀကိဳးပမ္းေနဆဲတြင္ နယ္ခ်ဲ႕ လက္ပါးေစ ဦးေစာႏွင့္ အေပါင္းပါ တို႔၏ 
ရက္စက္ယုတ္မာစြာ လုပ္ႀကံသတ္ျဖတ္မႈေၾကာင့္ ၁၉၄၇ ခုႏွစ္ ၊ 
ဇူလိုင္လ ၁၉ ရက္တြင္ အျခားေသာလုပ္ေဖာ္ကိုင္ဖက္ တိုင္းျပည္ေခါင္းေဆာင္ အာဇာနည္ႀကီးမ်ားႏွင့္အတူ က်ဆုံးခဲ့ရေပသည္။

သခင္ ျမ (၁၈၉၇ - ၁၉၄၇)
သခင္ျမသည္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေခါင္းေဆာင္ေသာ ဝန္ႀကီးအဖြဲ႕တြင္ ျပည္ထဲေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။ကြယ္လြန္သူ အမ်ိဳးသား အာဇာနည္ေခါင္းေဆာင္ႀကီး သခင္ျမသည္
 ျပည္ၿမိဳ႕နယ္ ထုံးဘို႐ြာ ဇာတိ ျဖစ္သည္။ အဖ ဦးဘိုးခြၽန္ႏွင့္ 
အမိ ေဒၚသက္လယ္ တို႔မွ ၁၈၉၇ ခုႏွစ္ ေအာက္တိုဘာလ ရ ရက္ေန႔တြင္ ဖြားျမင္သည္။ ငယ္နာမည္ ေမာင္ဘေ႐ႊ ျဖစ္သည္။ ႏွမ မျမေငြ တဦးသာ ရွိ၍ ေနာင္အခါ သီလရွင္ ဝတ္သြားၿပီး ေဒၚေခမာဝတီ
 ျဖစ္လာခဲ့သည္။ သာယာဝတီ ေအဘီအမ္ ေက်ာင္းမွ 
သတၱမတန္း ေအာင္ၿပီး ဆယ္တန္းကို ရန္ကုန္ ဘက္ပတစ္ အထက္တန္းေက်ာင္းမွ ေအာင္သည္။ ၁၉၁၈ ခုႏွစ္တြင္ ရန္ကုန္ ေကာလိပ္ႏွင့္ ကာလတၱားတကၠသိုလ္တို႔မွ အိုင္အက္စ္စီတန္းကို ဓာတုေဗဒ 
ဂုဏ္ထူးျဖင့္ ေအာင္သည္။ ၁၉၂ဝ ျပည့္ႏွစ္ တကၠသိုလ္ သပိတ္ေမွာက္ ေကာင္စီတြင္ ဒုတိယ ဥကၠ႒ ျဖစ္ခဲ့သည္။ ယင္းသပိတ္ေနာက္ ေပၚလာေသာ 
အမ်ိဳးသား ပညာေရးေကာင္စီတြင္လည္း အဖြဲ႕ဝင္တစ္ဦးျဖစ္႐ုံမက ၾကည့္ျမင္တိုင္ အမ်ိဳးသား အထက္တန္း ေက်ာင္းအုပ္လည္း 
လုပ္ခဲ့ ဖူးသည္။ ၁၉၂၄ ခုႏွစ္တြင္ ဘီအက္စ္စီတန္းကို ဓာတုေဗဒဂုဏ္ထူးျဖင့္ အမ်ိဳးသားေကာလိပ္မွပင္ ေအာင္သည္။ ၁၉၂၆ ခုႏွစ္တြင္ ေဒၚခင္ၫြန႔္ႏွင့္ လက္ထပ္သည္။

၁၉၂၇ ခုႏွစ္တြင္ ဥပေဒ ဝိဇၨာဘြဲ႕ ေအာင္ၿပီးေသာအခါ သာယာဝတီသို႔ ျပန္၍ ေရွ႕ေနအလုပ္ျဖင့္ အသက္ေမြးသည္။ ၁၉၃ဝ ျပည့္ႏွစ္ ေတာင္သူလယ္သမားအေရးေတာ္ပုံတြင္ အေရးေတာ္ပုံသားမ်ားဘက္မွ ေရွ႕ေနလိုက္ရာမွ ထင္ရွားလာသည္။ ၁၉၃၆ ခုႏွစ္ေရာက္ေသာ္ တို႔ဗမာအစည္းအ႐ုံးဝင္ရာမွ သခင္ျဖစ္လာၿပီး သခင္ျမဟု ထင္ရွားလာခဲ့သည္။ ထို႔ေနာက္ တို႔ဗမာအစည္းအ႐ုံး၏ ကိုယ္ပြားျဖစ္ေသာ 
‘ကိုယ့္မင္းကိုယ္ခ်င္း အဖြဲ႕’၏ ဥကၠ႒ျဖစ္လာသည္။ ကိုယ္မင္းကိုယ္ခ်င္းအဖြဲ႕၏ တာဝန္ေပးခ်က္အရ သာယာဝတီေတာင္ပိုင္းမွ အမတ္အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ရာ အေ႐ြးခံရ၍ ၉၁ ဌာနေခတ္ ဥပေဒျပဳ 
လႊတ္ေတာ္အမတ္ ျဖစ္လာသည္။ ထို႔ေၾကာင့္ ဥပေဒျပဳလႊတ္ေတာ္အတြက္ ပထမဆုံး အေ႐ြးခံရေသာ သခင္အမတ္ သုံးဦးအနက္ တစ္ဦးအပါအဝင္ ျဖစ္ခဲ့သည္။ ထိုသို႔ အမတ္အျဖစ္ အေ႐ြးခံရေသာ္လည္း အဂၤလိပ္နယ္ခ်ဲ႕အုပ္စိုးမႈကို ဆန႔္က်င္သည့္အေနျဖင့္ အမတ္လစာမယူသည့္ သခင္အမတ္တစ္ဦးလည္း ျဖစ္သည္။

ျပည္သူ႔အေရးေတာ္ပုံပါတီ ဖြဲ႕ေသာအခါတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ျပည္ပဆက္သြယ္ေရး တာဝန္ယူၿပီး သခင္ျမက ျပည္တြင္းေခါင္းေဆာင္ တာဝန္ယူခဲ့ရသည္။ ၁၉၄၁ ခုတြင္မူ တို႔ဗမာအစည္းအ႐ုံးဥကၠ႒ အျဖစ္ တင္ေျမႇာက္ခံရသည္။ ရဲေဘာ္သုံးက်ိပ္ ဂ်ပန္ႏိုင္ငံသို႔ စစ္ပညာသင္ သြားႏိုင္ေရးအတြက္ စီစဥ္ေဆာင္႐ြက္ ေပးခဲ့ရသူတဦးလည္း ျဖစ္သည္။ 
ေဒါက္တာဘေမာ္ ဦးေဆာင္ေသာ ဂ်ပန္ေခတ္လြတ္လပ္ေရး အစိုးရအဖြဲ႕တြင္ ဒုတိယဝန္ႀကီးခ်ဳပ္ ျဖစ္သည္။ ဖက္ဆစ္ေတာ္လွန္ေရးအတြက္ ဖတပလကို ဖြဲ႕ေသာအခါ ျပည္သူ႔အေရးေတာ္ပုံါတီကို ကိုယ္စားျပဳ၍ သခင္ျမလည္း ပါဝင္ခဲ့သည္။ ၁၉၄၅ ခုႏွစ္တြင္ ျပည္သူ႔အေရးေတာ္ပုံပါတီကို ျမန္မာျပည္ ဆိုရွယ္လစ္ပါတီဟု ျပင္ဆင္ဖြဲ႕စည္းေသာအခါ သခင္ျမပင္ ဥကၠ႒ ျဖစ္လာသည္။ စစ္ၿပီးစ ဖဆပလ အဖြဲ႕၏ ဗဟို အလုပ္အမႈေဆာင္ တဦးလည္း ျဖစ္ခဲ့သည္။ စစ္ၿပီးေခတ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း 
ဦးစီးေသာ ၾကားျဖတ္အစိုးရအဖြဲ႕တြင္ ဘ႑ာေရးႏွင့္ အခြန္ေတာ္ဌာန ဝန္ႀကီးတာဝန္မ်ား ယူခဲ့ရသူလည္းျဖစ္သည္။ ထို႔ေနာက္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ေရးဆြဲေရး ေကာ္မတီ ဥကၠ႒ႏွင့္ တိုင္းျပဳျပည္ျပဳ လႊတ္ေတာ္ ယာယီသဘာပတိ တာဝန္မ်ား အေပးခံရသည္။ 
ေအာင္ဆန္း - အက္တလီ စာခ်ဳပ္ ခ်ဳပ္ဆိုရန္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ေခါင္းေဆာင္သည့္ လန္ဒန္သြား ျမန္မာ ကိုယ္စားလွယ္ 
အဖြဲ႕တြင္လည္း ပါဝင္ခဲ့သည္။ လယ္သီစား ဥပေဒဋီကာ ကိုလည္း ေရးသားခဲ့ေသးသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အျခား ေခါင္းေဆာင္ႀကီးမ်ား ႏွင့္အတူ မသမာသူတို႔ လက္ခ်က္ျဖင့္ ၁၉၄၇ ခု ၊ 
ဇူလိုင္လ ၁၉ ရက္ ၊ စေနေန႔ ၊ နံနက္ ၁ဝ နာရီ ၊ ၃၇ မိနစ္တြင္ အသက္ဆုံးရႈံးခဲ့ရရွာသည္။

ဦးဘခ်ိဳ (၁၈၉၃ - ၁၉၄၇)
ဒီးဒုတ္ဦးဘခ်ိဳမွာ ေျမာင္းျမဇာတိ ျဖစ္သည္။ အဖ ျမန္မာေဆးဆရာႀကီး ဦးဘိုးစာႏွင့္ အမိေဒၚျမစ္ တို႔မွ ၁၈၉၃ ခု ဧၿပီလ ၂၄ ရက္ေန႔တြင္ ဖြားျမင္သည္။ အသက္ ၁၄ ႏွစ္တြင္ ေျမာင္းျမၿမိဳ႕ 
ဆရာ ဦးေမာင္ေမာင္ ေက်ာင္းမွ သတၱမတန္းကို အထူးေအာင္၍ စေကာလားရွစ္ ပညာသင္ဆု ရရွိ ခဲ့သည္။ ထိုေနာက္ ရန္ကုန္ၿမိဳ႕ရွိ စိန္ေပါလ္ေက်ာင္းတြင္ ဆက္လက္ပညာသင္ယူရာ ၁ဝ တန္းကို 
အထူးေအာင္ေသာေၾကာင့္ ပညာသင္ဆုထပ္ရသည္။ ရန္ကုန္တကၠသိုလ္တြင္ ဘီေအအထက္တန္းတက္ေနဆဲ မ်က္စိေရာဂါေၾကာင့္ တကၠသိုလ္မွ ထြက္ခဲ့ရသည္။ ေပါင္းတည္ႏွင့္ ဟသၤာတ ၿမိဳ႕မ်ားတြင္ 
အစိုးရေက်ာင္းဆရာအျဖစ္ အမႈထမ္းခဲ့သည္။ ပညာအုပ္လည္း လုပ္ခဲ့ဖူးသည္။ ၁၉၂ဝ တြင္ ေဒၚလွေမႏွင့္ လက္ထပ္သည္။ အမ်ိဳးသားေက်ာင္းမ်ား ဖြင့္လာေသာအခါ အစိုးရဝန္ထမ္းအျဖစ္မွထြက္ၿပီး အမ်ိဳးသားေကာလိပ္တြင္ ျမန္မာစာဆရာ 
ဝင္လုပ္သည္။ အစိုးရအေထာက္အပံ့မယူေသာ အမ်ိဳးသား ေက်ာင္းဆရာလည္း လုပ္ခဲ့ဖူးသည္။ တပတ္တႀကိမ္ထုတ္ ျမန္မာ့ ရီဗ်ဴးဂ်ာနယ္ကို အယ္ဒီတာခ်ဳပ္ အျဖစ္ ဦးစီးထုတ္ေဝခဲ့သည္။ ထိုေနာက္ ဒီးဒုတ္ ဂ်ာနယ္ ကို ၁၉၂၅ ခုႏွစ္တြင္ ဦးစီး ထုတ္ေဝရာတြင္ ဒီးဒုတ္ ဦးဘခ်ိဳဟု ထင္ရွား လာသည္။

ဆရာႀကီးသည္ အဂၤလိပ္ - ျမန္မာႏွင့္ ပါဠိစာေပမ်ားတြင္ ႏွံ႔စပ္ၿပီး ေဆးက်မ္း ၊
 ေဗဒင္ ၊ နကၡတ္ႏွင့္ အဂၢရပ္ ပညာမ်ားကိုလည္း လိုက္စားခဲ့သည္။ ျမန္မာသီခ်င္းႀကီးကိုလည္း 
စည္းစနစ္က်စြာ တတ္ေျမာက္သူ တဦးျဖစ္သည္။ 
တူရိယာ ၊ ကဗ်ာ ၊ ဂီတကို ျမတ္ႏိုးၿပီး ေစာင္းေကာက္ကိုလည္း ပိုင္ႏိုင္စြာ တီးတတ္သည္။ ျမန္မာသီခ်င္းႀကီး သီခ်င္းခန႔္ မ်ားကို မူမွန္အတိုင္း ျဖစ္ေစရန္ ဂီတဝိေသာဓနိ က်မ္းကိုလည္း တည္းျဖတ္ခဲ့သည္။ ၁၉၃၈ ခုႏွစ္အတြင္း ဒီးဒုတ္ ေန႔စဥ္သတင္းစာကို ထုတ္ေဝခဲ့သည္။ ဆရာႀကီးသည္ 
သတင္းစာဆရာ ၊ အယ္ဒီတာ ၊ စာေရးဆရာ စသည့္ စာေပသမားတဦး အေနျဖင့္ ျပည္သူလူထု ႏိုင္ငံေရး အသိတရား ႏိုးၾကား ေစသည့္ စာေပ မ်ားကိုလည္း ေရးသားခဲ့သည္။ 
အဂၤလိပ္တို႔ေပးေသာ ဒိုင္အာခီအုပ္ခ်ဳပ္ေရးႏွင့္ ၉၁ ဌာနအုပ္ခ်ဳပ္ေရးတို႔ကို ဆန႔္က်င္ခဲ့သည္။ ေဖဘီယန္ (Fabian) ပါတီကိုလည္း တည္ေထာင္ခဲ့ၿပီး ဥကၠ႒အျဖစ္ တာဝန္ယူခဲ့သည္။ ျမန္မာႏိုင္ငံစာေရးဆရာအသင္း ဥကၠ႒လည္း ျဖစ္ခဲ့ေသးသည္။ ၁၉၃၆ ခုႏွစ္ တကၠသိုလ္ သပိတ္ေမွာက္ေက်ာင္းသားမ်ား ေစာင့္ေရွာက္ေရး အဖြဲ႕ဝင္တဦးအျဖစ္လည္း တာဝန္ယူခဲ့သည္။ ဂ်ပန္ေခတ္ အဓိပတိ ေဒါက္တာ ဘေမာ္ အစိုးရလက္ထက္တြင္ အတိုင္ပင္ခံ လႊတ္ေတာ္အမတ္အျဖစ္ ထမ္းေဆာင္ခဲ့သည္။ 
စာေရးဆရာအသင္း နယကလည္း ျဖစ္သည္။ ျမန္မာႏိုင္ငံ လုံးဝ လြတ္လပ္ေရးရရွိ ႀကိဳးပမ္းရန္အတြက္ ဖဆပလ အဖြဲ႕ခ်ဳပ္ ဖြဲ႕စည္းေသာအခါ ဝင္ေရာက္ေဆာင္႐ြက္သည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေခါင္းေဆာင္ေသာ ဖဆပလ ၾကားျဖတ္ အစိုးရအဖြဲ႕တြင္ 
ျပန္ၾကားေရးဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့သည္။ တိုင္းျပဳျပည္ျပဳ လႊတ္ေတာ္တြင္ ျမန္မာႏိုင္ငံ ဖြဲ႕စည္းပုံအေျခခံဥပေဒ ေရးဆြဲေရး 
ေကာ္မတီ အဖြဲ႕ဝင္အျဖစ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ၊ သခင္ျမ တို႔ႏွင့္ အတူ အထူးအပင္ပန္းခံ၍ ေဆာင္႐ြက္ ခဲ့သည္။ ခ်င္းျပည္နယ္ ထီးလင္း ၿမိဳ႕တြင္ က်င္းပေသာ ခ်င္း - ဗမာ ခ်စ္ၾကည္ေရး ေက်ာက္တိုင္ ဖြင့္ပြဲ အခမ္းအနားသို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကိုယ္စား အျဖစ္လည္းေကာင္း ၊ ျပန္ၾကားေရး ဝန္ႀကီး အေနျဖင့္လည္းေကာင္း တက္ေရာက္ခဲ့သည္။
၁၉၄၇ ခု ဇူလိုင္လ ၁၉ ရက္ ၊ နံနက္ ၁ဝ နာရီ ၊ ၃၇ မိနစ္တြင္ အျခားေခါင္းေဆာင္ႀကီးမ်ား ႏွင့္အတူ လုပ္ႀကံခံရၿပီး မြန္းလြဲ ၁ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ကြယ္လြန္သည္။

ဦးရာဇာတ္ (၁၈၉၈ - ၁၉၄၇)
အမ်ိဳးသား အာဇာနည္ ေခါင္းေဆာင္ႀကီး ဦးရာဇတ္သည္ အၿငိမ္းစား တိုက္ပိုင္ အင္စပက္ေတာ္ မစၥတာ ေအရာမန္ႏွင့္ ေဒၚညိမ္းလွတို႔၏ သားျဖစ္သည္။ ဆရာႀကီးကို မိတၳီလာ၌ ၁၈၉၈ ခုႏွစ္ ဇန္နဝါရီ ၁၉ ရက္ေန႔တြင္ ဖြားျမင္သည္။ မႏၲေလး စက္စလီ ေယာက်္ားေလးေက်ာင္းမွ ဆယ္တန္းကို ပါဠိ ၊ 
အဂၤလိပ္စာ ဂုဏ္ထူးတို႔ျဖင့္ ေအာင္ျမင္ခဲ့သည္။ တကၠသိုလ္တြင္ ပညာသင္ေနစဥ္ ၁၉၂ဝ ျပည့္ႏွစ္ 
တကၠသိုလ္သပိတ္တြင္ ပါဝင္ခဲ့သည္။ အစၥလာမ္ဘာသာ ကိုးကြယ္သည္။

၁၉၂၁ ခုတြင္ မႏၲေလး ဗဟိုအမ်ိဳးသားအထက္တန္း ေက်ာင္းႀကီးကို ဦးစီးဖြင့္လွစ္ခဲ့ၿပီး 
ထိုေက်ာင္း၌ အထက္တန္းျပဆရာ လုပ္သည္။ ၁၉၂၂ ခုတြင္ အမ်ိဳးသား ပညာေရး အဖြဲ႕ႀကီး၏ ဘီေအစာေမးပြဲႀကီးကို ေအာင္ခဲ့၍ ေအရာဇတ္ ဘီေအ (နယ္ရွင္နယ္) 
အမည္ခံခဲ့သည္။ ၁၉၂၂ ခုႏွစ္မွ ၁၉၄၁ ခုႏွစ္တိုင္ ဗဟို အမ်ိဳးသားအထက္တန္းေက်ာင္းတြင္ ေက်ာင္းအုပ္ဆရာႀကီးအျဖစ္ ထမ္း႐ြက္ခဲ့သည္။ ဗဟိုအမ်ိဳးသားအထက္တန္းေက်ာင္းအုပ္ အျဖစ္ ေဆာင္႐ြက္စဥ္ ရဲၫြန႔္တပ္ ဖြဲ႕စည္းၿပီး ေက်ာင္းသား 
လူငယ္မ်ားကို စစ္ပညာသင္ေပး႐ုံမက မ်ိဳးခ်စ္စိတ္လည္း သြင္းေပးသည္။ ၁၉၃၈ ခုတြင္ ေ႐ႊဘိုသူေဒၚခင္ခင္ႏွင့္ လက္ထပ္သည္။ ၁၉၄၅ ခုႏွစ္တြင္ စစ္အတြင္းက ပိတ္ထားခဲ့ရေသာ အမ်ိဳးသားေက်ာင္းႀကီးကို ျပန္လည္ဖြင့္လွစ္ေသာအခါ အမ်ိဳးသားေက်ာင္းတြင္ 
ဆရာ ျပန္လုပ္သည္။ အထက္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဖဆပလအဖြဲ႕ ဥကၠ႒လည္း ျဖစ္လာသည္။ ဗမာမြတ္စလင္ ကြန္ဂရက္ (ဗ.မ.က) ဥကၠ႒လည္း ျဖစ္ခဲ့သည္။ ျမန္မာႏိုင္ငံဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ေရးဆြဲေရး ေကာ္မတီဝင္တဦးလည္း ျဖစ္သည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဦးေဆာင္ေသာ ၾကားျဖတ္အစိုးရအဖြဲ႕တြင္ ပညာေရးႏွင့္ အမ်ိဳးသား စီမံကိန္းဌာန ဝန္ႀကီးအျဖစ္ 
တာဝန္ယူေနစဥ္ အျခားေခါင္းေဆာင္ႀကီးမ်ား ႏွင့္အတူ မသမာသူ တို႔၏လက္ခ်က္ျဖင့္ ၁၉၄၇ ခု ၊ ဇူလိုင္လ ၁၉ ရက္ စေနေန႔ ၊ နံနက္ ၁ဝ နာရီ ၊ ၃၇ မိနစ္တြင္ လုပ္ႀကံခံရၿပီး အသက္ဆုံးရႈံးခဲ့သည္။

မန္းဘခိုင္ (၁၉ဝ၃ - ၁၉၄၇)
ကရင္အမ်ိဳးသား အာဇာနည္ေခါင္းေဆာင္ႀကီး မန္းဘခိုင္သည္ ဟသၤာတၿမိဳ႕နယ္ ယုန္တလင္း႐ြာ ဇာတိ ျဖစ္သည္။ အဖ ယုန္တလင္း ႐ြာသူႀကီး မန္းေပကုန္းႏွင့္ အမိ ေဒၚပု ျဖစ္သည္။
 ေမြးသကၠရာဇ္မွာ ၁၉ဝ၃ ခုႏွစ္ ေအာက္တိုဘာလ ၂၆ ရက္ျဖစ္သည္။ ဟသၤာတၿမိဳ႕ ေအဘီအမ္ေက်ာင္းတြင္ ပညာသင္ယူခဲ့ရာ ၁၉၂ဝ ျပည့္ႏွစ္တြင္ သတၱမတန္း ေအာင္သည္။ ကရင္ဘာသာသင္ေက်ာင္း တစ္ေက်ာင္းကို ဦးစီးဖြင့္လွစ္ခဲ့သူတစ္ဦး ျဖစ္သည္။ ၁၉၃၇ ခုတြင္ 
ပုသိမ္ ေျမာက္ပိုင္းမွ အမတ္ အျဖစ္ အေ႐ြး ခံရသည္။ ၁၉၃၈ ခုတြင္ ပဲခူးသူ ေဒၚခင္နီႏွင့္ လက္ထပ္သည္။ ၁၉၄၁ ခုတြင္ တရားေရးဌာန အတြင္းဝန္ ျဖစ္ခဲ့သည္။ ဖက္ဆစ္ေတာ္လွန္ေရးတြင္လည္း ပါဝင္ခဲ့႐ုံမက ကရင္ - ဗမာ ခ်စ္ၾကည္ေရးကို အထူး 
ေဆာင္႐ြက္ခဲ့သူ တစ္ဦးလည္း ျဖစ္သည္။ စစ္ၿပီးေခတ္တြင္ ဖဆပလ ဗဟိုအမႈေဆာင္ လူႀကီးတစ္ဦး ျဖစ္လာသည္။ ကရင္လူငယ္မ်ားအစည္းအ႐ုံး ဥကၠ႒အျဖစ္ တင္ေျမႇာက္ျခင္းခံရသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဦးေဆာင္ေသာ ၾကားျဖတ္ အစိုးရ 
အဖြဲ႕တြင္ စက္မႈလက္မႈႏွင့္အလုပ္သမားဝန္ႀကီး ဌာနဝန္ႀကီးလည္း ျဖစ္သည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႏွင့္အတူ လုပ္ႀကံခံရ၍ ၁၉၄၇ ခု ဇူလိုင္လ ၁၉ ရက္ေန႔တြင္ ကြယ္လြန္ ခဲ့သည္။

မိုင္းပြန္ ေစာ္ဘြားႀကီး စပ္စံထြန္း (၁၉ဝ၇ - ၁၉၄၇)
မိုင္းပြန္ ေစာ္ဘြားႀကီး စပ္ခြန္ထီးႏွင့္ ေျမာက္နန္းေဆာင္ မဟာေဒဝီ နန္းစိန္ဥ တို႔၏ သား စပ္စံထြန္းသည္ ၁၉ဝ၇ ေမလ ၃၁ ရက္ေန႔ဖြား ျဖစ္သည္။ ေတာင္ႀကီးၿမိဳ႕ ရွမ္းေစာ္ဘြားသားမ်ား အထက္တန္းေက်ာင္းမွ ဆယ္တန္း ေအာင္သည္။ မႏၲေလးပုလိပ္ အတတ္သင္ေက်ာင္းလည္း တက္ခဲ့ဖူးသည္။ ထို႔ေနာက္ ပုလိပ္အရာရွိအျဖစ္ ေခတၱအမႈထမ္းခဲ့သည္။ 
၁၉၂၈ ခုတြင္ ေစာ္ဘြားအျဖစ္ ခံယူလိုက္၍ မိုင္းပြန္ေစာ္ဘြားႀကီး ျဖစ္လာသည္။ ၁၉၃၂ ခုတြင္ မိုးမိတ္ ေစာ္ဘြားႀကီး၏ သမီး စပ္ခင္ေသာင္းႏွင့္ လက္ထပ္သည္။ ရွမ္းျပည္နယ္တြင္ သိပၸံနည္းက် စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား ထြန္းကားလာေစရန္ ႀကိဳးပမ္းခဲ့သူတဦးလည္း ျဖစ္သည္။ 
အဂၤလန္ႏိုင္ငံမွ စိုက္ပ်ိဳးေရးဆိုင္ရာ ေခတ္မီ စာအုပ္မ်ား ၊ ကိရိယာတန္ဆာပလာမ်ားႏွင့္ 
သီးႏွံ မ်ိဳးေစ့မ်ား ကိုပင္ မွာယူခဲ့ဖူးသည္။ ဒုတိယကမာၻစစ္ႀကီး ၿပီး၍ အဂၤလိပ္မ်ား ျမန္မာႏိုင္ငံသို႔ ျပန္ဝင္လာေသာ္ ယင္းႏွင့္အတူ ပါလာေသာ စကၠဴျဖဴ အုပ္ခ်ဳပ္ေရးကို ဆန႔္က်င္ခဲ့သူ ျဖစ္သည္။ ေတာင္တန္းႏွင့္ ေျမျပန႔္ ေသြးခြဲ၍ 
အုပ္ခ်ဳပ္သည္ကို မလိုလား၍ ေျမျပန႔္ႏွင့္ ေတာင္တန္း စည္းလုံးညီၫြတ္ေရးအတြက္ လုံးပမ္းခဲ့သူျဖစ္သည္။ ထို႔ေၾကာင့္လည္း ပင္လုံစာခ်ဳပ္ကို လက္မွတ္ ေရးထိုးခဲ့သည့္ ေစာ္ဘြားလည္း ျဖစ္သည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဦးေဆာင္ေသာ ၾကားျဖတ္အစိုးရအဖြဲ႕တြင္ အတိုင္ပင္ခံ ေတာင္တန္းေဒသေရးရာ ဝန္ႀကီး ျဖစ္လာသည္။ ထို႔ျပင္ တိုင္းျပဳ ျပည္ျပဳ လႊတ္ေတာ္၏ 
ျပည္ေထာင္စုႏွင့္ ျပည္နယ္ဆိုင္ရာ ဆပ္ ေကာ္မတီ ၊ လူနည္းစုဆိုင္ရာ ဆပ္ ေကာ္မတီ၏ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ေရးဆြဲေရး 
ေကာ္မတီမ်ားတြင္ အဖြဲ႕ဝင္လည္း ျဖစ္ခဲ့သည္။ ၁၉၄၇ ခုႏွစ္ ဇူလိုင္လ ၁၉ ရက္ေန႔တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း တို႔ႏွင့္အတူ လုပ္ႀကံခံရၿပီး ၊ ဇူလိုင္လ ၂ဝ ရက္ ၊ မြန္းတည့္ ၁၂ နာရီတြင္ ကြယ္လြန္ခဲ့သည္။

ဦးဘဝင္း (၁၉ဝ၁ - ၁၉၄၇)
နတ္ေမာက္ၿမိဳ႕ ေရွ႕ေန ဦးဖာ ၊  ေဒၚစုတို႔၏ သားသမီး ၉ ေယာက္အနက္ ဦးဘဝင္းသည္ 
အႀကီးဆုံးသားျဖစ္သည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ အစ္ကိုအႀကီးဆုံး ျဖစ္ၿပီး ၁၉ဝ၁ ခု ၊ ဇြန္လ ၁၁ ရက္ေန႔တြင္ ဖြားျမင္သည္။ ၁၉၁၄ ခုတြင္ နတ္ေမာက္ အလယ္တန္းေက်ာင္းမွ သတၱမတန္း ေအာင္သည္။
 ျမန္မာလို ကိုးတန္း ေအာင္ၿပီးေနာက္ အလယ္တန္း ဆရာျဖစ္ စာေမးပြဲလည္း ေအာင္ေသာအခါ 
နတ္ေမာက္၌ပင္ ေက်ာင္းအုပ္ ေခတၱလုပ္သည္။ ထို႔ေနာက္ ေရနံေခ်ာင္း၌ ေက်ာင္းဆရာ ၊ 
ဘီအိုစီ စာေရးဘဝျဖင့္ က်င္လည္ရင္း အဂၤလိပ္စာအလြတ္ပညာသင္ေက်ာင္း တက္သည္။ ၁၉၂၄ ခုတြင္ ေရနံေခ်ာင္း အမ်ိဳးသား အထက္တန္းေက်ာင္းမွ ဆယ္တန္းကို သုံးဘာသာဂုဏ္ထူးျဖင့္ ေအာင္႐ုံမက ပထမလည္းရသည္။ ၁၉၂၉ ခုတြင္ ရန္ကုန္ တကၠသိုလ္မွ သခ်ၤာဂုဏ္ထူးတန္း ေအာင္၍ ဘီအက္စ္စီ ဘြဲ႕ရသည္။ ပထမဆုံး တကၠသိုလ္ ဘြဲ႕ရ နတ္ေမာက္သားလည္း ျဖစ္သည္။ ဘြဲ႕ရၿပီးေနာက္ ေရနံေခ်ာင္း အမ်ိဳးသားအထက္တန္းေက်ာင္းတြင္ အထက္တန္းျပဆရာအျဖစ္ 
လည္းေကာင္း ၊ ျဖဴးၿမိဳ႕ အမ်ိဳးသား အထက္တန္းေက်ာင္းတြင္ အထက္တန္းေက်ာင္းအုပ္ အျဖစ္လည္းေကာင္း ေဆာင္႐ြက္ ခဲ့သည္။ ၁၉၃၅ ခုတြင္ ေတာင္တြင္းႀကီး ၿမိဳ႕မွ ဦးစံ ၊ ေဒၚေ႐ႊေမ တို႔၏ သမီး ေဒၚခင္ေစာႏွင့္ လက္ထပ္သည္။ စစ္ၿပီးေခတ္တြင္ 
ေရနံေခ်ာင္း ၿမိဳ႕နယ္ ဖဆပလ ဥကၠ႒ ျဖစ္လာသည္။ ၁၉၄၇ ခုႏွစ္တြင္ ေထာက္ပံ့ေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးအျဖစ္ တာဝန္ ထမ္းေဆာင္သည္။ တိုင္းျပဳ ျပည္ျပဳ လႊတ္ေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒေရးဆြဲေရး ေကာ္မတီတြင္လည္း ပါဝင္ခဲ့သည္။ 
၁၉၄၇ ခု ၊ ဇူလိုင္လ ၁၉ ရက္ ၊ စေနေန႔ ၊ နံနက္ ၁ဝ နာရီ ၊ ၃၇ မိနစ္ အခ်ိန္တြင္ လုပ္ႀကံခံရၿပီး ကြယ္လြန္သည္။

ဦးအုန္းေမာင္ (၁၉၁၃ - ၁၉၄၇)
ဦးအုန္းေမာင္သည္ မင္းဘူးၿမိဳ႕ မစၥတာ အိပ္ခ်္ဒဗလ်ဴတရပ္(တ္)ဝန္း ၊ ေဒၚေ႐ႊျမင့္ တို႔၏ ဒုတိယသား ျဖစ္သည္။ ေမြးသကၠရာဇ္မွာ ၁၉၁၃ ခု ၊ ေဖေဖာ္ဝါရီလ ၂ ရက္ ျဖစ္သည္။ 
တကၠသိုလ္ေက်ာင္းသားဘဝက ရန္ကုန္တကၠသိုလ္တပ္ရင္းတြင္ 
တပ္ခြဲတပ္ေထာက္ အျဖစ္ ေဆာင္႐ြက္ခဲ့သည္။ ၁၉၃၄ ခုႏွစ္တြင္ ဝိဇၨာတန္း ေအာင္သည္။ ၁၉၃၇ ခုတြင္ အိုင္စီအက္(စ္) စာေမးပြဲ ေျဖသူ ၃ ဦး အနက္ ပထမ ရသည္။ ၁၉၃၉ ခုတြင္ မႏၲေလးၿမိဳ႕ ၊ အေရွ႕နယ္ပိုင္ဝန္ေထာက္ အျဖစ္ ေဆာင္႐ြက္ခဲ့သည္။ ၁၉၄၇ ခုႏွစ္တြင္ ျမစ္ႀကီးနားအေရးပိုင္အျဖစ္ ခန႔္အပ္ျခင္း ခံရသည္။ ထို႔ေနာက္ လမ္းပန္းဆက္သြယ္ေရး အတြင္းဝန္အျဖစ္ ခန႔္အပ္ျခင္း ခံရသည္။ 
၁၉၄၇ ခု ၊ ဇူလိုင္လ ၁၉ ရက္ေန႔ စေနေန႔ ၊ နံနက္ ၁ဝ နာရီ ၊ ၃၇ မိနစ္တြင္ လုပ္ႀကံခံရသည္။

ရဲေဘာ္ ကိုေထြး (၁၉၂၉ - ၁၉၄၇)
မႏၲေလးၿမိဳ႕ ေတာင္ျပင္ သိပၸံရပ္ ပင္စင္စား လယ္ယာ စိုက္ပ်ိဳးေရး ဝန္ေထာက္ ဦးကိုကိုေလး ၊ ေဒၚမင္းရီ တို႔၏ ဆ႒မေျမာက္ သားျဖစ္သည္။ နဝမတန္းအထိ ပညာသင္ၾကားခဲ့သည္။ 
အသက္ ၁၈ ႏွစ္ အ႐ြယ္တြင္ ပညာေရးဝန္ႀကီး ဦးရာဇတ္၏ သက္ေတာ္ေစာင့္ အျဖစ္ ခန႔္အပ္ျခင္း
ခံရသည္။ ၁၉၄၇ ခု ၊ ဇူလိုင္လ ၁၉ ရက္ ၊ စေနေန႔ ၊ နံနက္ ၁ဝ နာရီ ၄၅ မိနစ္တြင္ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားကို လုပ္ႀကံေသာ မသမာသူတို႔၏ လက္ခ်က္ျဖင့္ က်ဆုံးရသည္။

ဤေဆာင္းပါးကို သင္ဆရာ ၊ ျမင္ဆရာ ၊ ၾကားဆရာ မ်ား၏မွတ္စုတိုမ်ားထဲမွ ေကာက္ႏႈတ္ေရးသားထားပါသည္။