Translate

Monday, June 17, 2019

မြန်မာ့သနပ်ခါး-Myanmar Thanakha

Unicode

သနပ်ခါးဆိုတာ မြန်မာမိန်းခလေးအများစု ရှေးလွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက
အမြတ်တနိုးလိမ်းခြယ်ခဲ့ကြတဲ့ သဘာဝအလှကုန်တစ်ခုဖြစ်တဲ့အပြင် အသားအရေထိန်းသိမ်းပေးတဲ့
ပစ္စည်းအဖြစ်လဲ လူသိများထင်ရှားပါတယ်။
သနပ်ခါးလေး ပါးပေါ်တင်လိုက်တာနဲ့ အေးကနဲဖြစ်သွားတဲ့ ခံစားချက်က အပူဓါတ်ကိုကျော်ပြီး
စိတ်ကိုကြည်လင်သွားစေတာတော့ အမှန်ပါပဲ။
အသားအရေကို နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုမှလဲ ကာကွယ်ပေးတော့
သဘာဝရဲ့ နေကာလိမ်းဆေးတစ်ခုပေါ့။

သနပ်ခါးမှာ Coumarin နဲ့ Marmesin ဆိုတဲ့ ဓါတ်နှစ်မျိုး အဓိကပါဝင်ပါတယ်။
Coumarin ဓါတ်က အရေပြားပေါ်က ပိုးမွှားတွေကို သေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။
Anti-bacterial နှင့် Anti-fungal ပါဝင်မှုကြောင့် အရေပြားမှိုစွဲတာကို သက်သာစေတယ်။
ဝက်ခြံ၊ တင်းတိပ်ကို ပျောက်ကင်းစေတယ်။ အဖြူစက်၊ အမည်းစက်များ ဖြစ်ပေါ်မှုကိုလည်း ပျောက်ကင်းစေပြီး၊
အဖူးအပိတ်များကိုလည်း ပျောက်ကင်းစေပါတယ်။
Mamesin ပါဝင်မှုကြောင့် ခရမ်းလွန်ရောင်ချည် (UV-A ray)ကြောင့်ဖြစ်ပေါ်သော မျက်နှာပေါ်တွင်
အရေပြားတွန့်လိမ်ခြင်း (အရေးအကြောင်း ပေါ်ခြင်း) တို့မှ ကာကွယ်ပြီး၊ ခရမ်းလွန်ရောင်ချည် (UV-A ray) ကြောင့်ဖြစ်ပေါ်သော အရေပြား အရောင်ပျက်ခြင်း (Skin discoloration) မှကာကွယ်ပြီး
တင်းတိတ်နှင့် အရေပြားကင်ဆာ ဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပါတယ်။

ဒါ့အပြင် Collagen နဲ့ Elastin ဓါတ်တွေကိုတိုးပွားအောင်
ကူညီပေးလို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတယ်။
အသားအရေကို ပျက်စီးထိခိုက်စေတဲ့ Free radicals တွေကိုလဲ ဓါတ်တိုးဆန့်ကျင်တိုက်ခိုက်ပါတယ်။
အသားအရေ ယောင်ယမ်းနီရဲခြင်းကိုလည်း သက်သာစေပါတယ်။
အရေပြားအတွင်းမှာရှိတဲ့ အမဲစက်တွေဖြစ်ပေါ်အောင်အားပေးတဲ့ Tyrosinase ဆိုတဲ့ဓါတ်ကို
တားပေးနိုင်တဲ့ အာနိသင်အပျော့စားပါရှိတဲ့အတွက် အမဲစက်နဲ့ နေလောင်ကွက်တွေကို
မှိန်သွားစေရန် အထောက်အကူပြုပါတယ်။

သနပ်ခါးပင်ကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန် နှင့် မြန်မာနိုင်ငံအလယ်ပိုင်း
အညာဒေသတို့တွင် တွေ့ရှိရပါသည်။ မြန်မာ့သနပ်ခါးသည် အရည်အေသွး အကောင်းဆုံးပင် ဖြစ်ပေသည်။
မြန်မာနိုင်ငံမှာသနပ်ခါးနှစ်မျိုးရှိပါတယ်။
အပူပိုင်းဒေသမှာပေါက်တဲ့ သနပ်ခါးနဲ့ အမြဲစိမ်းတောမှာပေါက်တဲ့ သနပ်ခါးတို့ဖြစ်ပါတယ်။
ရှင်မတောင်သနပ်ခါး ၊ ရွှေဘိုသနပ်ခါး ၊ မြိုင်သနပ်ခါး ဆိုပြီး ထွက်တဲ့ဒေသအလိုက် ခေါ်ကြပါတယ်။
အပူပိုင်းဒေသမှာပေါက်တဲ့သနပ်ခါးက အမြဲစိမ်းတောမှာပေါက်တဲ့သနပ်ခါးထက် အနံ့ပိုမွှေးပါတယ်။
သနပ်ခါးထဲတွင် လူကြိုက်အများဆုံးမှာ ရှင်မတောင် သနပ်ခါးဖြစ်ပါတယ်။
ရှင်မတောင်သနပ်ခါးအပြင် ရွှေဘိုသနပ်ခါးကိုလည်း နှစ်သက်ကြပါသေးတယ်။ရွှေဘိုသနပ်ခါးဟာ
ရှင်မတောင်သနပ်ခါးကဲ့သို့ ထူးခြားစွာ အနံ့မမွှေးပေမယ့် ဝင်းဝါတဲ့အဆင်းကိုပေးပြီး ညက်လှတဲ့အတွက်
ရွှေဘိုသနပ်ခါးကိုလည်း မြန်မာအမျိုးသမီးများက နှစ်သက်ကြပါတယ်။မြန်မာလူမျိုးများက သီးပင်၏အခေါက်ဖြစ်သော သီးခေါက်ကိုလည်း သနပ်ခါးအဖြစ် သွေးလိမ်းကြပါတယ်။ရှင်မတောင်သနပ်ခါးကဲ့သို့ အနံ့မမွှေးသာ်လည်းပဲ
ကျောက်ပျဉ်၌ သွေးလိုက်သည့်အခါမှာ စေးနေပြီး လိမ်းလိုက်ရင် အသားအရေ စိုပြည်ဝင်းပလာသောကြောင့်
မြန်မာအမျိုးသမီးများက သီးခေါက်ကိုလည်း နှစ်သက်ကြပါသေးတယ်။

အရည်အသွေးကောင်းမွန်တဲ့သနပ်ခါးရရှိဖို့အတွက် သနပ်ခါးအပင်ကို ၃၅နှစ်လောက် စောင့်ဆိုင်းရပါတယ်။
စိုက်ခင်းအသစ်များတွင် အပင်သက်တမ်း ၆နှစ်၊ ၇နှစ်သားမှ စတင်၍ သနပ်ခါးအဖြစ်
စတင်ဈေးကွက်ဝင်ရောင်းချနိုင်ပါသည်။
သားတက် သနပ်ခါးခင်းများတွင် အပင်သက်တမ်း (၅-၆)နှစ်တွင် စတင်ရောင်းချပြီး
(၆)နှစ်မှ(၈)နှစ်အရွယ် သက်တမ်းသည် ဈေးကွက်အဝင်ဆုံး ရောင်းချချိန် ဖြစ်ပါသည်။

သနပ်ခါးကို မြန်မာနိုင်ငံအနှံ့အပြားမှာ လွယ်ကူစွာ ဝယ်ယူနိုင်ပါတယ်။
သနပ်ခါးရောင်းတဲ့ဆိုင်တွေမှာ အရည်အသွေးကောင်းမကောင်း စစ်ရန်
ကျောက်ပျဉ် ၊ သနပ်ခါးနှင့် ရေတို့ကို တခါတည်း ပူးတွဲထားပေးထားပါတယ်။
ကိုယ်တိုင်စမ်းလိမ်းကြည့်ပြီး ကြိုက်နှစ်သက်မှသာ ဝယ်ယူနိုင်ပါတယ်။
သနပ်ခါးတုံးကို ကျောက်ပျဉ်ပေါ်မှာ ရေအနည်းငယ်နှင့် သွေးပြီး ရလာတဲ့အနှစ်ကို လက်နဲ့ယူလိမ်းရတာပါ။
မြန်မာနိုင်ငံကို အလည်အပတ်လာရောက်ကြတဲ့ နိုင်ငံခြားအမျိုးသမီးဧည့်သည်အများစုကို
သနပ်ခါးလိမ်းခြယ်ထားပြီး မြန်မာဝတ်စုံလေးတွေဝတ်ဆင်ထားတာ တွေရမှာပါ။

သနပ်ခါးကို မြန်မာလူမျိုးများနှစ်သက်ကြခြင်းဟာ သနပ်ခါး၏ ဆေးဖက်ဝင်သောဂုဏ်သတ္တိကြောင့်လည်း ဖြစ်ပါသည်။
နေလောင်ခြင်းဒဏ်မှ ကာကွယ်ပေးနိုင်သော သနပ်ခါးကို ပူအိုက်စွတ်စိုသော ရာသီဥတုရှိသည့် မြန်မာနိုင်ငံမှာ
အရေပြားထိန်းသိမ်းဖို့အတွက် အဓိကထားကြပါသည်။အရေပြားယားယံခြင်း ၊ ဓာတ်မတည့်ခြင်းတို့အတွက်
သနပ်ခါးကို ဆားနှင့် ရောသွေးကာ လိမ်းကျံကြပါတယ်။
သွေးပြီး ရရှိလာတဲ့ သနပ်ခါးများကို ဘုရားဆင်းတုတော်များကို သနပ်ခါးရည်နဲ့ ဆေးကြာပြီး ကုသိုလ်ယူကြတဲ့
ဓလေ့ဟာ ယခုထိတိုင် ရခိုင်ပြည်နယ်မှာ ရှိနေပါတယ်။
ရှင်မတောင်သနပ်ခါးတုံးများ အထားကြာ၍ မမွှေးတော့ဘူးဆိုရင် ရေနွေးပူပူနဲ့ ဆေးကြောပြီး
နေပူပူမှာ နေလှန်းထားရင် ရှင်မတောင်နံ့ အလွန်မွှေးပျံ့ နေမှာ ဖြစ်ပါတယ်။

သနပ်ခါးဟာ မြန်မာနိုင်ငံနဲ့ လူမျိုးတွေအတွက် လူသိများထင်ရှားတဲ့ အမှတ်အသားတစ်ခုဖြစ်တာကြောင့်
ယနေ့ခေတ်မှာ အဆင့်မြင့်နည်းပညာတွေသုံးပြီး သနပ်ခါးရဲ့အာနိသင်တွေကို အသားအရေထိန်းသိမ်းတဲ့
Skin care နဲ့ Cosmetic ပစ္စည်းတွေမှာ တွင်တွင်ကျယ်ကျယ်သုံးနေကြပါပြီ။
ဒါ့ကြောင့် အားလုံးပဲ သနပ်ခါးနဲ့ လှပနိုင်ကြပါစေလို့ ဆုတောင်းရင်း ...........

ဤဆောင်းပါးကို သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ၏မှတ်စုတိုများထဲမှ ကောက်နှုတ်ရေးသားထားပါသည်။





Zawgyi

ျမန္မာ့သနပ္ခါး

သနပ္ခါးဆိုတာ ျမန္မာမိန္းခေလးအမ်ားစု ေရွးလြန္ခဲ့ေသာႏွစ္ေပါင္း ၂၀၀၀ ေက်ာ္ကတည္းက
အျမတ္တႏိုးလိမ္းျခယ္ခဲ့ၾကတဲ့ သဘာဝအလွကုန္တစ္ခုျဖစ္တဲ့အျပင္ အသားအေရထိန္းသိမ္းေပးတဲ့
ပစၥည္းအျဖစ္လဲ လူသိမ်ားထင္ရွားပါတယ္။
သနပ္ခါးေလး ပါးေပၚတင္လိုက္တာနဲ႔ ေအးကနဲျဖစ္သြားတဲ့ ခံစားခ်က္က အပူဓါတ္ကိုေက်ာ္ၿပီး
စိတ္ကိုၾကည္လင္သြားေစတာေတာ့ အမွန္ပါပဲ။
အသားအေရကို ေနေရာင္ျခည္တိုက္႐ိုက္ထိေတြ႕မႈမွလဲ ကာကြယ္ေပးေတာ့
သဘာဝရဲ႕ ေနကာလိမ္းေဆးတစ္ခုေပါ့။

သနပ္ခါးမွာ Coumarin နဲ႔ Marmesin ဆိုတဲ့ ဓါတ္ႏွစ္မ်ိဳး အဓိကပါဝင္ပါတယ္။
Coumarin ဓါတ္က အေရျပားေပၚက ပိုးမႊားေတြကို ေသေစႏိုင္တဲ့ အာနိသင္ရွိပါတယ္။
Anti-bacterial ႏွင့္ Anti-fungal ပါဝင္မႈေၾကာင့္ အေရျပားမႈိစြဲတာကို သက္သာေစတယ္။
ဝက္ၿခံ၊ တင္းတိပ္ကို ေပ်ာက္ကင္းေစတယ္။ အျဖဴစက္၊ အမည္းစက္မ်ား ျဖစ္ေပၚမႈကိုလည္း ေပ်ာက္ကင္းေစၿပီး၊
အဖူးအပိတ္မ်ားကိုလည္း ေပ်ာက္ကင္းေစပါတယ္။
Mamesin ပါဝင္မႈေၾကာင့္ ခရမ္းလြန္ေရာင္ခ်ည္ (UV-A ray)ေၾကာင့္ျဖစ္ေပၚေသာ မ်က္ႏွာေပၚတြင္
အေရျပားတြန႔္လိမ္ျခင္း (အေရးအေၾကာင္း ေပၚျခင္း) တို႔မွ ကာကြယ္ၿပီး ခရမ္းလြန္ေရာင္ခ်ည္ (UV-A ray) ေၾကာင့္
ျဖစ္ေပၚေသာ အေရျပား အေရာင္ပ်က္ျခင္း (Skin discoloration) မွကာကြယ္ၿပီး
တင္းတိတ္ႏွင့္ အေရျပားကင္ဆာ ျဖစ္ေပၚမႈကိုလည္း ကာကြယ္ပါတယ္။
ဒါ့အျပင္ Collagen နဲ႔ Elastin ဓါတ္ေတြကိုတိုးပြားေအာင္
ကူညီေပးလို႔ အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ေပးတယ္။
အသားအေရကို ပ်က္စီးထိခိုက္ေစတဲ့ Free radicals ေတြကိုလဲ ဓါတ္တိုးဆန႔္က်င္တိုက္ခိုက္ပါတယ္။
အသားအေရ ေယာင္ယမ္းနီရဲျခင္းကိုလည္း သက္သာေစပါတယ္။
အေရျပားအတြင္းမွာရွိတဲ့ အမဲစက္ေတြျဖစ္ေပၚေအာင္အားေပးတဲ့ Tyrosinase ဆိုတဲ့ဓါတ္ကို
တားေပးႏိုင္တဲ့ အာနိသင္အေပ်ာ့စားပါရွိတဲ့အတြက္ အမဲစက္နဲ႔ ေနေလာင္ကြက္ေတြကို
မွိန္သြားေစရန္ အေထာက္အကူျပဳပါတယ္။

သနပ္ခါးပင္ကို သီရိလကၤာႏိုင္ငံ၊ အိႏၵိယႏိုင္ငံ အေနာက္ပိုင္း၊ ထိုင္းႏိုင္ငံ၊ ပါကစၥတန္ ႏွင့္ ျမန္မာႏိုင္ငံအလယ္ပိုင္း
အညာေဒသတို႔တြင္ ေတြ႕ရွိရပါသည္။ ျမန္မာ့သနပ္ခါးသည္ အရည္ေအသြး အေကာင္းဆုံးပင္ ျဖစ္ေပသည္။
ျမန္မာႏိုင္ငံမွာသနပ္ခါးႏွစ္မ်ိဳးရွိပါတယ္။
အပူပိုင္းေဒသမွာေပါက္တဲ့ သနပ္ခါးနဲ႔ အၿမဲစိမ္းေတာမွာေပါက္တဲ့ သနပ္ခါးတို႔ျဖစ္ပါတယ္။
ရွင္မေတာင္သနပ္ခါး ၊ ေ႐ႊဘိုသနပ္ခါး ၊ ၿမိဳင္သနပ္ခါး ဆိုၿပီး ထြက္တဲ့ေဒသအလိုက္ ေခၚၾကပါတယ္။
အပူပိုင္းေဒသမွာေပါက္တဲ့သနပ္ခါးက အၿမဲစိမ္းေတာမွာေပါက္တဲ့သနပ္ခါးထက္ အနံ႔ပိုေမႊးပါတယ္။
သနပ္ခါးထဲတြင္ လူႀကိဳက္အမ်ားဆုံးမွာ ရွင္မေတာင္ သနပ္ခါးျဖစ္ပါတယ္။
ရွင္မေတာင္သနပ္ခါးအျပင္ ေ႐ႊဘိုသနပ္ခါးကိုလည္း ႏွစ္သက္ၾကပါေသးတယ္။ေ႐ႊဘိုသနပ္ခါးဟာ
ရွင္မေတာင္သနပ္ခါးကဲ့သို႔ ထူးျခားစြာ အနံ႔မေမႊးေပမယ့္ ဝင္းဝါတဲ့အဆင္းကိုေပးၿပီး ညက္လွတဲ့အတြက္
ေ႐ႊဘိုသနပ္ခါးကိုလည္း ျမန္မာအမ်ိဳးသမီးမ်ားက ႏွစ္သက္ၾကပါတယ္။ျမန္မာလူမ်ိဳးမ်ားက သီးပင္၏အေခါက္ျဖစ္ေသာ သီးေခါက္ကိုလည္း သနပ္ခါးအျဖစ္ ေသြးလိမ္းၾကပါတယ္။ရွင္မေတာင္သနပ္ခါးကဲ့သို႔ အနံ႔မေမႊးသာ္လည္းပဲ
ေက်ာက္ပ်ဥ္၌ ေသြးလိုက္သည့္အခါမွာ ေစးေနၿပီး လိမ္းလိုက္ရင္ အသားအေရ စိုျပည္ဝင္းပလာေသာေၾကာင့္
ျမန္မာအမ်ိဳးသမီးမ်ားက သီးေခါက္ကိုလည္း ႏွစ္သက္ၾကပါေသးတယ္။

အရည္အေသြးေကာင္းမြန္တဲ့သနပ္ခါးရရွိဖို႔အတြက္ သနပ္ခါးအပင္ကို ၃၅ႏွစ္ေလာက္ ေစာင့္ဆိုင္းရပါတယ္။
စိုက္ခင္းအသစ္မ်ားတြင္ အပင္သက္တမ္း ၆ႏွစ္၊ ၇ႏွစ္သားမွ စတင္၍ သနပ္ခါးအျဖစ္ စတင္ေရာင္းခ်ႏိုင္ပါသည္။
သားတက္ သနပ္ခါးခင္းမ်ားတြင္ အပင္သက္တမ္း (၅-၆)ႏွစ္တြင္ စတင္ေရာင္းခ်ၿပီး
(၆)ႏွစ္မွ(၈)ႏွစ္အ႐ြယ္ သက္တမ္းသည္ ေဈးကြက္အဝင္ဆုံး ေရာင္းခ်ခ်ိန္ ျဖစ္ပါသည္။
သနပ္ခါးကို ျမန္မာႏိုင္ငံအႏွံ႔အျပားမွာ လြယ္ကူစြာ ဝယ္ယူႏိုင္ပါတယ္။
သနပ္ခါးေရာင္းတဲ့ဆိုင္ေတြမွာ အရည္အေသြးေကာင္းမေကာင္း စစ္ရန္
ေက်ာက္ပ်ဥ္ ၊ သနပ္ခါးႏွင့္ ေရတို႔ကို တခါတည္း ပူးတြဲထားေပးထားပါတယ္။
ကိုယ္တိုင္စမ္းလိမ္းၾကည့္ၿပီး ႀကိဳက္ႏွစ္သက္မွသာ ဝယ္ယူႏိုင္ပါတယ္။
သနပ္ခါးတုံးကို ေက်ာက္ပ်ဥ္ေပၚမွာ ေရအနည္းငယ္ႏွင့္ ေသြးၿပီး ရလာတဲ့အႏွစ္ကို လက္နဲ႔ယူလိမ္းရတာပါ။
ျမန္မာႏိုင္ငံကို အလည္အပတ္လာေရာက္ၾကတဲ့ ႏိုင္ငံျခားအမ်ိဳးသမီးဧည့္သည္အမ်ားစုကို
သနပ္ခါးလိမ္းျခယ္ထားၿပီး ျမန္မာဝတ္စုံေလးေတြဝတ္ဆင္ထားတာ ေတြရမွာပါ။

သနပ္ခါးကို ျမန္မာလူမ်ိဳးမ်ားႏွစ္သက္ၾကျခင္းဟာ သနပ္ခါး၏ ေဆးဖက္ဝင္ေသာဂုဏ္သတၱိေၾကာင့္လည္း
ဖစ္ပါသည္။ ေနေလာင္ျခင္းဒဏ္မွ ကာကြယ္ေပးႏိုင္ေသာ သနပ္ခါးကို ပူအိုက္စြတ္စိုေသာ ရာသီဥတုရွိသည့္
မန္မာႏိုင္ငံမွာ အေရျပားထိန္းသိမ္းဖို႔အတြက္ အဓိကထားၾကပါသည္။အေရျပားယားယံျခင္း ၊
ဓာတ္မတည့္ျခင္းတို႔အတြက္ သနပ္ခါးကို ဆားႏွင့္ ေရာေသြးကာ လိမ္းက်ံၾကပါတယ္။
ဒါ့အျပင္ ေသြးၿပီး ရရွိလာတဲ့ သနပ္ခါးမ်ားကို ဘုရားဆင္းတုေတာ္မ်ားကို သနပ္ခါးရည္နဲ႔ ေဆးၾကာၿပီး
ကုသိုလ္ယူၾကတဲ့ ဓေလ့ဟာ ယခုထိတိုင္ ရခိုင္ျပည္နယ္မွာ ရွိေနပါတယ္။
ရွင္မေတာင္သနပ္ခါးတုံးမ်ား အထားၾကာ၍ မေမႊးေတာ့ဘူးဆိုရင္ ေရေႏြးပူပူနဲ႔ ေဆးေၾကာၿပီး
ေနပူပူမွာ ေနလွန္းထားရင္ ရွင္မေတာင္နံ႔ အလြန္ေမႊးပ်ံ႕ ေနမွာ ျဖစ္ပါတယ္။

သနပ္ခါးဟာ ျမန္မာႏိုင္ငံနဲ႔ လူမ်ိဳးေတြအတြက္ လူသိမ်ားထင္ရွားတဲ့ အမွတ္အသားတစ္ခုျဖစ္တာေၾကာင့္
ယေန႔ေခတ္မွာ အဆင့္ျမင့္နည္းပညာေတြသုံးၿပီး သနပ္ခါးရဲ႕အာနိသင္ေတြကို အသားအေရထိန္းသိမ္းတဲ့
Skin care နဲ႔ Cosmetic ပစၥည္းေတြမွာ တြင္တြင္က်ယ္က်ယ္သုံးေနၾကပါၿပီ။
ဒါ့ေၾကာင့္ အားလုံးပဲ သနပ္ခါးနဲ႔ လွပႏိုင္ၾကပါေစလို႔ ဆုေတာင္းရင္း ...........

ဤေဆာင္းပါးကို သင္ဆရာ ၊ ျမင္ဆရာ ၊ ၾကားဆရာ မ်ား၏မွတ္စုတိုမ်ားထဲမွ ေကာက္ႏႈတ္ေရးသားထားပါသည္။


No comments:

Post a Comment