Translate

Monday, June 17, 2019

ပုသိမ်ထီး-Pathein Umbrella

Unicode

ပုသိမ်ထီးသမိုင်းကြောင်း

လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ခန့်က ဦးရွှေစာဆိုသူသည် သီပေါမင်း၏ နန်းတော်ထဲတွင် ထီးထုတ်လုပ်သူ
ပညာရှင်ဖြစ်သည်။ထိုအချိန်က အဝတ်ဖြင့်ပြုလုပ်ပြီး အထူးဒီဇိုင်းများဖြင့် ဖန်တီးထားသောထီးများကို
ဘုရင့်တောင်ဝင်မိသားစုနှင့် အခွင့်ထူးခံ လူအချို့သာ တရားဝင်အသုံးပြုခွင့်ရှိသည်။
ထီးကို အဆောင်အယောင်သင်္ကေတတစ်ခုအဖြင့် အသုံးပြုကြသလို အခမ်အနားအပြင်အဆင်များ ၊
ဧည့်သည်ကြိုဆိုခြင်း အခမ်းအနားများတွင် သုံးကြသည်။

၁၈၈၅ ခုနှစ် ရတနာပုံနန်းတော်ကို ဗြိတိသျှတို့ သိမ်းပိုက်လိုက်ပြီးနောက် ဦးရွှေစာသည် ဧရာဝတီမြစ်ကို
စုန်ဆင်းကာ တိမ်းရှောင်ခဲ့သည်။ထိုသို့စုန်ဆင်းခဲ့ရာ ကီလိုမီတာ ၇ဝဝ ခန့်ကွာဝေးသော
ဧရာဝတီ မြစ်ဝကျွန်းပေါ်မြို့တစ်မြို့ဖြစ်တဲ့ ပုသိမ်မြို့သို့ ရောက်ရှိခဲ့သည်။ဦးရွှေစာသည် စားဝတ်နေရေးအတွက်
ထီးလုပ်သော အလုပ်ရုံကလေးကို ပုသိမ်မြို့တွင် စတင်ခဲ့သည်။နောင်အခါ ပုသိမ်ထီးဟု နာမည်ကျော်ကြားသော
ထီးများကို စတင်ထုတ်လုပ်ခဲ့လေ၏။
ပုသိမ်ထီးသည် ပုသိမ်မြို့မှထွက်သော ထီးဖြစ်၍ ပုသိမ်ထီးဟု ခေါ်ဆိုသည်။
ယခုအခါ ပုသိမ်မြို့ကလေး၏ သင်္ကေတမှာလည်း ဦးရွှေစာ စတင်ထုတ်လုပ်ခဲ့သော
၎င်းပုသိမ်ထီးပင် ဖြစ်သည်။နောင်အခါ ဦးရွှေစာသည် ထီးလုပ်ငန်း နည်းပညာနှင့် လျှို့ဝှက်ချက်များကို
သားဖြစ်သော ဦးစောထံ လက်ဆင့်ကမ်းသည်။ဦးစောသည် အခြားသူများနှင့် စိတ်ဝင်စားသူများအား
လက်ဆင့်ကမ်း သင်ကြားပေးပြီး ရိုးရာအမွေအနှစ်ကို ထိမ်းသိမ်းရန် စိတ်အားထက်သန်၏။လက်ရှိအချိန်တွင်
ဦးစောရဲ့သားဖြစ်သူ ကိုမင်းနိုင်မှ အဆိုပါ မိသားစုလုပ်ငန်းကြီးကို ဦးစီးလုပ်ကိုင်လျက်ရှိသည်။
ရွှေစာ ပုသိမ်ထီးအလုပ်ရုံသည် လက်ရှိအချိန်အထိ ပုသိမ်တွင် အကြီးဆုံးနှင့်
ပြည်တွင်းပြည်ပ ဈေးကွက်မှာ အကျော်ကြားဆုံး ထီးလုပ်ငန်းအဖြင့် ရပ်တည်နေဆဲ ဖြစ်သည်။

ပုသိမ်ထီးတွေကို တပ်ဆင်ထုတ်လုပ်ရာတွင် အဆင့်ပေါင်း ၅၆ ဆင့်ရှိပြီး အချိန်ကာလတစ်ပတ်အထိ
ကြာလေ့ရှိသည်။ထုတ်လုပ်ရာတွင် အဓိကအရေးကြီးသော အစိတ်အပိုင်းနှစ်ခုမှာ ဝါးဖြင့်ပုံစံသွင်းရာတွင်
သေသပ်မှုနှင့် အသုံးပြုသည့် အဝတ်ပိတ်စ အမျိုးအစားပေါ်တွင် မူတည်သည်။ဝါးများကို
ရွေးချယ်ရာမှာတွင်လည်း မိုးရာသီ၌ ခုတ်ထားသော ဝါးများကို အသုံးပြုခြင်းဖြင့် အကောင်းဆုံး အခြေအနေကို
ရရှိနိုင်သည်။အသုံးမည့် သစ်များကိုလည်း သဘာဝအတိုင်း နှစ်လခန့် ရေစိမ်ထားကာ အရောင်ချွတ်ရသည်။
ထိုနှစ်ဆင့်စလုံးသည် သစ်၊ ဝါးများမှာရှိသော ပိုးမွှားများကို ဖယ်ရှားနိုင်ရန်အတွက် ဖြစ်သည်။

ထီးလုပ်ရာတွင် အသုံးပြုသည့်ကော်ကို နဂိုမူလနည်းပညာအတိုင်း ပီလောပီနံ ၊ တည်သီးအရည် ၊
ကောက်ညင်းအမှုန့်တို့ကို ရောစပ်အသုံးပြုသည်။နောက်ဆုံးအဆင့် နေလှမ်းအခြောက်ခံပြီးသော
ထီးအသစ်များကို အရောင်တင်ရန်အတွက် နှမ်းဆီကို အသုံးပြုသည်။

တင်ပို့ရောင်းချမည့် နေရာဒေသပေါ်မူတည်ပြီး ထီးအပေါ်မှာ ရေးချယ်ရသည့် အရောင်ဒီဇိုင်းများလည်း
ကွဲပြားသည်။မန္တလေးဘက်သို့ပို့မည့် ပုသိမ်ထီးများကို အရောင် ၂ ရောင် သို့မဟုတ် ၃ ရောင် ၊ ပန်းပုံလေးများ ၊
လိပ်ပြာပုံများ စသည်ဖြင့် ဒီဇိုင်းရေးဆွဲသည်။တော်ဝင်နန်းတွင်းတွင်သုံးသည့် အရောင်ဒီဇိုင်းပုံစံဖြစ်သည်။
ပုဂံဘက်သို့ပို့မည့် ထီးများအတွက် ရှေးဆန်သည့် အရောင်မှိုင်းမှိုင်းများကို ရေးခြယ်သည်။
ထိုဒီဇိုင်းမှာ ရေပန်းအစားဆုံး ဒီဇိုင်းလည်း ဖြစ်သည်။အနီရောင်၊ အညိုရောင်နှင့် အဖြူဆွတ်ဆွတ်တို့မှာ
ပုဂံဘုရား နံရံဆေးရေးတွေမှာ တွေ့ရလေ့ရှိသော အရောင်အတွဲအစပ်များ ဖြစ်သည်။

အဝတ်ပိတ်စ သုံးသောထီးများကို ဘုန်းတော်ကြီးသုံးထီးအဖြစ် ယနေ့အချိန်ထိ သုံးစွဲနေကြဆဲဖြစ်သည်။
သာမန်အားဖြင့် ပုသိမ်ထီးကို မိုးဒဏ် လေဒဏ်မှ ကာကွယ်ရန်အတွက် အသုံးပြုကြခြင်းမဟုတ်ပဲ နေအိမ် ၊
ဟိုတယ်နှင့် အပန်းဖြေရာဥယျာဉ် ပန်းခြံများတွင် အလှဆင်ကြရန်အတွက် အဓိက အသုံးပြုကြသည်။
မြန်မာပြည်သို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားများအကြား ပုသိမ်ထီးသည်
အလွန်နာမည်ကျော်ကြားသော ဝယ်ယူရန် လက်ဆောင်ပစ္စည်းတစ်ခုလည်း ဖြစ်သည်။

ဤဆောင်းပါးကို သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ၏မှတ်စုတိုများထဲမှ ကောက်နှုတ်ရေးသားထားပါသည်။




Zawgyi

ပုသိမ္ထီးသမိုင္းေၾကာင္း

လြန္ခဲ့ေသာႏွစ္ေပါင္း ၁၃ဝ ခန႔္က ဦးေ႐ႊစာဆိုသူသည္ သီေပါမင္း၏ နန္းေတာ္ထဲတြင္ ထီးထုတ္လုပ္သူ
ပညာရွင္ျဖစ္သည္။ထိုအခ်ိန္က အဝတ္ျဖင့္ျပဳလုပ္ၿပီး အထူးဒီဇိုင္းမ်ားျဖင့္ ဖန္တီးထားေသာထီးမ်ားကို
ဘုရင့္ေတာင္ဝင္မိသားစုႏွင့္ အခြင့္ထူးခံ လူအခ်ိဳ႕သာ တရားဝင္အသုံးျပဳခြင့္ရွိသည္။
ထီးကို အေဆာင္အေယာင္သေကၤတတစ္ခုအျဖင့္ အသုံးျပဳၾကသလို အခမ္အနားအျပင္အဆင္မ်ား ၊
ဧည့္သည္ႀကိဳဆိုျခင္း အခမ္းအနားမ်ားတြင္ သုံးၾကသည္။

၁၈၈၅ ခုႏွစ္ ရတနာပုံနန္းေတာ္ကို ၿဗိတိသွ်တို႔ သိမ္းပိုက္လိုက္ၿပီးေနာက္ ဦးေ႐ႊစာသည္ ဧရာဝတီျမစ္ကို
စုန္ဆင္းကာ တိမ္းေရွာင္ခဲ့သည္။ထိုသို႔စုန္ဆင္းခဲ့ရာ ကီလိုမီတာ ၇ဝဝ ခန႔္ကြာေဝးေသာ
ဧရာဝတီ ျမစ္ဝကြၽန္းေပၚၿမိဳ႕တစ္ၿမိဳ႕ျဖစ္တဲ့ ပုသိမ္ၿမိဳ႕သို႔ ေရာက္ရွိခဲ့သည္။ဦးေ႐ႊစာသည္ စားဝတ္ေနေရးအတြက္
ထီးလုပ္ေသာ အလုပ္႐ုံကေလးကို ပုသိမ္ၿမိဳ႕တြင္ စတင္ခဲ့သည္။ေနာင္အခါ ပုသိမ္ထီးဟု နာမည္ေက်ာ္ၾကားေသာ
ထီးမ်ားကို စတင္ထုတ္လုပ္ခဲ့ေလ၏။
ပုသိမ္ထီးသည္ ပုသိမ္ၿမိဳ႕မွထြက္ေသာ ထီးျဖစ္၍ ပုသိမ္ထီးဟု ေခၚဆိုသည္။
ယခုအခါ ပုသိမ္ၿမိဳ႕ကေလး၏ သေကၤတမွာလည္း ဦးေ႐ႊစာ စတင္ထုတ္လုပ္ခဲ့ေသာ
၎ပုသိမ္ထီးပင္ ျဖစ္သည္။ေနာင္အခါ ဦးေ႐ႊစာသည္ ထီးလုပ္ငန္း နည္းပညာႏွင့္ လွ်ိဳ႕ဝွက္ခ်က္မ်ားကို
သားျဖစ္ေသာ ဦးေစာထံ လက္ဆင့္ကမ္းသည္။ဦးေစာသည္ အျခားသူမ်ားႏွင့္ စိတ္ဝင္စားသူမ်ားအား
လက္ဆင့္ကမ္း သင္ၾကားေပးၿပီး ႐ိုးရာအေမြအႏွစ္ကို ထိမ္းသိမ္းရန္ စိတ္အားထက္သန္၏။လက္ရွိအခ်ိန္တြင္
ဦးေစာရဲ႕သားျဖစ္သူ ကိုမင္းႏိုင္မွ အဆိုပါ မိသားစုလုပ္ငန္းႀကီးကို ဦးစီးလုပ္ကိုင္လ်က္ရွိသည္။
ေ႐ႊစာ ပုသိမ္ထီးအလုပ္႐ုံသည္ လက္ရွိအခ်ိန္အထိ ပုသိမ္တြင္ အႀကီးဆုံးႏွင့္
ျပည္တြင္းျပည္ပ ေဈးကြက္မွာ အေက်ာ္ၾကားဆုံး ထီးလုပ္ငန္းအျဖင့္ ရပ္တည္ေနဆဲ ျဖစ္သည္။

ပုသိမ္ထီးေတြကို တပ္ဆင္ထုတ္လုပ္ရာတြင္ အဆင့္ေပါင္း ၅၆ ဆင့္ရွိၿပီး အခ်ိန္ကာလတစ္ပတ္အထိ
ၾကာေလ့ရွိသည္။ထုတ္လုပ္ရာတြင္ အဓိကအေရးႀကီးေသာ အစိတ္အပိုင္းႏွစ္ခုမွာ ဝါးျဖင့္ပုံစံသြင္းရာတြင္
ေသသပ္မႈႏွင့္ အသုံးျပဳသည့္ အဝတ္ပိတ္စ အမ်ိဳးအစားေပၚတြင္ မူတည္သည္။ဝါးမ်ားကို
ေ႐ြးခ်ယ္ရာမွာတြင္လည္း မိုးရာသီ၌ ခုတ္ထားေသာ ဝါးမ်ားကို အသုံးျပဳျခင္းျဖင့္ အေကာင္းဆုံး အေျခအေနကို
ရရွိႏိုင္သည္။အသုံးမည့္ သစ္မ်ားကိုလည္း သဘာဝအတိုင္း ႏွစ္လခန႔္ ေရစိမ္ထားကာ အေရာင္ခြၽတ္ရသည္။
ထိုႏွစ္ဆင့္စလုံးသည္ သစ္၊ ဝါးမ်ားမွာရွိေသာ ပိုးမႊားမ်ားကို ဖယ္ရွားႏိုင္ရန္အတြက္ ျဖစ္သည္။

ထီးလုပ္ရာတြင္ အသုံးျပဳသည့္ေကာ္ကို နဂိုမူလနည္းပညာအတိုင္း ပီေလာပီနံ ၊ တည္သီးအရည္ ၊
ေကာက္ညင္းအမႈန႔္တို႔ကို ေရာစပ္အသုံးျပဳသည္။ေနာက္ဆုံးအဆင့္ ေနလွမ္းအေျခာက္ခံၿပီးေသာ
ထီးအသစ္မ်ားကို အေရာင္တင္ရန္အတြက္ ႏွမ္းဆီကို အသုံးျပဳသည္။

တင္ပို႔ေရာင္းခ်မည့္ ေနရာေဒသေပၚမူတည္ၿပီး ထီးအေပၚမွာ ေရးခ်ယ္ရသည့္ အေရာင္ဒီဇိုင္းမ်ားလည္း
ကြဲျပားသည္။မႏၲေလးဘက္သို႔ပို႔မည့္ ပုသိမ္ထီးမ်ားကို အေရာင္ ၂ ေရာင္ သို႔မဟုတ္ ၃ ေရာင္ ၊ ပန္းပုံေလးမ်ား ၊
လိပ္ျပာပုံမ်ား စသည္ျဖင့္ ဒီဇိုင္းေရးဆြဲသည္။ေတာ္ဝင္နန္းတြင္းတြင္သုံးသည့္ အေရာင္ဒီဇိုင္းပုံစံျဖစ္သည္။
ပုဂံဘက္သို႔ပို႔မည့္ ထီးမ်ားအတြက္ ေရွးဆန္သည့္ အေရာင္မႈိင္းမႈိင္းမ်ားကို ေရးျခယ္သည္။
ထိုဒီဇိုင္းမွာ ေရပန္းအစားဆုံး ဒီဇိုင္းလည္း ျဖစ္သည္။အနီေရာင္၊ အညိဳေရာင္ႏွင့္ အျဖဴဆြတ္ဆြတ္တို႔မွာ
ပုဂံဘုရား နံရံေဆးေရးေတြမွာ ေတြ႕ရေလ့ရွိေသာ အေရာင္အတြဲအစပ္မ်ား ျဖစ္သည္။

အဝတ္ပိတ္စ သုံးေသာထီးမ်ားကို ဘုန္းေတာ္ႀကီးသုံးထီးအျဖစ္ ယေန႔အခ်ိန္ထိ သုံးစြဲေနၾကဆဲျဖစ္သည္။
သာမန္အားျဖင့္ ပုသိမ္ထီးကို မိုးဒဏ္ ေလဒဏ္မွ ကာကြယ္ရန္အတြက္ အသုံးျပဳၾကျခင္းမဟုတ္ပဲ ေနအိမ္ ၊
ဟိုတယ္ႏွင့္ အပန္းေျဖရာဥယ်ာဥ္ ပန္းၿခံမ်ားတြင္ အလွဆင္ၾကရန္အတြက္ အဓိက အသုံးျပဳၾကသည္။
ျမန္မာျပည္သို႔ လာေရာက္လည္ပတ္ၾကေသာ ႏိုင္ငံျခားသားမ်ားအၾကား ပုသိမ္ထီးသည္
အလြန္နာမည္ေက်ာ္ၾကားေသာ ဝယ္ယူရန္ လက္ေဆာင္ပစၥည္းတစ္ခုလည္း ျဖစ္သည္။

ဤေဆာင္းပါးကို သင္ဆရာ ၊ ျမင္ဆရာ ၊ ၾကားဆရာ မ်ား၏မွတ္စုတိုမ်ားထဲမွ ေကာက္ႏႈတ္ေရးသားထားပါသည္။


No comments:

Post a Comment