Unicode
ပန်း´ဟူသောဝေါဟာရ၏ မူလအရင်းအမြစ်မှာ `ပန်´ဖြစ်ကြောင်း စာပေပညာရှင်များက ဖေါ်ထုတ်ထားကြသည်။
`ပန်´၏ အနက်အဓိပ္ပါယ်သည် ဖန်တီးသည်။ဖန်တီးချက်လက်ရာ၊ ဖန်တီးသူ ဟူ၍ သိရသည်။
အနုပညာလက်ရာတစ်ခုဖြစ်ပေါ်လာရန် တွေးတောကြံစည်ရခြင်းကဏ္ဍသည် လုပ်ငန်းပိုင်းဆိုင်ရာ ပန်းအလုပ်
ဖြစ်သည်ဟုဆိုပါသည်။“ပန်း”ဟု ပညတ်ခေါ်ဆိုကြသည်မှာ မွမ်းမံခြယ်လှယ် စီမံရသော သုခုမအနုပညာ ပါသော
လုပ်ငန်းဖြစ်ခြင်းကြောင့် သုခုမအနုပညာကို တင်စား၍ခေါ်ကြောင်း အချို့ပညာရှိများက ယူဆကြသည်။
သုတေသီအချို့က “ပန်”ဟု ရှေးကခေါ်ဆိုသောစကားမှာ ပညာလုပ်ငန်း ဟု အဓိပ္ပါယ်ဖြစ်ကြောင်း တိဗက်ဘာသာ ၊
တရုတ်ဘာသာ၊ ချင်းဘာသာ စသည်တို့ဖြင့် ကိုးကားတင်ပြကြသည်။
ပန်းဆယ်မျိုးဆိုသည်မှာ မြန်မာ့သုခုမ အနုပညာရပ်များဖြစ်သည့်
ပန်းပဲ(The art of blacksmith)
ပန်းထိမ်(The art of gold & silver smith)
ပန်းပု(The art of sculpture)
ပန်းချီ(The art of painting)
ပန်းယွန်း(The art of making lacquer ware)
ပန်းပွတ်(The art of turning designs on the lathe)
ပန်းတော့(The art of making floral designs using masonry)
ပန်းတမော့(The art of sculpting with stone)
ပန်းရန်(The art of bricklaying and masonry)
ပန်းတဉ်း(The art of bronze casting) ကိုဆိုလိုသည်။
ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ဆယ်ပွင့်ပန်း (သို့)
ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ပန်းဆယ်မျိုး ဟုလည်း ခေါ်စမှတ်ပြုသည်။
ရာဇောဝါဒကျမ်းတွင် ပဲ၊ ထိမ်၊ တဉ်း၊ တော့၊ ရန်၊ ပု၊ မော့၊ မှတ်လော့ ပွတ်ချီယွန်း ဟူ၍ ဖွဲ့ဆိုထားသည်။
ပဲ = ပန်းပဲ(သံထည်ထုလုပ်ခြင်း အတတ်ပညာ)
ထိမ် = ပန်းထိမ်(ရွှေငွေ စသည့်လက်ဝတ်တန်ဆာမှစ၍ အသုံးအဆောင်ပစ္စည်းအမျိုးမျိးကို သွန်းထု ခတ်လုပ်သည့်ပညာ)
တဉ်း = ပန်းတဉ်း(ကြေးထည် ပုံစံအမျိုးမျိုး သွန်းလုပ်သည့်ပညာ)
တော့ = ပန်းတော့(အင်္ဂတေ၊ သရွတ်ဖြင့် ရုပ်လုံး ရုပ်ကြွ အမွှမ်းတင်တန်ဆာ ပြုလုပ်သောပညာ)
ရန် = ပန်းရန်(အုတ်၊ အင်္ဂတေတို့ဖြင့် အဆောက်အဦ တည်လုပ်သည့်ပညာ)
ပု = ပန်းပု(သစ်သား၊ ဆင်စွယ်၊ ဖယောင်း စသောဝတ္တုပစ္စည်းများကို ရုပ်လုံးရုပ်ကြွ ထွင်းထုသည့်ပညာ)
မော့ = ပန်းတမော့(ကျောက်သားကို ထုဆစ်သည့်ပညာ)
ပွတ် = ပန်းပွတ်(သစ်သား၊ ဆင်စွယ် ပစ္စည်းများကို လိုရာပုံစံအတိုင်း ချောမွတ်အောင် ပွတ်ခံပြုလုပ်သည့်ပညာ)
ချီ = ပန်းချီ(ဆေးရေး၊ ခဲရေး ရုပ်ပုံ ရေးခြယ်သည့်ပညာ)
ယွန်း = ပန်းယွန်း(သရိုးဖြင့် ပန်းနှင့် ရုပ်ကြွတင်၍ ပြုလုပ်သည့်ပညာ။ ယွန်းထည်ပညာ၊ ပန်းထိုးယွန်း ဟုလည်းခေါ်သည်။)
ပန်းဆယ်မျိုးသည် မြန်မာ့ယဉ်ကျေးမှုအနုပညာတွင် အဓိကအကျုံးဝင်သော ပညာရပ်များဖြစ်သည်။
ပန်းဆယ်မျိုးမှာ အနုပညာ၏ လေးနက်သိမ်မွေ့ပြီး ခက်ခဲနက်နဲသော သဘောကို ဆောင်သည်။
ပေါ်ပေါက်လာခြင်း
ပန်းဆယ်မျိုး ပေါ်ပေါက်လာခဲ့သော အချိန်ကာလကို အချို့ပညာရှိများ ခန့်မှန်းခဲ့ကြသည်မှာ ပုဂံပြည်
ကျန်စစ်မင်းကြီး လက်ထက်တွင် ဖြစ်မည်ဟု ဆိုပါသည်။ မြန်မာရာဇဝင်နှင့် ကျောက်စာဟောင်းများအရ ဆိုပါမူ
အနော်ရထာမင်းစောသာလျှင် မြန်မာရာဇဝင်တွင် ဘုန်းအကြီးဆုံးဘုရင်ဖြစ်၍ အနော်ရထာမင်းလက်ထက်ကပင်
ပညာသည်များ စုံလင်စွာ ရှိခဲ့သည်ဟုဆိုပါသည်။
တနည်းအားဖြင့် ဆင်ခြင်သုံးသပ်ကြည့်လျှင် အနော်ရထာမင်းလက်ထက်တွင် ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သော
စေတီပုထိုးများကိုသာ အများအပြားတည်ဆောက်ခဲ့သည်။ကျန်စစ်သားလက်ထက် ရောက်လာသောအခါ၌လည်း
ဂူ ၊ ကျောင်း ၊ တန်ဆောင်း ၊ ပြာသာဒ် အဆောက်အဦများကို ဆက်လက်ဆောက်လုပ်၍ အနုပညာလုပ်ငန်းများကို
အားပေးချီးမြှောက်လာခဲ့ကြောင်း တွေ့ရသည်။သထုံပြည်မှ မနူဟာမင်းနှင့် အတူပါခဲ့သော မွန်အနုပညာသည်များ ၊
အိန္ဒိယမှ လာသောအနုပညာရှင်များနှင့် ရှေးဟောင်း ပျူအဆက်အနွယ် အနုပညာရှင်တို့ စုံစုံလင်လင်
ထပ်ဆင့် စုပေါင်း တီထွင်ခဲ့ကြရာ ပန်းဆယ်မျိုးဟု ခေါ်သော အနုပညာလုပ်ငန်းများသည် ထိုခေတ်ထိုအချိန်တွင်
အပြိုင်အဆိုင် တိုးတက်ပေါက်ပွားလာခဲ့သည်ဟု ယူဆရပါသည်။
ထို့ကြောင့် မြန်မာ့သုခုမ အနုပညာလုပ်ငန်းရပ်များသည် ပုဂံခေတ်မှ စတင်တိုးတက်လာသည်ဟု
အကြမ်းအားဖြင့် မှန်းဆသင့်ပါသော်လည်း မြန်မာလူမျိုးဟု ထင်ထင်ရှားရှားပေါ်ပေါက်မလာမီ ပျူခေတ်ကပင်
ပိသုကာ အတတ်၊ ပန်းပု၊ ပန်းပဲ၊ ပန်းတော့၊ ပန်းတမော့ စသော အတတ်ပညာများ ထွန်းကားခဲ့ကြောင်းကို
သရေခေတ္တရာမြို့ဟောင်းမှ တူးဖေါ်ရရှိခဲ့သော ပျူအရိုးအိုးများ ၊ ကျောက်ချပ်ရုပ်ပွားတော်ကြီးများ ၊
ကျောက်အုတ်တို့ဖြင့် တည်ဆောက်ခဲ့သော ဘောဘောကြီးဘုရား ၊ လေးမျက်နှာဘုရား ၊ ဘုရားမာ စသော
ပုထိုးကြီးများနှင့် ရွှေငွေတို့ဖြင့် ထုလုပ်ခဲ့သော ရုပ်ထုရုပ်ပွားတော်များ စသည့် အနုပညာရပ်များကို
တွေ့ရှိရခြင်းဖြင့် ပျူခေတ်ကာလ အချိန်ကပင် ထိုအနုပညာရပ်များရှိပြီး ဖြစ်ကြောင်းသိရသည်။
သို့သော် ပုဂံခေတ်သို့ ရောက်ချိန်တွင် ပိုမိုတိုးတက် ကြီးပွားလာသည်ဟု ယူဆသင့်ပါသည်။
ပုဂံခေတ်တွင် မွန်လူမျိုးများနှင့် အိန္ဒိယတိုင်းသားများ ပူးပေါင်းမိကြသောကြောင့် မွန်နှင့်
အိန္ဒိယယဉ်ကျေးမှုများ ရောပြွမ်း စုံလင်လာသည်ဟု မှတ်ဖွယ်ရှိပါသည်။အင်းဝခေတ်တွင် အထူးတိုးတက်ခဲ့ကြောင်း
လက်ဝဲသုန္ဒရ ဦးမြတ်စံ၏ “သာဓိနပျို့”တွင် တွေ့ရှိရပါသည်။
ဤဆောင်းပါးကို သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ၏မှတ်စုတိုများထဲမှ ကောက်နှုတ်ရေးသားထားပါသည်။
Zawgyi
ပန္းဆယ္မ်ဳိး-10 Myanmar Traditional Arts
ပန္း´ဟူေသာေဝါဟာရ၏ မူလအရင္းအျမစ္မွာ `ပန္´ျဖစ္ေၾကာင္း စာေပပညာရွင္မ်ားက ေဖၚထုတ္ထားၾကသည္။
`ပန္´၏ အနက္အဓိပၸါယ္သည္ ဖန္တီးသည္။ဖန္တီးခ်က္လက္ရာ၊ ဖန္တီးသူ ဟူ၍ သိရသည္။
အႏုပညာလက္ရာတစ္ခုျဖစ္ေပၚလာရန္ ေတြးေတာႀကံစည္ရျခင္းက႑သည္ လုပ္ငန္းပိုင္းဆိုင္ရာ ပန္းအလုပ္
ျဖစ္သည္ဟုဆိုပါသည္။“ပန္း”ဟု ပညတ္ေခၚဆိုၾကသည္မွာ မြမ္းမံျခယ္လွယ္ စီမံရေသာ သုခုမအႏုပညာ ပါေသာ
လုပ္ငန္းျဖစ္ျခင္းေၾကာင့္ သုခုမအႏုပညာကို တင္စား၍ေခၚေၾကာင္း အခ်ိဳ႕ပညာရွိမ်ားက ယူဆၾကသည္။
သုေတသီအခ်ိဳ႕က “ပန္”ဟု ေရွးကေခၚဆိုေသာစကားမွာ ပညာလုပ္ငန္း ဟု အဓိပၸါယ္ျဖစ္ေၾကာင္း တိဗက္ဘာသာ ၊
တ႐ုတ္ဘာသာ၊ ခ်င္းဘာသာ စသည္တို႔ျဖင့္ ကိုးကားတင္ျပၾကသည္။
ပန္းဆယ္မ်ိဳးဆိုသည္မွာ ျမန္မာ့သုခုမ အႏုပညာရပ္မ်ားျဖစ္သည့္
ပန္းပဲ(The art of blacksmith)
ပန္းထိမ္(The art of gold & silver smith)
ပန္းပု(The art of sculpture)
ပန္းခ်ီ(The art of painting)
ပန္းယြန္း(The art of making lacquer ware)
ပန္းပြတ္(The art of turning designs on the lathe)
ပန္းေတာ့(The art of making floral designs using masonry)
ပန္းတေမာ့(The art of sculpting with stone)
ပန္းရန္(The art of bricklaying and masonry)
ပန္းတဥ္း(The art of bronze casting) ကိုဆိုလိုသည္။
ဘုရားမတင္၊ နတ္မဝင္၊ လူတြင္ ဆယ္ပြင့္ပန္း (သို႔)
ဘုရားမတင္၊ နတ္မဝင္၊ လူတြင္ ပန္းဆယ္မ်ိဳး ဟုလည္း ေခၚစမွတ္ျပဳသည္။
ရာေဇာဝါဒက်မ္းတြင္ ပဲ၊ ထိမ္၊ တဥ္း၊ ေတာ့၊ ရန္၊ ပု၊ ေမာ့၊ မွတ္ေလာ့ ပြတ္ခ်ီယြန္း ဟူ၍ ဖြဲ႕ဆိုထားသည္။
ပဲ = ပန္းပဲ(သံထည္ထုလုပ္ျခင္း အတတ္ပညာ)
ထိမ္ = ပန္းထိမ္(ေ႐ႊေငြ စသည့္လက္ဝတ္တန္ဆာမွစ၍ အသုံးအေဆာင္ပစၥည္းအမ်ိဳးမ်ိးကို သြန္းထု ခတ္လုပ္သည့္ပညာ)
တဥ္း = ပန္းတဥ္း(ေၾကးထည္ ပုံစံအမ်ိဳးမ်ိဳး သြန္းလုပ္သည့္ပညာ)
ေတာ့ = ပန္းေတာ့(အဂၤေတ၊ သ႐ြတ္ျဖင့္ ႐ုပ္လုံး ႐ုပ္ႂကြ အမႊမ္းတင္တန္ဆာ ျပဳလုပ္ေသာပညာ)
ရန္ = ပန္းရန္(အုတ္၊ အဂၤေတတို႔ျဖင့္ အေဆာက္အဦ တည္လုပ္သည့္ပညာ)
ပု = ပန္းပု(သစ္သား၊ ဆင္စြယ္၊ ဖေယာင္း စေသာဝတၱဳပစၥည္းမ်ားကို ႐ုပ္လုံး႐ုပ္ႂကြ ထြင္းထုသည့္ပညာ)
ေမာ့ = ပန္းတေမာ့(ေက်ာက္သားကို ထုဆစ္သည့္ပညာ)
ပြတ္ = ပန္းပြတ္(သစ္သား၊ ဆင္စြယ္ ပစၥည္းမ်ားကို လိုရာပုံစံအတိုင္း ေခ်ာမြတ္ေအာင္ ပြတ္ခံျပဳလုပ္သည့္ပညာ)
ခ်ီ = ပန္းခ်ီ(ေဆးေရး၊ ခဲေရး ႐ုပ္ပုံ ေရးျခယ္သည့္ပညာ)
ယြန္း = ပန္းယြန္း(သ႐ိုးျဖင့္ ပန္းႏွင့္ ႐ုပ္ႂကြတင္၍ ျပဳလုပ္သည့္ပညာ။ ယြန္းထည္ပညာ၊ ပန္းထိုးယြန္း ဟုလည္းေခၚသည္။)
ပန္းဆယ္မ်ိဳးသည္ ျမန္မာ့ယဥ္ေက်းမႈအႏုပညာတြင္ အဓိကအက်ဳံးဝင္ေသာ ပညာရပ္မ်ားျဖစ္သည္။
ပန္းဆယ္မ်ိဳးမွာ အႏုပညာ၏ ေလးနက္သိမ္ေမြ႕ၿပီး ခက္ခဲနက္နဲေသာ သေဘာကို ေဆာင္သည္။
ေပၚေပါက္လာျခင္း
ပန္းဆယ္မ်ိဳး ေပၚေပါက္လာခဲ့ေသာ အခ်ိန္ကာလကို အခ်ိဳ႕ပညာရွိမ်ား ခန႔္မွန္းခဲ့ၾကသည္မွာ ပုဂံျပည္
က်န္စစ္မင္းႀကီး လက္ထက္တြင္ ျဖစ္မည္ဟု ဆိုပါသည္။ ျမန္မာရာဇဝင္ႏွင့္ ေက်ာက္စာေဟာင္းမ်ားအရ ဆိုပါမူ
အေနာ္ရထာမင္းေစာသာလွ်င္ ျမန္မာရာဇဝင္တြင္ ဘုန္းအႀကီးဆုံးဘုရင္ျဖစ္၍ အေနာ္ရထာမင္းလက္ထက္ကပင္
ပညာသည္မ်ား စုံလင္စြာ ရွိခဲ့သည္ဟုဆိုပါသည္။
တနည္းအားျဖင့္ ဆင္ျခင္သုံးသပ္ၾကည့္လွ်င္ အေနာ္ရထာမင္းလက္ထက္တြင္ ဗုဒၶဘာသာႏွင့္သက္ဆိုင္ေသာ
ေစတီပုထိုးမ်ားကိုသာ အမ်ားအျပားတည္ေဆာက္ခဲ့သည္။က်န္စစ္သားလက္ထက္ ေရာက္လာေသာအခါ၌လည္း
ဂူ ၊ ေက်ာင္း ၊ တန္ေဆာင္း ၊ ျပာသာဒ္ အေဆာက္အဦမ်ားကို ဆက္လက္ေဆာက္လုပ္၍ အႏုပညာလုပ္ငန္းမ်ားကို
အားေပးခ်ီးေျမႇာက္လာခဲ့ေၾကာင္း ေတြ႕ရသည္။သထုံျပည္မွ မႏူဟာမင္းႏွင့္ အတူပါခဲ့ေသာ မြန္အႏုပညာသည္မ်ား ၊
အိႏၵိယမွ လာေသာအႏုပညာရွင္မ်ားႏွင့္ ေရွးေဟာင္း ပ်ဴအဆက္အႏြယ္ အႏုပညာရွင္တို႔ စုံစုံလင္လင္
ထပ္ဆင့္ စုေပါင္း တီထြင္ခဲ့ၾကရာ ပန္းဆယ္မ်ိဳးဟု ေခၚေသာ အႏုပညာလုပ္ငန္းမ်ားသည္ ထိုေခတ္ထိုအခ်ိန္တြင္
အၿပိဳင္အဆိုင္ တိုးတက္ေပါက္ပြားလာခဲ့သည္ဟု ယူဆရပါသည္။
ထို႔ေၾကာင့္ ျမန္မာ့သုခုမ အႏုပညာလုပ္ငန္းရပ္မ်ားသည္ ပုဂံေခတ္မွ စတင္တိုးတက္လာသည္ဟု
အၾကမ္းအားျဖင့္ မွန္းဆသင့္ပါေသာ္လည္း ျမန္မာလူမ်ိဳးဟု ထင္ထင္ရွားရွားေပၚေပါက္မလာမီ ပ်ဴေခတ္ကပင္
ပိသုကာ အတတ္၊ ပန္းပု၊ ပန္းပဲ၊ ပန္းေတာ့၊ ပန္းတေမာ့ စေသာ အတတ္ပညာမ်ား ထြန္းကားခဲ့ေၾကာင္းကို
သေရေခတၱရာၿမိဳ႕ေဟာင္းမွ တူးေဖၚရရွိခဲ့ေသာ ပ်ဴအ႐ိုးအိုးမ်ား ၊ ေက်ာက္ခ်ပ္႐ုပ္ပြားေတာ္ႀကီးမ်ား ၊
ေက်ာက္အုတ္တို႔ျဖင့္ တည္ေဆာက္ခဲ့ေသာ ေဘာေဘာႀကီးဘုရား ၊ ေလးမ်က္ႏွာဘုရား ၊ ဘုရားမာ စေသာ
ပုထိုးႀကီးမ်ားႏွင့္ ေ႐ႊေငြတို႔ျဖင့္ ထုလုပ္ခဲ့ေသာ ႐ုပ္ထု႐ုပ္ပြားေတာ္မ်ား စသည့္ အႏုပညာရပ္မ်ားကို
ေတြ႕ရွိရျခင္းျဖင့္ ပ်ဴေခတ္ကာလ အခ်ိန္ကပင္ ထိုအႏုပညာရပ္မ်ားရွိၿပီး ျဖစ္ေၾကာင္းသိရသည္။
သို႔ေသာ္ ပုဂံေခတ္သို႔ ေရာက္ခ်ိန္တြင္ ပိုမိုတိုးတက္ ႀကီးပြားလာသည္ဟု ယူဆသင့္ပါသည္။
ပုဂံေခတ္တြင္ မြန္လူမ်ိဳးမ်ားႏွင့္ အိႏၵိယတိုင္းသားမ်ား ပူးေပါင္းမိၾကေသာေၾကာင့္ မြန္ႏွင့္
အိႏၵိယယဥ္ေက်းမႈမ်ား ေရာႁပြမ္း စုံလင္လာသည္ဟု မွတ္ဖြယ္ရွိပါသည္။အင္းဝေခတ္တြင္ အထူးတိုးတက္ခဲ့ေၾကာင္း
လက္ဝဲသုႏၵရ ဦးျမတ္စံ၏ “သာဓိနပ်ိဳ႕”တြင္ ေတြ႕ရွိရပါသည္။
ဤေဆာင္းပါးကို သင္ဆရာ ၊ ျမင္ဆရာ ၊ ၾကားဆရာ မ်ား၏မွတ္စုတိုမ်ားထဲမွ ေကာက္ႏႈတ္ေရးသားထားပါသည္။
No comments:
Post a Comment