Translate

Tuesday, June 18, 2019

သင်္ဃန်း ဖြစ်ပေါ်လာပုံ

Unicode

အလိုနည်းသော နှိမ့်ချသောသဘောဖြင့်သာ သင်္ဃန်းများကို ဝတ်ကြရ၏။သင်္ဃန်းများရရှိရေးကာ မလွယ်ကူလှပေ။
သုသာန်တစ်စ င်္သချိုင်းဝ၌ဖြစ်စေ၊ လမ်းခွ လမ်းဆုံ အမှိူက်ပုံများ၌ဖြစ်စေ သူတကာတို့မလိုချင်၍ စွန့်ပစ်ထားသော
အဝတ်စုတ်များကို တစ်ထွာရရ ၊ တစ်တောင်ရရ ၊ တစ်စချင်း တစ်စချင်း ကောက်ယူစုဆောင်းကာ
ဆက်စပ်ချုပ်လုပ်ကြရ၏။ရဟန်းဦးရေနည်းသေးသောအချိန်တုန်းကတော့ သင်္ဃန်းစများအလွယ်တကူ ရနိုင်ပါ၏။
တစ်စ တစ်စနှင့် ရဟန်းဦးရေ များလာသည်တွင်ကား ပံ့သကူရရေးအတွက် အခက်တွေ့ရပေတော့သည်။တချို့မှာ
ပံ့သကူသင်္ဃန်းအတွက် သင်္ချိုင်းသို့သွားရင်းက မသင့်လျော်သော အဖြစ်များနှင့် ကြုံခဲ့ကြရဖူးပေပြီ။

ပံ့သကူသင်္ဃန်းရှာမရ၍ အဝတ်သင်္ဃန်း နွမ်းရိနေသော အရှင်အနုရုဒ္ဓါသည် တစ်နေ့သော် အမှိူက်ထဲမှာ
တစ်စွန်းတစ်စ ပေါ်နေသည့် အဝတ်စကို ပံ့သကူကောက်ယူလာခဲ့ပါသည်။ထိုပံ့သကူ သင်္ဃန်းချူပ်သောအခါမှာ
အရှင်မဟာကဿပသည် သင်္ဃန်းအရင်းပိုင်းမှ ကိုင်ပေး၏။အလယ်ပိုင်းအတွက် တာဝန်ယူသူမှာ ရှင်သာရိပုတ္တရာ ၊
အဖျားပိုင်းမှာတော့ အရှင်အာနန္ဒဖြစ်၍ အရှင်မဟာမောဂ္ဂလာန်သည် လိုအပ်သမျှ အပ်နှင့်အပ်ချည်ကို
သွားချည်ပြန်ချည် ယူ၍ပေး၏။အခြားသောမထေရ်ကြီးများက အပ်ချည်များကို တစ်ပါးပြီးတစ်ပါး ကျစ်ပေးကြ၏။
ကျစ်ထားသော အပ်ချည်တစ်မျှင် တစ်မျှင်ဆုံးလေတိုင်း အပ်နဖားထိုးပေးသူကား သုံးလူ့ထွဋ်ထား
ဘုရားရှင်ကိုယ်တော်တိုင်ပင်ဖြစ်ပါသတည်း။

မကြုံစဖူး ထူးကဲလှသော သင်္ဃန်းချုပ်ပွဲကြီးပါပေတည်း။(ဓမ္မပဒ အဋ္ဌကထာ၊ အရဟန္တဝဂ်၊ အနုရုဒ္ဓါ ဝတ္ထု)
စောစောက ဖော်ပြခဲ့သည့်အတိုင်း တစ်ထွာစ တစ်တောင်စ အဝတ်စုတ်များကို သင်္ဃန်းတစ်ထည်ဖြစ်အောင်
ဆက်စပ်ချုပ်ကြသည်ကား မှန်ပါ၏။သို့သော်ရဟန်းများအဖို့ နမူနာယူစရာ ပုံစံဟူ၍ကား မရှိသေးပါ။ သို့ဖြစ်၍
ရလာသမျှ အဝတ်စများကို ဖြစ်တတ်သလို ကပိုကရို ချုပ်စပ်၍ ဝတ်ကြရပေသည်။
အလိုနည်းသောစိတ်၊ မာန်မာနကို ချိုးနှိမ်ထားသောစိတ်ဖြင့် ဤသင်္ဃန်းများကို ဝတ်ဆင်ကြရာတွင် အရှင်မြတ်များ၏
စိတ်ဓါတ်ကို ကြည်ညိုခဲ့ပါသည်။သို့သော် သင်္ဃန်းများကိုကား ကြည်ညို၍မရနိုင်ခဲ့ပါ။

အရှင်အာနန္ဒာကိုယ်တိုင် ရဟန်းဝတ်ပြုလာတော့လည်း ဤသင်္ဃန်းကြီးများကို မနှစ်မြို့နိုင်ကြောင်း ရိုးသားစွာဝန်ခံလိုပေသည်။
သို့ရာတွင် ကုသိုလ်ကံကောင်းသည်မှာ ဤလို ပုံမကျပန်းမကျ သင်္ဃန်းများနှင့် ကြာရှည်မနေလိုက်ရခြင်းပင်ဖြစ်ပါ၏။
သင်္ဃန်းများ ပုံကျပန်းကျဖြစ်ချင်လာသော တစ်နေ့၌ ဘုရားရှင်သည် ညီတော်အာနန္ဒာကို နောက်ပါပြုလျက်
ဒေသစာရီကြွချီတောမူခဲ့၏။ ရာဇဂြိုလ်မြို့တော်မှသည် ဒက္ခိဏဂီရိဇနပုဒ်ဆီသို့ ဖြစ်ပါ၏။
လမ်းတစ်လျောက်ဝယ် မဂဓတိုင်းသား တောင်သူလယ်သမားတို့၏ လယ်ကွက်များက
မျက်စိတစ်ဆုံးရှိနေကြ၏။အခြေတကျလုပ်ကိုင်လာခဲ့ကြသည်မို့ လယ်ကွက်များမှာ ကြည့်ပျော်ရှု့ပျော်ရှိပါဘိ၏။

လေးထောင့်စပ်စပ် လယ်ကွက်များဝယ် အလျားရောအနံပါ ကန်သင်းများ ဖြောင့်တန်း၍ နေကြ၏။
အချို့လယ်ကွက်များအတွင်းဝယ် ကန်သင်းများထပ်၍ ကန့်ထားကြ၏။အချို့မှာ ဒေါင်လိုက်တွင်မက
အလျားလိုက် ကန်သင်းများပါ ကန့်ထားကြသေး၏။အတွင်းက ကန်သင်းနှစ်ခု ဆုံရာတွင် ကြက်ခြေခတ်သဏ္ဌာန်ဖြစ်နေပေ၏။
မိဘများလက်ထက်က တစ်ဦးတည်းလုပ်ခဲ့သော လယ်ကွက်များကို သားသမီးများက အမွေခွဲထားကြဟန်ရှိပေသည်။
“အာနန္ဒာ၊ မာဂဓ လယ်သမားတို့၏ လယ်ကွက်များကို မြင်၏လော”
လယ်ကွက်များကို အားပါးတရရှူ့မျှော်နေစဉ် ဘုရားရှင်က မေးတော်မူလိုက်၏။
“မြင်ပါသည် အရှင်ဘုရား”
သည်လယ်ကွက်များကိုရှူ့မျှော်လျက် စိတ်နှလုံးကြည်နူးရာတွင် ဘုရားရှင်ပါ ပါနေပြီမို့ အားရဝမ်းသာ စကားပြန်ပေးလိုက်ပါ၏။
“စနစ်တကျ ပြုလုပ်ထားသော လယ်ကွက်များကဲ့သို့ပင် ရဟန်းတို့၏ သင်္ဃန်းစများကို ပြုပြင်၍ ပေးနိုင်ပါမည်လော”
“မှန်ပါ့ ပြုပြင်၍ပေးနိုင်ပါသည် ဘုရား”
မဆွတ်ခင်ကညွှတ်ချင်နေသော  အရှင်အာနန္ဒာက အားပါးတရ လျှောက်ထားလိုက်ရပေသည်။ပုံမကျပန်းမကျ သင်္ဃန်းများကို
ပြုပြင်ပေးလိုပါလျက် အမိန့်တော်ထွက်ကို စောင့်နေသည်တွင် ယခုတော့စောင့်ရကျိုးနပ်ပြီ မဟုတ်ပါလော။
ဒေသစာရီခရီးအဆုံး၌ ရာဇဂြိုလ်မြို့တော်သို့ ပြန်ရောက်လျှင် စီမံကိန်းကြီးစတင်ပါတော့သည်။
မဂဓ လယ်ကွက်များ၏ နမူနာတိုင်း ရဟန်းတို့၏ သင်္ဃန်းများကို ပုံစံချ၍ ပေးလိုက်၏။
လယ်ကွက်များမှာ ပတ်ပတ်လည် ကန်သင်းရှိသကဲ့သို့ သင်္ဃန်းမှာလည်း အလျားရော အနံပါ အနားပတ်များ ထည့်ပေးလိုက်၏။
လယ်ကွက်ကြီးထဲမှာ ကန်သင်းများ အကန့်အသတ် ခြားထားသကဲ့သို့ သင်္ဃန်းမှာလည်း တလုပ်မြောင်းငယ်များ
ထည့်ပေးလိုက်၏။ ကန်သင်းကန့်ထားသော အကန့်များကဲ့သို့ အိမ်ဝန်းကြီးနှင့် အိမ်ခွဲများ ထည့်ပေးလိုက်၏။
အိမ်ဝန်းကြီးနှင့်အိမ်ခွဲတို့ကို ဆက်စပ်ရန် အလယ်ခေါင်းနှင့် ခေါင်းရံတို့လည်း ပါစေရ၏။

ထို့ပြင်တစ်၀ လည်ပင်းနှင့်ထိရာ၊ ခြေသလုံးနှင့်တိုက်ခတ်ရာတို့တွင် သင်္ဃန်းများ မကြာမီ ရိတတ်၊ စုတ်တတ်၏။
ထို့ကြောင့် ထိုနေရာများမှာလည်း အစပိုဖြင့် ထပ်၍ ချုပ်ပေးရပေသည်။
ဤသို့ စနစ်တကျပြုပြင်ပေးလိုက်သဖြင့် သင်္ဃန်းများဖြန့်၍ လှမ်းထားရာတွင် ကြည်ညိုဖွယ်ရာ ဖြစ်လာကြ၏။
ဝတ်ရုံရာ၌လည်း ပို၍ ခိုင်ခံ့လာကြ၏။
ဤပုံစံအတည်တကျဖြစ်လာပြီမို့ နောက်နောင်ချုပ်သော သင်္ဃန်းများမှာလည်း အထည်ကြီးပင်ဖြစ်စေကာမူ ဓားလှီး ၊
ဓားဖြတ်ပြု၍ ပုံစံအတိုင်းချုပ်ကြရတော့၏။ဤသို့ ပုံပြောင်းပေးလိုက်သဖြင့် လူတို့၏ အဝတ်အဆင်နှင့် ကွာခြားကာ
ရဟန်းတို့နှင့်လည်း လျောက်ပတ်၏။အထည်ကောင်းကို အပိုင်းပိုင်းဖြတ်ထားပြီးပြီမို့ ခိုးသားဓါးမြတို့လည်း မက်မောဖွယ်မရှိတော့ပြီ။
သင်္ဃန်းများတစ်စုံပြီးတစ်စုံ ချုပ်ပေးနေရ၍ ပင်ပန်းနွမ်းနယ်နေသော ညီတော်အာနန္ဒာအား ရှင်တော်ဘုရား၏
ချီးကျူးစကားများက သီတာရေချမ်း ဖျန်း၍ ပေးလိုက်ကြပါပေသည်။

ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းမှ ကောက်နှုတ်ရေးသားထားပါသည်။


Zawgyi

“သဃၤန္း ျဖစ္ေပၚလာပုံ”

အလိုနည္းေသာ ႏွိမ့္ခ်ေသာသေဘာျဖင့္သာ သဃၤန္းမ်ားကို ဝတ္ၾကရ၏။သဃၤန္းမ်ားရရွိေရးကာ မလြယ္ကူလွေပ။
သုသာန္တစ္စ သၤခ်ိဳင္းဝ၌ျဖစ္ေစ၊ လမ္းခြ လမ္းဆုံ အမွိူက္ပုံမ်ား၌ျဖစ္ေစ သူတကာတို႔မလိုခ်င္၍ စြန႔္ပစ္ထားေသာ
အဝတ္စုတ္မ်ားကို တစ္ထြာရရ ၊ တစ္ေတာင္ရရ ၊ တစ္စခ်င္း တစ္စခ်င္း ေကာက္ယူစုေဆာင္းကာ
ဆက္စပ္ခ်ဳပ္လုပ္ၾကရ၏။ရဟန္းဦးေရနည္းေသးေသာအခ်ိန္တုန္းကေတာ့ သဃၤန္းစမ်ားအလြယ္တကူ ရႏိုင္ပါ၏။
တစ္စ တစ္စႏွင့္ ရဟန္းဦးေရ မ်ားလာသည္တြင္ကား ပံ့သကူရေရးအတြက္ အခက္ေတြ႕ရေပေတာ့သည္။တခ်ိဳ႕မွာ
ပံ့သကူသဃၤန္းအတြက္ သခ်ႋဳင္းသို႔သြားရင္းက မသင့္ေလ်ာ္ေသာ အျဖစ္မ်ားႏွင့္ ႀကဳံခဲ့ၾကရဖူးေပၿပီ။

ပံ့သကူသဃၤန္းရွာမရ၍ အဝတ္သဃၤန္း ႏြမ္းရိေနေသာ အရွင္အႏု႐ုဒၶါသည္ တစ္ေန႔ေသာ္ အမွိူက္ထဲမွာ
တစ္စြန္းတစ္စ ေပၚေနသည့္ အဝတ္စကို ပံ့သကူေကာက္ယူလာခဲ့ပါသည္။ထိုပံ့သကူ သဃၤန္းခ်ဴပ္ေသာအခါမွာ
အရွင္မဟာကႆပသည္ သဃၤန္းအရင္းပိုင္းမွ ကိုင္ေပး၏။အလယ္ပိုင္းအတြက္ တာဝန္ယူသူမွာ ရွင္သာရိပုတၱရာ ၊
အဖ်ားပိုင္းမွာေတာ့ အရွင္အာနႏၵျဖစ္၍ အရွင္မဟာေမာဂၢလာန္သည္ လိုအပ္သမွ် အပ္ႏွင့္အပ္ခ်ည္ကို
သြားခ်ည္ျပန္ခ်ည္ ယူ၍ေပး၏။အျခားေသာမေထရ္ႀကီးမ်ားက အပ္ခ်ည္မ်ားကို တစ္ပါးၿပီးတစ္ပါး က်စ္ေပးၾက၏။
က်စ္ထားေသာ အပ္ခ်ည္တစ္မွ်င္ တစ္မွ်င္ဆုံးေလတိုင္း အပ္နဖားထိုးေပးသူကား သုံးလူ႔ထြဋ္ထား
ဘုရားရွင္ကိုယ္ေတာ္တိုင္ပင္ျဖစ္ပါသတည္း။

မႀကဳံစဖူး ထူးကဲလွေသာ သဃၤန္းခ်ဳပ္ပြဲႀကီးပါေပတည္း။(ဓမၼပဒ အ႒ကထာ၊ အရဟႏၲဝဂ္၊ အႏု႐ုဒၶါ ဝတၳဳ)
ေစာေစာက ေဖာ္ျပခဲ့သည့္အတိုင္း တစ္ထြာစ တစ္ေတာင္စ အဝတ္စုတ္မ်ားကို သဃၤန္းတစ္ထည္ျဖစ္ေအာင္
ဆက္စပ္ခ်ဳပ္ၾကသည္ကား မွန္ပါ၏။သို႔ေသာ္ရဟန္းမ်ားအဖို႔ နမူနာယူစရာ ပုံစံဟူ၍ကား မရွိေသးပါ။ သို႔ျဖစ္၍
ရလာသမွ် အဝတ္စမ်ားကို ျဖစ္တတ္သလို ကပိုက႐ို ခ်ဳပ္စပ္၍ ဝတ္ၾကရေပသည္။
အလိုနည္းေသာစိတ္၊ မာန္မာနကို ခ်ိဳးႏွိမ္ထားေသာစိတ္ျဖင့္ ဤသဃၤန္းမ်ားကို ဝတ္ဆင္ၾကရာတြင္ အရွင္ျမတ္မ်ား၏
စိတ္ဓါတ္ကို ၾကည္ညိဳခဲ့ပါသည္။သို႔ေသာ္ သဃၤန္းမ်ားကိုကား ၾကည္ညိဳ၍မရႏိုင္ခဲ့ပါ။

အရွင္အာနႏၵာကိုယ္တိုင္ ရဟန္းဝတ္ျပဳလာေတာ့လည္း ဤသဃၤန္းႀကီးမ်ားကို မႏွစ္ၿမိဳ႕ႏိုင္ေၾကာင္း ႐ိုးသားစြာဝန္ခံလိုေပသည္။
သို႔ရာတြင္ ကုသိုလ္ကံေကာင္းသည္မွာ ဤလို ပုံမက်ပန္းမက် သဃၤန္းမ်ားႏွင့္ ၾကာရွည္မေနလိုက္ရျခင္းပင္ျဖစ္ပါ၏။
သဃၤန္းမ်ား ပုံက်ပန္းက်ျဖစ္ခ်င္လာေသာ တစ္ေန႔၌ ဘုရားရွင္သည္ ညီေတာ္အာနႏၵာကို ေနာက္ပါျပဳလ်က္
ေဒသစာရီႂကြခ်ီေတာမူခဲ့၏။ ရာဇၿဂိဳလ္ၿမိဳ႕ေတာ္မွသည္ ဒကၡိဏဂီရိဇနပုဒ္ဆီသို႔ ျဖစ္ပါ၏။
လမ္းတစ္ေလ်ာက္ဝယ္ မဂဓတိုင္းသား ေတာင္သူလယ္သမားတို႔၏ လယ္ကြက္မ်ားက
မ်က္စိတစ္ဆုံးရွိေနၾက၏။အေျခတက်လုပ္ကိုင္လာခဲ့ၾကသည္မို႔ လယ္ကြက္မ်ားမွာ ၾကည့္ေပ်ာ္ရႈ႕ေပ်ာ္ရွိပါဘိ၏။

ေလးေထာင့္စပ္စပ္ လယ္ကြက္မ်ားဝယ္ အလ်ားေရာအနံပါ ကန္သင္းမ်ား ေျဖာင့္တန္း၍ ေနၾက၏။
အခ်ိဳ႕လယ္ကြက္မ်ားအတြင္းဝယ္ ကန္သင္းမ်ားထပ္၍ ကန႔္ထားၾက၏။အခ်ိဳ႕မွာ ေဒါင္လိုက္တြင္မက
အလ်ားလိုက္ ကန္သင္းမ်ားပါ ကန႔္ထားၾကေသး၏။အတြင္းက ကန္သင္းႏွစ္ခု ဆုံရာတြင္ ၾကက္ေျခခတ္သဏၭာန္ျဖစ္ေနေပ၏။
မိဘမ်ားလက္ထက္က တစ္ဦးတည္းလုပ္ခဲ့ေသာ လယ္ကြက္မ်ားကို သားသမီးမ်ားက အေမြခြဲထားၾကဟန္ရွိေပသည္။
“အာနႏၵာ၊ မာဂဓ လယ္သမားတို႔၏ လယ္ကြက္မ်ားကို ျမင္၏ေလာ”
လယ္ကြက္မ်ားကို အားပါးတရရွဴ႕ေမွ်ာ္ေနစဥ္ ဘုရားရွင္က ေမးေတာ္မူလိုက္၏။
“ျမင္ပါသည္ အရွင္ဘုရား”
သည္လယ္ကြက္မ်ားကိုရွဴ႕ေမွ်ာ္လ်က္ စိတ္ႏွလုံးၾကည္ႏူးရာတြင္ ဘုရားရွင္ပါ ပါေနၿပီမို႔ အားရဝမ္းသာ စကားျပန္ေပးလိုက္ပါ၏။
“စနစ္တက် ျပဳလုပ္ထားေသာ လယ္ကြက္မ်ားကဲ့သို႔ပင္ ရဟန္းတို႔၏ သဃၤန္းစမ်ားကို ျပဳျပင္၍ ေပးႏိုင္ပါမည္ေလာ”
“မွန္ပါ့ ျပဳျပင္၍ေပးႏိုင္ပါသည္ ဘုရား”
မဆြတ္ခင္ကၫႊတ္ခ်င္ေနေသာ  အရွင္အာနႏၵာက အားပါးတရ ေလွ်ာက္ထားလိုက္ရေပသည္။ပုံမက်ပန္းမက် သဃၤန္းမ်ားကို
ျပဳျပင္ေပးလိုပါလ်က္ အမိန႔္ေတာ္ထြက္ကို ေစာင့္ေနသည္တြင္ ယခုေတာ့ေစာင့္ရက်ိဳးနပ္ၿပီ မဟုတ္ပါေလာ။
ေဒသစာရီခရီးအဆုံး၌ ရာဇၿဂိဳလ္ၿမိဳ႕ေတာ္သို႔ ျပန္ေရာက္လွ်င္ စီမံကိန္းႀကီးစတင္ပါေတာ့သည္။
မဂဓ လယ္ကြက္မ်ား၏ နမူနာတိုင္း ရဟန္းတို႔၏ သဃၤန္းမ်ားကို ပုံစံခ်၍ ေပးလိုက္၏။
လယ္ကြက္မ်ားမွာ ပတ္ပတ္လည္ ကန္သင္းရွိသကဲ့သို႔ သဃၤန္းမွာလည္း အလ်ားေရာ အနံပါ အနားပတ္မ်ား ထည့္ေပးလိုက္၏။
လယ္ကြက္ႀကီးထဲမွာ ကန္သင္းမ်ား အကန႔္အသတ္ ျခားထားသကဲ့သို႔ သဃၤန္းမွာလည္း တလုပ္ေျမာင္းငယ္မ်ား
ထည့္ေပးလိုက္၏။ ကန္သင္းကန႔္ထားေသာ အကန႔္မ်ားကဲ့သို႔ အိမ္ဝန္းႀကီးႏွင့္ အိမ္ခြဲမ်ား ထည့္ေပးလိုက္၏။
အိမ္ဝန္းႀကီးႏွင့္အိမ္ခြဲတို႔ကို ဆက္စပ္ရန္ အလယ္ေခါင္းႏွင့္ ေခါင္းရံတို႔လည္း ပါေစရ၏။

ထို႔ျပင္တစ္၀ လည္ပင္းႏွင့္ထိရာ၊ ေျခသလုံးႏွင့္တိုက္ခတ္ရာတို႔တြင္ သဃၤန္းမ်ား မၾကာမီ ရိတတ္၊ စုတ္တတ္၏။
ထို႔ေၾကာင့္ ထိုေနရာမ်ားမွာလည္း အစပိုျဖင့္ ထပ္၍ ခ်ဳပ္ေပးရေပသည္။
ဤသို႔ စနစ္တက်ျပဳျပင္ေပးလိုက္သျဖင့္ သဃၤန္းမ်ားျဖန႔္၍ လွမ္းထားရာတြင္ ၾကည္ညိဳဖြယ္ရာ ျဖစ္လာၾက၏။
ဝတ္႐ုံရာ၌လည္း ပို၍ ခိုင္ခံ့လာၾက၏။
ဤပုံစံအတည္တက်ျဖစ္လာၿပီမို႔ ေနာက္ေနာင္ခ်ဳပ္ေသာ သဃၤန္းမ်ားမွာလည္း အထည္ႀကီးပင္ျဖစ္ေစကာမူ ဓားလွီး ၊
ဓားျဖတ္ျပဳ၍ ပုံစံအတိုင္းခ်ဳပ္ၾကရေတာ့၏။ဤသို႔ ပုံေျပာင္းေပးလိုက္သျဖင့္ လူတို႔၏ အဝတ္အဆင္ႏွင့္ ကြာျခားကာ
ရဟန္းတို႔ႏွင့္လည္း ေလ်ာက္ပတ္၏။အထည္ေကာင္းကို အပိုင္းပိုင္းျဖတ္ထားၿပီးၿပီမို႔ ခိုးသားဓါးျမတို႔လည္း မက္ေမာဖြယ္မရွိေတာ့ၿပီ။
သဃၤန္းမ်ားတစ္စုံၿပီးတစ္စုံ ခ်ဳပ္ေပးေနရ၍ ပင္ပန္းႏြမ္းနယ္ေနေသာ ညီေတာ္အာနႏၵာအား ရွင္ေတာ္ဘုရား၏
ခ်ီးက်ဴးစကားမ်ားက သီတာေရခ်မ္း ဖ်န္း၍ ေပးလိုက္ၾကပါေပသည္။

ညီေတာ္အာနႏၵာ၏ တစ္သက္တာမွတ္တမ္းမွ ေကာက္ႏႈတ္ေရးသားထားပါသည္။

No comments:

Post a Comment