မြန်မာ့ရိုးရာ အစားအစာတစ်မျိုးဖြစ်သော မုန့်ဟင်းခါးသည် အချဉ်ဖေါက် ပြုလုပ်သည့် ဆန်ခေါက်ဆွဲဖတ်
(မုန့်ဖတ်) လေးများနှင့် ငါးဖြင့်အဓိက ချက်လုပ်သော ဟင်းခါးရည် တို့ကို အတူတွဲဖက် စားသုံးရသည့်
သားရေစာတစ်မျိုးဖြစ်သည်။မုန့်ဟင်းခါးအား မြန်မာနိုင်ငံ၏ အမျိုးသားစားဖွယ်အဖြစ် အချို့က ယူဆကြသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့၊ ရွာတိုင်း တွင် မုန့်ဟင်းခါး ရောင်းချကြပြီး နံနက်စာ မှ နေ့လယ် နေ့ခင်း အစာပြေအပြင်
ညလည်စာ အဖြစ်ပါ နှစ်ခြိုက်စွာစားသုံးလေ့ရှိကြသည်။ထို့အပြင်မုန့်ဟင်းခါးသည် အာဟာရအားဖြင့် ပရိုတင်း ၊
ကာဗိုဟိုက်ဒရိုတ် နှင့် ဓာတ်ဆားများပါဝင်ပြီး ချက်ပုံချက်နည်းရိုးရှင်းလွယ်ကူသည့်အပြင် စရိတ်ပါ
သက်သာသောကြောင့် မြန်မာလူမျိုးတိုင်း နှစ်သက်သော အစားအစာ လည်းဖြစ်သည်။
သမိုင်းကြောင်း
ရှေးမြန်မာ့သမိုင်းတစ်လျောက်တွင် မုန့်ဟင်းခါးနှင့်ပတ်သတ်၍ ကျောက်စာ ၊ ပေစာများဖြင့်
မှတ်တမ်းတင်ခဲ့ခြင်းမရှိသဖြင့်မုန့်ဟင်းခါး ပေါ်ပေါက်ရာ ဇာတိ နှင့် ခေတ်ကာလအား သိရှိရန်
များစွာခက်ခဲလှသည်။မုန့်ဟင်းခါးအား အစောဆုံး အထောက်အထားဖြင့် တွေ့ရှိရသည့်နေရာမှာ ကုန်းဘောင်ခေတ် စာဆိုဦးပုည၏ လင်္ကာများ အနက်မှ တစ်ခုတွင် ဖြစ်ပြီး "မုန့်ဟင်း"ဟု သုံးနှုန်းခဲ့သည်။ကုန်းဘောင်ခေတ် ဒုတိယပိုင်း၌ ဘကြီးတော်ဘုရား လက်ထက်နှင့်
ကုန်းဘောင်ရွှေဘိုမင်း လက်ထက်တွင်ပေါ်ပေါက်သော ကဗျာစာဆိုတစ်ဦးဖြစ်သည့် ဖိုးသူတော်ဦးမင်းက
ခေတ်ပြိုင်စာဆို လူဦးမင်း(စာဆိုတော်ဦးမင်း) နှင့် မုန့်ဟင်းခါးအကြောင်း အပြိုင်စပ်ဆိုရာတွင်
"မုန့်တီ" ဟုသုံးနှုန်းခဲ့သည်။
ယခုအခါတွင် မုန့်ဟင်းခါးကို "မုန့်တီ" ဟု ပြောဆိုသောသူသည် အနည်းငယ်သာရှိတော့သည်။
ဤသို့ဆိုလျှင် "မုန့်တီ"သည် မုန့်ဟင်းခါးကို ဆိုလိုပြီး ရခိုင်မုန့်တီ သည်ကား ရခိုင်လူမျိုးများ၏
ရှေးရိုးရာအစားအစာ အာပူလျှာပူနှင့် ရိုးရိုးရခိုင်မုန့်တီ ၊ ရခိုင်မုန့်တီသုပ် အစရှိသည်တို့ကိုဆိုလိုပေမည်။
ယနေ့တိုင် အချို့ဒေသများတွင်မုန့်ဟင်းခါးအား
"မုန့်" "မုန့်ဟင်း" အစရှိသဖြင့် ခေါ်ဝေါ်လျှက်ရှိဆဲ ဖြစ်သောကြောင့် ကုန်းဘောင်ခေတ်တွင်
မုန့်ဟင်းခါးပေါ်ပေါက်ပြီး ဖြစ်သည်ဟု ယူဆကြသည်။တဖန် ပျူမြို့ဟောင်းများ တူးဖေါ်ရာတွင်
ဆန်မှုန့်နှင့်အချဉ်ဖေါက်ပြုလုပ်သော ကိရိယာအများအပြား တူးဖေါ်ရရှိခဲ့သောကြောင့် ထမင်းအစားထိုး ၊
ဆန်ဖြင့်ပြုလုပ်သည့် မုန့်နှင့် မုန့်ဟင်းခါးပေါ်ပေါက်နေခဲ့နိုင်ကြောင်း ကောက်ချက်ဆွဲကြသည်။
ထို့အပြင် မုန့်ဟင်းခါး သမိုင်းကို စနစ်တကျ သုတေသနပြုရန် ကြိုးစားခဲ့သော ဒေါက်တာ ခင်မောင်ညွန့်၏
အဆိုအရ၊ မုန့်ဟင်းခါးချက်နည်းသည် ရှေးနန်းတွင်း ဟင်းချက်နည်းမျိုးစုံစာရင်းတွင် ရှာမတွေ့ ခဲ့ခြင်းကြောင့်
သာမာန်အရပ်သား လူအများတို့ ၏အစားအစာသာ ဖြစ်နိုင်ကြောင်း။ထို့ကြောင့်ပင် မည်သူတစ်ဦးတစ်ယောက်မျှ အရေးတယူ မှတ်တမ်း မတင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။
ယျေဘူယျအသုံးပြုသောပစ္စည်းများ
မုန့်ဖတ်
ငါးအဖြစ် (ငါးခူ၊ ငါးကျည်း၊ ငါးကြင်း၊ ငါးသလောက်၊ ငါးရှဉ့်)အပြင် အခြားသောငါးများ လည်းအသုံးပြုလေ့ရှိသည်။
ငါးနှစ်မျိုး သို့မဟုတ် သုံးမျိုးစပ် အသုံးပြုခြင်းသည် ငါးတစ်မျိုးတည်း အသုံးပြုခြင်း ထက် ပိုကောင်းသည် ဟုဆိုသည်။
ငါးရှားပါးသော ဒေသများတွင် ကြက်သား၊ အမဲသား နှင့် ငါးသေတ္တာဗူးတို့ကို အသုံးပြုလေ့ရှိသည်။
ဆီ
ငံပြာရည်
အချိုမှုန့်
ဆား
နနွင်းမှုန့်
ငှက်ပျောအူ
ဆန်လှော်မှုန့်
ကြက်သွန်နီ
ကြက်သွန်ဖြူ
ပဲမှုန့်
ချင်း
ငရုတ်ကောင်း
စပါးလင်
အသုံးပြုသော ပစ္စည်းအမျိုးအစားများမှာ ချက်လုပ်နည်းအပေါ်တွင်လည်ကောင်း ၊ ဒေသအလိုက်
ရရှိနိုင်မှုပေါ်တွင်လည်ကောင်း မူတည်၍ ကွဲပြားလေ့ရှိသည်။
တွဲဖက်စားသုံးလေ့ရှိသောပစ္စည်းများ
အကြော်မျိုးစုံ(ပဲကြော်၊ ဘူးသီးကြော်၊ ငါးဖယ်ကြော်၊ ကြက်သွန်ကြော်၊ မန္တလေးပဲကြော်)
နံနံပင်
ရှောက်သီး၊ သံပုရာသီး
ပဲသီး
ခရမ်းချဉ်သီး
ငရုတ်သီးအလှော်မှုန့်
ကြက်သွန်မြိတ်
ကြက်ဥ၊ အိုးဘဲဥ
ပဲသွေး
ငါးသလောက်ဥ
အီကြာကွေး
ဒေသအလိုက်မုန့်ဟင်းခါး
မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ချက်လုပ်နည်းနှင့် အသုံးပြုသော ပစ္စည်းများကွဲပြားမှုကြောင့် အရသာနှင့်
အပြင်အဆင်လည်း အမျိုးမျိုး ကွဲပြားကြသည်။အကြမ်းဖျင်းအားဖြင့် ရန်ကုန်နှင့်
ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသဟန် မုန့်ဟင်းခါးများမှာ လူကြိုက်အများဆုံး ဖြစ်သည်။
ရန်ကုန်မုန့်ဟင်းခါး
မော်လမြိုင်မုန့်ဟင်းခါး ခေါ် (မုန့်ဟင်းခါးအစို)
မြောင်းမြမုန့်ဟင်းခါး
ပုသိမ်မုန့်ဟင်းခါး
ဘိုကလေးမုန့်ဟင်းခါး
ဟင်္သာတမုန့်ဟင်းခါး
ဖျာပုံမုန့်ဟင်းခါး
အင်းလေးမုန့်ဟင်းခါး
တောင်ငူမုန့်ဟင်းခါး
ကရင်မုန့်ဟင်းခါး
ရခိုင်မုန့်ဟင်းခါး ခေါ် (အာပူလျှာပူ)
ထားဝယ်မုန့်ဟင်းခါး
တပင်တိုင်မုန့်ဟင်းခါး
မုန့်ဟင်းခါးယဉ်ကျေးမှု
မုန့်ဟင်းခါးသည် မြန်မာ့လူ့အဖွဲ့ အစည်းအတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ဖြစ်သော အစားအစာ ဖြစ်သည့် အားလျော်စွာ
နေရာ ၊ ဒေသ ၊ အချိန်အခါမရွေး ရနိုင်သော အစားအစာ ဖြစ်သည်။နာမည်ကျော် ဆိုင်ကြီး ၊ ကနားကြီး များတွင်သာမက
လမ်ဘေး ပလက်ဖေါင်းပေါ်ရှိ ဆိုင်ငယ် များတွင်လည်းကောင်း ၊ ဆိုင်းထမ်း ၊ ခေါင်းရွက်ဗျတ်ထိုး ၊ လက်တွန်းလှည်း ၊
ဆိုက်ကား များဖြင့် လှည့်လည်ရောင်းချသူများ ထံတွင်လည်ကောင်း ဝယ်ယူရရှိနိုင်သည်။
မြို့ကြီးအချို့ရှိ ကားဂိတ် ၊ သင်္ဘောဆိပ် ၊ ဘူတာရုံ အစရှိသည့် လူစည်ကားရာအရပ်များတွင်
၂၄နာရီပတ်လုံး ရောင်းချသည့်ဆိုင်များ ရှိလေ့ ရှိသည်။
ထို့အပြင်မုန့်ဟင်းခါးသည် လူမျိုး ၊ ဘာသာမရွေး စားသုံးနိုင်ခြင်းကြောင့် အလှူမင်္ဂလာ ၊ ဆွမ်းကျွေး ကဲ့သို့
သာရေး များမှ အသုဘ ၊ နာရေး အထိ မပါမဖြစ်သော အစားအစာ ဖြစ်သည်။ယခုအခါတွင် မုန့်ဟင်းခါးသည်
မြန်မာလူမျိုးများ သွားရောက် အလုပ်လုပ်ကိုင် ၊ အခြေချရာ စင်္ကာပူ ၊ ထိုင်း ၊ မလေးရှား ၊ ဂျပန် ၊ ကိုရီးယား ၊
ဗြိတိန် ၊ အမေရိကန် နှင့် အခြားကမ္ဘာ့ နိုင်ငံအများအပြားသို့ မြန်မာများနှင့်အတူ ပျံနှံ့ရောက်ရှိပြီး
လူကြိုက်မျးာလာခဲ့သည်။ထို့ကြောင့် ပြည်ပဈေးကွက် အတွက် အထူးရည်ရွယ် ထုတ်လုပ်လာသော
အသင့်ချက်ပြုတ်နိုင်သည့် မုန့်ဟင်းခါးခြောက်ထုပ်များလည်း ပေါ်ပေါက်လာခဲ့သည်။
ဤဆောင်းပါးကို သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ၏မှတ်စုတိုများထဲမှ ကောက်နှုတ်ရေးသားထားပါသည်။
Zawgyi
ျမန္မာ့႐ိုးရာ အစားအစာတစ္မ်ိဳးျဖစ္ေသာ မုန႔္ဟင္းခါးသည္ အခ်ဥ္ေဖါက္ ျပဳလုပ္သည့္ ဆန္ေခါက္ဆြဲဖတ္
(မုန႔္ဖတ္) ေလးမ်ားႏွင့္ ငါးျဖင့္အဓိက ခ်က္လုပ္ေသာ ဟင္းခါးရည္ တို႔ကို အတူတြဲဖက္ စားသုံးရသည့္
သားေရစာတစ္မ်ိဳးျဖစ္သည္။မုန႔္ဟင္းခါးအား ျမန္မာႏိုင္ငံ၏ အမ်ိဳးသားစားဖြယ္အျဖစ္ အခ်ိဳ႕က ယူဆၾကသည္။
ျမန္မာႏိုင္ငံ တစ္ဝန္းရွိ ၿမိဳ႕၊ ႐ြာတိုင္း တြင္ မုန႔္ဟင္းခါး ေရာင္းခ်ၾကၿပီး နံနက္စာ မွ ေန႔လယ္ ေန႔ခင္း အစာေျပ အျပင္
ညလည္စာ အျဖစ္ပါ ႏွစ္ၿခိဳက္စြာ စားသုံးေလ့ရွိၾကသည္။ထို႔အျပင္မုန႔္ဟင္းခါးသည္ အာဟာရအားျဖင့္ ပ႐ိုတင္း ၊
ကာဗိုဟိုက္ဒ႐ိုတ္ ႏွင့္ ဓာတ္ဆားမ်ားပါဝင္ၿပီး ခ်က္ပုံခ်က္နည္း႐ိုးရွင္းလြယ္ကူသည့္အျပင္ စရိတ္ပါ သက္သာေသာေၾကာင့္
ျမန္မာလူမ်ိဳးတိုင္း ႏွစ္သက္ေသာ အစားအစာ လည္းျဖစ္သည္။
သမိုင္းေၾကာင္း
ေရွးျမန္မာ့သမိုင္းတစ္ေလ်ာက္တြင္ မုန႔္ဟင္းခါးႏွင့္ပတ္သတ္၍ ေက်ာက္စာ ၊ ေပစာမ်ားျဖင့္ မွတ္တမ္းတင္ခဲ့ျခင္း
မရွိသျဖင့္မုန႔္ဟင္းခါး ေပၚေပါက္ရာ ဇာတိ ႏွင့္ ေခတ္ကာလအား သိရွိရန္ မ်ားစြာခက္ခဲလွသည္။မုန႔္ဟင္းခါးအား
အေစာဆုံး အေထာက္အထားျဖင့္ ေတြ႕ရွိရသည့္ေနရာမွာ ကုန္းေဘာင္ေခတ္ စာဆိုဦးပုည၏ လကၤာမ်ား အနက္မွ
တစ္ခုတြင္ ျဖစ္ၿပီး "မုန႔္ဟင္း"ဟု သုံးႏႈန္းခဲ့သည္။ကုန္းေဘာင္ေခတ္ ဒုတိယပိုင္း၌ ဘႀကီးေတာ္ဘုရား လက္ထက္ႏွင့္
ကုန္းေဘာင္ေ႐ႊဘိုမင္း လက္ထက္တြင္ေပၚေပါက္ေသာ ကဗ်ာစာဆိုတစ္ဦးျဖစ္သည့္ ဖိုးသူေတာ္ဦးမင္းက ေခတ္ၿပိဳင္စာဆို
လူဦးမင္း(စာဆိုေတာ္ဦးမင္း) ႏွင့္ မုန႔္ဟင္းခါးအေၾကာင္း အၿပိဳင္စပ္ဆိုရာတြင္ "မုန႔္တီ" ဟုသုံးႏႈန္းခဲ့သည္။
ယခုအခါတြင္ မုန႔္ဟင္းခါးကို "မုန႔္တီ" ဟု ေျပာဆိုေသာသူသည္ အနည္းငယ္သာရွိေတာ့သည္။ဤသို႔ဆိုလွ်င္ "မုန႔္တီ"သည္
မုန႔္ဟင္းခါးကို ဆိုလိုၿပီး ရခိုင္မုန႔္တီ သည္ကား ရခိုင္လူမ်ိဳးမ်ား၏ ေရွး႐ိုးရာအစားအစာ အာပူလွ်ာပူႏွင့္
႐ိုး႐ိုးရခိုင္မုန႔္တီ ၊ ရခိုင္မုန႔္တီသုပ္ အစရွိသည္တို႔ကိုဆိုလိုေပမည္။ယေန႔တိုင္ အခ်ိဳ႕ေဒသမ်ားတြင္မုန႔္ဟင္းခါးအား
"မုန႔္" "မုန႔္ဟင္း" အစရွိသျဖင့္ ေခၚေဝၚလွ်က္ရွိဆဲ ျဖစ္ေသာေၾကာင့္ ကုန္းေဘာင္ေခတ္တြင္
မုန႔္ဟင္းခါးေပၚေပါက္ၿပီး ျဖစ္သည္ဟု ယူဆၾကသည္။တဖန္ ပ်ဴၿမိဳ႕ေဟာင္းမ်ား တူးေဖၚရာတြင္ ဆန္မႈန႔္ႏွင့္
အခ်ဥ္ေဖါက္ျပဳလုပ္ေသာ ကိရိယာအမ်ားအျပား တူးေဖၚရရွိခဲ့ေသာေၾကာင့္ ထမင္းအစားထိုး ၊ ဆန္ျဖင့္ျပဳလုပ္သည့္
မုန႔္ႏွင့္ မုန႔္ဟင္းခါးေပၚေပါက္ေနခဲ့ႏိုင္ေၾကာင္း ေကာက္ခ်က္ဆြဲၾကသည္။ထို႔အျပင္ မုန႔္ဟင္းခါး သမိုင္းကို
စနစ္တက် သုေတသနျပဳရန္ ႀကိဳးစားခဲ့ေသာ ေဒါက္တာ ခင္ေမာင္ၫြန႔္၏ အဆိုအရ၊ မုန႔္ဟင္းခါးခ်က္နည္းသည္
ေရွးနန္းတြင္း ဟင္းခ်က္နည္းမ်ိဳးစုံစာရင္းတြင္ ရွာမေတြ႕ ခဲ့ျခင္းေၾကာင့္ သာမာန္အရပ္သား လူအမ်ားတို႔ ၏အစားအစာသာ
ျဖစ္ႏိုင္ေၾကာင္း။ထို႔ေၾကာင့္ပင္ မည္သူတစ္ဦး တစ္ေယာက္မွ် အေရးတယူ မွတ္တမ္း မတင္ခဲ့ျခင္း ျဖစ္ႏိုင္ေၾကာင္း ဆိုသည္။
ေယ်ဘူယ်အသုံးျပဳေသာပစၥည္းမ်ား
မုန႔္ဖတ္
ငါးအျဖစ္ (ငါးခူ၊ ငါးက်ည္း၊ ငါးၾကင္း၊ ငါးသေလာက္၊ ငါးရွဥ့္)အျပင္ အျခားေသာငါးမ်ား လည္းအသုံးျပဳေလ့ရွိသည္။
ငါးႏွစ္မ်ိဳး သို႔မဟုတ္ သုံးမ်ိဳးစပ္ အသုံးျပဳျခင္းသည္ ငါးတစ္မ်ိဳးတည္း အသုံးျပဳျခင္း ထက္ ပိုေကာင္းသည္ ဟုဆိုသည္။
ငါးရွားပါးေသာ ေဒသမ်ားတြင္ ၾကက္သား၊ အမဲသား ႏွင့္ ငါးေသတၱာဗူး တို႔ကို အသုံးျပဳေလ့ရွိသည္။
ဆီ
ငံျပာရည္
အခ်ိဳမႈန႔္
ဆား
နႏြင္းမႈန႔္
ငွက္ေပ်ာအူ
ဆန္ေလွာ္မႈန႔္
ၾကက္သြန္နီ
ၾကက္သြန္ျဖဴ
ပဲမႈန႔္
ခ်င္း
င႐ုတ္ေကာင္း
စပါးလင္
အသုံးျပဳေသာ ပစၥည္းအမ်ိဳးအစားမ်ားမွာ ခ်က္လုပ္နည္းအေပၚတြင္လည္ေကာင္း ၊ ေဒသအလိုက္ ရရွိႏိုင္မႈေပၚတြင္
လည္ေကာင္း မူတည္၍ ကြဲျပားေလ့ရွိသည္။
တြဲဖက္စားသုံးေလ့ရွိေသာပစၥည္းမ်ား
အေၾကာ္မ်ိဳးစုံ(ပဲေၾကာ္၊ ဘူးသီးေၾကာ္၊ ငါးဖယ္ေၾကာ္၊ ၾကက္သြန္ေၾကာ္၊ မႏၲေလးပဲေၾကာ္)
နံနံပင္
ေရွာက္သီး၊ သံပုရာသီး
ပဲသီး
ခရမ္းခ်ဥ္သီး
င႐ုတ္သီးအေလွာ္မႈန႔္
ၾကက္သြန္ၿမိတ္
ၾကက္ဥ၊ အိုးဘဲဥ
ပဲေသြး
ငါးသေလာက္ဥ
အီၾကာေကြး
ေဒသအလိုက္မုန႔္ဟင္းခါး
ျမန္မာႏိုင္ငံ ေဒသအသီးသီးတြင္ ခ်က္လုပ္နည္းႏွင့္ အသုံးျပဳေသာ ပစၥည္းမ်ားကြဲျပားမႈေၾကာင့္ အရသာႏွင့္
အျပင္အဆင္လည္း အမ်ိဳးမ်ိဳး ကြဲျပားၾကသည္။အၾကမ္းဖ်င္းအားျဖင့္ ရန္ကုန္ႏွင့္ ဧရာဝတီျမစ္ဝကြၽန္းေပၚ ေဒသဟန္
မုန႔္ဟင္းခါးမ်ားမွာ လူႀကိဳက္အမ်ားဆုံး ျဖစ္သည္။
ရန္ကုန္မုန႔္ဟင္းခါး
ေမာ္လၿမိဳင္မုန႔္ဟင္းခါး ေခၚ (မုန႔္ဟင္းခါးအစို)
ေျမာင္းျမမုန႔္ဟင္းခါး
ပုသိမ္မုန႔္ဟင္းခါး
ဘိုကေလးမုန႔္ဟင္းခါး
ဟသၤာတမုန႔္ဟင္းခါး
ဖ်ာပုံမုန႔္ဟင္းခါး
အင္းေလးမုန႔္ဟင္းခါး
ေတာင္ငူမုန႔္ဟင္းခါး
ကရင္မုန႔္ဟင္းခါး
ရခိုင္မုန႔္ဟင္းခါး ေခၚ (အာပူလွ်ာပူ)
ထားဝယ္မုန႔္ဟင္းခါး
တပင္တိုင္မုန႔္ဟင္းခါး
မုန႔္ဟင္းခါးယဥ္ေက်းမႈ
မုန႔္ဟင္းခါးသည္ ျမန္မာ့လူ႔အဖြဲ႕အစည္းအတြင္းတြင္ နက္ရႈိင္းစြာ အျမစ္တြယ္ေနၿပီးျဖစ္ေသာ အစားအစာျဖစ္သည့္အားေလ်ာ္စြာ
ေနရာ ၊ ေဒသ ၊ အခ်ိန္အခါမေ႐ြး ရႏိုင္ေသာ အစားအစာ ျဖစ္သည္။နာမည္ေက်ာ္ ဆိုင္ႀကီး ၊ ကနားႀကီး မ်ားတြင္ သာမက
လမ္ေဘး ပလက္ေဖါင္းေပၚရွိ ဆိုင္ငယ္ မ်ားတြင္လည္းေကာင္း ၊ ဆိုင္းထမ္း ၊ ေခါင္း႐ြက္ဗ်တ္ထိုး ၊ လက္တြန္းလွည္း ၊
ဆိုက္ကား မ်ားျဖင့္ လွည့္လည္ေရာင္းခ်သူမ်ား ထံတြင္လည္ေကာင္း ဝယ္ယူရရွိႏိုင္သည္။ၿမိဳ႕ႀကီးအခ်ိဳ႕ရွိ ကားဂိတ္ ၊
သေဘၤာဆိပ္ ၊ ဘူတာ႐ုံ အစရွိသည့္ လူစည္ကားရာအရပ္မ်ားတြင္ ၂၄နာရီပတ္လုံး ေရာင္းခ်သည့္ဆိုင္မ်ား ရွိေလ့ ရွိသည္။
ထို႔အျပင္မုန႔္ဟင္းခါးသည္ လူမ်ိဳး ၊ ဘာသာမေ႐ြး စားသုံးႏိုင္ျခင္းေၾကာင့္ အလႉမဂၤလာ ၊ ဆြမ္းေကြၽး ကဲ့သို႔
သာေရး မ်ားမွ အသုဘ ၊ နာေရး အထိ မပါမျဖစ္ေသာ အစားအစာ ျဖစ္သည္။ယခုအခါတြင္ မုန႔္ဟင္းခါးသည္ ျမန္မာလူမ်ိဳးမ်ား
သြားေရာက္ အလုပ္လုပ္ကိုင္ ၊ အေျခခ်ရာ စကၤာပူ ၊ ထိုင္း ၊ မေလးရွား ၊ ဂ်ပန္ ၊ ကိုရီးယား ၊ ၿဗိတိန္ ၊ အေမရိကန္ ႏွင့္
အျခားကမာၻ႔ ႏိုင္ငံအမ်ားအျပားသို႔ ျမန္မာမ်ားႏွင့္အတူ ပ်ံႏွံ႔ ေရာက္ရွိၿပီး လူႀကိဳက္မ်ားလာခဲ့သည္။ထို႔ေၾကာင့္
ျပည္ပေဈးကြက္အတြက္ အထူးရည္႐ြယ္ ထုတ္လုပ္လာေသာ အသင့္ခ်က္ျပဳတ္ႏိုင္သည့္
မုန႔္ဟင္းခါးေျခာက္ထုပ္မ်ားလည္း ေပၚေပါက္လာခဲ့သည္။
ဤေဆာင္းပါးကို သင္ဆရာ ၊ ျမင္ဆရာ ၊ ၾကားဆရာ မ်ား၏မွတ္စုတိုမ်ားထဲမွ ေကာက္ႏႈတ္ေရးသားထားပါသည္။
No comments:
Post a Comment