Translate

Sunday, June 23, 2019

အိမ်ထောင်သည်အမျိုးသမီးတွေအတွက် စကားလက်ဆောင်

Unicode

အားလုံးပဲ မင်္ဂလာပါ။
All About Yadanar Blog မှ ကြိုဆိုလိုက်ပါတယ်ရှင်။
အိမ်ထောင်သည်အမျိုးသမီးတွေအတွက် ဒါမှမဟုတ် အိမ်ထောင်ပြုတော့မယ့်အမျိုးသမီးတွေအတွက်
အထူးသဖြင့် မြန်မာနိုင်ငံမှ အမျိုးသမီးတွေကို ရည်ရွယ်ပြီးတော့ ပြောချင်တာလေးရှိပါတယ်။
အဲ့ဒါကတော့ အိမ်ထောင်မကျခင်မှာ ကိုယ်ဟာအလုပ်ရှိတယ်။
မိဘကိုထောက်ပံ့တာသော်လည်းကောင်း ၊ မိဘမရှိလို့ ကိုယ်လုပ်မှကိုယ်စားရတဲ့ဘဝသော်လည်းကောင်း ၊
ဒါမှမဟုတ် အိမ်ကအဆင်ပြေသော်လည်း ကိုယ့်အလုပ်နဲ့ကိုယ် ကိုယ့်အားကိုယ်ကိုးတဲ့သူတွေ
အနည်းနဲ့အများရှိကြမှာပါ။သို့သော် အိမ်ထောင်ကျပြီးချိန်မှာ အိမ်မှုကိစ္စတွေမနိုင်လို့ ၊ မိသားစုကို အချိန်ပြည့်
ကရုစိုက်ချင်လို့စတဲ့ အတွေးအမျိုးမျိုးကြောင့် အလုပ်မှထွက်တတ်ကြပါတယ်။
ပြောချင်တာက အဲ့ဒါပါ။အလုပ်လုပ်နေရင်းလဲ မိသားစုကို အချိန်ပေးလို့ရပါတယ်။နည်းနည်းတော့ပင်ပမ်းမှာပေါ့။
အမျိုးသားရော ၊ အမျိုးသမီးရော နှစ်ယောက်လုံး အလုပ်ရှိတော့ ပိုပြီးချောင်လည်တာပေါ့။
ပိုပြီး စုဖြစ်တာပေါ့။အိမ်မှုကိစ္စမနိုင်ရင် နှစ်ယောက်လုံး ဖေးဖေးမမနဲ့ လုပ်ကြရမှာပါ။
ကျွန်မတို့ မြန်မာတွေ ခေါင်းထဲမှာ စွဲနေတဲ့ ၊ ခေါင်းထဲကို ရိုက်သွင်းခံထားရတဲ့ အချက်ရှိပါတယ်။
အဲ့ဒါက ဘာလဲဆိုတော့ အိမ်ထောင်ကျပြီးရင် အမျိုးသားက အလုပ်လုပ်ပြီး ပိုက်ဆံရှာ ၊
အမျိုးသမီးက အိမ်မှာပဲနေပြီး တစ်အိမ်လုံးရဲ့ ဝေယျာဝေစ္ဆအားလုံးကိုလုပ်ရတယ်ဆိုတဲ့အချက်ပါ။
တကယ်လို့ သင်ဟာ ယောက္ခမအိမ်ကိုလိုက်နေတဲ့သူဆိုရင်တော့ ယောက္ခမအိမ်ကကိစ္စတွေကိုပါ
လိုက်လုပ်ပေးနေရဦးမှာပါ။
ဒါတွေအားလုံးသည် ဟိုးအရင်ထဲက ခေါက်ရိုးကျိုးလာတဲ့အသိတွေကြောင့်ဖြစ်ပါတယ်။
အမျိုးသားတွေဟာလဲ ငါအပြင်မှာ ပိုက်ဆံရှာပေးနေတာပဲ အိမ်ကအလုပ်တွေလုပ်ပေးနေစရာမလိုပါဖူး ဆိုတဲ့အတွေးတွေ
အနည်းနဲ့ အများ ရှိတတ်ကြတယ်။ဒါတွေကို ကျွန်မကတော့ လက်မခံချင်ဖူး။
အိမ်ထောင်ကျပြီးသွားလဲ အလုပ်ဆက်လုပ်မယ်ဆိုရင် ကိုယ်ရတဲ့ဝင်ငွေလေးနဲ့ ကိုယ့်မိဘကိုလဲ ပြန်ထောက်ပံ့နိုင်မယ်။
အပိုငွေလဲစုထားနိုင်မယ်။အိမ်မှုကိစ္စမနိုင်ရင်လဲ အမျိုးသားနဲ့ညှိပြီး နားလည်မှုယူပြီး မျှလုပ်ကြမယ်။
ဘာဖြစ်လို့လည်းဆိုတော့ တကယ်လို့ အကြောင်းအမျိုးကြောင့် ကိုယ့်အိမ်ထောင်ပြိုကွဲသွားခဲ့မယ်ဆိုရင် ၊
ကိုယ့်အိမ်ထောင်ဘက် ဆုံးသွားခဲ့မယ် ၊ ကျန်းမာရေးချို့တဲ့သွားခဲ့မယ်ဆိုရင် ကိုယ်ကလုပ်မလုပ်တာကြာပြီ ၊
လုပ်ငန်းခွင်အတွေ့အကြုံတွေနဲ့ အလှမ်းဝေးနေပြီဆိုတော့ နောက်အလုပ်ရဖို့ ခက်ခဲမယ့် အခြေအနေမှာရှိပါတယ်။
ဒီအခြေအနေတွေကို ကြိုပြီးတော့ တွေးထားရမှာပါ။ဒါတွေက ကိုယ့်အိမ်ထောင်ဘက်ကို မယုံဖို့
ပြောနေတာမဟုတ်ပါဖူး။ကိုယ့်ကံကြမ္မာကို အရမ်းမယုံကြဖို့ပါ။
ကျွန်မနေတဲ့ ပတ်ဝန်းကျင်မှာ ဒီလိုအဖြစ်အပျက်တွေအများကြီးကြုံနေကြလို့ပါ။

အကြောင်းတစ်ခုခုကြောင့် အိမ်ထောင်ရေးပြိုကွဲသွားခဲ့မယ်။
ကိုယ်ကလဲ အလုပ်မရှိဖူး။ပြင်ပလောကနဲ့လဲ အဆက်အသွယ်ပြတ်နေတာကြာပြီ။
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေပြီ။ဘဝကို အစကပြန်စရတော့မယ်။
အဲ့အချိန်ကျမှ သင်တန်းပြန်တက် ၊ အလုပ်ပြန်လုပ်ရင်း
ကုမ္ပဏီပိုင်ရှင်သူဌေးနဲ့ကြိုက်ပြီး အိမ်ထောင်ထပ်ကျ ၊ ဘဝကို ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြတာ
ကိုရီးယားဇာတ်လမ်းတွဲထဲမှာပဲရှိတာပါ။
တကယ့်အပြင်လောကမှာတော့ ငွေမရှိရင် သူစိမ်းမပြောနဲ့ ဆွေမျိုးတွေကတောင် အဖက်လုပ်မှာမဟုတ်ပါဖူး။
အဲ့ဒီအချိန်ကျမှ ဘဝကခါးလိုက်တာတွေဘာတွေ ညည်းနေလို့မရပါဖူး။
ဒါ့ကြောင့် မြန်မာအမျိုးသမီးတွေအနေနဲ့ အိမ်ထောင်ကျပြီးရင်တောင် အလုပ်ဆက်လုပ်ဖို့ ၊
ဒါမှမဟုတ် မိသားစု ကိုယ်ပိုင်စီးပွားရေးသေးသေးလေးတစ်ခုလောက်ဖြစ်ဖြစ် စလုပ်ဖို့ အကြံပေးချင်ပါတယ်။

အားလုံးကို အဆင်ပြေ စိတ်ချမ်းသာတာပဲ မြင်ချင် ၊ ကြားချင်တဲ့ ရတနာ  ^_^


Zawgyi

အိမ္ေထာင္သည္အမ်ုိးသမီးေတြအတြက္ စကားလက္ေဆာင္

အားလုံးပဲ မဂၤလာပါ။
All About Yadanar Blog မွ ႀကိဳဆိုလိုက္ပါတယ္ရွင္။
အိမ္ေထာင္သည္အမ်ိဳးသမီးေတြအတြက္ ဒါမွမဟုတ္ အိမ္ေထာင္ျပဳေတာ့မယ့္အမ်ိဳးသမီးေတြအတြက္
အထူးသျဖင့္ ျမန္မာႏိုင္ငံမွ အမ်ိဳးသမီးေတြကို ရည္႐ြယ္ၿပီးေတာ့ ေျပာခ်င္တာေလးရွိပါတယ္။
အဲ့ဒါကေတာ့ အိမ္ေထာင္မက်ခင္မွာ ကိုယ္ဟာအလုပ္ရွိတယ္။
မိဘကိုေထာက္ပံ့တာေသာ္လည္းေကာင္း ၊ မိဘမရွိလို႔ ကိုယ္လုပ္မွကိုယ္စားရတဲ့ဘဝေသာ္လည္းေကာင္း ၊
ဒါမွမဟုတ္ အိမ္ကအဆင္ေျပေသာ္လည္း ကိုယ့္အလုပ္နဲ႔ကိုယ္ ကိုယ့္အားကိုယ္ကိုးတဲ့သူေတြ
အနည္းနဲ႔အမ်ားရွိၾကမွာပါ။သို႔ေသာ္ အိမ္ေထာင္က်ၿပီးခ်ိန္မွာ အိမ္မႈကိစၥေတြမႏိုင္လို႔ ၊ မိသားစုကို အခ်ိန္ျပည့္ က႐ုစိုက္ခ်င္လို႔
စတဲ့ အေတြးအမ်ိဳးမ်ိဳးေၾကာင့္ အလုပ္မွထြက္တတ္ၾကပါတယ္။
ေျပာခ်င္တာက အဲ့ဒါပါ။အလုပ္လုပ္ေနရင္းလဲ မိသားစုကို အခ်ိန္ေပးလို႔ရပါတယ္။နည္းနည္းေတာ့ပင္ပမ္းမွာေပါ့။
အမ်ိဳးသားေရာ ၊ အမ်ိဳးသမီးေရာ ႏွစ္ေယာက္လုံး အလုပ္ရွိေတာ့ ပိုၿပီးေခ်ာင္လည္တာေပါ့။
ပိုၿပီး စုျဖစ္တာေပါ့။အိမ္မႈကိစၥမႏိုင္ရင္ ႏွစ္ေယာက္လုံး ေဖးေဖးမမနဲ႔ လုပ္ၾကရမွာပါ။
ကြၽန္မတို႔ ျမန္မာေတြ ေခါင္းထဲမွာ စြဲေနတဲ့ ၊ ေခါင္းထဲကို ႐ိုက္သြင္းခံထားရတဲ့ အခ်က္ရွိပါတယ္။
အဲ့ဒါက ဘာလဲဆိုေတာ့ အိမ္ေထာင္က်ၿပီးရင္ အမ်ိဳးသားက အလုပ္လုပ္ၿပီး ပိုက္ဆံရွာ ၊
အမ်ိဳးသမီးက အိမ္မွာပဲေနၿပီး တစ္အိမ္လုံးရဲ႕ ေဝယ်ာေဝစၦအားလုံးကိုလုပ္ရတယ္ဆိုတဲ့အခ်က္ပါ။
တကယ္လို႔ သင္ဟာ ေယာကၡမအိမ္ကိုလိုက္ေနတဲ့သူဆိုရင္ေတာ့ ေယာကၡမအိမ္ကကိစၥေတြကိုပါ လိုက္လုပ္ေပးေနရဦးမွာပါ။
ဒါေတြအားလုံးသည္ ဟိုးအရင္ထဲက ေခါက္႐ိုးက်ိဳးလာတဲ့အသိေတြေၾကာင့္ျဖစ္ပါတယ္။
အမ်ိဳးသားေတြဟာလဲ ငါအျပင္မွာ ပိုက္ဆံရွာေပးေနတာပဲ အိမ္ကအလုပ္ေတြလုပ္ေပးေနစရာမလိုပါဖူး ဆိုတဲ့အေတြးေတြ
အနည္းနဲ႔ အမ်ား ရွိတတ္ၾကတယ္။ဒါေတြကို ကြၽန္မကေတာ့ လက္မခံခ်င္ဖူး။
အိမ္ေထာင္က်ၿပီးသြားလဲ အလုပ္ဆက္လုပ္မယ္ဆိုရင္ ကိုယ္ရတဲ့ဝင္ေငြေလးနဲ႔ ကိုယ့္မိဘကိုလဲ ျပန္ေထာက္ပံ့ႏိုင္မယ္။
အပိုေငြလဲစုထားႏိုင္မယ္။အိမ္မႈကိစၥမႏိုင္ရင္လဲ အမ်ိဳးသားနဲ႔ညႇိၿပီး နားလည္မႈယူၿပီး မွ်လုပ္ၾကမယ္။
ဘာျဖစ္လို႔လည္းဆိုေတာ့ တကယ္လို႔ အေၾကာင္းအမ်ိဳးေၾကာင့္ ကိုယ့္အိမ္ေထာင္ၿပိဳကြဲသြားခဲ့မယ္ဆိုရင္ ၊
ကိုယ့္အိမ္ေထာင္ဘက္ ဆုံးသြားခဲ့မယ္ ၊ က်န္းမာေရးခ်ိဳ႕တဲ့သြားခဲ့မယ္ဆိုရင္ ကိုယ္ကလုပ္မလုပ္တာၾကာၿပီ ၊
လုပ္ငန္းခြင္အေတြ႕အႀကဳံေတြနဲ႔ အလွမ္းေဝးေနၿပီဆိုေတာ့ ေနာက္အလုပ္ရဖို႔ ခက္ခဲမယ့္ အေျခအေနမွာရွိပါတယ္။
ဒီအေျခအေနေတြကို ႀကိဳၿပီးေတာ့ ေတြးထားရမွာပါ။ဒါေတြက ကိုယ့္အိမ္ေထာင္ဘက္ကို မယုံဖို႔ ေျပာေနတာမဟုတ္ပါဖူး။
ကိုယ့္ကံၾကမၼာကို အရမ္းမယုံၾကဖို႔ပါ။ကြၽန္မေနတဲ့ ပတ္ဝန္းက်င္မွာ ဒီလိုအျဖစ္အပ်က္ေတြအမ်ားႀကီးႀကဳံေနၾကလို႔ပါ။

အေၾကာင္းတစ္ခုခုေၾကာင့္ အိမ္ေထာင္ေရးၿပိဳကြဲသြားခဲ့မယ္။
ကိုယ္ကလဲ အလုပ္မရွိဖူး။ျပင္ပေလာကနဲ႔လဲ အဆက္အသြယ္ျပတ္ေနတာၾကာၿပီ။
ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိျဖစ္ေနၿပီ။ဘဝကို အစကျပန္စရေတာ့မယ္။
အဲ့အခ်ိန္က်မွ သင္တန္းျပန္တက္ ၊ အလုပ္ျပန္လုပ္ရင္း
ကုမၸဏီပိုင္ရွင္ သူေဌးနဲ႔ႀကိဳက္ၿပီး အိမ္ေထာင္ထပ္က် ၊ ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္သြားၾကတာ
ကိုရီးယားဇာတ္လမ္းတြဲထဲမွာပဲရွိတာပါ။
တကယ့္အျပင္ေလာကမွာေတာ့ ေငြမရွိရင္ သူစိမ္းမေျပာနဲ႔ ေဆြမ်ိဳးေတြကေတာင္ အဖက္လုပ္မွာမဟုတ္ပါဖူး။
အဲ့ဒီအခ်ိန္က်မွ ဘဝကခါးလိုက္တာေတြဘာေတြ ညည္းေနလို႔မရပါဖူး။
ဒါ့ေၾကာင့္ ျမန္မာအမ်ိဳးသမီးေတြအေနနဲ႔ အိမ္ေထာင္က်ၿပီးရင္ေတာင္ အလုပ္ဆက္လုပ္ဖို႔ ၊
ဒါမွမဟုတ္ မိသားစု ကိုယ္ပိုင္စီးပြားေရးေသးေသးေလးတစ္ခုေလာက္ျဖစ္ျဖစ္ စလုပ္ဖို႔ အႀကံေပးခ်င္ပါတယ္။

အားလုံးကို အဆင္ေျပ စိတ္ခ်မ္းသာတာပဲ ျမင္ခ်င္ ၊ ၾကားခ်င္တဲ့ ရတနာ  ^_^

No comments:

Post a Comment