Translate

Sunday, June 23, 2019

ဆယ့်နှစ်လရာသီပွဲတော်များ

Unicode

မြန်မာနိုင်ငံတွင် ဆယ့်နှစ်လ ဆယ့်နှစ်ရာသီအတွက် အမျိုးသား ပွဲတော်ဆယ့်နှစ်မျိုး ဆယ့်နှစ်စားရှိလေသည်။
ဤကိုရည်၍ ၊ ဘိုးတော်ဘုရားလက်ထက်အခါက အမတ်သရေသင်္ခယာသည် သာဓိနပျို့ အပိုဒ် ၃ဝ တွင်
ဤသို့အကျဉ်းချုပ် ဖွဲ့ဆိုလေသည်။
သြင်္ကန်တာကူး (၁)
နှစ်ဦးညောင်ရေ (၂)
စာပလွေခင်း (၃)
ပဉ္စင်းတော်ခံ (၄)
စာရေးတံ(၅)နှင့်
မြစ်ယံပွဲကြီး (၆)
ဆီမီထွန်းချိန် (၇)
ကထိန် (၈)
နတ်ကျင်း (၉)
မြင်းခင်း (၁ဝ)
ထွက်ဝင်၊ သဘင်မီးဖုံး (၁၁)
ဂူလုံးသဲပုံ (၁၂) စေ့စုံစီလျဉ် ဤသို့ယှဉ်သား၊ လစဉ်စမြဲ ဆဲ့နှစ်ပွဲ။

တန်ခူးလ                 သြင်္ကန်ပွဲတော်
ကဆုန်လ                ညောင်ရေသွန်းပွဲတော်
နယုန်လ                 စာပြန်ပွဲတော်
ဝါဆိုလ                   ပဉ္စင်းခံပွဲ
ဝါခေါင်လ                စာရေးတံပွဲ
တော်သလင်းလ        လှေပြိုင်ပွဲ
သီတင်းကျွတ်လ        မီးထွန်းပွဲ
တန်ဆောင်မုန်းလ      တန်ဆောင်တိုင်ပွဲ (ကထိန်ပွဲ)
နတ်တော်လ             နတ်ပွဲ (စာဆိုတော်ပွဲ)
၁၀ ပြာသိုလ                  မြင်းခင်းပွဲ
၁၁ တပို့တွဲလ                မီးဖုံးယာဂု လှူသောပွဲတော် (ထမနဲပွဲ)
၁၂ တပေါင်းလ              သဲပုံစေတီပွဲ

သြင်္ကန်ပွဲတော်
တန်ခူးလ မိဿရာသီတွင် သြင်္ကန်ပွဲတော်ကို ကျင်းပ သည်။ နှစ်သစ်ကူးပွဲဖြစ်သော ဤပွဲတော်အတွင်း၌
မြန်မာလူမျိုးတို့သည် နံ့သာရည်ဖြင့် တစ်ဦးနှင့်တစ်ဦး သွန်းလောင်းပျော်မြူး လေ့ရှိပုံကို
အင်းဝမြို့ဘွဲ့ ဆဲ့နှစ်ရာသီလူးတားတွင် ဤသို့ဖွဲ့ဆို ထားချက် ရှိလေသည်။
တောင်လေသုတ်ဖြူး၊ လတန်ခူးမူမြူးတူးပျော်ရွှင် ၊ တာသဘင်ဝယ်ဆင်ယင်တုပ ၊ လွရရွတည့်။
ငြိမ့်မျှစောင်းငြင်း ၊ အဲသီချင်းနှင့်ထုံသင်းနံ့သာ ၊ ရေသီတာဝယ်စမ္ပာကရမက် ၊
ပန်းပေါင်းဖက်၍ရွှေခွက်အပြည့် ၊ မွှေးမျိုးထည့်မှလည်လှည့်ဆူလှယ် ၊ တင့်စံပယ်လျက်ပြုံးရယ်ရွှင်အား ၊
စံပျော်ပါးသည်ကစားထုံရည် ဖျန်းထည့်လေ။

ညောင်ရေသွန်းပွဲတော်
ကဆုန်လ ပြိဿရာသီတွင် ညောင်ရေသွန်းပွဲတော်ကို ကျင်းပသည်။ဤပွဲတော်သည်ကား ရေပြတ်၍ ခြောက်သွေ့နေသော
ဘုရားပွင့်ရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းပူဇော်သော ပွဲတော်ဖြစ်လေသည်။ညောင်ရေသွန်းပွဲတော်အကြောင်းကို
ရှေးစာဆိုတို့သည် နှစ်နှစ်သက်သက် ဖွဲ့ဆိုခဲ့ကြသည်။အနောက်ဘက်လွန်မင်းလက်ထက်က မင်းဇေယရန္တမိတ် ဖွဲ့ဆိုပုံမှာကား။
ကဆုန်တွင်လည်းပြာစင်ညက်ဖြူ ၊ ရွှေပြည်သူတို့သင်းမြူကြိုင်စွာ ၊ ရေနံ့သာဝယ်ရင်းမာကွမ်းဘူး ၊ စကားဦးနှင့်
ထွန်းမြူးလျှံမောင်း ၊ မွေတော်ပေါင်းကိုပျံ့လှောင်းကြိုင်ရွှင်း ၊ အဲသီချင်းနှင့်ပြန်တင်းရည်စောင်း ၊
အဆောင်ဆောင်သည်ခါညောင်မသွန်း လှည့်လေလော။ဟူ၍ဖြစ်လေသည်။

စာပြန်ပွဲတော်
နယုန်လ မေထုန်ရာသီတွင် စာပေကျမ်းဂန်သင်ကြား နေကြသော ပုဂ္ဂိုလ်တို့ စာပြန်ရသော စာပြန်ပွဲတော်ကို ကျင်းပသည်။
မင်းတုန်းမင်းလက်ထက်တွင်ကျင်းပသော စာပြန်ပွဲတော်တစ်ခုအကြောင်းကို ကုန်းဘောင်ဆင်မဟာရာဇဝင်တော်ကြီးတွင်
ဤသို့တွေ့ရလေသည်။နယုန်လဆန်း ရှစ်ရက်နေ့ကစ၍ ဝါဆိုလဆန်းရှစ်ရက်နေ့ တိုင် မန္တလေးတောင်၏အနီး ၊
သုဓမ္မာစရပ်တော်နှင့် စန္ဒာ မုနိဘုရားပြင်ယံရှိ စရပ်တော်များတွင် ဝဲယာခွဲ၍ ၊ တံဆိပ် တော်ရ မရ ဆရာတော်သံဃာတော်တို့
ကြပ်မလျက် ပထမကျော်တစ်၊ ပထမကြီးတစ်ကျိပ်ကိုး၊ ပထမလတ် ပထမငယ် စသော အတန်းအဆင့်ရှိသည့်
ပထမစာတော် ပြန်ပဉ္စင်းလောင်းတော် ရှင်လောင်းတော် ဦးရေတစ်ထောင် တို့ တစ်လတိုင်တိုင်
ပထမစာတော်ပြန်ဆိုမြဲပြန်ဆိုကြရသည်။
ပထမစာတော်ပြန်ဆိုသူတို့မှာ ပထမကျော်နှင့် ပထမကြီးများမှာ ပတ္တမြားနားတောင်း ၊ ပတ္တမြားလက်ကောက် ၊ ပုတီး ၊
လက်စွပ် ၊ စလွယ်ဆင်ယင်၍ ၊ ရွှေထီးလေးချက် ဆောင်းမိုး၍ ၊ လူဆွဲရွှေရထားတော်ထက် စီးရ သည်။အဆောင်အရွက်စုံကိုင်
နောက်လိုက်နောက်ပါလူ နှစ်ကျိပ်တို့က ဝတ်ကောင်းဝတ်သန့်နှင့် လိုက်ကြရသည်။ပထမစာတော်ပြန်မည့်သူတို့ကို
ရှေ့တော်သို့သွင်း ဝတ်ဆင်ရန် ရွှေကျင်ခတ်ခေါင်းပေါင်း ၊ လွန်းများ ပုဆိုး ၊ ဖဲပုဆိုး ၊ ပိုးပုဆိုး ၊ အင်္ကျီ ၊ ပုဝါများကို
တစ်ယောက်လျှင်ငါးလဲကျစီ နှင့် မုံ့ဘိုးငွေတစ်ရာကျစီ အောက်ခံထား၍ ၊ အထက်ကိုစာဝါနိမ့်မြင့်အလျှောက်
တိုးတက်ချီးမြှင့်သနားတော်မြတ်ခံ ရသည်။ဤစဉ်အခါ ရွှေမြို့တော်လေးပြင်ရှိ ကျောင်းတိုက်တော်ဟူသမျှက
ပထမစာတော်ပြန် အသီးအသီးထွက်ကြ သောကြောင့် ရွှေထီးရောင် ရွှေရထားရောင်တို့သည် ထိန်ပြောင်ဝင်းလက်၍
တစ်တိုက်နှင့်တစ်တိုက် တရောတရှက်တည်း ရှုမငြီးအောင် ရှိသောဟူ၏။ပထမပြန်စာမေးပွဲ ။

ပဉ္စင်းခံပွဲ
ဝါဆိုလ ကရကဋ်ရာသီတွင် 'နရိန္ဒာလဲ ၊ ညာတောင် နတ်နှင့် ၊ ဖိုလ်မြတ်ကယ်နိဗ္ဗူ ၊ အောင်ဆုယူလို့ ၊ ရှစ်ဖြူရိပ်စံ ၊
ပဉ္စင်းတော်ခံသောအခါ ၊ ရေလျှံတဲ့ဝါဆိုမှာ ၊ ပုန်းညက်ညိုမာလာ မင်းက ၊ သင်းလှတယ်လေး' ဟူသော
ရှေးလွှမ်းချင်းနှင့်အညီ ပဉ္စင်းခံပွဲများကို ကျင်းပလေ့ရှိခဲ့လေသည်။ ဘကြီးတော်မင်းတရား ပဉ္စင်းခံပွဲ ကျင်းပခဲ့သည်ကို
ထိုရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။ဝါဆိုလဆန်းတစ်ဆယ့်ငါးရက်နေ့ ပထမပဉ္စင်းလောင်း တစ်ဆယ် ၊
သာမဏေလောင်းတစ်ဆယ့်နှစ်တို့ကို အတွင်း တော်သို့သွင်းပြီးလျှင် ၊ အရှင်မိဘုရားခေါင်ကြီးနှင့် ရေစက် သွန်းတော်မူ၍
ပဉ္စင်းသာမဏေပြုတော်မူသည်။
ပရိက္ခရာ ရှစ်ပါးနှင့်တကွ ရဟန်းတို့အသုံးအဆောင်နှင့် စပ်သည်ကို လည်း အစေ့အစုံလှူတော်မူသည်။
ထို့ပြင်လည်း သက် တော်စေ့ပဉ္စင်း သာမဏေ သုံးဆဲ့ခုနစ်ပါးပြုတော်မူသည်။

စာရေးတံပွဲ
ဝါခေါင်လ သိဟ်ရာသီတွင် ရဟန်းသံဃာတို့အား ဆွမ်းခဲဘွယ်တို့ကို၎င်း၊ ရဟန်းအသုံးအဆောင်တို့ကို
၎င်း စာရေး တံမဲချ၍ လှူဒါန်းရသော စာရေးတံပွဲကို ကျင်းပကြလေသည်။ဘကြီးတော်မင်းတရားလက်ထက်
စာရေးတံပွဲကျင်းပပုံကို ထိုရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။ဝါခေါင်လပြည့်ကျော်ရှစ်ရက်နေ့
ဂါမဝါသီပုဂ္ဂိုလ် ၊ အရည ဝါသီပုဂ္ဂိုလ် ၊ အရိယာသံဃာတော် အပေါင်းတို့အား ပရိက္ခရာရှစ်ပါးနှင့်တကွ
ရဟန်းတို့အသုံးအဆောင်နှင့်စပ် သည်ကို အစေ့အစုံဆွဲ၍ ပဒေသာပင်ရေနှစ်ရာ့ခြောက်ဆယ် (၂၆ဝ)ကို
အတွင်းတော်သို့သွင်းပြီးလျှင် ၊ အရှင်မိဘုရား ခေါင်ကြီးနှင့်တကွ
ရေစက်သွန်းချတော်မူ၍ သဘာကဘတ် စာရေးတံဆွမ်းလှူတော်မူသည်။

လှေပြိုင်ပွဲ
တော်သလင်းလ ကန်ရာသီတွင် မိုးလေကင်းရှင်း၍ လှိုင်းလေငြိမ်သက်သောကြောင့် ဧရာဝတီမြစ်အတွင်း၌
လှေပြိုင်ပွဲများကို ကျင်းပကြရိုးဖြစ်လေသည်။ သီပေါမင်းတရားလက်ထက် လှေပွဲသဘင်ကျင်းပပုံကို
ထိုရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။
ယင်းသည့် လဆန်းတစ်ဆယ့်တစ်ရက်နေ့ နှစ်စဉ်ကျင်းပမြဲ ရေသဘင်ပွဲတော်ပြုလုပ်ရန် မှူးတော်မတ်တော် အရာရှိတို့
ရွှေမြို့တော်အနောက်မျက်နှာ ဧရာဝတီမြစ်ဆိပ်သို့ထွက်လာကြပြီးလျှင် လှေချလွှတ်ရန် သမ္ဗန်ကို ဝန်ထောက်ဝက်မစွတ်
မြို့စား မင်းကြီးမင်းထင်မဟာစည်သူ သွားရောက်ဘက်စပ် ချထားရသည်။ပထမလှေ ရှေ့ဖျားတွဲဘက်မရှိ၍
စုန်သွားစေရသည်။ပြီးလျှင် လက်ရွှေးကြီး ၊ လက်သစ် ၊ လှော် ကားတော်ကြီးနှစ်စင်း ၊ ၎င်းနောက် ြ
ပည်လုံးအံ့နှင့်ရွေးကြီး တွဲဘက်ပြိုင်ဆိုင်စေရသည်။
ပြီးလျှင် လှော်ကားတော်စင်း ရေတစ်ဆယ့်နှစ် ၊ ပြီးလျှင် ပုလိပ်ရွှေခဲ ၊ အစေခံတောင်လုံး ၊ ပွဲတိုင်းကျော် ၊
ထွက်တိုင်းရစေသော လှော်လှေတော်စင်းရေ နှစ်ဆဲ့နှစ် ၊ ပြီးလျှင် ရွှေတုံး ၊ မင်းစံ ၊ တောင်လုံးမှိုင်း ၊ ရွှေ လောင်းကြီး ၊
ယင်ပုံ ၊ မင်္ဂလာရန်နင်း ၊ ခိုတောင်ရွှေခဲစသော ခတ်လှေတော်နှစ်ဆဲ့ ရှစ်စင်း ၊ ပြီးလျှင် သုံးလူ့တောက်ပ ၊
သုံးလူ့ပူဇော်စသော လောင်းတော်စင်းရေနှစ်ဆဲ့ကိုး ၊ ပြီးလျှင် သေနတ်အစုအမှုထမ်းတို့ရဲလှေ စင်းရေလေးဆဲ့ ငါး ၊
ပြီးလျှင် မှူးတော်မတ်တော်တို့ လှော်ကားချင်း ပြိုင်ဆိုင်ရသည်။ ၎င်းလဆန်း တစ်ဆယ့်သုံးရက်နေ့ ပင်လယ် သွား
စကြာယာဉ်ပျံသင်္ဘောတော် ၊ ဧရာဝတီမြစ်သွားရတနာယာဉ်သာ ၊ ရတနာယာဉ်ပျံ ၊ စကြာရန်လွှင့်စသော
သင်္ဘောတော်စင်းရေ နှစ်ဆဲ့နှစ်ကို တွဲဘက်ပြိုင်ဆိုင်ရသည်။ပြီးလျှင် အထက်နေ့က ခိုတောင်ရွှေခဲ ခတ်လှေ တော်နှင့်
မင်္ဂလာရန်နင်း ခတ်လှေတော် ပြိုင်ဆိုင်ရာ ၊
မင်္ဂလာရန်နင်း ရှုံးနိမ့်သည်ကို စိတ်မကြေ ထပ်မံပြိုင်ဆိုင်ရန် အမိန့်တော်မြတ်ခံပြီးဖြစ်သည့်အတိုင်း ၊
၎င်းလှေတော်နှစ်စင်း ပြိုင်ဆိုင်ကြရာ၊ မင်္ဂလာရန်နင်းနိုင်၍၊ ပန်းရ သည်။ ပြီးလျှင် ရေသဘင်ပွဲတော်သိမ်းသည်။

မီးထွန်းပွဲ
သီတင်းကျွတ်လ တူရာသီတွင် မြတ်စွာဘုရားသခင် နတ်ပြည်မှ ဆင်းသက်ခဲ့ဘူးသည်ကို အကြောင်းပြု၍
မီးစောင်းတန်း မီးမြင့်မိုများထွန်းညှိကာ မီးပွဲသဘင်ကို ဆင်ယင်ကျင်းပ ကြရိုးဖြစ်လေသည်။
သီပေါမင်းတရားလက်ထက် မီးထွန်းပွဲသဘင် ကျင်းပပုံအကြောင်းတစ်ရပ်ကို ထိုရာဇဝင်တော်ကြီးတွင်
ဤသို့တွေ့ရပေသည်။ရှို့လွှတ်မြဲ မီးမျိုးစုံများကို မဟာလောကမာရဇိန်ဘုရား ၊ မာန်အောင်ရတနာဘုရား.နှစ်ဆူမှာ
ခွဲဝေရှို့လွှတ်ပူဇော်ရသည်။.နှစ်စဉ်ထွန်းလင်းပူဇော်မြဲ တစ်ဆယ့်ခြောက်ဌာနပြင် အရှင်နှစ်ပါး နံတော်သင့်.ဘုရားများပါ
စုစုတစ် ဆယ့် ရှစ်ဌာနဘုရားများမှာ မီးစောင်းတန်း ထွန်းလင်းပူ ဇော်ရာ မှူးကြီးမတ်ကြီးတို့နှင့် မှူးတော်မတ်တော်အရာရှိ တို့
ခွဲဝေသွားရောက်ကြီးကြပ် ပွဲသဘင်ခင်းကျင်း ထွန်းလင်းပူဇော်ရသည်။တစ်ဆယ့်ရှစ်ဌာနများသို့ မီးထွန်းလင်း
လမ်းလျှောက် တီးမှုတ်ထမ်းရွက်စေရန် သေနတ် ၊ အမြောက် ၊ ဝင်း ၊ ဒိုင်း ၊ လှေ ၊ ဘောင် ၊ ရပ်ကွက် များက
အသီးသီးထွက်သည့် အိုးစည် ၊ ဒိုးပတ် ၊ ပုံထောင် ၊ မောင်း ၊ တီးမှုတ်သူတို့ကို တစ်ကိုယ်လျှင် ငွေဒင်္ဂါးငါးပြားကျ
သနားတော်မူသည်။ ယင်းသည့်နေ့ ရွှေနန်းတော် မြေနန်း တော်တောင်ဘက်တွင် တစ်ဆယ့်ခြောက်ဌာနဝင်္ကပါ ၊
စိကြ နန္ဒာဝင်္ကပါများကို လုပ်ဆောင်ရသည်။
လပြည့်ကျော် ခုနှစ်ရက်န့ မြေနန်းတော်တောင်ဘက် သောဠ သဝင်္ကပါ ကို ပြီးပြေအောင်လုပ်ဆာင်၍
မီးထွန်းလင်းစေပြီးလျှင် အရှင်နှစ်ပါးထွက်စံတော်သည်။

တန်ဆောင်တိုင်ပွဲ
တန်ဆောင်မုန်းလ ဗြိစ္ဆရာသီတွင် ကထိန်သင်္ကန်းကပ် လှူပွဲ ၊ ဆီမီးတန်ဆောင်ထွန်းညှိပွဲ ၊ မသိုးသင်္ကန်း ရက်လုပ်ပွဲတို့ ကို
ကျင်းပရိုး ဖြစ်လေသည်။ ဘကြီးတော်မင်းတရားလက်ထက် ကျင်းပသော ကထိန်နှင့် ဆီမီးတန်ဆောင်ပွဲတို့အကြောင်းကို
ထို ရာဇဝင်တော်ကြီးတွင် ဤသို့တွေရလေသည်။တန်ဆောင်မုန်းလဆန်း တစ်ဆယ့်ငါးရက်နေ့ အနောက် အတွင်းတော်မှာ
ကထိန်သင်္ကန်းရက်လုပ်စေ၍ ဘုရားစေတီပုထိုးများမှာ လှူတော်မူသည်။အရညဝါသီပုဂ္ဂိုလ် ၊ ဂါမဝါသီပုဂ္ဂိုလ် ၊
အရိယာ သံဃာတော်မြတ်တို့အားလည်း ကထိန်သင်္ကန်း ခုနှစ်ရာ့ ခုနှစ်ဆဲ့ ခုနှစ် (၇၇၇) တို့ကို အရှင်မိဘုရားခေါင်ကြီးနှင့်
ရေစက်သွန်းတော်မူ၍ ကပ်လှူ တော်မူသည်။ တန်ဆောင်မုန်းလ ရက်သုံးဆယ် လုံးလည်း ရွှေမြို့တော်နှင့်တကွ
ပြည်တွင်းပြည်ပ ၊ လက်တွင်းလက်ပ ၊ လမ်းသေးလမ်းမများကို တန်ဆာဆင်စေပြီးလျှင် ရွှေနန်းတော်မှစ၍
ပြည်အလုံးကြတ္တိကာသဘင် ကောင်းကင်ဆီမီးတို့ဖြင့် ညှိထွန်းပူဇော်ကြရသည်။တန်ဆောင်မုန်းလပြည့် ကျော်ရှစ်ရက်နေ့
ဘုရားစေတီပုထိုးများမှာ ဆီမီးတန်ဆောင်တိုင် အတောင်နှစ်ဆယ် ၊ နှစ်ဆဲ့ငါးတောင် ၊ သုံးဆယ် ၊ တိုင်ပေါင်းရှစ်ဆယ်
ညှိထွန်း ပူဇော်တော်မူသည်။သီပေါမင်းတရားလက်ထက် မသိုးသင်္ကန်းပွဲတော် ကျင်းပပြုလုပ်ပုံကို ထိုရာဇဝင်တော်ကြီးတွင်
ဤသို့ တွေ့ရလေသည်။ယင်းသည့်လဆန်းတစ်ဆယ့်လေးရက်နေ့ အနောက်စမုတ်တော်ဦးပွဲကြည့်စံနန်းတော်သို့
အရှင်နှစ်ပါး ထွက်စံတော်မူ၍ ဝါကောက်ရန် ညဉ့်နှစ်ချက်တီးအချိန်မတိုင်မီအတွင်းပွဲသဘင်စုံများကို ကျင်းပစေပြီးလျှင်
ညဉ့်နှစ်ချက်တီး ပဟိုရ်တော်သံ ကြားသည်နှင့်တစ်ပြိုင်နက် မျိုးစေ့ကြဲ မြေ|ာက် ၊ ပင်ရောက်ပွင့်သီး ၊ လုံးကြီးဝါပေါက် ၊
ကောက် ယူမဆိတ် ၊ အကြိတ်အဘန် ၊ ပြန်လှန်တုံ့ပယ် ၊ ရှယ်ခြင်း ရက်ခြင်း ၊ ဆိုးခြင်းစုံလင် ၊ အစီရင်တို့ကို
အင်္သာကူး ပြောင်း ၊ ဟောင်းခြင်းသိုးခြင်းမရှိစေရ။ကတော်မယားတို့ တစ်ဦးထက်တစ်ဦးသာအောင် ကြိုးပမ်းအားထုတ်
ပြိုင်ဆိုင်ရက်လုပ်ကြရသည်။ မသိုးသင်္ကန်းတော် ကြီးကြပ် ရက်လုပ်သည့် ကတော်မယားတို့ကိုလည်း ပုဝါအုပ် ၊
ပိတ် အုပ်၊ သက္ကလတ်ခြုံထည်များ သနားတော်မူ၍ ဦးစွာပြီးသူ ကို ရွှေဘလားသနားတော်မူသည်။
မြင်းစုကြီးဝန်မယားမှာ ချည်ခင်ကို နေအိမ်ကဆောင်ယူလာ၍ ထည့်သွင်းရက်လုပ်ရန် ဝှက်ထားသည်ကို
 တွေ့မိသောကြောင့် ရွှေနန်းတော်ကို လှည့်၍ ဒိုးပတ်နှင့်ကရသည်။
ထိုပွဲများအပြင် ရှင်မာလဲပွဲကိုလည်း ကျင်းပတတ်သေးကြောင်းဖြင့် ပုဂံဝန်ထောက်မင်းဦးတင်က မြန်မာမင်း
အုပ်ချုပ်ပုံစာတမ်း ၊ ပထမအုပ် ၊ မျက်နှာ ၂၃၈ တွင် 'ကာကသတ္တဝါ ၊ တာရာထိန်ဆဲ ၊ ကထိန်ပွဲလျှင် ၊ ရှင်မာလဲပွဲ ၊
တန်ဆောင်ပွဲက ၊ ပွဲကြီးသုံးဖြာ၊ ကြုံကြိုက်ပါလိမ့်'ဟု ဖွဲ့ဆိုခဲ့သည်။ရှင်မာလဲပွဲသည် သီဟိုဠ်ကျွန်း ကုရာဒဇနပုဒ်တွင်
သီတင်းသုံးသော ရှင်မာလဲမထေရ်ကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသည်ဟု ပေါရာ ဏဒီပနီကျမ်း ၊ ဒုတိယတွဲတွင်
ပါရှိလေသည်။ တစ်ခါသော် ရှင်မာလဲ မထေရ်သည် တာဝတိံသာနတ်ပြည် စူဠာမဏိစေတီတော်ကို အဖူးအမြော်သွားရာတွင်
အရိမေတ္တေယျ အလောင်းတော်နတ်သားနှင့်ဆုံမိသည်။ထိုအခါ အလောင်းတော်နတ်သားက တန်ဆောင်မုန်းလပြည့်
ရောက်သည့်အခါတိုင်း ဝေဿန္တရာဇာတ်တော်ကို လူအပေါင်းတို့အား ဟောကြားပါရန် လျှောက်ထား
တောင်းပန်လိုက်သဖြင့် ရှင်မာလဲမထေရ်သည် တန်ဆောင် မုန်းလပြည့်နေ့တို့တွင် ဝေဿန္တရာဇာတ်တော်ကို
ဟောကြားလေသည်။ထို့ကြောင့် ရှင်မာလဲပွဲအခါ၌ ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာ
ဇာတ်တော်ကြီးကို ဟောပြောရသည်။လှော်ကားတော်ပုံပြု၍ လှော်ကားထက်တွင် အသီးတစ်ထောင် ၊ အပွင့်တစ်ထောင် ၊
ထမင်းဆုပ် တစ်ထောင် ၊ ဆီမီးတစ်ထောင် စသည်တို့ကို လှူဒါန်းပူဇော်ရ လေသည်။

နတ်ပွဲ
နတ်တော်လ ဓနုရာသီတွင် မဟာပိန္နဲနတ် ပူဇော်ပွဲကို ကျင်းပရိုးထုံးစံရှိသည်။ထို့ကြောင့် အင်းဝမြို့ဘွဲ့ ဆဲ့နှစ်ရာသီ
လူးတားတွင် 'ဂမုန်းအင်နှင့် ၊ သဇင်ပွင့်ပေါ် ၊ လနတ္တော်ကား ၊ ပူဇော်ကြီးစွာ ၊ မင်းဆရာတို့ ၊ မဟာ ပိန္နဲ'ဟု
စပ်ဆိုထားခြင်း ဖြစ်လေသည်။ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင်လည်း ဘကြီးတော် မင်းတရားလက်ထက်က
မဟာပိန္နဲပွဲ ဆင်ယင်ကြောင်းကို ဤသို့မှတ်တမ်းတင်ထားလျက်ရှိလေသည်။နတ္တော်လဆန်းတစ်ဆယ့်ငါးရက်နေ့
မဟာပိန္နဲနတ်ကို ရထားတင်၍ ဗလိနတ်စာပေးတော်မူ၏။

မြင်းခင်းပွဲ
ပြာသိုလ မကာရရာသီတွင် သေနင်္ဂဗျူဟာ အခမ်းအနားတစ်ရပ်ဖြစ်သော မြင်းခင်းပွဲ ဆင်ခင်းပွဲတို့ကို ဆင်ယင်
ကျင်းပရိုးရှိလေသည်။သီပေါမင်းတရားလက်ထက် ဆင်ခင်း မြင်းခင်း စက်သွင်းသဘင်တော် ကျင်းပပုံကို
ထိုရာဇဝင်တော်ကြီးတွင် ဤသို့တွေ့ရလေသည်။မြေနန်းတော် လက်ဝဲဘက်တွင် အမြင့် တစ်ဆယ့်ငါးတောင်ကစ၍
နှစ်ဆယ် ၊ နှစ်ဆဲ့ငါးတောင် ၊ သုံးဆယ် ၊ ငါးဆယ် ၊ အနောက်ကအရှေ့သို့ အတည့်အတန်း စက်တိုင် ငါးစိုက်ထူပြီးလျှင်
မင်းညီ မင်းသား ၊ ဝန်ကြီး ၊ အတွင်း ဝန် ၊ ဝင်းတော်မှူး ၊ မှူးတော်မတ်တော် ၊ လက်သုံးတော် ၊ လက်စွဲတော်တို့
သနားတော်မြတ်ခံရသည့် မျဉ်း ၊ မောက် တို ၊ စစ်ဝတ်တန်ဆာ ဆင်ယင်ပြီးလျှင် မြင်းကြိုးကစုံများ ကိုစီးနင်း၍
တစ်ကိုယ်လျှင် ဆယ်ခေါက်ကျ လှံလျင် ဆယ်စင်းစီကုန်အောင် ထိုးကြရသည်။စက်စွဲသည့် မင်းညီ မင်းသား ၊ မှူးတော်
မတ်တော် ၊ လက်သုံးတော် ၊ လက်စွဲတော်တို့မှာ တစ်လက်စွဲလျှင် ငွေပွင့်ထိုး ပန်းပုဝါ တစ် ၊ သဇင်ပန်းခိုင် တစ်စီ
သနားတော်မူသည်။စက်ထိုးသဘင်ပြီးလျှင် ကသည်းအက္ကပတ် မြင်းတပ်ဗိုလ်အရာ ရှိတို့နှင့်
 မြင်းအမှုထမ်းတို့ ရှောက်သီးထားခုတ် လှံထိုး ၊ ငှက်ပျောပင်စိုက် ရေအိုးတင် ထားခုတ် ၊ မြင်းအစိုင်းအနှင့်
 အရေးအရာများကို ထိုးခုတ်ပြပြီးနောက် ရွှေနန်းတော်သို့
ဝင်တော်မူသည်။လပြည့်ကျော် လေးရက်နေ့ ဘဝရှင် မင်းတရားကြီးဘုရား ထွက်စံတော်မူပြီးလျှင်
ဆင်တော် စီးရေသုံးဆဲ့နှစ်ကို တွဲဘက်တိုက်ဝှေ့စေပြီးနောက် စစ်မြေ အရပ်တွင် ဆင်တော်များကို ရဲဝံ့တံ့စား
အကြောက်အရွံ့မရှိရအောင် သေနတ် ၊ မီးပေါက် ၊ ယမ်းမီး ၊ ဗြောက် ၊ ဒိုင်း ၊ ကာ တို့ဖြင့် ပစ်တောက် ရိုက်ခတ်
 ခြောက်လှန့်စမ်းသပ် သည်များကို ကြည့်ရှုတော်မူ၍ ရွှေနန်းတော်သို့ ဝင်တော် မူသည်။

မီးဖုံးယာဂု လှူသောပွဲတော်
တပို့တွဲလ ကုံရာသီတွင် မီးဖုံးယာဂု လှူသောပွဲတော် ကို ကျင်းပရိုးရှိလေသည်။ဤပွဲတို့အကြောင်း ထိုရာဇဝင်တော်ကြီး၌
ဤသို့တွေ့ရလေသည်။တပို့တွဲလ ၊ ပဏ္ဏရသီ ၊ တိထီထွန်းစည့် ၊ လပြည့်နေ့အခါ ဝယ် ၊ ဆက္ကဒန္တ ၊ ပြောင်မှန်ဝပင် ၊
အေးမြသော အစွယ်ရှိ သည်ဖြစ်၍ သုံးလူ့ထွတ်ထား ၊ မြတ်စွာဘုရားပင်လျှင် ၊ လေးပါးသော မဟာဘူတ မျှတစေရန် ၊
မီးရှိန်ခံတော်မူ သည်ကို ရည်ပြီးလျှင် ၊ ရုပ်ရှင်တော်ပွား ၊ ကိုယ်စားတော် စားဖြစ်သော.ဘုရားတစ်ဆယ့်ငါးဆူ ၊ ရွှေဂူစေတီ ၊
သရီရ မြတ် ၊ မွေတော်ဓာတ်တို့အား နှစ်စဉ်ပူဇော်လှူဒါန်းမြဲ နံ့သာမျိုးဆယ်ပါးတို့တွင် သာရဂန္ဓအစစ် ၊
အနှစ်နံ့သာတို့ ဖြင့်ပြည့်သော ၊ မီးခံနှင့်တကွသော မီးဖုံး ပြာသာဒ်တော် ဆူရေတစ်ဆယ့်ငါး ၊ ကောက်သုံးပါးတို့တွင် ၊
ဩဇာလေးနက် ၊ အကျိုးတက်သော ၊ ကောက်ကြီးဆန်မြတ် ၊ ပေါက် လတ်လက်ဦး ၊ ဆွတ်ယူခူးသော ကောက်ဦးဆွမ်း
အဖြစ် ဖြင့်ကောင်းစွာ ကျိုချက်အပ်သော မွန်မြတ်သော ယာဂု ဆွမ်းအလှူတော်များကို စာရင်းပါတစ်ဆယ့်ငါးဆူသော
ဘုရားရှင်တို့အား သဇင်ပန်း ၊ ဆီမီးတန်ဆောင်စသော အလှူတော်များနှင့်တကွ.ကောင်းမွန်စွာ အရုဏ်ဆွမ်းကပ် ၍ ၊
မီးဖုံးတော်များကို လှူဒါန်းပူဇော်တော်မူသည်။

သဲပုံစေတီပွဲ
တပေါင်းလ မိန်ရာသီတွင် သဲပုံစေတီပွဲကို ကျင်းပရိုးရှိလေသည်။ဤလတွင် ဧရာဝတီမြစ်တွင် သဲသောင်များ ဖြူဖြူဖွေးဖွေး
ထွန်းပေါ်၍ ရေကျေးရေငှက်များ မြူးထူးပျော်ပါး ကြသဖြင့် အလွန်ကြည်နူးဘွယ်ဖြစ်လေသည်။ထိုအခါတွင်
မင်းမိဘုရားနှစ်ပါးသည် မင်းညီမင်းသား မှူးတော်မတ်တော်တို့ နှင့်အတူ သောင်ပြင်သို့ ထွက်စံတော်မူကာ သဲပုံစေတီများကို
တည်၍ ပူဇော်ကန်တော့ကြလျက် ပွဲလမ်းသဘင်ဆင်ယင်ကျင်းပကြလေသည်။ဤကိုရည်၍ အင်းဝမြို့ဘွဲ့
ဆဲ့နှစ်ရာသီလူးတားတွင်တစ်ပေါင်းလသာ ၊ လတကာထက်နှိုင်းရာဖက်ရှောင် ၊ လများနောင်ကားတောင်လည်းသာမော ၊
တောလည်းသာထွေရေလည်းသာလှ ၊ ဖြူလွသောင်ပြင်ငှက်ပေါင်းရွှင်လျက် ၊ သဘင်အပြီသဲစေတီဟု ၊
မြှောက်ချီရွှင်ပပူဇော်ကြမှ ၊ ပြည်ပပြည်တွင်းဖြောင့်စင်းရည်စောင် ၊
ဆီမီးထောင်နှင့်ထွန်းပြောင်ညီရုံး ၊ ပန်းလျှင်ကုံးသို့နှလုံးသဒ္ဓါ ၊ ရတနာသုံးဘော်ဖူးမြော်ကုန်ကြ ၊ လွန်ရွှင်ပြရှင့်။ ဟူ၍
ဖွဲ့ဆိုထားသည်ကိုတွေ့ရလေသည်။ဤသို့အားဖြင့် ဆဲ့နှစ်ရာသီပွဲတော်တို့ကို မင်းမိဘုရား နှစ်ပါးအမှူးပြု၍ အစဉ်တစိုက်
ကျင်းပလာခဲ့ကြရာ အချို့ ပွဲတော်များသည် ယခုအခါတိုင်အောင် ဆက်လက်ခေတ်စားဆဲပင်ဖြစ်ပေသည်။
အချို့မှာမူကား တိမ်ကောပပျောက်ကြလေပြီတည်း။

ဤဆောင်းပါးကို သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ၏မှတ်စုတိုများထဲမှ ကောက်နှုတ်ရေးသားထားပါသည်။














Zawgyi

ဆယ့္နွစ္လရာသီပြဲေတာ္မ်ား

ျမန္မာႏိုင္ငံတြင္ ဆယ့္ႏွစ္လ ဆယ့္ႏွစ္ရာသီအတြက္ အမ်ိဳးသား ပြဲေတာ္ဆယ့္ႏွစ္မ်ိဳး ဆယ့္ႏွစ္စားရွိေလသည္။
ဤကိုရည္၍ ၊ ဘိုးေတာ္ဘုရားလက္ထက္အခါက အမတ္သေရသခၤယာသည္ သာဓိနပ်ိဳ႕ အပိုဒ္ ၃ဝ တြင္
ဤသို႔အက်ဥ္းခ်ဳပ္ ဖြဲ႕ဆိုေလသည္။
ၾသကၤန္တာကူး (၁)
ႏွစ္ဦးေညာင္ေရ (၂)
စာပေလြခင္း (၃)
ပၪၥင္းေတာ္ခံ (၄)
စာေရးတံ(၅)ႏွင့္
ျမစ္ယံပြဲႀကီး (၆)
ဆီမီထြန္းခ်ိန္ (၇)
ကထိန္ (၈)
နတ္က်င္း (၉)
ျမင္းခင္း (၁ဝ)
ထြက္ဝင္၊ သဘင္မီးဖုံး (၁၁)
ဂူလုံးသဲပုံ (၁၂) ေစ့စုံစီလ်ဥ္ ဤသို႔ယွဥ္သား၊ လစဥ္စၿမဲ ဆဲ့ႏွစ္ပြဲ။

တန္ခူးလ                 ၾသကၤန္ပြဲေတာ္
ကဆုန္လ                ေညာင္ေရသြန္းပြဲေတာ္
နယုန္လ                 စာျပန္ပြဲေတာ္
ဝါဆိုလ                   ပၪၥင္းခံပြဲ
ဝါေခါင္လ                စာေရးတံပြဲ
ေတာ္သလင္းလ        ေလွၿပိဳင္ပြဲ
သီတင္းကြၽတ္လ        မီးထြန္းပြဲ
တန္ေဆာင္မုန္းလ      တန္ေဆာင္တိုင္ပြဲ (ကထိန္ပြဲ)
နတ္ေတာ္လ             နတ္ပြဲ (စာဆိုေတာ္ပြဲ)
၁၀ ျပာသိုလ                  ျမင္းခင္းပြဲ
၁၁ တပို႔တြဲလ                မီးဖုံးယာဂု လႉေသာပြဲေတာ္ (ထမနဲပြဲ)
၁၂ တေပါင္းလ              သဲပုံေစတီပြဲ

ၾသကၤန္ပြဲေတာ္
တန္ခူးလ မိႆရာသီတြင္ ၾသကၤန္ပြဲေတာ္ကို က်င္းပ သည္။ ႏွစ္သစ္ကူးပြဲျဖစ္ေသာ ဤပြဲေတာ္အတြင္း၌
ျမန္မာလူမ်ိဳးတို႔သည္ နံ႔သာရည္ျဖင့္ တစ္ဦးႏွင့္တစ္ဦး သြန္းေလာင္းေပ်ာ္ျမဴး ေလ့ရွိပုံကို
အင္းဝၿမိဳ႕ဘြဲ႕ ဆဲ့ႏွစ္ရာသီလူးတားတြင္ ဤသို႔ဖြဲ႕ဆို ထားခ်က္ ရွိေလသည္။
ေတာင္ေလသုတ္ျဖဴး၊ လတန္ခူးမူျမဴးတူးေပ်ာ္႐ႊင္ ၊ တာသဘင္ဝယ္ဆင္ယင္တုပ ၊ လြရ႐ြတည့္။
ၿငိမ့္မွ်ေစာင္းျငင္း ၊ အဲသီခ်င္းႏွင့္ထုံသင္းနံ႔သာ ၊ ေရသီတာဝယ္စမၸာကရမက္ ၊
ပန္းေပါင္းဖက္၍ေ႐ႊခြက္အျပည့္ ၊ ေမႊးမ်ိဳးထည့္မွလည္လွည့္ဆူလွယ္ ၊ တင့္စံပယ္လ်က္ၿပဳံးရယ္႐ႊင္အား ၊
စံေပ်ာ္ပါးသည္ကစားထုံရည္ ဖ်န္းထည့္ေလ။

ေညာင္ေရသြန္းပြဲေတာ္
ကဆုန္လ ၿပိႆရာသီတြင္ ေညာင္ေရသြန္းပြဲေတာ္ကို က်င္းပသည္။ဤပြဲေတာ္သည္ကား ေရျပတ္၍ ေျခာက္ေသြ႕ေနေသာ
ဘုရားပြင့္ရာ ေဗာဓိေညာင္ပင္ကို ေရသြန္းေလာင္းပူေဇာ္ေသာ ပြဲေတာ္ျဖစ္ေလသည္။ေညာင္ေရသြန္းပြဲေတာ္အေၾကာင္းကို
ေရွးစာဆိုတို႔သည္ ႏွစ္ႏွစ္သက္သက္ ဖြဲ႕ဆိုခဲ့ၾကသည္။အေနာက္ဘက္လြန္မင္းလက္ထက္က မင္းေဇယရႏၲမိတ္ ဖြဲ႕ဆိုပုံမွာကား။
ကဆုန္တြင္လည္းျပာစင္ညက္ျဖဴ ၊ ေ႐ႊျပည္သူတို႔သင္းျမဴႀကိဳင္စြာ ၊ ေရနံ႔သာဝယ္ရင္းမာကြမ္းဘူး ၊ စကားဦးႏွင့္
ထြန္းျမဴးလွ်ံေမာင္း ၊ ေမြေတာ္ေပါင္းကိုပ်ံ႕ေလွာင္းႀကိဳင္႐ႊင္း ၊ အဲသီခ်င္းႏွင့္ျပန္တင္းရည္ေစာင္း ၊
အေဆာင္ေဆာင္သည္ခါေညာင္မသြန္း လွည့္ေလေလာ။ဟူ၍ျဖစ္ေလသည္။

စာျပန္ပြဲေတာ္
နယုန္လ ေမထုန္ရာသီတြင္ စာေပက်မ္းဂန္သင္ၾကား ေနၾကေသာ ပုဂၢိဳလ္တို႔ စာျပန္ရေသာ စာျပန္ပြဲေတာ္ကို က်င္းပသည္။
မင္းတုန္းမင္းလက္ထက္တြင္က်င္းပေသာ စာျပန္ပြဲေတာ္တစ္ခုအေၾကာင္းကို ကုန္းေဘာင္ဆင္မဟာရာဇဝင္ေတာ္ႀကီးတြင္
ဤသို႔ေတြ႕ရေလသည္။နယုန္လဆန္း ရွစ္ရက္ေန႔ကစ၍ ဝါဆိုလဆန္းရွစ္ရက္ေန႔ တိုင္ မႏၲေလးေတာင္၏အနီး ၊
သုဓမၼာစရပ္ေတာ္ႏွင့္ စႏၵာ မုနိဘုရားျပင္ယံရွိ စရပ္ေတာ္မ်ားတြင္ ဝဲယာခြဲ၍ ၊ တံဆိပ္ ေတာ္ရ မရ ဆရာေတာ္သံဃာေတာ္တို႔
ၾကပ္မလ်က္ ပထမေက်ာ္တစ္၊ ပထမႀကီးတစ္က်ိပ္ကိုး၊ ပထမလတ္ ပထမငယ္ စေသာ အတန္းအဆင့္ရွိသည့္
ပထမစာေတာ္ ျပန္ပၪၥင္းေလာင္းေတာ္ ရွင္ေလာင္းေတာ္ ဦးေရတစ္ေထာင္ တို႔ တစ္လတိုင္တိုင္
ပထမစာေတာ္ျပန္ဆိုၿမဲျပန္ဆိုၾကရသည္။
ပထမစာေတာ္ျပန္ဆိုသူတို႔မွာ ပထမေက်ာ္ႏွင့္ ပထမႀကီးမ်ားမွာ ပတၱျမားနားေတာင္း ၊ ပတၱျမားလက္ေကာက္ ၊ ပုတီး ၊
လက္စြပ္ ၊ စလြယ္ဆင္ယင္၍ ၊ ေ႐ႊထီးေလးခ်က္ ေဆာင္းမိုး၍ ၊ လူဆြဲေ႐ႊရထားေတာ္ထက္ စီးရ သည္။အေဆာင္အ႐ြက္စုံကိုင္
ေနာက္လိုက္ေနာက္ပါလူ ႏွစ္က်ိပ္တို႔က ဝတ္ေကာင္းဝတ္သန႔္ႏွင့္ လိုက္ၾကရသည္။ပထမစာေတာ္ျပန္မည့္သူတို႔ကို
ေရွ႕ေတာ္သို႔သြင္း ဝတ္ဆင္ရန္ ေ႐ႊက်င္ခတ္ေခါင္းေပါင္း ၊ လြန္းမ်ား ပုဆိုး ၊ ဖဲပုဆိုး ၊ ပိုးပုဆိုး ၊ အက်ႌ ၊ ပုဝါမ်ားကို
တစ္ေယာက္လွ်င္ငါးလဲက်စီ ႏွင့္ မုံ႔ဘိုးေငြတစ္ရာက်စီ ေအာက္ခံထား၍ ၊ အထက္ကိုစာဝါနိမ့္ျမင့္အေလွ်ာက္
တိုးတက္ခ်ီးျမႇင့္သနားေတာ္ျမတ္ခံ ရသည္။ဤစဥ္အခါ ေ႐ႊၿမိဳ႕ေတာ္ေလးျပင္ရွိ ေက်ာင္းတိုက္ေတာ္ဟူသမွ်က
ပထမစာေတာ္ျပန္ အသီးအသီးထြက္ၾက ေသာေၾကာင့္ ေ႐ႊထီးေရာင္ ေ႐ႊရထားေရာင္တို႔သည္ ထိန္ေျပာင္ဝင္းလက္၍
တစ္တိုက္ႏွင့္တစ္တိုက္ တေရာတရွက္တည္း ရႈမၿငီးေအာင္ ရွိေသာဟူ၏။ပထမျပန္စာေမးပြဲ ။

ပၪၥင္းခံပြဲ
ဝါဆိုလ ကရကဋ္ရာသီတြင္ 'နရိႏၵာလဲ ၊ ညာေတာင္ နတ္ႏွင့္ ၊ ဖိုလ္ျမတ္ကယ္နိဗၺဴ ၊ ေအာင္ဆုယူလို႔ ၊ ရွစ္ျဖဴရိပ္စံ ၊
ပၪၥင္းေတာ္ခံေသာအခါ ၊ ေရလွ်ံတဲ့ဝါဆိုမွာ ၊ ပုန္းညက္ညိဳမာလာ မင္းက ၊ သင္းလွတယ္ေလး' ဟူေသာ
ေရွးလႊမ္းခ်င္းႏွင့္အညီ ပၪၥင္းခံပြဲမ်ားကို က်င္းပေလ့ရွိခဲ့ေလသည္။ ဘႀကီးေတာ္မင္းတရား ပၪၥင္းခံပြဲ က်င္းပခဲ့သည္ကို
ထိုရာဇဝင္ေတာ္ႀကီးတြင္ ဤသို႔ေတြ႕ရေလသည္။ဝါဆိုလဆန္းတစ္ဆယ့္ငါးရက္ေန႔ ပထမပၪၥင္းေလာင္း တစ္ဆယ္ ၊
သာမေဏေလာင္းတစ္ဆယ့္ႏွစ္တို႔ကို အတြင္း ေတာ္သို႔သြင္းၿပီးလွ်င္ ၊ အရွင္မိဘုရားေခါင္ႀကီးႏွင့္ ေရစက္ သြန္းေတာ္မူ၍
ပၪၥင္းသာမေဏျပဳေတာ္မူသည္။
ပရိကၡရာ ရွစ္ပါးႏွင့္တကြ ရဟန္းတို႔အသုံးအေဆာင္ႏွင့္ စပ္သည္ကို လည္း အေစ့အစုံလႉေတာ္မူသည္။
ထို႔ျပင္လည္း သက္ ေတာ္ေစ့ပၪၥင္း သာမေဏ သုံးဆဲ့ခုနစ္ပါးျပဳေတာ္မူသည္။

စာေရးတံပြဲ
ဝါေခါင္လ သိဟ္ရာသီတြင္ ရဟန္းသံဃာတို႔အား ဆြမ္းခဲဘြယ္တို႔ကို၎၊ ရဟန္းအသုံးအေဆာင္တို႔ကို
၎ စာေရး တံမဲခ်၍ လႉဒါန္းရေသာ စာေရးတံပြဲကို က်င္းပၾကေလသည္။ဘႀကီးေတာ္မင္းတရားလက္ထက္
စာေရးတံပြဲက်င္းပပုံကို ထိုရာဇဝင္ေတာ္ႀကီးတြင္ ဤသို႔ေတြ႕ရေလသည္။ဝါေခါင္လျပည့္ေက်ာ္ရွစ္ရက္ေန႔
ဂါမဝါသီပုဂၢိဳလ္ ၊ အရည ဝါသီပုဂၢိဳလ္ ၊ အရိယာသံဃာေတာ္ အေပါင္းတို႔အား ပရိကၡရာရွစ္ပါးႏွင့္တကြ
ရဟန္းတို႔အသုံးအေဆာင္ႏွင့္စပ္ သည္ကို အေစ့အစုံဆြဲ၍ ပေဒသာပင္ေရႏွစ္ရာ့ေျခာက္ဆယ္ (၂၆ဝ)ကို
အတြင္းေတာ္သို႔သြင္းၿပီးလွ်င္ ၊ အရွင္မိဘုရား ေခါင္ႀကီးႏွင့္တကြ
ေရစက္သြန္းခ်ေတာ္မူ၍ သဘာကဘတ္ စာေရးတံဆြမ္းလႉေတာ္မူသည္။

ေလွၿပိဳင္ပြဲ
ေတာ္သလင္းလ ကန္ရာသီတြင္ မိုးေလကင္းရွင္း၍ လႈိင္းေလၿငိမ္သက္ေသာေၾကာင့္ ဧရာဝတီျမစ္အတြင္း၌
ေလွၿပိဳင္ပြဲမ်ားကို က်င္းပၾက႐ိုးျဖစ္ေလသည္။ သီေပါမင္းတရားလက္ထက္ ေလွပြဲသဘင္က်င္းပပုံကို
ထိုရာဇဝင္ေတာ္ႀကီးတြင္ ဤသို႔ေတြ႕ရေလသည္။
ယင္းသည့္ လဆန္းတစ္ဆယ့္တစ္ရက္ေန႔ ႏွစ္စဥ္က်င္းပၿမဲ ေရသဘင္ပြဲေတာ္ျပဳလုပ္ရန္ မႉးေတာ္မတ္ေတာ္ အရာရွိတို႔
ေ႐ႊၿမိဳ႕ေတာ္အေနာက္မ်က္ႏွာ ဧရာဝတီျမစ္ဆိပ္သို႔ထြက္လာၾကၿပီးလွ်င္ ေလွခ်လႊတ္ရန္ သမၺန္ကို ဝန္ေထာက္ဝက္မစြတ္
ၿမိဳ႕စား မင္းႀကီးမင္းထင္မဟာစည္သူ သြားေရာက္ဘက္စပ္ ခ်ထားရသည္။ပထမေလွ ေရွ႕ဖ်ားတြဲဘက္မရွိ၍
စုန္သြားေစရသည္။ၿပီးလွ်င္ လက္ေ႐ႊးႀကီး ၊ လက္သစ္ ၊ ေလွာ္ ကားေတာ္ႀကီးႏွစ္စင္း ၊ ၎ေနာက္ ျ
ပည္လုံးအံ့ႏွင့္ေ႐ြးႀကီး တြဲဘက္ၿပိဳင္ဆိုင္ေစရသည္။
ၿပီးလွ်င္ ေလွာ္ကားေတာ္စင္း ေရတစ္ဆယ့္ႏွစ္ ၊ ၿပီးလွ်င္ ပုလိပ္ေ႐ႊခဲ ၊ အေစခံေတာင္လုံး ၊ ပြဲတိုင္းေက်ာ္ ၊
ထြက္တိုင္းရေစေသာ ေလွာ္ေလွေတာ္စင္းေရ ႏွစ္ဆဲ့ႏွစ္ ၊ ၿပီးလွ်င္ ေ႐ႊတုံး ၊ မင္းစံ ၊ ေတာင္လုံးမႈိင္း ၊ ေ႐ႊ ေလာင္းႀကီး ၊
ယင္ပုံ ၊ မဂၤလာရန္နင္း ၊ ခိုေတာင္ေ႐ႊခဲစေသာ ခတ္ေလွေတာ္ႏွစ္ဆဲ့ ရွစ္စင္း ၊ ၿပီးလွ်င္ သုံးလူ႔ေတာက္ပ ၊
သုံးလူ႔ပူေဇာ္စေသာ ေလာင္းေတာ္စင္းေရႏွစ္ဆဲ့ကိုး ၊ ၿပီးလွ်င္ ေသနတ္အစုအမႈထမ္းတို႔ရဲေလွ စင္းေရေလးဆဲ့ ငါး ၊
ၿပီးလွ်င္ မႉးေတာ္မတ္ေတာ္တို႔ ေလွာ္ကားခ်င္း ၿပိဳင္ဆိုင္ရသည္။ ၎လဆန္း တစ္ဆယ့္သုံးရက္ေန႔ ပင္လယ္ သြား
စၾကာယာဥ္ပ်ံသေဘၤာေတာ္ ၊ ဧရာဝတီျမစ္သြားရတနာယာဥ္သာ ၊ ရတနာယာဥ္ပ်ံ ၊ စၾကာရန္လႊင့္စေသာ
သေဘၤာေတာ္စင္းေရ ႏွစ္ဆဲ့ႏွစ္ကို တြဲဘက္ၿပိဳင္ဆိုင္ရသည္။ၿပီးလွ်င္ အထက္ေန႔က ခိုေတာင္ေ႐ႊခဲ ခတ္ေလွ ေတာ္ႏွင့္
မဂၤလာရန္နင္း ခတ္ေလွေတာ္ ၿပိဳင္ဆိုင္ရာ ၊
မဂၤလာရန္နင္း ရႈံးနိမ့္သည္ကို စိတ္မေၾက ထပ္မံၿပိဳင္ဆိုင္ရန္ အမိန႔္ေတာ္ျမတ္ခံၿပီးျဖစ္သည့္အတိုင္း ၊
၎ေလွေတာ္ႏွစ္စင္း ၿပိဳင္ဆိုင္ၾကရာ၊ မဂၤလာရန္နင္းႏိုင္၍၊ ပန္းရ သည္။ ၿပီးလွ်င္ ေရသဘင္ပြဲေတာ္သိမ္းသည္။

မီးထြန္းပြဲ
သီတင္းကြၽတ္လ တူရာသီတြင္ ျမတ္စြာဘုရားသခင္ နတ္ျပည္မွ ဆင္းသက္ခဲ့ဘူးသည္ကို အေၾကာင္းျပဳ၍
မီးေစာင္းတန္း မီးျမင့္မိုမ်ားထြန္းညႇိကာ မီးပြဲသဘင္ကို ဆင္ယင္က်င္းပ ၾက႐ိုးျဖစ္ေလသည္။
သီေပါမင္းတရားလက္ထက္ မီးထြန္းပြဲသဘင္ က်င္းပပုံအေၾကာင္းတစ္ရပ္ကို ထိုရာဇဝင္ေတာ္ႀကီးတြင္
ဤသို႔ေတြ႕ရေပသည္။ရႈိ႕လႊတ္ၿမဲ မီးမ်ိဳးစုံမ်ားကို မဟာေလာကမာရဇိန္ဘုရား ၊ မာန္ေအာင္ရတနာဘုရား.ႏွစ္ဆူမွာ
ခြဲေဝရႈိ႕လႊတ္ပူေဇာ္ရသည္။.ႏွစ္စဥ္ထြန္းလင္းပူေဇာ္ၿမဲ တစ္ဆယ့္ေျခာက္ဌာနျပင္ အရွင္ႏွစ္ပါး နံေတာ္သင့္.ဘုရားမ်ားပါ
စုစုတစ္ ဆယ့္ ရွစ္ဌာနဘုရားမ်ားမွာ မီးေစာင္းတန္း ထြန္းလင္းပူ ေဇာ္ရာ မႉးႀကီးမတ္ႀကီးတို႔ႏွင့္ မႉးေတာ္မတ္ေတာ္အရာရွိ တို႔
ခြဲေဝသြားေရာက္ႀကီးၾကပ္ ပြဲသဘင္ခင္းက်င္း ထြန္းလင္းပူေဇာ္ရသည္။တစ္ဆယ့္ရွစ္ဌာနမ်ားသို႔ မီးထြန္းလင္း
လမ္းေလွ်ာက္ တီးမႈတ္ထမ္း႐ြက္ေစရန္ ေသနတ္ ၊ အေျမာက္ ၊ ဝင္း ၊ ဒိုင္း ၊ ေလွ ၊ ေဘာင္ ၊ ရပ္ကြက္ မ်ားက
အသီးသီးထြက္သည့္ အိုးစည္ ၊ ဒိုးပတ္ ၊ ပုံေထာင္ ၊ ေမာင္း ၊ တီးမႈတ္သူတို႔ကို တစ္ကိုယ္လွ်င္ ေငြဒဂၤါးငါးျပားက်
သနားေတာ္မူသည္။ ယင္းသည့္ေန႔ ေ႐ႊနန္းေတာ္ ေျမနန္း ေတာ္ေတာင္ဘက္တြင္ တစ္ဆယ့္ေျခာက္ဌာနဝကၤပါ ၊
စိၾက နႏၵာဝကၤပါမ်ားကို လုပ္ေဆာင္ရသည္။
လျပည့္ေက်ာ္ ခုႏွစ္ရက္န႔ ေျမနန္းေတာ္ေတာင္ဘက္ ေသာဠ သဝကၤပါ ကို ၿပီးေျပေအာင္လုပ္ဆာင္၍
မီးထြန္းလင္းေစၿပီးလွ်င္ အရွင္ႏွစ္ပါးထြက္စံေတာ္သည္။

တန္ေဆာင္တိုင္ပြဲ
တန္ေဆာင္မုန္းလ ၿဗိစၦရာသီတြင္ ကထိန္သကၤန္းကပ္ လႉပြဲ ၊ ဆီမီးတန္ေဆာင္ထြန္းညႇိပြဲ ၊ မသိုးသကၤန္း ရက္လုပ္ပြဲတို႔ ကို
က်င္းပ႐ိုး ျဖစ္ေလသည္။ ဘႀကီးေတာ္မင္းတရားလက္ထက္ က်င္းပေသာ ကထိန္ႏွင့္ ဆီမီးတန္ေဆာင္ပြဲတို႔အေၾကာင္းကို
ထို ရာဇဝင္ေတာ္ႀကီးတြင္ ဤသို႔ေတြရေလသည္။တန္ေဆာင္မုန္းလဆန္း တစ္ဆယ့္ငါးရက္ေန႔ အေနာက္ အတြင္းေတာ္မွာ
ကထိန္သကၤန္းရက္လုပ္ေစ၍ ဘုရားေစတီပုထိုးမ်ားမွာ လႉေတာ္မူသည္။အရညဝါသီပုဂၢိဳလ္ ၊ ဂါမဝါသီပုဂၢိဳလ္ ၊
အရိယာ သံဃာေတာ္ျမတ္တို႔အားလည္း ကထိန္သကၤန္း ခုႏွစ္ရာ့ ခုႏွစ္ဆဲ့ ခုႏွစ္ (၇၇၇) တို႔ကို အရွင္မိဘုရားေခါင္ႀကီးႏွင့္
ေရစက္သြန္းေတာ္မူ၍ ကပ္လႉ ေတာ္မူသည္။ တန္ေဆာင္မုန္းလ ရက္သုံးဆယ္ လုံးလည္း ေ႐ႊၿမိဳ႕ေတာ္ႏွင့္တကြ
ျပည္တြင္းျပည္ပ ၊ လက္တြင္းလက္ပ ၊ လမ္းေသးလမ္းမမ်ားကို တန္ဆာဆင္ေစၿပီးလွ်င္ ေ႐ႊနန္းေတာ္မွစ၍
ျပည္အလုံးၾကတၱိကာသဘင္ ေကာင္းကင္ဆီမီးတို႔ျဖင့္ ညႇိထြန္းပူေဇာ္ၾကရသည္။တန္ေဆာင္မုန္းလျပည့္ ေက်ာ္ရွစ္ရက္ေန႔
ဘုရားေစတီပုထိုးမ်ားမွာ ဆီမီးတန္ေဆာင္တိုင္ အေတာင္ႏွစ္ဆယ္ ၊ ႏွစ္ဆဲ့ငါးေတာင္ ၊ သုံးဆယ္ ၊ တိုင္ေပါင္းရွစ္ဆယ္
ညႇိထြန္း ပူေဇာ္ေတာ္မူသည္။သီေပါမင္းတရားလက္ထက္ မသိုးသကၤန္းပြဲေတာ္ က်င္းပျပဳလုပ္ပုံကို ထိုရာဇဝင္ေတာ္ႀကီးတြင္
ဤသို႔ ေတြ႕ရေလသည္။ယင္းသည့္လဆန္းတစ္ဆယ့္ေလးရက္ေန႔ အေနာက္စမုတ္ေတာ္ဦးပြဲၾကည့္စံနန္းေတာ္သို႔
အရွင္ႏွစ္ပါး ထြက္စံေတာ္မူ၍ ဝါေကာက္ရန္ ညဥ့္ႏွစ္ခ်က္တီးအခ်ိန္မတိုင္မီအတြင္းပြဲသဘင္စုံမ်ားကို က်င္းပေစၿပီးလွ်င္
ညဥ့္ႏွစ္ခ်က္တီး ပဟိုရ္ေတာ္သံ ၾကားသည္ႏွင့္တစ္ၿပိဳင္နက္ မ်ိဳးေစ့ႀကဲ ေျမ|ာက္ ၊ ပင္ေရာက္ပြင့္သီး ၊ လုံးႀကီးဝါေပါက္ ၊
ေကာက္ ယူမဆိတ္ ၊ အႀကိတ္အဘန္ ၊ ျပန္လွန္တုံ႔ပယ္ ၊ ရွယ္ျခင္း ရက္ျခင္း ၊ ဆိုးျခင္းစုံလင္ ၊ အစီရင္တို႔ကို
အသၤာကူး ေျပာင္း ၊ ေဟာင္းျခင္းသိုးျခင္းမရွိေစရ။ကေတာ္မယားတို႔ တစ္ဦးထက္တစ္ဦးသာေအာင္ ႀကိဳးပမ္းအားထုတ္
ၿပိဳင္ဆိုင္ရက္လုပ္ၾကရသည္။ မသိုးသကၤန္းေတာ္ ႀကီးၾကပ္ ရက္လုပ္သည့္ ကေတာ္မယားတို႔ကိုလည္း ပုဝါအုပ္ ၊
ပိတ္ အုပ္၊ သကၠလတ္ၿခဳံထည္မ်ား သနားေတာ္မူ၍ ဦးစြာၿပီးသူ ကို ေ႐ႊဘလားသနားေတာ္မူသည္။
ျမင္းစုႀကီးဝန္မယားမွာ ခ်ည္ခင္ကို ေနအိမ္ကေဆာင္ယူလာ၍ ထည့္သြင္းရက္လုပ္ရန္ ဝွက္ထားသည္ကို
 ေတြ႕မိေသာေၾကာင့္ ေ႐ႊနန္းေတာ္ကို လွည့္၍ ဒိုးပတ္ႏွင့္ကရသည္။
ထိုပြဲမ်ားအျပင္ ရွင္မာလဲပြဲကိုလည္း က်င္းပတတ္ေသးေၾကာင္းျဖင့္ ပုဂံဝန္ေထာက္မင္းဦးတင္က ျမန္မာမင္း
အုပ္ခ်ဳပ္ပုံစာတမ္း ၊ ပထမအုပ္ ၊ မ်က္ႏွာ ၂၃၈ တြင္ 'ကာကသတၱဝါ ၊ တာရာထိန္ဆဲ ၊ ကထိန္ပြဲလွ်င္ ၊ ရွင္မာလဲပြဲ ၊
တန္ေဆာင္ပြဲက ၊ ပြဲႀကီးသုံးျဖာ၊ ႀကဳံႀကိဳက္ပါလိမ့္'ဟု ဖြဲ႕ဆိုခဲ့သည္။ရွင္မာလဲပြဲသည္ သီဟိုဠ္ကြၽန္း ကုရာဒဇနပုဒ္တြင္
သီတင္းသုံးေသာ ရွင္မာလဲမေထရ္ကိုအေၾကာင္းျပဳ၍ ျဖစ္ေပၚလာသည္ဟု ေပါရာ ဏဒီပနီက်မ္း ၊ ဒုတိယတြဲတြင္
ပါရွိေလသည္။ တစ္ခါေသာ္ ရွင္မာလဲ မေထရ္သည္ တာဝတႎသာနတ္ျပည္ စူဠာမဏိေစတီေတာ္ကို အဖူးအေျမာ္သြားရာတြင္
အရိေမေတၱယ် အေလာင္းေတာ္နတ္သားႏွင့္ဆုံမိသည္။ထိုအခါ အေလာင္းေတာ္နတ္သားက တန္ေဆာင္မုန္းလျပည့္
ေရာက္သည့္အခါတိုင္း ေဝႆႏၲရာဇာတ္ေတာ္ကို လူအေပါင္းတို႔အား ေဟာၾကားပါရန္ ေလွ်ာက္ထား
ေတာင္းပန္လိုက္သျဖင့္ ရွင္မာလဲမေထရ္သည္ တန္ေဆာင္ မုန္းလျပည့္ေန႔တို႔တြင္ ေဝႆႏၲရာဇာတ္ေတာ္ကို
ေဟာၾကားေလသည္။ထို႔ေၾကာင့္ ရွင္မာလဲပြဲအခါ၌ ဂါထာတစ္ေထာင္ျဖင့္ တန္ဆာဆင္အပ္ေသာ ေဝႆႏၲရာ
ဇာတ္ေတာ္ႀကီးကို ေဟာေျပာရသည္။ေလွာ္ကားေတာ္ပုံျပဳ၍ ေလွာ္ကားထက္တြင္ အသီးတစ္ေထာင္ ၊ အပြင့္တစ္ေထာင္ ၊
ထမင္းဆုပ္ တစ္ေထာင္ ၊ ဆီမီးတစ္ေထာင္ စသည္တို႔ကို လႉဒါန္းပူေဇာ္ရ ေလသည္။

နတ္ပြဲ
နတ္ေတာ္လ ဓႏုရာသီတြင္ မဟာပိႏၷဲနတ္ ပူေဇာ္ပြဲကို က်င္းပ႐ိုးထုံးစံရွိသည္။ထို႔ေၾကာင့္ အင္းဝၿမိဳ႕ဘြဲ႕ ဆဲ့ႏွစ္ရာသီ
လူးတားတြင္ 'ဂမုန္းအင္ႏွင့္ ၊ သဇင္ပြင့္ေပၚ ၊ လနေတၱာ္ကား ၊ ပူေဇာ္ႀကီးစြာ ၊ မင္းဆရာတို႔ ၊ မဟာ ပိႏၷဲ'ဟု
စပ္ဆိုထားျခင္း ျဖစ္ေလသည္။ကုန္းေဘာင္ဆက္ မဟာရာဇဝင္ေတာ္ႀကီးတြင္လည္း ဘႀကီးေတာ္ မင္းတရားလက္ထက္က
မဟာပိႏၷဲပြဲ ဆင္ယင္ေၾကာင္းကို ဤသို႔မွတ္တမ္းတင္ထားလ်က္ရွိေလသည္။နေတၱာ္လဆန္းတစ္ဆယ့္ငါးရက္ေန႔
မဟာပိႏၷဲနတ္ကို ရထားတင္၍ ဗလိနတ္စာေပးေတာ္မူ၏။

ျမင္းခင္းပြဲ
ျပာသိုလ မကာရရာသီတြင္ ေသနဂၤဗ်ဴဟာ အခမ္းအနားတစ္ရပ္ျဖစ္ေသာ ျမင္းခင္းပြဲ ဆင္ခင္းပြဲတို႔ကို ဆင္ယင္
က်င္းပ႐ိုးရွိေလသည္။သီေပါမင္းတရားလက္ထက္ ဆင္ခင္း ျမင္းခင္း စက္သြင္းသဘင္ေတာ္ က်င္းပပုံကို
ထိုရာဇဝင္ေတာ္ႀကီးတြင္ ဤသို႔ေတြ႕ရေလသည္။ေျမနန္းေတာ္ လက္ဝဲဘက္တြင္ အျမင့္ တစ္ဆယ့္ငါးေတာင္ကစ၍
ႏွစ္ဆယ္ ၊ ႏွစ္ဆဲ့ငါးေတာင္ ၊ သုံးဆယ္ ၊ ငါးဆယ္ ၊ အေနာက္ကအေရွ႕သို႔ အတည့္အတန္း စက္တိုင္ ငါးစိုက္ထူၿပီးလွ်င္
မင္းညီ မင္းသား ၊ ဝန္ႀကီး ၊ အတြင္း ဝန္ ၊ ဝင္းေတာ္မႉး ၊ မႉးေတာ္မတ္ေတာ္ ၊ လက္သုံးေတာ္ ၊ လက္စြဲေတာ္တို႔
သနားေတာ္ျမတ္ခံရသည့္ မ်ဥ္း ၊ ေမာက္ တို ၊ စစ္ဝတ္တန္ဆာ ဆင္ယင္ၿပီးလွ်င္ ျမင္းႀကိဳးကစုံမ်ား ကိုစီးနင္း၍
တစ္ကိုယ္လွ်င္ ဆယ္ေခါက္က် လွံလ်င္ ဆယ္စင္းစီကုန္ေအာင္ ထိုးၾကရသည္။စက္စြဲသည့္ မင္းညီ မင္းသား ၊ မႉးေတာ္
မတ္ေတာ္ ၊ လက္သုံးေတာ္ ၊ လက္စြဲေတာ္တို႔မွာ တစ္လက္စြဲလွ်င္ ေငြပြင့္ထိုး ပန္းပုဝါ တစ္ ၊ သဇင္ပန္းခိုင္ တစ္စီ
သနားေတာ္မူသည္။စက္ထိုးသဘင္ၿပီးလွ်င္ ကသည္းအကၠပတ္ ျမင္းတပ္ဗိုလ္အရာ ရွိတို႔ႏွင့္
 ျမင္းအမႈထမ္းတို႔ ေရွာက္သီးထားခုတ္ လွံထိုး ၊ ငွက္ေပ်ာပင္စိုက္ ေရအိုးတင္ ထားခုတ္ ၊ ျမင္းအစိုင္းအႏွင့္
 အေရးအရာမ်ားကို ထိုးခုတ္ျပၿပီးေနာက္ ေ႐ႊနန္းေတာ္သို႔
ဝင္ေတာ္မူသည္။လျပည့္ေက်ာ္ ေလးရက္ေန႔ ဘဝရွင္ မင္းတရားႀကီးဘုရား ထြက္စံေတာ္မူၿပီးလွ်င္
ဆင္ေတာ္ စီးေရသုံးဆဲ့ႏွစ္ကို တြဲဘက္တိုက္ေဝွ႔ေစၿပီးေနာက္ စစ္ေျမ အရပ္တြင္ ဆင္ေတာ္မ်ားကို ရဲဝံ့တံ့စား
အေၾကာက္အ႐ြံ႕မရွိရေအာင္ ေသနတ္ ၊ မီးေပါက္ ၊ ယမ္းမီး ၊ ေျဗာက္ ၊ ဒိုင္း ၊ ကာ တို႔ျဖင့္ ပစ္ေတာက္ ႐ိုက္ခတ္
 ေျခာက္လွန႔္စမ္းသပ္ သည္မ်ားကို ၾကည့္ရႈေတာ္မူ၍ ေ႐ႊနန္းေတာ္သို႔ ဝင္ေတာ္ မူသည္။

မီးဖုံးယာဂု လႉေသာပြဲေတာ္
တပို႔တြဲလ ကုံရာသီတြင္ မီးဖုံးယာဂု လႉေသာပြဲေတာ္ ကို က်င္းပ႐ိုးရွိေလသည္။ဤပြဲတို႔အေၾကာင္း ထိုရာဇဝင္ေတာ္ႀကီး၌
ဤသို႔ေတြ႕ရေလသည္။တပို႔တြဲလ ၊ ပဏၰရသီ ၊ တိထီထြန္းစည့္ ၊ လျပည့္ေန႔အခါ ဝယ္ ၊ ဆကၠဒႏၲ ၊ ေျပာင္မွန္ဝပင္ ၊
ေအးျမေသာ အစြယ္ရွိ သည္ျဖစ္၍ သုံးလူ႔ထြတ္ထား ၊ ျမတ္စြာဘုရားပင္လွ်င္ ၊ ေလးပါးေသာ မဟာဘူတ မွ်တေစရန္ ၊
မီးရွိန္ခံေတာ္မူ သည္ကို ရည္ၿပီးလွ်င္ ၊ ႐ုပ္ရွင္ေတာ္ပြား ၊ ကိုယ္စားေတာ္ စားျဖစ္ေသာ.ဘုရားတစ္ဆယ့္ငါးဆူ ၊ ေ႐ႊဂူေစတီ ၊
သရီရ ျမတ္ ၊ ေမြေတာ္ဓာတ္တို႔အား ႏွစ္စဥ္ပူေဇာ္လႉဒါန္းၿမဲ နံ႔သာမ်ိဳးဆယ္ပါးတို႔တြင္ သာရဂႏၶအစစ္ ၊
အႏွစ္နံ႔သာတို႔ ျဖင့္ျပည့္ေသာ ၊ မီးခံႏွင့္တကြေသာ မီးဖုံး ျပာသာဒ္ေတာ္ ဆူေရတစ္ဆယ့္ငါး ၊ ေကာက္သုံးပါးတို႔တြင္ ၊
ဩဇာေလးနက္ ၊ အက်ိဳးတက္ေသာ ၊ ေကာက္ႀကီးဆန္ျမတ္ ၊ ေပါက္ လတ္လက္ဦး ၊ ဆြတ္ယူခူးေသာ ေကာက္ဦးဆြမ္း
အျဖစ္ ျဖင့္ေကာင္းစြာ က်ိဳခ်က္အပ္ေသာ မြန္ျမတ္ေသာ ယာဂု ဆြမ္းအလႉေတာ္မ်ားကို စာရင္းပါတစ္ဆယ့္ငါးဆူေသာ
ဘုရားရွင္တို႔အား သဇင္ပန္း ၊ ဆီမီးတန္ေဆာင္စေသာ အလႉေတာ္မ်ားႏွင့္တကြ.ေကာင္းမြန္စြာ အ႐ုဏ္ဆြမ္းကပ္ ၍ ၊
မီးဖုံးေတာ္မ်ားကို လႉဒါန္းပူေဇာ္ေတာ္မူသည္။

သဲပုံေစတီပြဲ
တေပါင္းလ မိန္ရာသီတြင္ သဲပုံေစတီပြဲကို က်င္းပ႐ိုးရွိေလသည္။ဤလတြင္ ဧရာဝတီျမစ္တြင္ သဲေသာင္မ်ား ျဖဴျဖဴေဖြးေဖြး
ထြန္းေပၚ၍ ေရေက်းေရငွက္မ်ား ျမဴးထူးေပ်ာ္ပါး ၾကသျဖင့္ အလြန္ၾကည္ႏူးဘြယ္ျဖစ္ေလသည္။ထိုအခါတြင္
မင္းမိဘုရားႏွစ္ပါးသည္ မင္းညီမင္းသား မႉးေတာ္မတ္ေတာ္တို႔ ႏွင့္အတူ ေသာင္ျပင္သို႔ ထြက္စံေတာ္မူကာ သဲပုံေစတီမ်ားကို
တည္၍ ပူေဇာ္ကန္ေတာ့ၾကလ်က္ ပြဲလမ္းသဘင္ဆင္ယင္က်င္းပၾကေလသည္။ဤကိုရည္၍ အင္းဝၿမိဳ႕ဘြဲ႕
ဆဲ့ႏွစ္ရာသီလူးတားတြင္တစ္ေပါင္းလသာ ၊ လတကာထက္ႏႈိင္းရာဖက္ေရွာင္ ၊ လမ်ားေနာင္ကားေတာင္လည္းသာေမာ ၊
ေတာလည္းသာေထြေရလည္းသာလွ ၊ ျဖဴလြေသာင္ျပင္ငွက္ေပါင္း႐ႊင္လ်က္ ၊ သဘင္အၿပီသဲေစတီဟု ၊
ေျမႇာက္ခ်ီ႐ႊင္ပပူေဇာ္ၾကမွ ၊ ျပည္ပျပည္တြင္းေျဖာင့္စင္းရည္ေစာင္ ၊
ဆီမီးေထာင္ႏွင့္ထြန္းေျပာင္ညီ႐ုံး ၊ ပန္းလွ်င္ကုံးသို႔ႏွလုံးသဒၶါ ၊ ရတနာသုံးေဘာ္ဖူးေျမာ္ကုန္ၾက ၊ လြန္႐ႊင္ျပရွင့္။ ဟူ၍
ဖြဲ႕ဆိုထားသည္ကိုေတြ႕ရေလသည္။ဤသို႔အားျဖင့္ ဆဲ့ႏွစ္ရာသီပြဲေတာ္တို႔ကို မင္းမိဘုရား ႏွစ္ပါးအမႉးျပဳ၍ အစဥ္တစိုက္
က်င္းပလာခဲ့ၾကရာ အခ်ိဳ႕ ပြဲေတာ္မ်ားသည္ ယခုအခါတိုင္ေအာင္ ဆက္လက္ေခတ္စားဆဲပင္ျဖစ္ေပသည္။
အခ်ိဳ႕မွာမူကား တိမ္ေကာပေပ်ာက္ၾကေလၿပီတည္း။

ဤေဆာင္းပါးကို သင္ဆရာ ၊ ျမင္ဆရာ ၊ ၾကားဆရာ မ်ား၏မွတ္စုတိုမ်ားထဲမွ ေကာက္ႏႈတ္ေရးသားထားပါသည္။



No comments:

Post a Comment