Unicode
တရော်ကင်ပွန်းအား မြန်မာလူမျိုးတို့သည် ခေါင်းလျှော်ရာတွင် အသုံးပြုကြသည်။
တရော်ကင်ပွန်းမှာလဲ ရာဇဝင်ရှိသည်။
တခေတ်အခါက ဒွတ္တဘောင်မင်းကြီးအုပ်စိုးခဲ့စဉ် ထိုမင်းကြီး၏ နဖူးအလယ်တွင် မှဲ့ရှင်တော်တစ်ခုပါပြီး
မျက်စိသုံးခု အတုမဲ့ပေါင် ဒွတ္တပေါင် ဟု နှောင်းလူများကမှတ်တမ်းတင်ခဲ့ကြသည်။
ထို့ပြင် မင်းကြီးသည် သိကြားမင်းဆက်သော လက်နက်ငါးပါး ၊ နာဋ္ဌာဂီရိဆင် ၊ ဝလာဟကနတ်မြင်း တို့ကိုလဲ
ပိုင်ဆိုင်သည်ဟု အဆိုရှိပြန်သည်။
တစ်ခါသော် သရေခေတ္တရာပြည်အနီးရှိ ဗိဿနိုးပြည်ကို သွားရောက်တိုက်ခိုက်ရာ ဗိဿနိုးမှ ပန်ထွာဘုရင်မက
ရန်ပယ်ချောင်းရေကို စနစ်တကျအသုံးချကာ ခုခံခဲ့သည်။သို့ရာတွင် မင်းကြီးက သူလျှိုစေလွှတ်ကာ
ဗိဿနိုး၏ ကာကွယ်ရေးစနစ်ကိုချေဖျက်ပြီး ဘုရင်မနှင့်တကွ တိုင်းပြည်ကိုသိမ်းပိုက်ခဲ့သည်။
ပန်ထွာဘုရင်မသည် အတင်းအဓမ္မသိမ်းပိုက်ခံရခြင်းကို မကျေနပ်ဖြစ်မိသည်။
ထို့ကြောင့် မင်းကြီးကို လက်စားချေရန်ကြံလေသည်။
ကြံပုံမှာ မင်းကြီးဘုန်းကံနိမ့်အောင် မီးနေသည်ထမီနဲ့ရက်လုပ်ထားတဲ့ မျက်နှာသုတ်ပဝါကို မျက်နှာသုတ်ဖို့ပေးခဲ့သည်။
မင်းကြီးသည် ထိုမျက်နှာသုတ်ပဝါကို မျက်နှာသုတ်လိုက်ရာ ဘုန်းနိမ့်ပြီးနဖူးကမှည့်ရှင် ကွယ်ခဲ့လေသည်။
လှ့များ ၊ ဓါးများလည်း အရောင်မထွက်တော့ပေ။ပန်ထွာဘုရင်မလဲ မမအကြံဖြစ်ကြောင်း ၊
ယခုလောက်ဖြင့် မကျေနပ်နိုင်သေးပဲ နောင်ဘဝများတွင်လည်း မင်းကြီး၏ပျက်စီးကြောင်းကို
ကြံစည်လိုသေးကြောင်း ၊ နောက်ထပ်လက်စားမချေရမချင်း သရေခေတ္တရာအနီးရှိ ပေပင်တို့သည်
ယခုအရွယ်မှ မတက်ပါစေကြောင်း ဆုတောင်းကာ လက်ထဲမှ အဆိပ်ခွက်ကိုမော့ချကာ သေလေသည်။
ထိုအချိန်မှ ပေပင်တို့သည် ယနေ့တိုင် သရေခေတ္တရာမြို့ရိုးအနီးရှိပြီး အပင်ပုအရွယ်မှ မတက်ကြတော့ချေ။
မင်းကြီးတွင် ဘုန်းကံနိမ့်ပါးကြောင်းသိလျှင် အခြားလက်အောက်ခံမင်းများလဲ ထကြွပုန်ကန်ကြလေသည်။
မင်းကြီးကိုယ်တိုင် နှိမ်နှင်းသော်လည်း အရှုံးနှင့်ရင်ဆိုင်ရကာ ကမ်းယံပြည်မှ လက်လွတ်ပြေးရလေ၏။
ထိုသို့ပြေးလာစဉ် မိုးရွာလာသဖြင့်တရော်ပင်ကြီးတစ်ပင်အောက်တွင် မိုးခိုရာ ထိုတရော်ကင်ပွန်းအရည်များ
မင်းကြီး၏ ဆံတော်ပေါ်ကျလျှင်ကျခြင်း လက်ထဲမှလှံသည် အရောင်ပြန်ထွက်လေသည်။နဖူးမှ မှဲ့သည်လဲ
ပြန်ပေါ်လာ၏။မင်းကြီးလည်း အံ့သြဝမ်းသာဖြစ်ကာ တရောင်ကင်ပွန်းအပင်များကို မှတ်သားပြီး
မိမိ၏တပ်သားများကို စိတ်ဓါတ်ရွှင်လန်းစေကာ ရန်သူများကို တိုက်လေ၏။များမကြာမီ ရန်သူအားလုံးကို
နှိမ်နှင်းအောင်မြင်ပြီး သရေခေတ္တရာထီးနန်းကို ပြန်လည်စိုးစံလေသည်။
ထို့နောက်တွင် မြန်မာတို့သည် တရော်ကင်ပွန်းအား ခေါင်းလျှော်ရာတွင် ထည့်သွင်းအသုံးပြုလာကြသည်။
မှတ်ချက်။ ။ခေါင်းလျှော်ရုံသာမက ကောင်းသောအသံများ ၊ သတင်းကောင်းများ ကြားရစေရန် နားတွင်သုတ်ခြင်း ၊
ကောင်းသောစကားများပြောဆိုကာ မကောင်းသော အစားများ မစားမိစေရန် ပါးစပ်တွင်သုတ်ခြင်း ၊
အသုဘပို့ပြီး ပြန်လာလျှင် အညံ့တွေပျောက်အောင် ခေါင်းလျှော်ရေချိုးခြင် စသဖြင့်
ဘုန်းကံမြင့်မားတိုးတက်စေရန်အလို့ငှာ ဆုတောင်းကြသည်။
ကင်ပွန်းပင်
ရုက္ခဗေဒအလိုအားဖြင့် 'အကေးရှား ကွန်စင်းနား' ဟုခေါ်သောအပင်မှာ ကင်ပွန်းပင် ပင်ဖြစ်သည်။ ထိုအပင်ကို ကင်ပွန်းချဉ် ၊
ဆူးပုပ်ဟုလည်းခေါ်ကြသေးသည်။ မျိုးစိတ်ပေါင်း ၅၅ဝ မျှရှိပြီး ကမ္ဘာတဝှမ်းလုံးရှိနွေးသောဒေသများတွင် ပေါက်ရောက်လေ့ရှိသည်။
အရွက်များမှာရွက်ပေါင်းဖြစ်သည်။ မွှေးကြိုင်၍ သေးငယ်သော အပွင့်ကလေးများ အပြွတ်လိုက် ပွင့်လေ့ရှိသည်။
အစေ့များ ပါရှိသော အသီးတောင့်များ သီးသည်။ အစေ့များရှိရာတွင် အဆစ်သဖွယ်ချိုင့်လျက် ရှိသည်။
ထနောင်းစေးသည် 'အကေးရှားဆင်နီဂေါ' ခေါ် ကင်ပွန်းပင်တစ်မျိုးမှထွက်သော အစေးဖြစ်သည်။
ကင်ပွန်းပင်မျိုးမှ အခေါက်များသည် သားရေနယ်ရာတွင် အသုံးဝင်သည်။
မြန်မာနိုင်ငံရှိ ကင်ပွန်းပင်ကို အစေ့မှ စိုက်ပျိုးယူကြသည်။ အပင်မှာ နွယ်ယောင်ပင်ယောင်ဖြစ်သည်။
ပင်စည်နှင့် အရွက်တံတို့တွင် ဆူးများရှိသည်။ အရွက်များသည် ရွက်ဆိုင်ထွက်ကြပြီး ရွက်ပေါင်းများဖြစ်သည်။
မန်ကျည်းရွက် လောက်မကြီးကြချေ။ ပင်စည်အရွယ်မှာ ခြေသလုံးအရွယ်၊ ပေါင်လုံးအရွယ်မျှ ရှိသည်။
နွယ်လျှင် အပင်ရှည်တတ်သည်။ အရွက်ကိုစားရသည်။ ကင်ပွန်းသီးကို မြန်မာအမျိုးသမီးများ ခေါင်းလျှော်ရာတွင်
အသုံးပြုလေ့ရှိကြသည်။ ဆေးဖက်လည်းဝင်သည်။
ယခုအခါတွင် ခေတ်မီနည်းပညာများဖြင့် ထုပ်လုပ်ထားသော တရော်ကင်ပွန်းခေါင်းလျှော်ရည်ဗူးများကို
နေရာအနံ့အပြားတွင် အလွယ်တကူဝယ်ယူနိုင်ပြီဖြစ်ပါတယ်။
ဤဆောင်းပါးကို သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ၏မှတ်စုတိုများထဲမှ ကောက်နှုတ်ရေးသားထားပါသည်။
Zawgyi
တေရာ္ကင္ပြန္းအား ျမန္မာလူမ်ိဳးတို႔သည္ ေခါင္းေလွ်ာ္ရာတြင္ အသုံးျပဳၾကသည္။
တေရာ္ကင္ပြန္းမွာလဲ ရာဇဝင္ရွိသည္။
တေခတ္အခါက ဒြတၱေဘာင္မင္းႀကီးအုပ္စိုးခဲ့စဥ္ ထိုမင္းႀကီး၏ နဖူးအလယ္တြင္ မွဲ႔ရွင္ေတာ္တစ္ခုပါၿပီး
မ်က္စိသုံးခု အတုမဲ့ေပါင္ ဒြတၱေပါင္ ဟု ေႏွာင္းလူမ်ားကမွတ္တမ္းတင္ခဲ့ၾကသည္။
ထို႔ျပင္ မင္းႀကီးသည္ သိၾကားမင္းဆက္ေသာ လက္နက္ငါးပါး ၊ နာ႒ာဂီရိဆင္ ၊ ဝလာဟကနတ္ျမင္း တို႔ကိုလဲ
ပိုင္ဆိုင္သည္ဟု အဆိုရွိျပန္သည္။
တစ္ခါေသာ္ သေရေခတၱရာျပည္အနီးရွိ ဗိႆႏိုးျပည္ကို သြားေရာက္တိုက္ခိုက္ရာ ဗိႆႏိုးမွ ပန္ထြာဘုရင္မက
ရန္ပယ္ေခ်ာင္းေရကို စနစ္တက်အသုံးခ်ကာ ခုခံခဲ့သည္။သို႔ရာတြင္ မင္းႀကီးက သူလွ်ိဳေစလႊတ္ကာ
ဗိႆႏိုး၏ ကာကြယ္ေရးစနစ္ကိုေခ်ဖ်က္ၿပီး ဘုရင္မႏွင့္တကြ တိုင္းျပည္ကိုသိမ္းပိုက္ခဲ့သည္။
ပန္ထြာဘုရင္မသည္ အတင္းအဓမၼသိမ္းပိုက္ခံရျခင္းကို မေက်နပ္ျဖစ္မိသည္။
ထို႔ေၾကာင့္ မင္းႀကီးကို လက္စားေခ်ရန္ႀကံေလသည္။
ႀကံပုံမွာ မင္းႀကီးဘုန္းကံနိမ့္ေအာင္ မီးေနသည္ထမီနဲ႔ရက္လုပ္ထားတဲ့ မ်က္ႏွာသုတ္ပဝါကို မ်က္ႏွာသုတ္ဖို႔ေပးခဲ့သည္။
မင္းႀကီးသည္ ထိုမ်က္ႏွာသုတ္ပဝါကို မ်က္ႏွာသုတ္လိုက္ရာ ဘုန္းနိမ့္ၿပီးနဖူးကမွည့္ရွင္ ကြယ္ခဲ့ေလသည္။
လွ႔မ်ား ၊ ဓါးမ်ားလည္း အေရာင္မထြက္ေတာ့ေပ။ပန္ထြာဘုရင္မလဲ မမအႀကံျဖစ္ေၾကာင္း ၊
ယခုေလာက္ျဖင့္ မေက်နပ္ႏိုင္ေသးပဲ ေနာင္ဘဝမ်ားတြင္လည္း မင္းႀကီး၏ပ်က္စီးေၾကာင္းကို
ႀကံစည္လိုေသးေၾကာင္း ၊ ေနာက္ထပ္လက္စားမေခ်ရမခ်င္း သေရေခတၱရာအနီးရွိ ေပပင္တို႔သည္
ယခုအ႐ြယ္မွ မတက္ပါေစေၾကာင္း ဆုေတာင္းကာ လက္ထဲမွ အဆိပ္ခြက္ကိုေမာ့ခ်ကာ ေသေလသည္။
ထိုအခ်ိန္မွ ေပပင္တို႔သည္ ယေန႔တိုင္ သေရေခတၱရာၿမိဳ႕႐ိုးအနီးရွိၿပီး အပင္ပုအ႐ြယ္မွ မတက္ၾကေတာ့ေခ်။
မင္းႀကီးတြင္ ဘုန္းကံနိမ့္ပါးေၾကာင္းသိလွ်င္ အျခားလက္ေအာက္ခံမင္းမ်ားလဲ ထႂကြပုန္ကန္ၾကေလသည္။
မင္းႀကီးကိုယ္တိုင္ ႏွိမ္ႏွင္းေသာ္လည္း အရႈံးႏွင့္ရင္ဆိုင္ရကာ ကမ္းယံျပည္မွ လက္လြတ္ေျပးရေလ၏။
ထိုသို႔ေျပးလာစဥ္ မိုး႐ြာလာသျဖင့္တေရာ္ပင္ႀကီးတစ္ပင္ေအာက္တြင္ မိုးခိုရာ ထိုတေရာ္ကင္ပြန္းအရည္မ်ား
မင္းႀကီး၏ ဆံေတာ္ေပၚက်လွ်င္က်ျခင္း လက္ထဲမွလွံသည္ အေရာင္ျပန္ထြက္ေလသည္။နဖူးမွ မွဲ႔သည္လဲ
ျပန္ေပၚလာ၏။မင္းႀကီးလည္း အံ့ၾသဝမ္းသာျဖစ္ကာ တေရာင္ကင္ပြန္းအပင္မ်ားကို မွတ္သားၿပီး
မိမိ၏တပ္သားမ်ားကို စိတ္ဓါတ္႐ႊင္လန္းေစကာ ရန္သူမ်ားကို တိုက္ေလ၏။မ်ားမၾကာမီ ရန္သူအားလုံးကို
ႏွိမ္ႏွင္းေအာင္ျမင္ၿပီး သေရေခတၱရာထီးနန္းကို ျပန္လည္စိုးစံေလသည္။
ထို႔ေနာက္တြင္ ျမန္မာတို႔သည္ တေရာ္ကင္ပြန္းအား ေခါင္းေလွ်ာ္ရာတြင္ ထည့္သြင္းအသုံးျပဳလာၾကသည္။
မွတ္ခ်က္။ ။ေခါင္းေလွ်ာ္႐ုံသာမက ေကာင္းေသာအသံမ်ား ၊ သတင္းေကာင္းမ်ား ၾကားရေစရန္ နားတြင္သုတ္ျခင္း ၊
ေကာင္းေသာစကားမ်ားေျပာဆိုကာ မေကာင္းေသာ အစားမ်ား မစားမိေစရန္ ပါးစပ္တြင္သုတ္ျခင္း ၊အသုဘပို့ျပီး ျပန္လာလ်ွင္ အညံ့ေတြေပ်ာက္ေအာင္ ေခါင္းေလ်ွာ္ေရခ်ဳိးျခင္း စသျဖင့္
ဘုန္းကံျမင့္မားတိုးတက္ေစရန္အလို႔ငွာ ဆုေတာင္းၾကသည္။
ကင္ပြန္းပင္
႐ုကၡေဗဒအလိုအားျဖင့္ 'အေကးရွား ကြန္စင္းနား' ဟုေခၚေသာအပင္မွာ ကင္ပြန္းပင္ ပင္ျဖစ္သည္။ ထိုအပင္ကို ကင္ပြန္းခ်ဥ္ ၊
ဆူးပုပ္ဟုလည္းေခၚၾကေသးသည္။ မ်ိဳးစိတ္ေပါင္း ၅၅ဝ မွ်ရွိၿပီး ကမာၻတဝွမ္းလုံးရွိေႏြးေသာေဒသမ်ားတြင္ ေပါက္ေရာက္ေလ့ရွိသည္။
အ႐ြက္မ်ားမွာ႐ြက္ေပါင္းျဖစ္သည္။ ေမႊးႀကိဳင္၍ ေသးငယ္ေသာ အပြင့္ကေလးမ်ား အႁပြတ္လိုက္ ပြင့္ေလ့ရွိသည္။
အေစ့မ်ား ပါရွိေသာ အသီးေတာင့္မ်ား သီးသည္။ အေစ့မ်ားရွိရာတြင္ အဆစ္သဖြယ္ခ်ိဳင့္လ်က္ ရွိသည္။
ထေနာင္းေစးသည္ 'အေကးရွားဆင္နီေဂါ' ေခၚ ကင္ပြန္းပင္တစ္မ်ိဳးမွထြက္ေသာ အေစးျဖစ္သည္။
ကင္ပြန္းပင္မ်ိဳးမွ အေခါက္မ်ားသည္ သားေရနယ္ရာတြင္ အသုံးဝင္သည္။
ျမန္မာႏိုင္ငံရွိ ကင္ပြန္းပင္ကို အေစ့မွ စိုက္ပ်ိဳးယူၾကသည္။ အပင္မွာ ႏြယ္ေယာင္ပင္ေယာင္ျဖစ္သည္။
ပင္စည္ႏွင့္ အ႐ြက္တံတို႔တြင္ ဆူးမ်ားရွိသည္။ အ႐ြက္မ်ားသည္ ႐ြက္ဆိုင္ထြက္ၾကၿပီး ႐ြက္ေပါင္းမ်ားျဖစ္သည္။
မန္က်ည္း႐ြက္ ေလာက္မႀကီးၾကေခ်။ ပင္စည္အ႐ြယ္မွာ ေျခသလုံးအ႐ြယ္၊ ေပါင္လုံးအ႐ြယ္မွ် ရွိသည္။
ႏြယ္လွ်င္ အပင္ရွည္တတ္သည္။ အ႐ြက္ကိုစားရသည္။ ကင္ပြန္းသီးကို ျမန္မာအမ်ိဳးသမီးမ်ား ေခါင္းေလွ်ာ္ရာတြင္
အသုံးျပဳေလ့ရွိၾကသည္။ ေဆးဖက္လည္းဝင္သည္။
ယခုအခါတြင္ ေခတ္မီနည္းပညာမ်ားျဖင့္ ထုပ္လုပ္ထားေသာ တေရာ္ကင္ပြန္းေခါင္းေလွ်ာ္ရည္ဗူးမ်ားကို
ေနရာအနံ႔အျပားတြင္ အလြယ္တကူဝယ္ယူႏိုင္ၿပီျဖစ္ပါတယ္။
ဤေဆာင္းပါးကို သင္ဆရာ ၊ ျမင္ဆရာ ၊ ၾကားဆရာ မ်ား၏မွတ္စုတိုမ်ားထဲမွ ေကာက္ႏႈတ္ေရးသားထားပါသည္။
No comments:
Post a Comment