Translate

Monday, June 24, 2019

ရိဒ်ရေကန် (Reh-Lake in Myanmar)

Unicode

မြန်မာနိုင်ငံသည် စေတီပုထိုးများ ၊ သယံဇာတများနှင့် အံ့မခန်းအောင်လှပ လွန်းသည့် သဘာ၀ သယံဇာတများကြောင့်
လူသိများ ထင်ရှားသည့် နိုင်ငံတစ်ခု ဖြစ်သည်။ သို့ရာတွင် ထိုမျှ သဘာဝအလှများ နှင့် ရှုခင်းများကို လူသိများသည့်တိုင်
လူသူအရောက်အပေါက် နည်းပါးမှုကြောင့် လူသိနည်းနေသေးသော သဘာဝအလှများစွာ ကျန်ရှိနေပေသေးသည်။
ထိုအထဲတွင် အမြင့်ပေ (၁၉၆၆)ပေရှိသော ချင်းတောင်တန်းကြီးများပေါ်မှ အသည်းပုံ တိတိကျကျ ပေါ်လွင်နေသော
ရေကန်ကြီးတစ်ခုသည်လည်း အပါအဝင်ပင် ဖြစ်ပေသည်။ ထိုရေကန်ကြီးသည်ကား ချင်းလူမျိုးတို့အတွက် ဒဏ္ဍာရီဆန်သော
ရာဇဝင်များ ၊ ယုံကြည် စွဲလမ်းမှုများ ၊ အမြတ်တနိုး တန်ဖိုးထားမှုများဖြင့် ပြည့်နှက်နေသော
ရိဒ်ရေကန်ကြီး (Reh-Lake) ပင်ဖြစ်ပေသည်။

တည်နေရာ
ရိဒ် ရေကန်ကြီး၏ တည်နေရာမှာ မြန်မာနိုင်ငံ၏ အနောက်မြောက်ဖက်ဒေသ ၊ ချင်းပြည်နယ်၏ အနောက်မြောက်ဖက်
အစွန်းတွင် တည်ရှိသည်။ အထူးသဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်နှင့်ပို၍ နီးသည်။ နယ်စပ် မျဉ်းနှင် ၂ မိုင်သာဝေးသည်။
အိန္ဒိယ နိုင်ငံဘက် ကြံဖိုင်းမြို့ နှင့် မိုင် (၂၀) ဝေးပြီး မီဇိုရမ် ပြည်နယ်ရှိ မြို့တော် အိုက်ဇောနှင့်လည်း
မိုင်(၁၃၀) သာဝေးသည်။ သို့အတွက် ရိဒ်ရေကန်ကြီးသို့ လာရောက်လည်ပတ်သူများမှာလည်း အိန္ဒိယနိုင်ငံဘက်မှသာ
များသည်။ မြန်မာနိုင်ငံဘက်မှ သွားရောက်သူတွေအနေဖြင့်တော့ ချင်းတောင်၏ တံခါးဝဟု ဆိုစမှတ်ပြုသည့်
ကလေးမြို့မှတစ်ဆင့်သာ ခရီးဆက်ကြရသည်။ စစ်ကိုင်းတိုင်း ကလေးမြို့မှ မိုင် (၄၀)ဝေးသည်။ ကလေးမြို့မှ
မိုင် (၆၀) နီးပါးဝေးသော ချင်းပြည်နယ် တီးတိန်မြို့ကို ဖြတ်ကာ တီးတိန်မှ (၃၂) မိုင်ဆက် သွားကြရသည်။ သို့ရာတွင်
အိန္ဒိယ နိုင်ငံဘက်မှလာသည်ဖြစ်စေ ၊ မြန်မာနိုင်ငံဘက်မှသွားသည်ဖြစ်စေ ၊ သေချာသည်တစ်ခုကတော့ အမြင့်ပေ
လေး၊ ငါးခြောက်ထောင် ကျော်ရှိသော တောင်တန်းများပေါ်မှ ကျော်ဖြတ်၍ သွားကြရခြင်းပင်ဖြစ်သည်။ ထိုသို့
အမြင့်ပေ လေး ၊ငါး ခြောက်ထောင် တောင်တန်းကြီးများကို ဖြတ်သန်းသွားရသဖြင့် မြန်မာနိုင်ငံဘက်မှ
အပန်းဖြေလေ့လာသူတွေ ရှိသလို နိုင်ငံခြားသားအချို့လည်း လာရောက်လေ့ရှိပါသည်။ သို့ရာတွင် အများဆုံး
အလာများသည်ကတော့ အိန္ဒိယနိုင်ငံဘက်မှ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ထိုသို့ အလားများရသည်ကတော့
"၎င်းတို့၏ ဆွေမျိုး သားချင်းများ၏ ဝိညာဉ်များသည်လည်း ရိဒ်ရေကန်ကြီးတွင် လာရောက်မှီခိုနေထိုင်ကြသည်" ဟူသော
အယူအဆတစ်ရပ်အရ အထွတ်အမြတ်ထားရာ နေရာအဖြစ်လာရောက်ကြခြင်းဖြစ်သည်။ သို့ရာတွင် ယခုအခါတွင်တော့
ရိဒ်ရေကန်ကြီးအတွင်း အပျော်စီးလှေများ စီးနင်းနိုင်အောင် စီစဉ်ပေးထားခြင်းနှင့် ညအိပ် တည်းခိုနိုင်ရန်ပင် ဘန်ဂလိုများ
စီစဉ်ပေးထားခြင်းတို့ကြောင့် ရိဒ်ရေကန်ကြီးမှာ အပျော်စီးလှေ လာရောက် စီးနင်းသည့် တောင်ပေါ်သားများနှင့်
ပျားရည်ဆန်းခရီးထွက်သူများ ဖြင့်ပါ စည်ကားနေလေ့ရှိပေသည်။

ပုံသဏ္ဍာန်နှင့် အနေအထား

ထိုမျှ ဒဏ္ဍာရီဆန်သော အတိတ်သမိုင်းများ ၊ ဆန်းပြားသော ယုံကြည်ချက် များနှင့် ထူးခြားချက်များနှင့် ပြည့်နှက်နေသော
ရိဒ်ရေကန်ကြီးမှာ ပတ်လည်အကျယ် ၂.၅ မိုင်ရှိသော တောင်ပေါ်ရေကန်ကြီးတစ်ခုဖြစ်သည်။ ထိုပတ်လည်
အနားတစ်လျှောက် တွင်လည်း မိုးမခပင်များက ခြံစည်းရိုး ရှည်ကြီးသဖွယ် သဘာဝအလျောက် စီတန်းကာပေါက်ရောက်
နေပြန်ရာ အဆိုပါ မိုးမခ ပင်တန်းကြီးကို ချင်းလူမျိုးတို့က ( ၎င်းတို့၏ ယုံကြည်ချက်အရ ဝိညာဉ် ခြံစည်းရိုးဟု
ကင်ပွန်းတတ်ထားကြလေသည်။) ကန်အတွင်း ရေပြင်၏ ပျှမ်းမျှ အနက်မှာပေ (၅၀) ရှိပြီးအနက်ဆုံး နေရာများ တွင်မူ
ပေ (၆၀) အထိ ရှိသည်။ ရေအရောင်မှာ ပြာလဲ့လဲ့ရှိပြီး ကန်အတွင်းတွင် ကြာဖြူ ၊ ကြာနီ နှင့် ဗေဒါများ ဖူးပွင့်နေလေ့ရှိသည်။ အလားတူပင် ရေကန်ပတ်လည်ရှိ မိုးမခပင်များ ထက်တွင် လည်း သစ်ခွပင်များ ပေါက် ရောက်နေပြန်ရာ ရိဒ်ရေကန်ကြီးမှာ
တောင်ပေါ်ဒေသမှ စာပန်းချီခြယ်သမကုန်နိုင်သည့် ရှုခင်းကြီး တစ်ခုသဖွယ် ဖြစ်နေပါတော့သည်။

ဒဏ္ဍာရီဆန်သော ဖြစ်တည်မှုသမိုင်း

ရိဒ်ရေကန်ကြီး၏ ဖြစ်တည်မှု သမိုင်းကား အလွန်ပင် ဒဏ္ဍာရီဆန်လှသည်။ သို့ရာတွင် ထိုသို့ ဒဏ္ဍာရီဆန်လွန်းလှသည့်တိုင် အဆိုပါ ဖြစ်တည်မှုသမိုင်းကိုတော့ ချင်းလူမျိုးတို့က ယနေ့တိုင် အခိုင်အမာ ယုံကြည်နေကြဆဲဖြစ်သည်။ အဆိုပါဖြစ်တည်မှုဒဏ္ဍာရီကြီး၏အစကား လွန်ခဲ့သောနှစ်ပေါင်း ငါးရာကျော် ၊ ခြောက်ရာနီးပါး ကာလ ၊ မီဇို
ချင်းလူမျိုးတို့၏ အခြေချနေထိုင်ခဲ့သည့်အချိန်မှပင်ဖြစ်ပေသည်။ ချင်းအနွယ်ဝင် မီဇိုလူမျိုးနှင့်
ဟွာလ်ငိုး (Huanlngo) နွယ်ဝင် တို့သည် ၁၄၅၀ ခုနှစ်ခန့် မှစတင်၍ ချင်းတောင်တန်းပေါ်တွင် မြို့ပြတည်ထောင်ကာ အခြေချနေထိုင်ခဲ့ကြသည်။ ဤသို့နေထိုင်လာခဲ့ရာမှ တစ်နေ့သောအခါတွင်မူဒုတိယမြောက် ဆွေးပွီးမြို့သူကြီး ဟွာထန် (Huathana) သည် အိပ်မက်တစ်ခုအား မြင်မက်လေတော့သည်။ ယင်းအိပ်မက်တွင် မုတ်ဆိတ်မွေးဖားဖားနှင့် အလွန်တရာမှပင် ကျက်သရေရှိလှသော နတ်မင်းကြီးတစ်ပါးက ဟွာလ်ထန်အား ကိုယ်ရောင်ပြပြီး
" ငါသည် ဝိညာဉ်စောင့်နတ်မင်းကြီး ပူးရိဒ် ဖြစ်ပေသည်။ သင်တို့၏ဝိညာဉ်များအား စောင့်ရှောက်ရန်အလို့ငှာ
ငါသည်နွားနောက်ဖြူ အသွင်ဖန်ဆင်းကာ ကောင်းကင်ခရီးဖြင့်လာခဲ့ရာ သင်တို့၏ သင်တို့အရပ်၏
အနောက်မြောက်ဖက်ခရီးအတန်ငယ်ဝေးသော နေရာတွင် နေရာတစ်ခုကို တွေ့ရှိခဲ့ပေသည်။ ငါသည် ထိုနေရာ၌
စံစားနေထိုင်ရန်အလို့ငှာ ထိုနေရာအား လူတို့၏ အသည်းနှလုံးပုံ တိတိကျကျရှိသော ရေအိုင်ကြီးတစ်ခုအဖြစ်
ဖန်ဆင်းလိုက်ပေသည်။ ထိုရေအိုင်ကြီးတွင်ယနေ့မှစ၍ ငါကိုယ်တော်စံစားမည် ဖြစ်သလို သေသောသူအားလုံးတို့၏ ဝိညာဉ်များသည်လည်း မဖြစ်မနေ ငါထံသို့ လာကြရပေမည် "ပြောဆိုမိန့်ကြားသွားခဲ့လေသည်။ ထိုအိပ်မက်အရ
ဟွာလ်ထန်သည် သူ၏မူးမတ်များအားလွှတ်၍ ရေအိုင်ကြီးကို ရှာဖွေစေခဲ့ရာခုနှစ်ရက်တိတိ ပြည့်မြောက်သောနေ့မှပင် ထိုရေအိုင်ကြီးအား တွေ့ရှိခဲ့ပြီး ယင်းသို့တွေ့ရှိချိန်မှ အစပြု၍ ထိုရေကန်ကြီးအားရိဒ်ရေကန် (RHI-DIL) ဟု
ခေါ်ဆိုကြလေသည်။ ရိဒ်ဆိုသည်မှာ ရိဒ်နတ်မင်းကြီးအား ကိုယ်စားပြုပြီး (DIL) မှာရေကန်ဟုအဓိပ္ပါယ်ရလေသည်။ ဆိုလိုရင်းမှာ ရိဒ်နတ်မင်းစံစားရာ ရေအိုင်ပင်ဖြစ်လေသည်။

ချင်းလူမျိုးတို့၏ ယုံကြည်မှု

ရိဒ်ရေကန်ကြီးနှင့်ပတ်သက်ပြီး မီးဇိုချင်းများက လူတစ်ယောက် သေဆုံးသွားသည့်အခါတွင် ထိုသေဆုံးသူ၏ ဝိညာဉ်သည်ဘဝတစ်ပါးသို့ ကူးပြောင်းနိုင်ရန် နောက်ဆံတင်းစွာဖြင့် ရိဒ်ရေကန် သို့လာကြရပြီး ရေကန်သို့
ရောက်သောအခါမှ လုံးလိုသွေး (Longlotui) ခေါ် အတိတ်ဘ၀မေ့စေနိုင်သည့် စမ်းရေကြည်ကိုသောက်ကာ
ဟိုလ်လိုပါးရ် (Hoilopar) ခေါ်နောက်မလှည့်ပန်းကို ပန်ဆင်ကြရသည်။ ထိုအခါတွင်မှသေသူ၏ဝိညာဉ်များမှာ အတိတ်ဘဝအား တမ်းတစိတ်များပျောက်ကွယ်ကာ ဘဝသစ်သို့ ကူးပြောင်းသွားနိုင်ရန်အတွက် ရေကန်ကြီးအတွင်းသို့ စိတ်ဖြောင့်လက်ဖြောင့် ဆင်းသွားနိုင်ကြသည်ဟု ယုံကြည်ထားကြသည်။ အဆိုပါယုံကြည်မှုအရလည်း
ချင်းလူမျိုးတို့မှာ ပွင့်လင်းရာသီရောက်တိုင်းရိဒ်ရေကန်ကြီးသို့ လာရောက်လည်ပတ်ကာ ရက်လည် ၊ နှစ်လည်ပွဲကဲ့သို့သော နာရေးပွဲများကို ကျင်းပလေ့ရှိသည်။ ယင်းပွဲများတွင်ဘုန်းတော်ကြီးများက ရေကန်တွင်းမှကို
လက်ခုပ်နှင့်ခပ်ကာ သရဇ္ဇယ်ကြလေ့ရှိပြီး ကန်အတွင်းသို့ ငွေအကြွေစများနှင့်အမွှေးနံ့သာများ ပက်ကြဲကာ ရေကန်အနီးရှိ အရိပ်ကောင်းသော ညောင်ပင်ကြီးအောက်တွင် တရားပေးလေ့ရှိကြသည်ဟု ဆိုသည်။

ထူးခြားချက်များ

ကမ္ဘာအဝှမ်းတွင် ရှိရှိသမျှသော ရေကန်များအနက် အသည်းပုံစစ်စစ် ရှိသည့် တစ်ခုတည်းသော ရေကန်ဖြစ်သည်။ အမြင့်ပေ(၁၉၀၀) ကျော်သော တောင်တန်းပေါ်တွင် တည်ရှိသည့် ရေကန်လည်းဖြစ်သည်။ထိုအချက်များထက် ပို၍ထူးခြားသည်မှာချင်းပြည်နယ်၏မြို့တော်ဖြစ်သော ဟားခါးတွင် အပူချိန် (ရေခဲမှတ်အောက်) အနှုတ်(၃)ဒီဂရီရောက်နေချိန်၌ ရိဒ်ရေကန်ကြီးအတွင်း ထူးခြားစွာ အနွေးဓါတ်ရရှိနေခြင်းပင် ဖြစ်ပေသည်။ ထိုမှတဖန် အထူးခြားဆုံးဟု ဆိုရမည့်အချက်ကား ရိဒ်ရေကန်ကြီးအတွင်းသို့ ချောင်းရေ ၊ မြောင်းရေ လည်း စီးမဝင် ၊ မိုးလည်းမရွာသည့် ဒီဇင်ဘာလကုန်ပိုင်း နှင့် ဇန်နဝါရီလဆန်းကဲ့သို့ ဆောင်းနှင်းထန်သည့်ကာလများတွင် ကန်ရေပြင်မှာ အလိုအလျောက် နောက်ကျိနေတတ်ခြင်းပင်ဖြစ်သည်။နှစ်စဉ်နှစ်တိုင်း မိုးလုံးဝမရွာသောဒီဇင်ဘာလကုန်ပိုင်း ရာသီဥတုအအေးဆုံးကာလတွင် ခုနစ်ရက်မှ ၁ဝ ရက်ခန့် ရေများနောက်ကျိနေခြင်းသည် ကန်စောင့်ကြီး ရေကစားခြင်းကြောင့်ဖြစ်သည်ဟုရှေးလူကြီးများက ယုံကြည်ကြသော်လည်း ယနေ့ခေတ် နောင်လာနောက်သားများကမူ
ဤရိဒ်ရေကန်ကြီးသည် ရှေးယခင်ကမီးတောင်ပေါက်ကွဲမှုကြောင့် ရေကန်ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း ၊
ယခု ရိခေါဒါရ်ဒေသသည် ရာသီဥတုအပူဆုံး နွေရာသီကာလ၌ နေ့အပူ ချိန် ၃၇ ံC နှင့် အအေးဆုံးဆောင်းရာသီကာလ၌ ညအပူချိန် ၄ ံC ရှိပြီး ရေပေါ်ပိုင်းရေပြင် ရေသည်အေးစက်နေသဖြင့် ရေ၏ထုထည် အလေးချိန်
ပိုမိုမြင့်တက်ကာ ရေကန်အောက်ပိုင်းသို့တိုးဝင်၍ ရေအောက်ရေနွေးသည်လည်း ရေ၏ထုထည်အလေးချိန်ပေါ့ပြီး ရေပြင်အပေါ်ပိုင်းသို့ ရေအောက်ရှိချော်ရည်၊ ရွှံ့မြေများ၊ ရေအနည်များနှင့် ရောနှောမြင့်တက် တိုးထွက်လာခြင်းကြောင့် ရေနောက်ကျိလာခြင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ရေသံသရာလည်ခြင်း (Water Circulation)
ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

ဤဒေသအနီးတစ်ဝိုက်တွင်နေထိုင်သော လူရှိ(ချင်း) လူမျိုးနွယ်စုများ၏ ရှေးအယူအဆအရ ဤရေကန်သည်သေဆုံးသူ၊ကွယ်လွန်သူတို့၏ဝိညာဉ်များသည်ပထမဆုံးစခန်းချစုဝေးရာနေရာဖြစ်သည်ဟု ယုံကြည်ကြသည်။ ရှေးယခင်က ဤဒေသတစ်ဝိုက်တွင် ဆင်များပေါများသော်လည်း အမဲလိုက်မုဆိုး များက ဆင်တစ်ကောင်မျှ မရနိုင်ခဲ့ကြချေ။
သေရတော့မည့်ဆင်များသည် ရိဒ်ရေကန်ထဲသိုခုန်ဆင်းကြသဖြင့် ရေကန်ထဲတွင် ဆင်စွယ်များစွ
ာရှိနိုင်သည်ဟုယူဆခဲ့ကြသည်။

ဗြိတိသျှ နယ်ချဲ့တို့သည် မြန်မာနိုင်ငံကိုသိမ်းယူခဲ့စဉ်အချိန်က ထိုရေကန်ရှိရာအရပ်သို့ ရောက်ရှိခဲ့ကြပြီး
ရိဒ်ရေကန်၏ထူးခြားသောအသွင်ကို မြင်ကြသောအခါ ရေကန်ထဲတွင်အဖိုးတန် ကျောက်မျက်ရတနာများ ၊
ဆင်စွယ်များရှိလိမ့် မည်ဟုယူဆကာ ၎င်းတို့လက်အောက်တွင် အမှုထမ်းသည့် ဗြိတိသျှစစ်သားများနှင်
ကုလားစစ်သားအချို့ကိုခေါ်ယူပြီး ရေကန်မှရေများကို ခန်းခြောက်သွားအောင် ရေနုတ်မြောင်းများ
ဖောက်လုပ်တူးဖော်စေခဲ့သည်။ ရေများ ခန်းခြောက်ကာနီးတွင် ရေကန်ထဲမှ ကိုယ်တည် လုံးပတ်ဖျာလိပ်ကြီးခန့်အရွယ်ရှိသောနဂါးကြီး ရုတ်တရက်ပေါ်လာပြီးဦးခေါင်းတွင် ကျစ်ဆံမြီး နှစ်ဖက်၊ရင်သားတစ်ဖက်ပါသော
ထူးဆန်းသည့်မြွေနဂါးကြီးကိုတွေ့ရသည်နှင့်တပြိုင်တည်း ဗြိတိသျှတပ်သားများ ကြောက်လန့်
ထွက်ပြေးကြသည်။ထိုအချိန်အတွင်းမှာပင် ခရမ်းသီးအရွယ်ခန့်ရှိသောမိုးများ ရွာချလာပြီး ကြက်ဥတစ်လုံးစာအရွယ်ရှိသော မိုးသီးများ ပင်ချက်ချင်းကျလာတော့သည်။ ရေနုတ်မြောင်း ဖောက်သော စစ်သားများအားလုံး
ထိုညတွင်ပင် သေဆုံးကုန်ကြသည်။ ဤသို့အင်အားကြီးလှသော ဗြိတိသျှနယ်ချဲ့တို့ကပင် ရိဒ်ရေကန် ကို
ဖျက်ဆီးပစ်ရန် လူအင်အား၊ စက်ယန္တရား အင်အားများဖြင့် အကြိမ်ကြိမ်ကြိုးပမ်းသော်လည်း
မပျက်စီးနိုင်ခြင်းသည် ကန်စောင့်နတ်၏ တန်ခိုးကြီးမားလှခြင်းကြောင့်ဖြစ်သည်ဟု ယုံကြည်ကြသည်။
ဤသို့ဖြင့်ရိဒ်ရေကန်ကြီးသည်အဖျက်အဆီး၊ အနှောင့်အယှက်အမျိုးမျိုး အဖုံဖုံကိုရင်ဆိုင်ဖြတ်ကျော်၍
ခိုင်ခံ့မတ်မား ဝင့်ကြွားစွာ ဖြစ်ပေါ်ရပ်တည်ပြီး သမိုင်းမှတ်တမ်း ကြီးမားလှသည့် ရေကန်ကြီးတစ်ခုဖြစ်လေသည်။

ရိဒ်ရေကန်သည် နာမည်ကျော်ကြား ထင်ရှားလှသည့်ရေကန်ကြီးတစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့်
ရိဒ်ရေကန်ချစ်မြတ်နိုး သူဒေသခံပြည်သူများက ရေကန်နှင့်ဘေး ပတ်ဝန်းကျင် စောင့်ကြည့်ထိန်းသိမ်းခြင်း၊ ရေကန်ရှိ ကျက်စားနေသည့်သားငါးများမျိုး မပြုန်းတီးစေရေးအတွက် ကာကွယ်ခြင်းနှင့် မျိုးတိုးပွားရေး ၊
ရေကန်ဘေးပတ်လည် စိမ်းလန်းစိုပြည်သာယာလှပရေးတို့ကို အလေးထား ကာကွယ်ထိန်းသိမ်းကြသည်။ ရိဒ်ရေကန် ဘေးပတ်လည်တွင် ခြံစည်းရိုးကာရံခတ်ထားသည့်သဖွယ် သဘာဝအတိုင်းပေါက်ရောက်သည့်ဒေသအခေါ်
မီထီးပါရ်(Mithipar)အပင် များ၊ ကြာဖြူကြာနီများ၊ ဗေဒါပန်းများနှင့်ဝိညာဉ် ခြံစည်းရိုးပင်ဟုခေါ်သော မိုးမခပင်များ၊ မိုးမခပင်များထက်တွင် ရှားပါးသစ်ခွပန်းများ က စနစ်တကျဖူးပွင့်ဝန်းရံထားကာ အဝေးမှ ကြည့်လျှင် အလွန်သာယာလှပပြီး ချစ်မြတ်နိုး ဖွယ်မြင်တွေ့ရသည်ကို ရေကန်ချစ်သူ ဒေသခံတစ်ဦးက ''ငယ်ရွယ်နုပျိုဖြူလေး၏ မျက်ဝန်း စိုပြာပြာလေးကဲ့သို့ ''ဟု တင်စားနှိုင်းယှဉ်ပြီး ရိဒ်ရေကန်သီချင်းလေးတစ်ပုဒ် ရေးစပ်ခဲ့သည်။ ရိဒ်ရေကန်ရှိ နုန်းမြေများသည် ယခင်က မြေလွတ်မြေရိုင်းဖြစ်ခဲ့သော်လည်း ယခုအခါ လယ်ယာမြေအဖြစ် ဖော်ထုတ်ကာဆန်စပါးများ စိုက်ပျိုးကြသည်။

ယခင်လယ်ယာမြေများကိုကျွဲ ၊ နွား တိရစ္ဆာန်များအသုံးပြု၍ထွန်ယက်လုပ်ကိုင်ခဲ့ ခြင်းကိုလည်း ယခုခေတ်အခါတွင်မူ ခေတ်မီ လယ်ယာသုံးစက်ကိရိယာများ အသုံးပြုကာ စပါးအထွက်တိုးနည်းလမ်းများ၊ ခေတ်မီနည်းပညာစနစ်များကို အသုံးပြုလာကြသည်။ ဒေသခံပြည်သူများက အသိပညာဗဟု သုတတိုးပွားရေး၊ လူနေမှုဘဝအဆင့်အတန်း
မြင့်မားရေး၊ အမျိုးသားပညာရည်မြင့်မားရေးနှင့် ကျန်းမာကြံ့ခိုင်သန်စွမ်းရေးတို့ကိုပါ ခေတ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လာကြကာ ဤနေရာဒေသသည် နေ့စဉ်၊ နှစ်စဉ်နှင့် အမျှ ပိုမိုဖွံ့ဖြိုးတိုးတက်လာပါသဖြင့်
မြို့ချစ်သူ ဒေသခံတစ်ဦးက ''လောက၌နေစရာအကောင်း ဆုံး၊ ပျော်စရာအကောင်းဆုံးနှင့်အကြိုက်ဆုံးနေရာ
ရိခေါဒါရ်ဒေသ၊ ဘယ်ဆီဘယ်နေရာ ကိုရောက်ရောက် မင်းကို ဒို့မမေ့နိုင်ပါ''ဟု မြို့ သီချင်းတစ်ပုဒ်ဖြင့်
တင်စားရေးစပ်ဖွဲ့ဆို ထားသည်။

ရိဒ်ရေကန်သို့ လေ့လာရေးခရီးဖြင့် လည်းကောင်း၊ အပန်းဖြေနားနေရန်နှင့် ပျော်ပွဲစားထွက်ရန်သော် လည်းကောင်း ၊ တောင်ပေါ်မြေပြန့်နေရာအနှံ့ရှိ တိုင်းရင်းသား ပြည်သူများသာမက အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သူ ပြည်နယ်သားများပါ နေ့စဉ်မပျက်လာရောက်ကြပြီး စည်ကားသိုက်မြိုက်လှသည်။ ဒဏ္ဍာရီပုံပြင်ရှိ ရိဒ်ရေအိုင်အကြောင်းကို တစ်ဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ပညာရေးဌာနက မူလတန်း အဆင့်သမိုင်းဘာသာရပ်၌ ပြဋ္ဌာန်းသင်ကြား ရာတွင် ''မီဇိုရမ်ပြည်နယ်တွင်အကြီးဆုံးသောရေအိုင်သည် ရိဒ်ရေအိုင်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်တည်ရှိသည်''ဟုရေးသား ဖော်ပြထားကြောင်းသိရှိရသည်။ ရေကန်၏ တစ်ဖက်ကမ်းတွင်တည်ရှိသည့် ရိခေါဒါရ် မြို့ မှကြည့်လျှင် ရိဒ်ရေကန်ကိုအသည်းနှလုံး ပုံသဏ္ဌာန်သဖွယ် ထူးဆန်းဖွယ်ရာ
မြင်တွေ့ ရသည်သာမက သဘာဝအလျောက် စိမ်းလန်းစိုပြည်နေခြင်းတို့က ချင်းပြည်နယ်၏သဘာဝအလှကို
တန်ဆာဆင်ထားပေသည်။

ဤဆောင်းပါးကို သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ၏မှတ်စုတိုများထဲမှ ကောက်နှုတ်ရေးသားထားပါသည်။




Zawgyi

ရိဒ္ေရကန္ (Reh-Lake) 
ျမန္မာႏိုင္ငံသည္ ေစတီပုထိုးမ်ား ၊ သယံဇာတမ်ားႏွင့္ အံ့မခန္းေအာင္လွပ လြန္းသည့္ သဘာ၀ သယံဇာတမ်ားေၾကာင့္ 
လူသိမ်ား ထင္ရွားသည့္ ႏိုင္ငံတစ္ခု ျဖစ္သည္။ သို႔ရာတြင္ ထိုမွ် သဘာဝအလွမ်ား ႏွင့္ ရႈခင္းမ်ားကို လူသိမ်ားသည့္တိုင္ 
လူသူအေရာက္အေပါက္ နည္းပါးမႈေၾကာင့္ လူသိနည္းေနေသးေသာ သဘာဝအလွမ်ားစြာ က်န္ရွိေနေပေသးသည္။ 
ထိုအထဲတြင္ အျမင့္ေပ (၁၉၆၆)ေပရွိေသာ ခ်င္းေတာင္တန္းႀကီးမ်ားေပၚမွ အသည္းပုံ တိတိက်က် ေပၚလြင္ေနေသာ 
ေရကန္ႀကီးတစ္ခုသည္လည္း အပါအဝင္ပင္ ျဖစ္ေပသည္။ ထိုေရကန္ႀကီးသည္ကား ခ်င္းလူမ်ိဳးတို႔အတြက္ ဒ႑ာရီဆန္ေသာ 
ရာဇဝင္မ်ား ၊ ယုံၾကည္ စြဲလမ္းမႈမ်ား ၊ အျမတ္တႏိုး တန္ဖိုးထားမႈမ်ားျဖင့္ ျပည့္ႏွက္ေနေသာ 
ရိဒ္ေရကန္ႀကီး (Reh-Lake) ပင္ျဖစ္ေပသည္။ 

တည္ေနရာ
ရိဒ္ ေရကန္ႀကီး၏ တည္ေနရာမွာ ျမန္မာႏိုင္ငံ၏ အေနာက္ေျမာက္ဖက္ေဒသ ၊ ခ်င္းျပည္နယ္၏ အေနာက္ေျမာက္ဖက္
အစြန္းတြင္ တည္ရွိသည္။ အထူးသျဖင့္ အိႏၵိယ-ျမန္မာ နယ္စပ္ႏွင့္ပို၍ နီးသည္။ နယ္စပ္ မ်ဥ္းႏွင္ ၂ မိုင္သာေဝးသည္။ 
အိႏၵိယ ႏိုင္ငံဘက္ ႀကံဖိုင္းၿမိဳ႕ ႏွင့္ မိုင္ (၂၀) ေဝးၿပီး မီဇိုရမ္ ျပည္နယ္ရွိ ၿမိဳ႕ေတာ္ အိုက္ေဇာႏွင့္လည္း 
မိုင္(၁၃၀) သာေဝးသည္။ သို႔အတြက္ ရိဒ္ေရကန္ႀကီးသို႔ လာေရာက္လည္ပတ္သူမ်ားမွာလည္း အိႏၵိယႏိုင္ငံဘက္မွသာ 
မ်ားသည္။ ျမန္မာႏိုင္ငံဘက္မွ သြားေရာက္သူေတြအေနျဖင့္ေတာ့ ခ်င္းေတာင္၏ တံခါးဝဟု ဆိုစမွတ္ျပဳသည့္ 
ကေလးၿမိဳ႕မွတစ္ဆင့္သာ ခရီးဆက္ၾကရသည္။ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕မွ မိုင္ (၄၀)ေဝးသည္။ ကေလးၿမိဳ႕မွ 
မိုင္ (၆၀) နီးပါးေဝးေသာ ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕ကို ျဖတ္ကာ တီးတိန္မွ (၃၂) မိုင္ဆက္ သြားၾကရသည္။ သို႔ရာတြင္ 
အိႏၵိယ ႏိုင္ငံဘက္မွလာသည္ျဖစ္ေစ ၊ ျမန္မာႏိုင္ငံဘက္မွသြားသည္ျဖစ္ေစ ၊ ေသခ်ာသည္တစ္ခုကေတာ့ အျမင့္ေပ
ေလး၊ ငါးေျခာက္ေထာင္ ေက်ာ္ရွိေသာ ေတာင္တန္းမ်ားေပၚမွ ေက်ာ္ျဖတ္၍ သြားၾကရျခင္းပင္ျဖစ္သည္။ ထိုသို႔ 
အျမင့္ေပ ေလး ၊ငါး ေျခာက္ေထာင္ ေတာင္တန္းႀကီးမ်ားကို ျဖတ္သန္းသြားရသျဖင့္ ျမန္မာႏိုင္ငံဘက္မွ 
အပန္းေျဖေလ့လာသူေတြ ရွိသလို ႏိုင္ငံျခားသားအခ်ိဳ႕လည္း လာေရာက္ေလ့ရွိပါသည္။ သို႔ရာတြင္ အမ်ားဆုံး 
အလာမ်ားသည္ကေတာ့ အိႏၵိယႏိုင္ငံဘက္မွ ျဖစ္သည္။ ၎တို႔အေနျဖင့္ ထိုသို႔ အလားမ်ားရသည္ကေတာ့ 
"၎တို႔၏ ေဆြမ်ိဳး သားခ်င္းမ်ား၏ ဝိညာဥ္မ်ားသည္လည္း ရိဒ္ေရကန္ႀကီးတြင္ လာေရာက္မွီခိုေနထိုင္ၾကသည္" ဟူေသာ 
အယူအဆတစ္ရပ္အရ အထြတ္အျမတ္ထားရာ ေနရာအျဖစ္လာေရာက္ၾကျခင္းျဖစ္သည္။ သို႔ရာတြင္ ယခုအခါတြင္ေတာ့ 
ရိဒ္ေရကန္ႀကီးအတြင္း အေပ်ာ္စီးေလွမ်ား စီးနင္းႏိုင္ေအာင္ စီစဥ္ေပးထားျခင္းႏွင့္ ညအိပ္ တည္းခိုႏိုင္ရန္ပင္ ဘန္ဂလိုမ်ား 
စီစဥ္ေပးထားျခင္းတို႔ေၾကာင့္ ရိဒ္ေရကန္ႀကီးမွာ အေပ်ာ္စီးေလွ လာေရာက္ စီးနင္းသည့္ ေတာင္ေပၚသားမ်ားႏွင့္ 
ပ်ားရည္ဆန္းခရီးထြက္သူမ်ား ျဖင့္ပါ စည္ကားေနေလ့ရွိေပသည္။

ပုံသ႑ာန္ႏွင့္ အေနအထား

ထိုမွ် ဒ႑ာရီဆန္ေသာ အတိတ္သမိုင္းမ်ား ၊ ဆန္းျပားေသာ ယုံၾကည္ခ်က္ မ်ားႏွင့္ ထူးျခားခ်က္မ်ားႏွင့္ ျပည့္ႏွက္ေနေသာ 
ရိဒ္ေရကန္ႀကီးမွာ ပတ္လည္အက်ယ္ ၂.၅ မိုင္ရွိေသာ ေတာင္ေပၚေရကန္ႀကီးတစ္ခုျဖစ္သည္။ ထိုပတ္လည္
အနားတစ္ေလွ်ာက္ တြင္လည္း မိုးမခပင္မ်ားက ၿခံစည္း႐ိုး ရွည္ႀကီးသဖြယ္ သဘာဝအေလ်ာက္ စီတန္းကာေပါက္ေရာက္
ေနျပန္ရာ အဆိုပါ မိုးမခ ပင္တန္းႀကီးကို ခ်င္းလူမ်ိဳးတို႔က ( ၎တို႔၏ ယုံၾကည္ခ်က္အရ ဝိညာဥ္ ၿခံစည္း႐ိုးဟု 
ကင္ပြန္းတတ္ထားၾကေလသည္။) ကန္အတြင္း ေရျပင္၏ ပွ်မ္းမွ် အနက္မွာေပ (၅၀) ရွိၿပီးအနက္ဆုံး ေနရာမ်ား တြင္မူ
ေပ (၆၀) အထိ ရွိသည္။ ေရအေရာင္မွာ ျပာလဲ့လဲ့ရွိၿပီး ကန္အတြင္းတြင္ ၾကာျဖဴ ၊ ၾကာနီ ႏွင့္ ေဗဒါမ်ား ဖူးပြင့္ေနေလ့ရွိသည္။ အလားတူပင္ ေရကန္ပတ္လည္ရွိ မိုးမခပင္မ်ား ထက္တြင္ လည္း သစ္ခြပင္မ်ား ေပါက္ ေရာက္ေနျပန္ရာ ရိဒ္ေရကန္ႀကီးမွာ
ေတာင္ေပၚေဒသမွ စာပန္းခ်ီျခယ္သမကုန္ႏိုင္သည့္ ရႈခင္းႀကီး တစ္ခုသဖြယ္ ျဖစ္ေနပါေတာ့သည္။ 

ဒ႑ာရီဆန္ေသာ ျဖစ္တည္မႈသမိုင္း

ရိဒ္ေရကန္ႀကီး၏ ျဖစ္တည္မႈ သမိုင္းကား အလြန္ပင္ ဒ႑ာရီဆန္လွသည္။ သို႔ရာတြင္ ထိုသို႔ ဒ႑ာရီဆန္လြန္းလွသည့္တိုင္ 
အဆိုပါ ျဖစ္တည္မႈသမိုင္းကိုေတာ့ ခ်င္းလူမ်ိဳးတို႔က ယေန႔တိုင္ အခိုင္အမာ ယုံၾကည္ေနၾကဆဲျဖစ္သည္။ အဆိုပါျဖစ္တည္မႈ 
ဒ႑ာရီႀကီး၏အစကား လြန္ခဲ့ေသာႏွစ္ေပါင္း ငါးရာေက်ာ္ ၊ ေျခာက္ရာနီးပါး ကာလ ၊ မီဇို ခ်င္းလူမ်ိဳးတို႔၏ အေျခခ်ေနထိုင္ခဲ့သည့္ 
အခ်ိန္မွပင္ျဖစ္ေပသည္။ ခ်င္းအႏြယ္ဝင္ မီဇိုလူမ်ိဳးႏွင့္ ဟြာလ္ငိုး (Huanlngo) ႏြယ္ဝင္ တို႔သည္ ၁၄၅၀ ခုႏွစ္ခန႔္ မွစတင္၍ 
ခ်င္းေတာင္တန္းေပၚတြင္ ၿမိဳ႕ျပတည္ေထာင္ကာ အေျခခ်ေနထိုင္ခဲ့ၾကသည္။ ဤသို႔ေနထိုင္လာခဲ့ရာမွ တစ္ေန႔ေသာအခါတြင္မူ 
ဒုတိယေျမာက္ ေဆြးပြီးၿမိဳ႕သူႀကီး ဟြာထန္ (Huathana) သည္ အိပ္မက္တစ္ခုအား ျမင္မက္ေလေတာ့သည္။ ယင္းအိပ္မက္တြင္ 
မုတ္ဆိတ္ေမြးဖားဖားႏွင့္ အလြန္တရာမွပင္ က်က္သေရရွိလွေသာ နတ္မင္းႀကီးတစ္ပါးက ဟြာလ္ထန္အား ကိုယ္ေရာင္ျပၿပီး 
" ငါသည္ ဝိညာဥ္ေစာင့္နတ္မင္းႀကီး ပူးရိဒ္ ျဖစ္ေပသည္။ သင္တို႔၏ဝိညာဥ္မ်ားအား ေစာင့္ေရွာက္ရန္အလို႔ငွာ ငါသည္ 
ႏြားေနာက္ျဖဴ အသြင္ဖန္ဆင္းကာ ေကာင္းကင္ခရီးျဖင့္လာခဲ့ရာ သင္တို႔၏ သင္တို႔အရပ္၏ အေနာက္ ေျမာက္ဖက္ခရီး 
အတန္ငယ္ေဝးေသာ ေနရာတြင္ ေနရာတစ္ခုကို ေတြ႕ရွိခဲ့ေပသည္။ ငါသည္ ထိုေနရာ၌ စံစားေနထိုင္ရန္ အလို႔ငွာ ထိုေနရာအား 
လူတို႔၏ အသည္းႏွလုံးပုံ တိတိက်က်ရွိေသာ ေရအိုင္ႀကီးတစ္ခုအျဖစ္ဖန္ဆင္းလိုက္ေပသည္။ ထိုေရအိုင္ႀကီးတြင္ယေန႔မွ စ၍ 
ငါကိုယ္ေတာ္စံစားမည္ ျဖစ္သလို .. ေသေသာသူအားလုံးတို႔၏ ဝိညာဥ္မ်ားသည္လည္း မျဖစ္မေန ငါထံသို႔ လာၾကရေပမည္ " 
ေျပာဆိုမိန႔္ၾကားသြားခဲ့ေလသည္။ ထိုအိပ္မက္အရ ဟြာလ္ထန္သည္ သူ၏ မူးမတ္မ်ားအား လႊတ္၍ ေရအိုင္ႀကီးကို ရွာေဖြေစခဲ့ရာ 
ခုႏွစ္ရက္တိတိ ျပည့္ေျမာက္ေသာ ေန႔မွာပင္ ထိုေရအိုင္ႀကီးအား ေတြ႕ရွိခဲ့ၿပီး ယင္းသို႔ေတြ႕ရွိခ်ိန္မွ အစျပဳ၍ ထိုေရကန္ႀကီးအား 
ရိဒ္ေရကန္ (RHI-DIL) ဟုေခၚဆို ၾကေလသည္။ ရိဒ္ဆိုသည္မွာ ရိဒ္နတ္မင္းႀကီးအား ကိုယ္စားျပဳၿပီး (DIL) မွာေရကန္ဟု 
အဓိပၸါယ္ ရေလသည္။ ဆိုလိုရင္းမွာ ရိဒ္နတ္မင္းစံစားရာ ေရအိုင္ပင္ျဖစ္ေလသည္။ 

ခ်င္းလူမ်ိဳးတို႔၏ ယုံၾကည္မႈ

ရိဒ္ေရကန္ႀကီးႏွင့္ပတ္သက္ၿပီး မီးဇိုခ်င္းမ်ားက လူတစ္ေယာက္ ေသဆုံးသြားသည့္အခါတြင္ ထိုေသဆုံးသူ၏ ဝိညာဥ္သည္ 
ဘဝတစ္ပါးသို႔ ကူးေျပာင္းႏိုင္ရန္ ေနာက္ဆံတင္းစြာျဖင့္ ရိဒ္ေရကန္ သို႔လာၾကရၿပီး ေရကန္သို႔ ေရာက္ေသာအခါမွ 
လုံးလိုေသြး (Longlotui) ေခၚ အတိတ္ဘ၀ ေမ့ေစႏိုင္သည့္ စမ္းေရၾကည္ကို ေသာက္ကာ ဟိုလ္လိုပါးရ္ (Hoilopar) ေခၚ 
ေနာက္မလွည့္ပန္းကို ပန္ဆင္ၾကရသည္။ ထိုအခါတြင္မွေသသူ၏ဝိညာဥ္မ်ားမွာ အတိတ္ဘဝအား တမ္းတစိတ္မ်ား
ေပ်ာက္ကြယ္ကာ ဘဝသစ္သို႔ ကူးေျပာင္းသြားႏိုင္ရန္ အတြက္ ေရကန္ႀကီးအတြင္းသို႔ စိတ္ေျဖာင့္လက္ေျဖာင့္ 
ဆင္းသြားႏိုင္ၾကသည္ဟု ယုံၾကည္ထားၾကသည္။ အဆိုပါယုံၾကည္မႈအရလည္း ခ်င္းလူမ်ိဳးတို႔မွာ ပြင့္လင္းရာသီေရာက္တိုင္း 
ရိဒ္ေရကန္ႀကီးသို႔ လာေရာက္လည္ပတ္ကာ ရက္လည္ ၊ ႏွစ္လည္ပြဲကဲ့သို႔ေသာ နာေရးပြဲမ်ားကို က်င္းပေလ့ရွိသည္။ ယင္းပြဲမ်ားတြင္ 
ဘုန္းေတာ္ႀကီးမ်ားက ေရကန္တြင္းမွကို လက္ခုပ္ႏွင့္ခပ္ကာ သရဇၨယ္ၾကေလ့ရွိၿပီး ကန္အတြင္းသို႔ ေငြအေႂကြစမ်ားႏွင့္
အေမႊးနံ႔သာမ်ား ပက္ႀကဲကာ ေရကန္အနီးရွိ အရိပ္ေကာင္းေသာ ေညာင္ပင္ႀကီးေအာက္တြင္ တရားေပးေလ့ရွိၾကသည္ဟု ဆိုသည္။ 

ထူးျခားခ်က္မ်ား

ကမာၻအဝွမ္းတြင္ ရွိရွိသမွ်ေသာ ေရကန္မ်ားအနက္ အသည္းပုံစစ္စစ္ ရွိသည့္ တစ္ခုတည္းေသာ ေရကန္ျဖစ္သည္။ အျမင့္ေပ 
(၁၉၀၀) ေက်ာ္ေသာ ေတာင္တန္းေပၚတြင္ တည္ရွိသည့္ ေရကန္လည္းျဖစ္သည္။ထိုအခ်က္မ်ားထက္ ပို၍ထူးျခားသည္မွာ 
ခ်င္းျပည္နယ္၏ၿမိဳ႕ေတာ္ျဖစ္ေသာ ဟားခါးတြင္ အပူခ်ိန္ (ေရခဲမွတ္ေအာက္) အႏႈတ္(၃)ဒီဂရီေရာက္ေနခ်ိန္၌ ရိဒ္ေရကန္ႀကီး
အတြင္း ထူးျခားစြာ အေႏြးဓါတ္ရရွိေနျခင္းပင္ ျဖစ္ေပသည္။ ထိုမွတဖန္ အထူးျခားဆုံးဟု ဆိုရမည့္အခ်က္ကား ရိဒ္ေရကန္ႀကီး
အတြင္းသို႔ ေခ်ာင္းေရ ၊ ေျမာင္းေရ လည္း စီးမဝင္ ၊ မိုးလည္းမ႐ြာသည့္ ဒီဇင္ဘာလကုန္ပိုင္း ႏွင့္ ဇန္နဝါရီလဆန္းကဲ့သို႔ 
ေဆာင္းႏွင္းထန္သည့္ကာလမ်ားတြင္ ကန္ေရျပင္မွာ အလိုအေလ်ာက္ ေနာက္က်ိေနတတ္ျခင္းပင္ျဖစ္သည္။ႏွစ္စဥ္ႏွစ္တိုင္း မိုးလုံးဝမ႐ြာေသာဒီဇင္ဘာလကုန္ပိုင္း ရာသီ ဥတုအေအးဆုံးကာလတြင္ ခုနစ္ရက္မွ ၁ဝ ရက္ခန႔္ ေရမ်ားေနာက္က်ိေနျခင္းသည္ ကန္ေစာင့္ႀကီး ေရကစားျခင္းေၾကာင့္ျဖစ္သည္ဟုေရွးလူႀကီးမ်ားက ယုံၾကည္ၾကေသာ္လည္း ယေန႔ေခတ္ ေနာင္လာေနာက္သားမ်ားကမူဤရိဒ္ေရကန္ႀကီးသည္ ေရွးယခင္ကမီးေတာင္ ေပါက္ကြဲမႈေၾကာင့္ ေရကန္ျဖစ္ေပၚလာျခင္း ျဖစ္ႏိုင္ေၾကာင္း၊ယခု ရိေခါဒါရ္ေဒသသည္ ရာသီဥတုအပူဆုံး ေႏြရာသီကာလ၌ ေန႔အပူ ခ်ိန္ ၃၇ ံC ႏွင့္ အေအးဆုံးေဆာင္းရာသီကာလ ၌ ညအပူခ်ိန္ ၄ ံC ရွိၿပီး ေရေပၚပိုင္းေရျပင္ ေရသည္ေအးစက္ေနသျဖင့္ ေရ၏ထုထည္ အေလးခ်ိန္ပိုမိုျမင့္တက္ကာ ေရကန္ေအာက္ ပိုင္းသို႔တိုးဝင္၍ ေရေအာက္ေရေႏြးသည္လည္း ေရ၏ထုထည္အေလးခ်ိန္ေပါ့ၿပီး ေရျပင္အေပၚပိုင္းသို႔ ေရေအာက္ရွိေခ်ာ္ရည္၊ ႐ႊံ႕ေျမမ်ား၊ ေရအနည္မ်ားႏွင့္ ေရာေႏွာျမင့္တက္ တိုးထြက္လာျခင္းေၾကာင့္ ေရေနာက္က်ိလာ ျခင္းျဖစ္ေၾကာင္း၊ တစ္နည္းအားျဖင့္ ေရသံသရာ လည္ျခင္း (Water Circulation) ျဖစ္ႏိုင္ ေၾကာင္း သုံးသပ္ၾကသည္။

ဤေဒသအနီးတစ္ဝိုက္တြင္ေနထိုင္ေသာ လူရွိ(ခ်င္း) လူမ်ိဳးႏြယ္စုမ်ား၏ ေရွးအယူအဆအရ ဤေရကန္သည္ေသဆုံးသူ၊ကြယ္လြန္သူတို႔၏ဝိညာဥ္မ်ားသည္ပထမဆုံးစခန္းခ်စုေဝးရာေနရာျဖစ္သည္ဟု ယုံၾကည္ၾကသည္။ ေရွးယခင္က ဤေဒသတစ္ဝိုက္တြင္ ဆင္မ်ား
ေပါမ်ားေသာ္လည္း အမဲလိုက္မုဆိုး မ်ားက ဆင္တစ္ေကာင္မွ် မရႏိုင္ခဲ့ၾကေခ်။ ေသရေတာ့မည့္ဆင္မ်ားသည္ ရိဒ္ေရကန္ထဲသို
ခုန္ဆင္းၾကသျဖင့္ ေရကန္ထဲတြင္ ဆင္စြယ္ မ်ားစြာရွိႏိုင္သည္ဟုယူဆခဲ့ၾကသည္။

ၿဗိတိသွ် နယ္ခ်ဲ႕တို႔သည္ ျမန္မာႏိုင္ငံကိုသိမ္းယူခဲ့စဥ္အခ်ိန္က ထိုေရကန္ရွိရာအရပ္သို႔ ေရာက္ရွိခဲ့ၾကၿပီး ရိဒ္ေရကန္၏ထူးျခားေသာအသြင္ကို
ျမင္ၾကေသာအခါ ေရကန္ထဲတြင္အဖိုးတန္ ေက်ာက္မ်က္ရတနာမ်ား၊ ဆင္စြယ္မ်ားရွိလိမ့္ မည္ဟုယူဆကာ ၎တို႔လက္ေအာက္တြင္ အမႈထမ္းသည့္ ၿဗိတိသွ်စစ္သားမ်ားႏွင္ ကုလားစစ္သားအခ်ိဳ႕ကိုေခၚယူၿပီး ေရကန္မွေရမ်ားကို ခန္းေျခာက္သြားေအာင္ ေရႏုတ္ေျမာင္းမ်ား ေဖာက္လုပ္တူးေဖာ္ေစခဲ့သည္။ ေရမ်ား ခန္းေျခာက္ကာနီးတြင္ ေရကန္ထဲမွ ကိုယ္တည္ လုံးပတ္ဖ်ာလိပ္ႀကီးခန႔္အ႐ြယ္ရွိေသာနဂါးႀကီး ႐ုတ္တရက္ေပၚလာၿပီးဦးေခါင္းတြင္ က်စ္ဆံၿမီး ႏွစ္ဖက္၊ရင္သားတစ္ဖက္ပါေသာ ထူးဆန္းသည့္ေႁမြနဂါးႀကီးကိုေတြ႕ရသည္ႏွင့္
တစ္ၿပိဳင္ တည္း ၿဗိတိသွ်တပ္သားမ်ား ေၾကာက္လန႔္ ထြက္ေျပးၾကသည္။
ထိုအခ်ိန္အတြင္းမွာပင္ ခရမ္းသီးအ႐ြယ္ခန႔္ရွိေသာမိုးမ်ား ႐ြာခ်လာၿပီး ၾကက္ဥတစ္လုံးစာအ႐ြယ္ရွိေသာ မိုးသီးမ်ား ပင္ခ်က္ခ်င္းက်လာေတာ့သည္။ ေရႏုတ္ေျမာင္း ေဖာက္ေသာ စစ္သားမ်ားအားလုံး ထိုညတြင္ပင္ ေသဆုံးကုန္ၾကသည္။ ဤသို႔အင္အားႀကီးလွေသာ
ၿဗိတိသွ်နယ္ခ်ဲ႕တို႔ကပင္ ရိဒ္ေရကန္ ကိုဖ်က္ဆီးပစ္ရန္ လူအင္အား၊ စက္ယႏၲရား အင္အားမ်ားျဖင့္ အႀကိမ္ႀကိမ္ႀကိဳးပမ္းေသာ္လည္း
မပ်က္စီးႏိုင္ျခင္းသည္ ကန္ေစာင့္နတ္၏ တန္ခိုးႀကီးမားလွျခင္းေၾကာင့္ျဖစ္သည္ဟု ယုံၾကည္ၾကသည္။
ဤသို႔ျဖင့္ရိဒ္ေရကန္ႀကီးသည္အဖ်က္အဆီး၊ အေႏွာင့္အယွက္အမ်ိဳးမ်ိဳး အဖုံဖုံကိုရင္ဆိုင္ျဖတ္ေက်ာ္၍ ခိုင္ခံ့မတ္မား ဝင့္ႂကြားစြာ
ျဖစ္ေပၚရပ္တည္ၿပီး သမိုင္းမွတ္တမ္း ႀကီးမားလွသည့္ ေရကန္ႀကီးတစ္ခုျဖစ္ေလသည္။

ရိဒ္ေရကန္သည္ နာမည္ေက်ာ္ၾကား ထင္ရွားလွသည့္ေရကန္ႀကီးတစ္ခုျဖစ္သည္ ႏွင့္အညီ ႏိုင္ငံေတာ္ႏွင့္ ရိဒ္ေရကန္ခ်စ္ျမတ္ႏိုး သူေဒသခံျပည္သူမ်ားက ေရကန္ႏွင့္ေဘး ပတ္ဝန္းက်င္ ေစာင့္ၾကည့္ထိန္းသိမ္းျခင္း၊ ေရကန္ရွိ က်က္စားေနသည့္သားငါးမ်ားမ်ိဳး မျပဳန္းတီးေစေရးအတြက္ ကာကြယ္ျခင္းႏွင့္ မ်ိဳးတိုးပြားေရး၊ေရကန္ေဘးပတ္လည္ စိမ္းလန္းစိုျပည္သာယာလွပေရးတို႔ကို အေလးထား ကာကြယ္ထိန္းသိမ္းၾကသည္။ ရိဒ္ေရကန္ ေဘးပတ္လည္တြင္ ၿခံစည္း႐ိုးကာရံခတ္ထားသည့္သဖြယ္ သဘာဝအတိုင္းေပါက္ေရာက္သည့္ေဒသအေခၚ မီထီးပါရ္(Mithipar)အပင္ မ်ား၊ ၾကာျဖဴၾကာနီမ်ား၊ ေဗဒါပန္းမ်ားႏွင့္ဝိညာဥ္ ၿခံစည္း႐ိုးပင္ဟုေခၚေသာ မိုးမခပင္မ်ား၊ မိုးမခပင္မ်ားထက္တြင္ ရွားပါးသစ္ခြပန္းမ်ား က စနစ္တက်ဖူးပြင့္ဝန္းရံထားကာ အေဝးမွ ၾကည့္လွ်င္ အလြန္သာယာလွပၿပီး ခ်စ္ျမတ္ႏိုး ဖြယ္ျမင္ေတြ႕ရသည္ကို ေရကန္ခ်စ္သူ ေဒသခံတစ္ဦးက ''ငယ္႐ြယ္ႏုပ်ိဳျဖဴေလး၏ မ်က္ဝန္း စိုျပာျပာေလးကဲ့သို႔ ''ဟု တင္စားႏႈိင္းယွဥ္ၿပီး ရိဒ္ေရကန္သီခ်င္းေလးတစ္ပုဒ္ ေရးစပ္ခဲ့သည္။ ရိဒ္ေရကန္ရွိ ႏုန္းေျမမ်ားသည္ ယခင္က ေျမလြတ္ေျမ႐ိုင္းျဖစ္ခဲ့ေသာ္လည္း ယခုအခါ လယ္ယာေျမအျဖစ္ ေဖာ္ထုတ္ကာဆန္စပါးမ်ား စိုက္ပ်ိဳးၾကသည္။

ယခင္လယ္ယာေျမမ်ားကိုကြၽဲ၊ ႏြား တိရစာၦန္မ်ားအသုံးျပဳ၍ထြန္ယက္လုပ္ကိုင္ခဲ့ ျခင္းကိုလည္း ယခုေခတ္အခါတြင္မူ ေခတ္မီ လယ္ယာသုံးစက္ကိရိယာမ်ား အသုံးျပဳကာ စပါးအထြက္တိုးနည္းလမ္းမ်ား၊ ေခတ္မီ နည္းပညာစနစ္မ်ားကို အသုံးျပဳလာၾကသည္။ ေဒသခံျပည္သူမ်ားက အသိပညာဗဟု သုတတိုးပြားေရး၊ လူေနမႈဘဝအဆင့္အတန္း ျမင့္မားေရး၊ အမ်ိဳးသားပညာရည္ျမင့္မားေရးႏွင့္ က်န္းမာႀကံ့ခိုင္သန္စြမ္းေရးတို႔ကိုပါ ေခတ္ႏွင့္အညီ ႀကိဳးပမ္းေဆာင္႐ြက္လာၾကကာ ဤေနရာေဒသသည္ ေန႔စဥ္၊ ႏွစ္စဥ္ႏွင့္ အမွ် ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာပါသျဖင့္ ၿမိဳ႕ခ်စ္သူ ေဒသခံတစ္ဦးက ''ေလာက၌ေနစရာအေကာင္း ဆုံး၊ ေပ်ာ္စရာအေကာင္းဆုံးႏွင့္အႀကိဳက္ဆုံး ေနရာ ရိေခါဒါရ္ေဒသ၊ ဘယ္ဆီဘယ္ေနရာ ကိုေရာက္ေရာက္ မင္းကို ဒို႔မေမ့ႏိုင္ပါ''ဟု ၿမိဳ႕ သီခ်င္းတစ္ပုဒ္ျဖင့္ တင္စားေရးစပ္ဖြဲ႕ဆို ထားသည္။

ရိဒ္ေရကန္သို႔ ေလ့လာေရးခရီးျဖင့္ လည္းေကာင္း၊ အပန္းေျဖနားေနရန္ႏွင့္ ေပ်ာ္ပြဲစားထြက္ရန္ေသာ္ လည္းေကာင္း၊ ေတာင္ေပၚေျမျပန႔္ေနရာအႏွံ႔ရွိ တိုင္းရင္းသား ျပည္သူမ်ားသာမက အိမ္နီးခ်င္းႏိုင္ငံျဖစ္သည့္ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္သူ ျပည္နယ္သားမ်ားပါ ေန႔စဥ္မပ်က္လာေရာက္ၾကၿပီး စည္ကားသိုက္ၿမိဳက္လွသည္။ ဒ႑ာရီပုံျပင္ရွိ ရိဒ္ေရအိုင္အေၾကာင္းကို တစ္ဖက္အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ ပညာေရးဌာနက မူလတန္း အဆင့္သမိုင္းဘာသာရပ္၌ ျပ႒ာန္းသင္ၾကား ရာတြင္ ''မီဇိုရမ္ျပည္နယ္တြင္အႀကီးဆုံးေသာေရအိုင္သည္ ရိဒ္ေရအိုင္ျဖစ္ေသာ္လည္း ျမန္မာႏိုင္ငံတြင္တည္ရွိသည္''ဟုေရးသား ေဖာ္ျပထားေၾကာင္းသိရွိရသည္။ ေရကန္၏ တစ္ဖက္ကမ္းတြင္တည္ရွိသည့္ ရိေခါဒါရ္ ၿမိဳ႕ မွၾကည့္လွ်င္ ရိဒ္ေရကန္ကိုအသည္းႏွလုံး ပုံသဏၭာန္သဖြယ္ ထူးဆန္းဖြယ္ရာျမင္ေတြ႕ ရသည္သာမက သဘာဝအေလ်ာက္ စိမ္းလန္းစိုျပည္ေနျခင္းတို႔က ခ်င္းျပည္နယ္၏သဘာဝအလွကို တန္ဆာဆင္ထားေပသည္။

ဤေဆာင္းပါးကို သင္ဆရာ ၊ ျမင္ဆရာ ၊ ၾကားဆရာ မ်ား၏မွတ္စုတိုမ်ားထဲမွ ေကာက္ႏႈတ္ေရးသားထားပါသည္။

No comments:

Post a Comment