မင်းကွန်းခေါင်းလောင်းကြီးမှာ ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည်။
ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီးတွင် ဘိုးတော်ဘုရားသည် မင်းကွန်းစေတီတော်ကြီးအနီး၌
မင်းကွန်းခေါင်းလောင်းကြီးကို သွန်းလုပ်ခဲ့လေသည်။ ထိုခေါင်းလောင်းကြီးကို သတ္တုပြားဖုံးထားသော
သုံးချောင်းပူးယက်မကြီး၌ ဆွဲထားသည်။ ထိုယက်မကြီးသည် ကျွန်းတိုင်ကြီးများကို ငုံ၍ ဆောက်ထားသော
အုတ်တိုင်နှစ်ခု ပေါ်တွင် တင်ရှိသည်။ ခေါင်းလောင်းကြီးသည် မလွှဲနိုင်ချေ။ ခေါင်းလောင်းကြီးကို ထောင်ထားသည့်
တိုင်ကြီးများသည် မြေငလျင်၏ဒဏ်ကြောင့် ပျက်စီးယိုယွင်းနေကြသဖြင့် ခေါင်းလောင်းကြီး အောက်သို့
ပြုတ်မကျစေရန် သစ်သားတုံးကြီးများဖြင့် ထောက်ပေးထားရသည်။ ထိုခေါင်းလောင်းကြီးကို ကြေးညိုနှင့်
သွန်းလုပ်သည်။ ရွှေစငွေစများကို ခေါင်းလောင်းကြီး၏ ကြေးသားထဲတွင် မြှုပ်ထားသည်။
မင်းကွန်းခေါင်းလောင်းကြီးကို ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ၊ စွန်းလွန်းရွာတွင် မြန်မာသက္ကရာဇ် ၁၁၇၀-ပြည့်နှစ် ၊
ကဆုန်လဆန်း ၁၅ရက်နေ့တွင် ပန်းတင်းဝန် မဟာနန္ဒကျော်စွာ ဦးစီးသော ကြေးသွန်းလုပ်သားပညာရှင်များက
သွန်းလောင်းခဲ့ကြသည်။ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလောင်း ပူဇော်ခဲ့သော
မင်းကွန်းခေါင်းလောင်းမှာ (ရုရှ မြို့တော်)ကရင်မလင်နန်းတော် ရှိ ကမ္ဘာအကြီးဆုံးခေါင်းလောင်းထက်
အနည်းငယ်သေးသည်။ သို့သော် ရုရှခေါင်းလောင်းနှင့်မတူ တမူကွဲချက်က ထိုအရာမှာ ကွဲအက်လျက်ရှိလင့်ကစား
မင်းကွန်းခေါင်းလောင်းတော်မှာမူ ပြကတေ့ အကောင်း ယနေ့တိုင် ထိုး၍ ထူ၍ အသံလွင်လွင် မြည်ဆဲပင် ရှိပါသည်။
ကြေးချိန်အလေး က ၈၇ တန် ၊ အမြင့်က ၃.၇ မီတာ တဖြာ ၁၂ ပေ ၊ အဝန်းက ၅ မီတာ သိုမဟုတ် ၁၆ ပေခွဲ ၊
စဉ့်ကူးဘုရင်၏ မဟာဂန္ဒခေါင်းလောင်းထက် အတိအကျ ၃.၇၈ သိုမဟုတ် ၄ ဆနီးပါး ပိုလေးလံကာ ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်တော်မူခဲ့ရာ ၁၈၄၁ ခုကျမှ သာယာဝတီမင်း လှူမဟာသစ္ဆဒ ခေါင်းလောင်းတော်ထက်တော့
၂ ဆပို၍ လေးလံမူလေသည်။
အတိုင်းအတာ
အဝအချင်း = ၁၆' ၈ ၁/၄"
လုံးပတ် = ၅၀' ၃/၄"
အစောက် = ၂၀' ၃"
အလေးချိန် = ၉၀.၅၂ တန်
ပိဿာချိန် = ၅၅၅၅၅ ပိဿာ (ထိုပိဿာချိန်ကို တန်ချိန် ဖွဲ့လျှင် ၉ဝ၀၅၂ တန် ရသည်။)
မင်းမြူမှန်မှန်ပြော ဆိုသည်မှာ မင်းကွန်းခေါင်းလောင်းကြီး၏ အလေးချိန်ကို မှတ်သားထားခြင်း ဖြစ်သည်။
ကျမတို့ ရှေးမြန်မာ ပညာရှင်ကြီးတွေဟာ ကိန်းဂဏန်း အက္ခရာတွေနဲ့ မြန်မာဗျည်း အက္ခရာတွေကို နေ့တွေနဲ့ ကြားခံပြီး
ဆက်စပ်မှုပြုတဲ့နည်းကို တည်ထွင်ခဲ့ပါတယ်။ အထင်ကရ ကိန်းဂဏန်းတွေ ခုနှစ်သက္ကရာဇ်တွေကို မှတ်သားရာမှာ
သည်နည်းကိုသုံးပြီး ရွတ်ဆိုလို့ကောင်းတဲ့ စာချိုးလေးတွေနဲ့ လက်ဆင့်ကမ်းထားခဲ့ပါတယ်။ ကွန်ပြူတာ နည်းပညာတွေ
မထွန်းကားစဉ်က လူတွေရဲ့အတတ်ပညာနဲ့ အသိဉာဏ် အားသာခဲ့တဲ့ အချက်လို့ ကောက်ချက်ချရင်ရမယ်ထင်ပါတယ်။
ဖတ်မိတဲ့ သူတွေထဲမှာ သည်နည်းကို မသိတဲ့သူ တစ်ယောက် တစ်လေများ ပါခဲ့ရင် သိအောင်လို့ ဗဟုသုတလေးမျှပါရစေ။
နှစ်သက်စရာ ထိန်းသိမ်းထားသင့်တဲ့ အတတ်ပညာတစ်ခုလည်း ဖြစ်တယ်ထင်လို့ပါ။
မြန်မာဗျည်း အက္ခရာ (၃၃) လုံးကို ရေးထုံးစည်းကမ်းအရ (၅) လုံးစီ တစ်တန်း ရေးရပါတယ်။
အဲသည်မှာ ဗျည်းနဲ့ နံပါတ်ကို နေ့ ကြားခံပြီးဆက်စပ်ထားတာက သည်လိုပါ…
မှတ်ချက်။ ။ ဠ(လကြီး)သည် အသံထွက်အရ ဗုဒ္ဓဟူး – နံပတ် ၄ ဖြစ်ပါသည်။
မြန်မာပြည်ရဲ့ ယဉ်ကျေးမှုအမွေ ပုဂံ ဘုရား ပုထိုးစေတီတွေဟာ အဆူပေါင်းလေးသန်းကျော်ရှိပါသတဲ့။
ဘယ်လောက်များသလဲဆိုရင် တနေရာမှာရပ်ပြီး ကြိုက်တဲ့ဘက်ကိုလက်ညှိုးထိုးလိုက် ဘုရားစေတီတွေနဲ့ မလွတ်ဘူးတဲ့။
အဲလောက်များတဲ့ ဘုရားပုထိုးစေတီ အရေအတွက်ကို မှတ်မိလွယ်အောင် `လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း´လို့
စာချိုးခဲ့ပါတယ်။အပေါ်က တွက်နည်းအတိုင်းကြည့်ရင် `လှည်းဝင်ရိုးသံ တညံညံ´ဆိုတာ ဂဏန်းအရေအတွက်နဲ့
(၄၄၄၆၇၃၃)ပါ။ အဓိပ္ပါယ်ကလည်း ဘုရားဖူးလာတဲ့ လှည်းတွေ မပြတ်ဘူးဆိုတဲ့သဘောပါ။ နောက်တခါ ငလျင်
အကြီးအကျယ် လှုပ်လို့ ပုဂံဘုရားတွေ ပြိုကျခဲ့ရတဲ့ အရေအတွက် ကိုလည်း `ရွှေလသာ ဝါဝါဝင်း ၊ ဘုရားရေသောက်ဆင်း´လို့
မှတ်သားထားခဲ့ပါတယ်။ `ရွှေလသာဝါဝါဝင်း´ ဆိုတော့ (၄၄၆၄၄၄)ဆူပေါ့။ ဘုရားတွေ မြေခ ..တချို့ ဧရာဝတီမြစ်ထဲ
ပြိုကျကုန်တာကို တင်စားပြီး ဘုရား ရေသောက်ဆင်းတယ်လို့ စပ်ခဲ့ပါတယ်။ အဓိပ္ပါယ်လည်းရှိ မှတ်လည်း မှတ်မိစေတဲ့
စာတွေပါ။ မန္တလေးမြို့ တည်ခဲ့တဲ့ ခုနှစ်ကိုလည်း `အုတ်ကျစ်ကျော်အေး၊ မန ္တလေး´ လို့မှတ်သားခဲ့ပါတယ်။
`အုတ်ကျစ်ကျော်အေး´ ဆိုတော့ (၁၂၂၁) ခုနှစ်ပေါ့။ထို့အတူပင်`မင်းဖြူမှန်မှန်ပြော´ ဆိုတာ မင်းကွန်း ခေါင်းလောင်းကြီးမှာ
အသုံးပြုထားတဲ့ ကြေးပိသာချိန်ကို မှတ်သားထားတာပါ။ အလေးချိန် (၅၅ ၅၅၅) ပိသာ ရှိပါတယ်တဲ့။ အဓိပ္ပါယ် ကလည်း
မင်းကောင်းမင်းမြတ် ဖြူစင်တဲ့ မင်းတွေဟာ စကားကိုမှန်ကန်စွာ ပြောရမယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်လိမ့်မယ်လို့
ယူဆမိပါတယ်။ ခေါင်းလောင်းကြီးမှာ ဖျက်လို့မရတဲ့ စာအနေနဲ့ အသေအချာကို ထွင်းပြီး သတိပေးထားတာပါ။
ရှေးမြန်မာလူကြီးတွေ ဘာလုပ်လုပ် အဓိပ္ပါယ်မဲ့ စာဖြစ်ပြီးရော ရေးသွားတာမျိုး မဟုတ်လောက်ဘူး လို့ထင်ပါတယ်။
အဲဒါကို `မမင်းဖြူမှန်မှန်ပြော´ လို့ မှားယွင်းပြောဆိုနေကြမယ်ဆိုရင်တော့ အလေးချိန်အရေအတွက်လည်း
မှားယွင်းသွားမှာဖြစ်သလို မမင်းဖြူကို အမှုစစ်နေတဲ့ အဓိပ္ပါယ်မျိုး ရောက်သွားပါလိမ့်မယ်။
ဒါကြောင့် ကျေးဇူးပြုပြီး အသေးအမွှားမို့ဆိုကာ အလေးမထားပဲ မမှားကြပါနဲ့လို့ တောင်းပန်ပါရစေ။
မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ-၁၈၃၈)တွင် မြေငလျင်လှုပ်သဖြင့် အနည်းငယ်နေရာရွေ့၍ (၅)ပိဿာခန့်
ပဲ့သွားခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၆၆-ခုနှစ် ၊ (အေဒီ-၁၉၀၄)တွင် ဧရာဝတီမီးသင်္ဘောကုမ္ပဏီမှ စကော့တလန်လူမျိုး
အရာရှိတစ်ဦးက မူလသစ်သားယက်မပေါ်မှ ယခုရှိသော သံယက်မပေါ်သို့ ရွှေ့ပြောင်း တတ်ဆင်ပေးခဲ့သည်။
မင်းကွန်းခေါင်းလောင်းကြီးမှာ တိုင်(၁၆)တိုင်နှင့် ဘုံပြသာဒ်(၃)ဆင့် အမိုးတတ်ဆင်ထားသည်။
မင်းကွန်းခေါင်းလောင်းတော်ကြီးမှာ ခေါင်းလောင်းသွင်းအပ်ပညာရပ်၌ လက်ခပ်မလွဲ တစ်ခုတည်းသော လက်ရာဖြစ်သည့်
အချက်ကို ဘိုးတော်ဘုရားကိုယ်တိုင် သိတော်မူခဲ့ဟန်ရှိ၏။ ဤအကြောင်း ကြောင့်ထင့် ၊ အနုပညာလက်ရာပညာရှင်ကို
သူ့ထက်ကြီးသည့် ခေါင်းလောင်းတလုံး ထပ်၍ သွန်းပြုလုပ်မည်ကိုစိုး၍ အဆုံးစီရင်ခဲ့သည်ဆိုသတတ်။
ခေါင်းလောင်း မဟာမှာ သူရပ်တည်ရာ တပိုးလို ၁၈၃၈ ခု ငလျင်ဒဏ်ကို ကြံ့ကြံ့ခံလျက် မပျက်မစီး ယနေ့တိုင်ပင်
တွဲလွဲဆွဲ၍ တန်ဆောင်းသစ်တွင် ဝန့်ဝန့်ထယ်ထယ် ကျောက်တိုင် ၂ လုံးကြား အောက်ခြေ သံမဏိ ယက်မခံ
သံမဏိတန်း အပေါ်ဝယ်စမ္မယ်တော်မူလျက်ပင် ရှိသေးသည်။ ချိုမျသံသာထွက်ရှိလာဖို့ သာသာနှက်ရန် ဖိတ်မန္ဒက
ပြုခံကြရပါသည်။ ယင်း မင်းကွန်းခေါင်းလောင်းတော်ကား မင်းကွန်းဘုရားအား ရည်စူး၍
သွန်းလောင်း လှူဒါန်းတော်မူခဲ့ခြင်းဖြစ်သည်။
ဤဆောင်းပါးကို သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ၏မှတ်စုတိုများထဲမှ ကောက်နှုတ်ရေးသားထားပါသည်။
ယခုလက်ရှိ မင်းကွန်းခေါင်းလောင်းတော်ကြီးပုံ
၁၈၇၃ခုနှစ်နှင့် ၁၈၉၆ခုနှစ်တွင် တွေ့ရသော မင်းကွန်းခေါင်းလောင်းတော်ကြီးပုံ
Zawgyi
မင္းကြန္းေခါင္းေလာင္းႀကီးမွာ ကမာၻေပၚတြင္ တတိယအႀကီးဆုံး ေခါင္းေလာင္းႀကီး ျဖစ္သည္။
ကုန္းေဘာင္ေခတ္ မဟာရာဇဝင္ေတာ္ႀကီးတြင္ ဘိုးေတာ္ဘုရားသည္ မင္းကြန္းေစတီေတာ္ႀကီးအနီး၌
မင္းကြန္းေခါင္းေလာင္းႀကီးကို သြန္းလုပ္ခဲ့ေလသည္။ ထိုေခါင္းေလာင္းႀကီးကို သတၱဳျပားဖုံးထားေသာ
သုံးေခ်ာင္းပူးယက္မႀကီး၌ ဆြဲထားသည္။ ထိုယက္မႀကီးသည္ ကြၽန္းတိုင္ႀကီးမ်ားကို ငုံ၍ ေဆာက္ထားေသာ
အုတ္တိုင္ႏွစ္ခု ေပၚတြင္ တင္ရွိသည္။ ေခါင္းေလာင္းႀကီးသည္ မလႊဲႏိုင္ေခ်။ ေခါင္းေလာင္းႀကီးကို ေထာင္ထားသည့္
တိုင္ႀကီးမ်ားသည္ ေျမငလ်င္၏ဒဏ္ေၾကာင့္ ပ်က္စီးယိုယြင္းေနၾကသျဖင့္ ေခါင္းေလာင္းႀကီး ေအာက္သို႔
ျပဳတ္မက်ေစရန္ သစ္သားတုံးႀကီးမ်ားျဖင့္ ေထာက္ေပးထားရသည္။ ထိုေခါင္းေလာင္းႀကီးကို ေၾကးညိဳႏွင့္
သြန္းလုပ္သည္။ ေ႐ႊစေငြစမ်ားကို ေခါင္းေလာင္းႀကီး၏ ေၾကးသားထဲတြင္ ျမႇဳပ္ထားသည္။
မင္းကြန္းေခါင္းေလာင္းႀကီးကို ဧရာဝတီျမစ္ အေရွ႕ဘက္ကမ္း ၊ စြန္းလြန္း႐ြာတြင္ ျမန္မာသကၠရာဇ္ ၁၁၇၀-ျပည့္ႏွစ္ ၊
ကဆုန္လဆန္း ၁၅ရက္ေန႔တြင္ ပန္းတင္းဝန္ မဟာနႏၵေက်ာ္စြာ ဦးစီးေသာ ေၾကးသြန္းလုပ္သားပညာရွင္မ်ားက
သြန္းေလာင္းခဲ့ၾကသည္။ဘိုးေတာ္ဘုရားလက္ထက္ ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုႏွစ္တြင္ သြန္းေလာင္း ပူေဇာ္ခဲ့ေသာ
မင္းကြန္းေခါင္းေလာင္းမွာ (႐ုရွ ၿမိဳ႕ေတာ္)ကရင္မလင္နန္းေတာ္ ရွိ ကမာၻအႀကီးဆုံးေခါင္းေလာင္းထက္ အနည္းငယ္ေသးသည္။
သို႔ေသာ္ ႐ုရွေခါင္းေလာင္းႏွင့္မတူ တမူကြဲခ်က္က ထိုအရာမွာ ကြဲအက္လ်က္ရွိလင့္ကစား
မင္းကြန္းေခါင္းေလာင္းေတာ္မွာမူ ျပကေတ့ အေကာင္း ယေန႔တိုင္ ထိုး၍ ထူ၍ အသံလြင္လြင္ ျမည္ဆဲပင္ ရွိပါသည္။
ေၾကးခ်ိန္အေလး က ၈၇ တန္ ၊ အျမင့္က ၃.၇ မီတာ တျဖာ ၁၂ ေပ ၊ အဝန္းက ၅ မီတာ သိုမဟုတ္ ၁၆ ေပခြဲ ၊ စဥ့္ကူးဘုရင္၏
မဟာဂႏၵေခါင္းေလာင္းထက္ အတိအက် ၃.၇၈ သိုမဟုတ္ ၄ ဆနီးပါး ပိုေလးလံကာ ၁၇၉၀ ခုႏွစ္တြင္ သြန္းလုပ္ေတာ္မူ ခဲ့ရာ
၁၈၄၁ ခုက်မွ သာယာဝတီမင္း လႉမဟာသစၦဒ ေခါင္းေလာင္းေတာ္ထက္ေတာ့ ၂ ဆပို၍ ေလးလံမူေလသည္။
အတိုင္းအတာ
အဝအခ်င္း = ၁၆' ၈ ၁/၄"
လုံးပတ္ = ၅၀' ၃/၄"
အေစာက္ = ၂၀' ၃"
အေလးခ်ိန္ = ၉၀.၅၂ တန္
ပိႆာခ်ိန္ = ၅၅၅၅၅ ပိႆာ (ထိုပိႆာခ်ိန္ကို တန္ခ်ိန္ ဖြဲ႕လွ်င္ ၉ဝ၀၅၂ တန္ ရသည္။)
မင္းျမဴမွန္မွန္ေျပာ ဆိုသည္မွာ မင္းကြန္းေခါင္းေလာင္းႀကီး၏ အေလးခ်ိန္ကို မွတ္သားထားျခင္း ျဖစ္သည္။
က်မတို႔ ေရွးျမန္မာ ပညာရွင္ႀကီးေတြဟာ ကိန္းဂဏန္း အကၡရာေတြနဲ႔ ျမန္မာဗ်ည္း အကၡရာေတြကို ေန႔ေတြနဲ႔ ၾကားခံၿပီး
ဆက္စပ္မႈျပဳတဲ့နည္းကို တည္ထြင္ခဲ့ပါတယ္။ အထင္ကရ ကိန္းဂဏန္းေတြ ခုႏွစ္သကၠရာဇ္ေတြကို မွတ္သားရာမွာ
သည္နည္းကိုသုံးၿပီး ႐ြတ္ဆိုလို႔ေကာင္းတဲ့ စာခ်ိဳးေလးေတြနဲ႔ လက္ဆင့္ကမ္းထားခဲ့ပါတယ္။ ကြန္ျပဴတာ နည္းပညာေတြ
မထြန္းကားစဥ္က လူေတြရဲ႕အတတ္ပညာနဲ႔ အသိဉာဏ္ အားသာခဲ့တဲ့ အခ်က္လို႔ ေကာက္ခ်က္ခ်ရင္ရမယ္ထင္ပါတယ္။
ဖတ္မိတဲ့ သူေတြထဲမွာ သည္နည္းကို မသိတဲ့သူ တစ္ေယာက္ တစ္ေလမ်ား ပါခဲ့ရင္ သိေအာင္လို႔ ဗဟုသုတေလးမွ်ပါရေစ။
ႏွစ္သက္စရာ ထိန္းသိမ္းထားသင့္တဲ့ အတတ္ပညာတစ္ခုလည္း ျဖစ္တယ္ထင္လို႔ပါ။
ျမန္မာဗ်ည္း အကၡရာ (၃၃) လုံးကို ေရးထုံးစည္းကမ္းအရ (၅) လုံးစီ တစ္တန္း ေရးရပါတယ္။
အဲသည္မွာ ဗ်ည္းနဲ႔ နံပါတ္ကို ေန႔ ၾကားခံၿပီးဆက္စပ္ထားတာက သည္လိုပါ…
မွတ္ခ်က္။ ။ ဠ(လႀကီး)သည္ အသံထြက္အရ ဗုဒၶဟူး – နံပတ္ ၄ ျဖစ္ပါသည္။
ျမန္မာျပည္ရဲ႕ ယဥ္ေက်းမႈအေမြ ပုဂံ ဘုရား ပုထိုးေစတီေတြဟာ အဆူေပါင္းေလးသန္းေက်ာ္ရွိပါသတဲ့။
ဘယ္ေလာက္မ်ားသလဲဆိုရင္ တေနရာမွာရပ္ၿပီး ႀကိဳက္တဲ့ဘက္ကိုလက္ညႇိဳးထိုးလိုက္ ဘုရားေစတီေတြနဲ႔ မလြတ္ဘူးတဲ့။
အဲေလာက္မ်ားတဲ့ ဘုရားပုထိုးေစတီ အေရအတြက္ကို မွတ္မိလြယ္ေအာင္ `လွည္းဝင္႐ိုးသံ တညံညံ၊ ပုဂံဘုရားေပါင္း´ လို႔
စာခ်ိဳးခဲ့ပါတယ္။အေပၚက တြက္နည္းအတိုင္းၾကည့္ရင္ `လွည္းဝင္႐ိုးသံ တညံညံ´ဆိုတာ ဂဏန္းအေရအတြက္နဲ႔
(၄၄၄၆၇၃၃)ပါ။ အဓိပၸါယ္ကလည္း ဘုရားဖူးလာတဲ့ လွည္းေတြ မျပတ္ဘူးဆိုတဲ့သေဘာပါ။ ေနာက္တခါ ငလ်င္
အႀကီးအက်ယ္ လႈပ္လို႔ ပုဂံဘုရားေတြ ၿပိဳက်ခဲ့ရတဲ့ အေရအတြက္ ကိုလည္း `ေ႐ႊလသာ ဝါဝါဝင္း ၊ ဘုရားေရေသာက္ဆင္း´လို႔
မွတ္သားထားခဲ့ပါတယ္။ `ေ႐ႊလသာဝါဝါဝင္း´ ဆိုေတာ့ (၄၄၆၄၄၄)ဆူေပါ့။ ဘုရားေတြ ေျမခ ..တခ်ိဳ႕ ဧရာဝတီျမစ္ထဲ
ၿပိဳက်ကုန္တာကို တင္စားၿပီး ဘုရား ေရေသာက္ဆင္းတယ္လို႔ စပ္ခဲ့ပါတယ္။ အဓိပၸါယ္လည္းရွိ မွတ္လည္း မွတ္မိေစတဲ့
စာေတြပါ။ မႏၲေလးၿမိဳ႕ တည္ခဲ့တဲ့ ခုႏွစ္ကိုလည္း `အုတ္က်စ္ေက်ာ္ေအး၊ မန ၱေလး´ လို႔မွတ္သားခဲ့ပါတယ္။
`အုတ္က်စ္ေက်ာ္ေအး´ ဆိုေတာ့ (၁၂၂၁) ခုႏွစ္ေပါ့။ထို႔အတူပင္`မင္းျဖဴမွန္မွန္ေျပာ´ ဆိုတာ မင္းကြန္း ေခါင္းေလာင္းႀကီးမွာ
အသုံးျပဳထားတဲ့ ေၾကးပိသာခ်ိန္ကို မွတ္သားထားတာပါ။ အေလးခ်ိန္ (၅၅ ၅၅၅) ပိသာ ရွိပါတယ္တဲ့။ အဓိပၸါယ္ ကလည္း
မင္းေကာင္းမင္းျမတ္ ျဖဴစင္တဲ့ မင္းေတြဟာ စကားကိုမွန္ကန္စြာ ေျပာရမယ္ဆိုတဲ့ အဓိပၸါယ္ ျဖစ္လိမ့္မယ္လို႔ ယူဆမိပါတယ္။
ေခါင္းေလာင္းႀကီးမွာ ဖ်က္လို႔မရတဲ့ စာအေနနဲ႔ အေသအခ်ာကို ထြင္းၿပီး သတိေပးထားတာပါ။ ေရွးျမန္မာလူႀကီးေတြ
ဘာလုပ္လုပ္ အဓိပၸါယ္မဲ့ စာျဖစ္ၿပီးေရာ ေရးသြားတာမ်ိဳး မဟုတ္ေလာက္ဘူး လို႔ ထင္ပါတယ္။ အဲဒါကို `မမင္းျဖဴမွန္မွန္ေျပာ´ လို႔
မွားယြင္းေျပာဆိုေနၾကမယ္ ဆိုရင္ေတာ့ အေလးခ်ိန္ အေရအတြက္လည္း မွားယြင္းသြားမွာျဖစ္သလို မမင္းျဖဴကို အမႈစစ္ေနတဲ့
အဓိပၸါယ္မ်ိဳး ေရာက္သြားပါလိမ့္မယ္။
ဒါေၾကာင့္ ေက်းဇူးျပဳၿပီး အေသးအမႊားမို႔ဆိုကာ အေလးမထားပဲ မမွားၾကပါနဲ႔လို႔ ေတာင္းပန္ပါရေစ။
ျမန္မာသကၠရာဇ္ ၁၂၀၀ ျပည့္ႏွစ္ ၊ (ေအဒီ-၁၈၃၈)တြင္ ေျမငလ်င္လႈပ္သျဖင့္ အနည္းငယ္ေနရာေ႐ြ႕၍ (၅)ပိႆာခန႔္
ပဲ့သြားခဲ့သည္။ ျမန္မာသကၠရာဇ္ ၁၂၆၆-ခုႏွစ္ ၊ (ေအဒီ-၁၉၀၄)တြင္ ဧရာဝတီမီးသေဘၤာကုမၸဏီမွ စေကာ့တလန္လူမ်ိဳး
အရာရွိတစ္ဦးက မူလသစ္သားယက္မေပၚမွ ယခုရွိေသာ သံယက္မေပၚသို႔ ေ႐ႊ႕ေျပာင္း တတ္ဆင္ေပးခဲ့သည္။
မင္းကြန္းေခါင္းေလာင္းႀကီးမွာ တိုင္(၁၆)တိုင္ႏွင့္ ဘုံျပသာဒ္(၃)ဆင့္ အမိုးတတ္ဆင္ထားသည္။
မင္းကြန္းေခါင္းေလာင္းေတာ္ႀကီးမွာ ေခါင္းေလာင္းသြင္းအပ္ပညာရပ္၌ လက္ခပ္မလြဲ တစ္ခုတည္းေသာ လက္ရာျဖစ္သည့္
အခ်က္ကို ဘိုးေတာ္ဘုရားကိုယ္တိုင္ သိေတာ္မူခဲ့ဟန္ရွိ၏။ ဤအေၾကာင္း ေၾကာင့္ထင့္ ၊ အႏုပညာလက္ရာပညာရွင္ကို
သူ႔ထက္ႀကီးသည့္ ေခါင္းေလာင္းတလုံး ထပ္၍ သြန္းျပဳလုပ္မည္ကိုစိုး၍ အဆုံးစီရင္ခဲ့သည္ဆိုသတတ္။
ေခါင္းေလာင္း မဟာမွာ သူရပ္တည္ရာ တပိုးလို ၁၈၃၈ ခု ငလ်င္ဒဏ္ကို ႀကံ့ႀကံ့ခံလ်က္ မပ်က္မစီး ယေန႔တိုင္ပင္ တြဲလြဲဆြဲ၍
တန္ေဆာင္းသစ္တြင္ ဝန႔္ဝန႔္ထယ္ထယ္ ေက်ာက္တိုင္ ၂ လုံးၾကား ေအာက္ေျခ သံမဏိ ယက္မခံ သံမဏိတန္း အေပၚဝယ္
စမၼယ္ေတာ္ မူလ်က္ပင္ ရွိေသးသည္။ ခ်ိဳမ်သံသာ ထြက္ရွိလာဖို႔ သာသာႏွက္ရန္ ဖိတ္မႏၵက ျပဳခံၾကရပါသည္။
ယင္း မင္းကြန္းေခါင္းေလာင္းေတာ္ကား မင္းကြန္းဘုရားအား ရည္စူး၍ သြန္းေလာင္း လႉဒါန္းေတာ္မူခဲ့ျခင္းျဖစ္သည္။
ဤေဆာင္းပါးကို သင္ဆရာ ၊ ျမင္ဆရာ ၊ ၾကားဆရာ မ်ား၏မွတ္စုတိုမ်ားထဲမွ ေကာက္ႏႈတ္ေရးသားထားပါသည္။
No comments:
Post a Comment