Translate

Wednesday, June 26, 2019

လူငယ်တွေအတွက် စကားလက်ဆောင်

Unicode

ငါသေသွားရင်ကောင်းမယ် ၊ ငါမွေးမလာခဲ့သင့်ဖူး ၊ ငါအငွေ့ပျံပြီးပျောက်သွားရင်ကောင်းမယ် စတဲ့အတွေးတွေဟာ
ပင်ပမ်းခက်ခဲနေတဲ့ အခြေအနေတွေ ၊ ချောင်ပိတ်မိနေပြီး ရှေ့တိုးရခက် နောက်ဆုတ်ရခက်တဲ့ အခြေအနေတွေမှာ
အများဆုံးတွေးမိတတ်ကြပါတယ်။ ဒီလိုအတွေးတွေက ကိုယ့်ကို ဝါးမြိုသွားတဲ့အခါမှာတော့
ဘဝကို စိတ်ကုန်လာတာတွေ ၊ အသက်ရှင်ချင်စိတ်မရှိတော့တာတွေ ၊ မျှော်လင့်ချက် လုံးဝမရှိတော့တာတွေ ၊
မနက်ဖြန်ကို ရင်ဆိုင်ရမှာ ကြောက်တာတွေ ၊ အဆိုးဆုံးရလဒ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာ ၊
သတ်သေတာတွေအထိတောင် ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်တာ ကိုယ်တစ်ယောက်ထဲလို့ ထင်ကောင်းထင်မိလိမ့်မယ်။
ဒါပေမယ့် သင်တစ်ယောက်ထဲမဟုတ်ပါဖူး။ ကမ္ဘာတစ်ဝှမ်းမှာလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်းတွေ
မြင့်တက်နေသလို ဒီလို စိတ်ကုန်စရာအတွေးတွေရဲ့ ချည်နှောင်မှုဒဏ်ကို လူထောင်ပေါင်းများစွာဟာ
နေ့စဉ် ခံစားနေကြရတာပါ။ အထူးသဖြင့် လူငယ်တွေဟာ မရင့်ကျက်သေးခင်မှာ မိသားစုကြောင့် ၊
သုငယ်ချင်းကြောင့် ၊ လုပ်ဖော်ကိုင်ဘက်ကြောင့် ၊ ဆွေမျိုးတွေကြောင့် ၊ ပညာရေးကြောင့် ၊
ပိုက်ဆံကြောင့် ၊ အလုပ်ကြောင့်စတဲ့ အကြောင်းအရာအမျိုးမျိုးကြောင့် ဒီစကားတွေ ထွက်လာတတ်ပါတယ်။
ဘာလို့လဲဆိုတော့ လူငယ်တွေဟာ ပေါ့ပေါ့ပါးပါး နေချင်ကြတယ် ၊ ပျော်ပျော်နေတတ်ကြတယ် ၊
တစ်ခုခုဆို စိတ်ထိခိုက်လွယ်တယ် ၊ ခံနိုင်ရာ်မရှိကြဖူး ၊ သိပ်မရင့်ကျက်ကြသေးဖူး အဲ့တာတွေကြောင့်
ဒီလို လွယ်လွယ်ပြောလိုက်ကြတယ်။တခါတလေ စိတ်ညစ်တာလောက်နဲ့ ပြီးသွားပေမယ့် တခါတလေကျတော့လဲ
ငယ်ငယ်ရွယ်ရွယ်နဲ့ အတော်ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်သွားတတ်ပါတယ်။
ဒါ့ကြောင့် ဒီလို အတွေးတွေ ဝင်မိကြတဲ့အခါ မဖြစ်သင့်တဲ့ အကျိုးဆက်တွေ မဖြစ်ကြရအောင်
လူငယ်တွေအနေနဲ့ မှတ်ထား ၊ သိထားရမယ့်အချက်တွေကို ပြောပြချင်ပါတယ်။
ဒီအချက်လေးတွေ လိုက်လုပ်ကြည့်ရင်းနဲ့ ဘဝရဲ့ စိတ်ညစ်စရာအချိုးအကွေ့တွေမှ ရုန်းထွက်နိုင်ကြပါစေနော်။

ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်မလုပ်ပါနဲ့
ဒီလိုအတွေးမျိုးဝင်တဲ့အချိန်မှာ အဖြစ်အများဆုံးက ကိုယ့်ကိုယ်ကိုယ် ထိခိုက်နာကျင်အောင် တမင်
လုပ်တတ်ကြပါတယ်။အဆိုးဆုံးကတော့ သတ်သေတာပေါ့။ တချို့က နာကျင်သွားရင် နည်းူနည်းများ ခံစားရတာ
သက်သာသွားမလား ၊ သတ်သေလိုက်ရင် လွတ်မြောက်သွားမလား တွေးမိကြတယ်။
အဲ့ဒါကြောင့် နာကျင်အောင်လုပ်ကြ ၊ သေဖို့ ကြံစည်မိကြတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစရာက
သတ်သေလိုက်လို့ဘယ်အရာမှ ပြေလည်မသွားနိုင်သလို ၊ နာကျင်အောင်လုပ်လို့လည်း ဝေဒနာက
ပိုပြီးသက်သာလာမှာမဟုတ်ပါဖူး။ရှိနေတဲ့ ပြဿနာကတော့ ဒီတိုင်း မပြောင်းလဲပဲ ရှိနေမှာဖြစ်ပြီး
ဒီလိုလုပ်တာက ပြဿနာကို ဖြေရှင်းရာမရောက်တဲ့အပြင် ရူးမိုက်ရာတောင် ကျပါသေးတယ်။
တချို့က ရူးမိုက်ခြင်းမှန်း ကောင်းကောင်းနားလည်ပေမယ့် အခြေအနေဆိုးရွားလာတဲ့အခါ စိတ်စေရာ
လုပ်မိတတ်ကြပါတယ်။ ဒါ့ကြောင့် ကိုယ့်စိတ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။
ဘယ်လိုအခြေအနေပဲရောက်ရောက် ကိုယ့်ကိုယ်ကိုယ် ထိခိုက်နာကျင်အောင် လုပ်ခြင်းဟာ
အဖြေမဟုတ်ပါဖူးနော်။

နောက်တစ်ခုကတော့ မူးယစ်ဆေးဝါးပါ။ လူတိုင်းဟာ ဘဝကို အကောင်းဆုံး ရှင်သန်ချင်ကြပါတယ်။
ဘယ်သူမှတော့ အားနည်းချက်တွေ ၊ ပြစ်ချက်တွေ မရှိချင်ကြပါဖူး။ဒါပေမယ့်လည်း
အခြေအနေအမျိုးမျိုးကြောင့် အဆင်မပြေတော့တဲ့အခါ ၊ အသက်ရှင်ရတာ ပင်ပမ်းခက်ခဲလာတဲ့အခါတွေမှာ
စိတ်ထွက်ပေါက်အဖြစ်နဲ့ မူးယစ်ဆေးရဲ့ ကျေးကျွန် ဖြစ်လာနိုင်ပါတယ်။ဒါပေမယ့် ဒါဟာလည်း
စိတ်ထွက်ပေါက်မဟုတ်သလို ပျက်စီးစေမယ့်အရာတစ်ခုပါပဲ။
နောက်ထပ်တစ်ခုက အဆိုးမမြင်ဖို့ပါပဲ။အဆင်မပြေတာတွေကြားထဲမှာ အဆိုးမြင်တာပါ ထပ်ပေါင်းလိုက်ရင်
နောက်ဆက်တွဲဟာ မတွေးရဲစရာပါပဲ။အမြဲတမ်း အကောင်းမြင်နိုင်ဖို့ ခက်ခဲမှန်းသိပါတယ်။အထူးသဖြင့်
အဆင်မပြေတဲ့ အချိန်တွေမှာပေါ့။ဒါပေမယ့် ဒီတိုင်းလွှတ်ထားပေးလိုက်ရင်အဆိုးမြင်လေလေ ဘဝက
စိတ်ကုန်ဖို့ကောင်းလေလေ ၊ မကျေနပ်လေလေ ၊ စိတ်ဓါတ်ကျပြီး အားငယ်လေပါပဲ။
နောက်ဆုံးမှာ လောကကြီးကို နှုတ်ဆက်ထွက်ခွါဖို့ သူက အကြံပေးပါလိမ့်မယ်။
ဒါ့ကြောင့် အဆိုးမမြင်ပါနဲ့။ကိုယ်ဟာ စိတ်ဓါတ်ကျဖို့ ၊ အရှုံးသမားဖြစ်ဖို့ မွေးလာတာမှမဟုတ်တာ။
တနေ့မှာ ကိုယ်လဲ သူများတွေနည်းတူ အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ပြီး ပျော်ရွှင်နိုင်ရမှာပေါ့။

နောက်တစ်ချက်ကတော့ စိတ်ရောဂါကုဆရာဝန်တွေ ၊ တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လူအတော်များများက စိတ်ရောဂါကုဆရာဝန်ဆိုတိုင်း အရူးတွေပဲပြရတယ်လို့ ထင်ကြပါတယ်။
ဒါ့ကြောင့် သွားရမှာ ရှက်သလို ၊ လူသိမှာလဲကြောက်တတ်ကြပါတယ်။မသွားချင်ကြပါဖူး။
တကယ်တမ်းတော့ ဒါဟာ ရှက်စရာလုံးဝမဟုတ်ပါဖူး။ ကျွန်မတို့ရဲ့ အရာအားလုံးမှာ
စိတ်ပိုင်းဆိုင်ရာဟာအရေးအကြီးဆုံးပါပဲ။စိတ်ကြောင့်ပဲမကောင်းတာတွေ ဖြစ်ရသလို ၊
စိတ်ကြောင့်ပဲ မထင်မှတ်ထားတဲ့ အရာတွေကိုတောင် လုပ်ဆောင်နိုင်ပါတယ်။
သာမန်နေမကောင်းဖြစ်ရင်တောင် ဆေးရုံ ၊ ဆေးခန်းကို သွားပြတတ်ကြသေးတာပဲ။
ဒီ့ထက်မက အရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာအတွက် ဆရာဝန်ပြရမှာ ဘာလို့ရှက်နေရမှာလဲ မဟုတ်ဖူးလား။
ဒါ့ကြောင့် ကိုယ့်စိတ်အခြေအနေ အတော်လေးဆိုးရွားလာပြီထင်ရင် စိတ်ရောဂါကုဆရာဝန်နဲ့
တိုင်ပင်ဆွေးနွေးပါ။ ကုသမှု ခံယူသင့်ရင်လဲ ခံယူဖို့ ဝန်မလေးပါနဲ့။

နောက်ထပ်တစ်ချက်က ကိုယ်စိတ်ဓါတ်ကျနေရင် ၊ ပျက်စီးသွားရင် ပျော်နေမယ့်သူတချို့ ရှိတယ်ဆိုတာ
သတိရပါ။ ကျွန်မတို့ရဲ့ အောင်မြင်မှုအတွက် လူတိုင်းမပျော်သလို ၊ ကျွန်မတို့ ကျရှုံးမှုအတွက်လဲ လူတိုင်း
ဝမ်းနည်းမှာမဟုတ်ပါဖူး။ ကျွန်မတို့ပျက်စီးတာကို မြင်ချင်တဲ့သူတွေ ကျွန်မတို့နေတဲ့ ပတ်ဝန်းကျင်မှာရှိတယ်ဆိုတာ
အမှတ်ရပါ။အမြဲတမ်းတော့ ကျွန်မတို့ မသန်မာနိုင်တာ သိပါတယ်။ တခါတလေ စိတ်ဓါတ်ကျမယ် ၊
သိပ်ပင်ပမ်းလွန်းလို့ သေချင်မိတဲ့ အခိုက်အတန့်တွေလဲ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ကသာ
အရှုံးမပေးဖူးဆိုရင် ဘယ်တော့မှ ကျရှုံးမှာမဟုတ်ဖူးလေ။ ဒီတော့ တချို့လူတွေ မြင်ချင်ကြသလို မြင်ခွင့်ပေးမလား ၊
သူတို့ကို ပျော်ခွင့်ပေးလိုက်တော့မှာလား။ ဒါမှမဟုတ် ခေါင်းမော့ ရင်ကော့ပြီး ပျော်ရွှင်တဲ့သူက
ကိုယ်ပဲ ဖြစ်ချင်သလား စဉ်းစားနော်။

နောက်ဆုံးအချက်ကတော့ ကိုယ်ဘယ်လိုလူမျိုးအဖြစ် ရပ်တည်မလဲဆိုတဲ့ ရွေးချယ်မှုပါ။
လူတိုင်းဟာ သုညဘဝကနေ မွေးဖွားလာကြတာပါ။ ဘာမှမသိ မတတ်သေးတဲ့ အခြေအနေကနေ
တဖြည်းဖြည်း ကြီးထွားလာရင်းနဲ့ အဖြစ်အပျက်မျိုးစုံ ကြုံတွေ့ကြရတယ် ၊ ဖြတ်သန်းကြရတယ်။
ဒီလိုနဲ့ ဘဝရဲ့ စမ်းသပ်ချက်မျိုးစုံအောက်မှာ လဲကျလိုက် ၊ ဒဏ်ရာတွေရလိုက် ၊ မျက်ရည်ကျလိုက် ၊
ရယ်မောပျော်ရွှင်လိုက် ၊ ငိုကြွေးလိုက် နဲ့ နိမ့်တချည် မြင့်တလှည့် ဖြစ်တတ်တဲ့သဘောကို
အားလုံးသိကြမှာပါ။ တကယ်တော့ လူ့ဘ၀ အစ ၊ အလယ် ၊ အဆုံး မှာ တကယ်အခက်ခဲဆုံးအရာက
သင်တို့ထင်သလို အလုပ်အကိုင် ၊ ရာထူး ရဖို့မဟုတ်ပါဖူး။ အသက်ငါးနှစ်ပြည့်လို့ သူငယ်တန်းစထားတဲ့အချိန်မှာ
သင်ရတဲ့ " ၀ - ဝလုံး " ရေးနည်းပဲ ဖြစ်ပါတယ်။ ဝလုံးကို ဝိုင်းအောင်ရေးဖို့က အခက်ခဲဆုံးပါပဲ။
ဝလုံး ရေးတတ်သွားပြီဆိုရင် တခြားစာလုံးတွေ သင်ဖို့က ထင်သလောက် မခက်ခဲတော့ပါဖူး။ ဒီလိုပဲ
ကိုယ် အခုကြုံနေရတဲ့ ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအားလုံးဟာလဲ နောင်တချိန်မှာ
အမှတ်တရကောင်းတစ်ခုအဖြစ် ပြန်စဉ်းစားမိတိုင်း ပြုံးရမယ့်အတိတ်တွေထဲက တစ်ခုအဖြစ် ကျန်ရှိနေခဲ့မှာပါ။
ဒါပေမယ့် အမှန်တကယ် ရင်ဆိုင်ကြုံတွေ့ရတဲ့အချိန်မှာတော့ လက်ခံနိုင်ဖို့ရာ အရမ်းခက်ခဲပါတယ်။
ကြုံလာတဲ့ အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းပုံ ၊ ခံယူပုံ ၊ ရွေးချယ်ပုံတွေ အပေါ်မှာ
မူတည်ပြီး ထုဆစ်ကြတဲ့ ဘဝချင်းက ပုံစံတွေကွဲသွားကြတာပါ။ ကိုယ်တိုင်လဲ ပြောင်းလဲသွားကြတာပါ။
ကိုယ်ကိုယ်တိုင်က ငါ့ဒုက္ခကို ဘယ်သူမှနားလည်မှာ မဟုတ်ကြဖူး ၊ ငါသာ ကံအဆိုးဆုံးဆိုပြီး
အရှုံးပေးနေမယ်ဆိုရင်တော့ အမြဲတမ်းရှုံးနေမှာပဲ။ အံတုပြီး အနိုင်တိုက်နိုင်ရင်တော့ အောင်နိုင်သူဖြစ်မှာပဲ။
တချို့သောအချိန်တွေက ဖြတ်ကျော်ရသိပ်ခက်ပြီး သိပ်ကိုကြာရှည်လွန်းပေမယ့် အားလုံးပြီးဆုံးသွားရင်
အောင်မြင်ခြင်းရဲ့ အသီးအပွင့်တွေကို ကိုယ်ကိုယ်တိုင်ပဲ ရိတ်သိမ်းရမှာဖြစ်လို့ အဆုံးထိ အလျော့မပေးလိုက်မိကြဖို့
လိုပါတယ်။ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ရင့်ကျက်တည်ငြိမ်သူဖြစ်မလား ၊ နောင်တတွေနဲ့
အဖော်ပြုနေရတဲ့သူဖြစ်မလား ၊ ကိုယ့်ဘဝကို ဘယ်လို ထုဆစ်ပြီး ဘယ်လိုလူမျိုး အဖြစ်ခံမလဲဆိုတာကိုတော့
ကိုယ်ကိုယ်တိုင်ပဲ စဉ်းစားရွေးချယ်ရမှာပါ။ ကျွန်မကတော့ အသက်ရှင်ဖို့ ၊ အနိုင်ယူဖို့ ရွေးချယ်နေသရွေ့တော့
မျှော်လင့်ချက်ရောင်ခြည်ဆိုတာ အမြဲရှိနေတယ်လို့ ယုံကြည်ပါတယ်။

ဤဆောင်းပါးကို ဆရာများ၏မှတ်စုတိုများထဲမှ ကောက်နှုတ်ကာ ခံစားချက်နှင့် သီကုံးရေးဖွဲ့ထားပါသည်။



Zawgyi

လူငယ္ေတြအတြက္ စကားလက္ေဆာင္

 ငါေသသြားရင္ေကာင္းမယ္ ၊ ငါေမြးမလာခဲ့သင့္ဖူး ၊ ငါအေငြ႕ပ်ံၿပီးေပ်ာက္သြားရင္ေကာင္းမယ္ စတဲ့အေတြးေတြဟာ ပင္ပမ္းခက္ခဲေနတဲ့ အေျခအေနေတြ ၊ ေခ်ာင္ပိတ္မိေနၿပီး ေရွ႕တိုးရခက္
 ေနာက္ဆုတ္ရခက္တဲ့ အေျခအေနေတြမွာ အမ်ားဆုံးေတြးမိတတ္ၾကပါတယ္။ ဒီလိုအေတြးေတြက
ကိုယ့္ကို ဝါးၿမိဳသြားတဲ့အခါမွာေတာ့ ဘဝကို စိတ္ကုန္လာတာေတြ ၊ အသက္ရွင္ခ်င္စိတ္မရွိေတာ့တာေတြ ၊
 ေမွ်ာ္လင့္ခ်က္ လုံးဝမရွိေတာ့တာေတြ ၊ မနက္ျဖန္ကို ရင္ဆိုင္ရမွာ ေၾကာက္တာေတြ ၊ အဆိုးဆုံးရလဒ္အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္တာ ၊ သတ္ေသတာေတြအထိေတာင္ ျဖစ္လာႏိုင္ပါတယ္။
ဒီလိုျဖစ္တာ ကိုယ္တစ္ေယာက္ထဲလို႔ ထင္ေကာင္းထင္မိလိမ့္မယ္။ ဒါေပမယ့္ သင္တစ္ေယာက္ထဲ
မဟုတ္ပါဖူး။ ကမာၻတစ္ဝွမ္းမွာလည္း ကိုယ့္ကိုယ္ကိုယ္ သတ္ေသမႈႏႈန္းေတြ ျမင့္တက္ေနသလို
 ဒီလို စိတ္ကုန္စရာအေတြးေတြရဲ႕ ခ်ည္ေႏွာင္မႈဒဏ္ကို လူေထာင္ေပါင္းမ်ားစြာဟာ ေန႔စဥ္
ခံစားေနၾကရတာပါ။ အထူးသျဖင့္ လူငယ္ေတြဟာ မရင့္က်က္ေသးခင္မွာ မိသားစုေၾကာင့္ ၊
သုငယ္ခ်င္းေၾကာင့္ ၊ လုပ္ေဖာ္ကိုင္ဘက္ေၾကာင့္ ၊ ေဆြမ်ိဳးေတြေၾကာင့္ ၊
ပညာေရးေၾကာင့္ ၊ ပိုက္ဆံေၾကာင့္ ၊ အလုပ္ေၾကာင့္ စတဲ့ အေၾကာင္းအရာအမ်ိဳးမ်ိဳးေၾကာင့္ ဒီစကားေတြ ထြက္လာတတ္ပါတယ္။
ဘာလို႔လဲဆိုေတာ့ လူငယ္ေတြဟာ ေပါ့ေပါ့ပါးပါး ေနခ်င္ၾကတယ္ ၊ ေပ်ာ္ေပ်ာ္ေနတတ္ၾကတယ္ ၊
တစ္ခုခုဆို စိတ္ထိခိုက္လြယ္တယ္ ၊ ခံႏိုင္ရည္မရွိၾကဖူး ၊ သိပ္မရင့္က်က္ၾကေသးဖူး အဲ့တာေတြေၾကာင့္ 
ဒီလို လြယ္လြယ္ေျပာလိုက္ၾကတယ္။တခါတေလ စိတ္ညစ္တာေလာက္နဲ႔ ၿပီးသြားေပမယ့္
တခါတေလက်ေတာ့လဲ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အေတာ္ဆိုး႐ြားတဲ့ အက်ိဳးဆက္ေတြ ျဖစ္သြားတတ္ပါတယ္။ ဒါ့ေၾကာင့္ ဒီလို အေတြးေတြ ဝင္မိၾကတဲ့အခါ မျဖစ္သင့္တဲ့ အက်ိဳးဆက္ေတြ မျဖစ္ၾကရေအာင္ လူငယ္ေတြအေနနဲ႔ မွတ္ထား ၊ သိထားရမယ့္အခ်က္ေတြကို ေျပာျပခ်င္ပါတယ္။
ဒီအခ်က္ေလးေတြ လိုက္လုပ္ၾကည့္ရင္းနဲ႔ ဘဝရဲ႕ စိတ္ညစ္စရာအခ်ိဳးအေကြ႕ေတြမွ ႐ုန္းထြက္ႏိုင္ၾကပါေစေနာ္။


ကိုယ့္ကိုယ္ကိုယ္ နာက်င္ေအာင္မလုပ္ပါနဲ႔
ဒီလိုအေတြးမ်ိဳးဝင္တဲ့အခ်ိန္မွာ အျဖစ္အမ်ားဆုံးက ကိုယ့္ကိုယ္ကိုယ္ ထိခိုက္နာက်င္ေအာင္ တမင္
လုပ္တတ္ၾကပါတယ္။အဆိုးဆုံးကေတာ့ သတ္ေသတာေပါ့။ တခ်ိဳ႕က နာက်င္သြားရင္ နည္းူနည္းမ်ား ခံစားရတာ
သက္သာသြားမလား ၊ သတ္ေသလိုက္ရင္ လြတ္ေျမာက္သြားမလား ေတြးမိၾကတယ္။
အဲ့ဒါေၾကာင့္ နာက်င္ေအာင္လုပ္ၾက ၊ ေသဖို႔ ႀကံစည္မိၾကတယ္။ ဒါေပမယ့္လည္း
စိတ္မေကာင္းစရာက သတ္ေသလိုက္လို႔ဘယ္အရာမွ ေျပလည္မသြားႏိုင္သလို ၊ နာက်င္ေအာင္လုပ္လို႔လည္း ေဝဒနာက ပိုၿပီးသက္သာလာမွာမဟုတ္ပါဖူး။ရွိေနတဲ့ ျပႆနာကေတာ့ ဒီတိုင္း မေျပာင္းလဲပဲ
ရွိေနမွာျဖစ္ၿပီး ဒီလိုလုပ္တာက ျပႆနာကို ေျဖရွင္းရာမေရာက္တဲ့အျပင္ ႐ူးမိုက္ရာေတာင္ က်
ပါေသးတယ္။ တခ်ိဳ႕က ႐ူးမိုက္ျခင္းမွန္း ေကာင္းေကာင္းနားလည္ေပမယ့္
အေျခအေနဆိုး႐ြားလာတဲ့အခါ စိတ္ေစရာ လုပ္မိတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ကိုယ့္စိတ္ကို ေကာင္းေကာင္း ထိန္းခ်ဳပ္ႏိုင္ဖို႔ လိုပါတယ္။
ဘယ္လိုအေျခအေနပဲေရာက္ေရာက္ ကိုယ့္ကိုယ္ကိုယ္ ထိခိုက္နာက်င္ေအာင္ လုပ္ျခင္းဟာ
အေျဖမဟုတ္ပါဖူးေနာ္။

ေနာက္တစ္ခုကေတာ့ မူးယစ္ေဆးဝါးပါ။ လူတိုင္းဟာ ဘဝကို အေကာင္းဆုံး ရွင္သန္ခ်င္ၾကပါတယ္။
ဘယ္သူမွေတာ့ အားနည္းခ်က္ေတြ ၊ ျပစ္ခ်က္ေတြ မရွိခ်င္ၾကပါဖူး။ဒါေပမယ့္လည္း
အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ အဆင္မေျပေတာ့တဲ့အခါ ၊ အသက္ရွင္ရတာ ပင္ပမ္းခက္ခဲလာတဲ့အခါေတြမွာ
စိတ္ထြက္ေပါက္အျဖစ္နဲ႔ မူးယစ္ေဆးရဲ႕ ေက်းကြၽန္ ျဖစ္လာႏိုင္ပါတယ္။ဒါေပမယ့္ ဒါဟာလည္း
စိတ္ထြက္ေပါက္မဟုတ္သလို ပ်က္စီးေစမယ့္အရာတစ္ခုပါပဲ။
ေနာက္ထပ္တစ္ခုက အဆိုးမျမင္ဖို႔ပါပဲ။အဆင္မေျပတာေတြၾကားထဲမွာ အဆိုးျမင္တာပါ ထပ္ေပါင္းလိုက္ရင္ေ နာက္ဆက္တြဲဟာ မေတြးရဲစရာပါပဲ။အၿမဲတမ္း အေကာင္းျမင္ႏိုင္ဖို႔ ခက္ခဲမွန္းသိပါတယ္။
အထူးသျဖင့္ အဆင္မေျပတဲ့ အခ်ိန္ေတြမွာေပါ့။ဒါေပမယ့္ ဒီတိုင္းလႊတ္ထားေပးလိုက္ရင္အဆိုးျမင္ေလေလ ဘဝက စိတ္ကုန္ဖို႔ေကာင္းေလေလ ၊ မေက်နပ္ေလေလ ၊ စိတ္ဓါတ္က်ၿပီး အားငယ္ေလပါပဲ။
ေနာက္ဆုံးမွာ ေလာကႀကီးကို ႏႈတ္ဆက္ထြက္ခြါဖို႔ သူက အႀကံေပးပါလိမ့္မယ္။
ဒါ့ေၾကာင့္ အဆိုးမျမင္ပါနဲ႔။ကိုယ္ဟာ စိတ္ဓါတ္က်ဖို႔ ၊ အရႈံးသမားျဖစ္ဖို႔ ေမြးလာတာမွမဟုတ္တာ။
တေန႔မွာ ကိုယ္လဲ သူမ်ားေတြနည္းတူ ေအာင္ျမင္မႈပန္းတိုင္ကို အေရာက္လွမ္းႏိုင္ၿပီး ေပ်ာ္႐ႊင္ႏိုင္ရမွာေပါ့။

ေနာက္တစ္ခ်က္ကေတာ့ စိတ္ေရာဂါကုဆရာဝန္ေတြ ၊ တတ္ကြၽမ္းနားလည္သူေတြနဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။
လူအေတာ္မ်ားမ်ားက စိတ္ေရာဂါကုဆရာဝန္ဆိုတိုင္း အ႐ူးေတြပဲျပရတယ္လို႔ ထင္ၾကပါတယ္။
ဒါ့ေၾကာင့္ သြားရမွာ ရွက္သလို ၊ လူသိမွာလဲေၾကာက္တတ္ၾကပါတယ္။မသြားခ်င္ၾကပါဖူး။
တကယ္တမ္းေတာ့ ဒါဟာ ရွက္စရာလုံးဝမဟုတ္ပါဖူး။ ကြၽန္မတို႔ရဲ႕ အရာအားလုံးမွာ စိတ္ပိုင္းဆိုင္ရာဟာအေရးအႀကီးဆုံးပါပဲ။
စိတ္ေၾကာင့္ပဲမေကာင္းတာေတြ ျဖစ္ရသလို ၊ စိတ္ေၾကာင့္ပဲ မထင္မွတ္ထားတဲ့ အရာေတြကိုေတာင္
လုပ္ေဆာင္ႏိုင္ပါတယ္။သာမန္ေနမေကာင္းျဖစ္ရင္ေတာင္ ေဆး႐ုံ ၊ ေဆးခန္းကို သြားျပတတ္ၾကေသးတာပဲ။
ဒီ့ထက္မက အေရးႀကီးတဲ့ စိတ္ပိုင္းဆိုင္ရာအတြက္ ဆရာဝန္ျပရမွာ ဘာလို႔ရွက္ေနရမွာလဲ မဟုတ္ဖူးလား။
ဒါ့ေၾကာင့္ ကိုယ့္စိတ္အေျခအေန အေတာ္ေလးဆိုး႐ြားလာၿပီထင္ရင္ စိတ္ေရာဂါကုဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးပါ။
ကုသမႈ ခံယူသင့္ရင္လဲ ခံယူဖို႔ ဝန္မေလးပါနဲ႔။

ေနာက္ထပ္တစ္ခ်က္က ကိုယ္စိတ္ဓါတ္က်ေနရင္ ၊ ပ်က္စီးသြားရင္ ေပ်ာ္ေနမယ့္သူတခ်ိဳ႕ ရွိတယ္ဆိုတာ
သတိရပါ။ ကြၽန္မတို႔ရဲ႕ ေအာင္ျမင္မႈအတြက္ လူတိုင္းမေပ်ာ္သလို ၊ ကြၽန္မတို႔ က်ရႈံးမႈအတြက္လဲ
လူတိုင္း ဝမ္းနည္းမွာမဟုတ္ပါဖူး။ ကြၽန္မတို႔ပ်က္စီးတာကို ျမင္ခ်င္တဲ့သူေတြ ကြၽန္မတို႔ေနတဲ့ ပတ္ဝန္းက်င္မွာရွိတယ္ဆိုတာ အမွတ္ရပါ။အၿမဲတမ္းေတာ့ ကြၽန္မတို႔ မသန္မာႏိုင္တာ သိပါတယ္။
တခါတေလ စိတ္ဓါတ္က်မယ္ ၊ သိပ္ပင္ပမ္းလြန္းလို႔ေ သခ်င္မိတဲ့ အခိုက္အတန႔္ေတြလဲ ရွိေကာင္းရွိႏိုင္ပါတယ္။ ဒါေပမယ့္ ကိုယ္ကသာ အရႈံးမေပးဖူးဆိုရင္ ဘယ္ေတာ့မွ က်ရႈံးမွာမဟုတ္ဖူးေလ။
ဒီေတာ့ တခ်ိဳ႕လူေတြ ျမင္ခ်င္ၾကသလို ျမင္ခြင့္ေပးမလား ၊
သူတို႔ကို ေပ်ာ္ခြင့္ေပးလိုက္ေတာ့မွာလား။ ဒါမွမဟုတ္ ေခါင္းေမာ့ ရင္ေကာ့ၿပီး ေပ်ာ္႐ႊင္တဲ့သူက 
ကိုယ္ပဲ ျဖစ္ခ်င္သလား စဥ္းစားေနာ္။

ေနာက္ဆုံးအခ်က္ကေတာ့ ကိုယ္ဘယ္လိုလူမ်ိဳးအျဖစ္ ရပ္တည္မလဲဆိုတဲ့ ေ႐ြးခ်ယ္မႈပါ။
လူတိုင္းဟာ သုညဘဝကေန ေမြးဖြားလာၾကတာပါ။ ဘာမွမသိ မတတ္ေသးတဲ့ အေျခအေနကေန
တျဖည္းျဖည္း ႀကီးထြားလာရင္းနဲ႔ အျဖစ္အပ်က္မ်ိဳးစုံ ႀကဳံေတြ႕ၾကရတယ္ ၊
 ျဖတ္သန္းၾကရတယ္။ ဒီလိုနဲ႔ ဘဝရဲ႕ စမ္းသပ္ခ်က္မ်ိဳးစုံေအာက္မွာ လဲက်လိုက္ ၊ ဒဏ္ရာေတြရလိုက္ ၊ မ်က္ရည္က်လိုက္ ၊ ရယ္ေမာေပ်ာ္႐ႊင္လိုက္ ၊ ငိုေႂကြးလိုက္ နဲ႔ နိမ့္တခ်ည္ ျမင့္တလွည့္ ျဖစ္တတ္တဲ့သေဘာကို အားလုံးသိၾကမွာပါ။ တကယ္ေတာ့ လူ႔ဘ၀ အစ ၊ အလယ္ ၊ အဆုံး မွာ တကယ္အခက္ခဲဆုံးအရာက
သင္တို႔ထင္သလို အလုပ္အကိုင္ ၊ ရာထူး ရဖို႔မဟုတ္ပါဖူး။ အသက္ငါးႏွစ္ျပည့္လို႔ သူငယ္တန္းစထားတဲ့အခ်ိန္မွာ သင္ရတဲ့ " ၀ - ဝလုံး " ေရးနည္းပဲ ျဖစ္ပါတယ္။ ဝလုံးကို ဝိုင္းေအာင္ေရးဖို႔က အခက္ခဲဆုံးပါပဲ။ ဝလုံး ေရးတတ္သြားၿပီဆိုရင္ တျခားစာလုံးေတြ သင္ဖို႔က ထင္သေလာက္ မခက္ခဲေတာ့ပါဖူး။ ဒီလိုပဲ
ကိုယ္အခုႀကဳံေနရတဲ့ ၊ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြအားလုံးဟာလဲ ေနာင္တခ်ိန္မွာ အမွတ္တရေကာင္းတစ္ခုအျဖစ္ ျပန္စဥ္းစားမိတိုင္း ၿပဳံးရမယ့္  အတိတ္ေတြထဲက တစ္ခုအျဖစ္ က်န္ရွိေနခဲ့မွာပါ။
ဒါေပမယ့္ အမွန္တကယ္ ရင္ဆိုင္ႀကဳံေတြ႕ရတဲ့အခ်ိန္မွာေတာ့
လက္ခံႏိုင္ဖို႔ရာ အရမ္းခက္ခဲပါတယ္။ႀကဳံလာတဲ့ အေျခအေနေတြကို ရင္ဆိုင္ေျဖရွင္းပုံ ၊ ခံယူပုံ ၊ ေ႐ြးခ်ယ္ပုံေတြ အေပၚမွာ  မူတည္ၿပီး ထုဆစ္ၾကတဲ့ ဘဝခ်င္းက ပုံစံေတြကြဲသြားၾကတာပါ။
ကိုယ္တိုင္လဲ ေျပာင္းလဲသြားၾကတာပါ။
ကိုယ္ကိုယ္တိုင္က ငါ့ဒုကၡကို ဘယ္သူမွနားလည္မွာ မဟုတ္ၾကဖူး ၊ ငါသာ ကံအဆိုးဆုံးဆိုၿပီး အရႈံးေပးေနမယ္ဆိုရင္ေတာ့
အၿမဲတမ္းရႈံးေနမွာပဲ။ အံတုၿပီး အႏိုင္တိုက္ႏိုင္ရင္ေတာ့ ေအာင္ႏိုင္သူျဖစ္မွာပဲ။ တခ်ိဳ႕ေသာအခ်ိန္ေတြက
ျဖတ္ေက်ာ္ရသိပ္ခက္ၿပီး သိပ္ကို ၾကာရွည္လြန္းေပမယ့္ အားလုံးၿပီးဆုံးလို႔သြားရင္ ေအာင္ျမင္ျခင္းရဲ႕ အသီးအပြင့္ေတြကို
ကိုယ္ကိုယ္တိုင္ပဲ ရိတ္သိမ္းရမွာျဖစ္လို႔ အဆုံးထိ အေလ်ာ့မေပးလိုက္မိၾကဖို႔ လိုပါတယ္။
တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္က်ရင္ ရင့္က်က္တည္ၿငိမ္သူျဖစ္မလား ၊ ေနာင္တေတြနဲ႔ အေဖာ္ျပဳေနရတဲ့သူျဖစ္မလား ၊
ကိုယ့္ဘဝကို ဘယ္လို ထုဆစ္ၿပီး ဘယ္လိုလူမ်ိဳး အျဖစ္ခံမလဲဆိုတာကိုေတာ့ ကိုယ္ကိုယ္တိုင္ပဲ
စဥ္းစားေ႐ြးခ်ယ္ရမွာပါ။ ကြၽန္မကေတာ့ အသက္ရွင္ဖို႔ ၊ အႏိုင္ယူဖို႔ ေ႐ြးခ်ယ္ေနသေ႐ြ႕ေတာ့
ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ဆိုတာ အၿမဲရွိေနတယ္လို႔ ယုံၾကည္ပါတယ္။

ဤေဆာင္းပါးကို ဆရာမ်ား၏မွတ္စုတိုမ်ားထဲမွ ေကာက္ႏႈတ္ကာ ခံစားခ်က္ႏွင့္ သီကုံးေရးဖြဲ႕ထားပါသည္။

No comments:

Post a Comment