Translate

Monday, July 1, 2019

ဦးသန့်(ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်)

Unicode

မဟာသရေစည်သူ ဦးသန့် (၂၂ ဇန်နဝါရီ ၁၉၀၉ – ၂၅ နိုဝင်ဘာ ၁၉၇၄) သည် မြန်မာနိုင်ငံသား
သံတမန်တစ်ဦးဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ကာ ၁၉၆၁ မှ
၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်
ဒက်ဟမ်းမားရှိုး ၁၉၆၁ ခုနှစ် စက်တင်ဘာလအတွင်း လေယာဉ်ပျက်ကျ သေဆုံးပြီးနောက်ပိုင်း ၎င်း၏နေရာတွင်
အရွေးချယ်ခံခဲ့ရခြင်းဖြစ်ကာ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ဥရောပသားမဟုတ်သူများထဲမှ
ပထမဆုံးထမ်းဆောင်သူလည်း ဖြစ်သည်။ အာရှတွင် ပထမဦးဆုံး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သည်။ ဦးသန့်အား ၎င်းမွေးဖွားရာ ပန်းတနော်မြို့ကို ရည်စူး၍ ပန်းတနော် ဦးသန့် ဟု အမည်တွင်ခဲ့သည်။

ငယ်စဉ်ဘဝ

ဦးသန့်ကို ၁၉ဝ၉- ခုနှစ်ဇန်နဝါရီလ ၂၂ ရက်သောကြာနေ့တွင် ဧရာဝတီတိုင်း ပန်းတနော်မြို့၌ အဖဦးဖိုးနှစ် ၊
အမိ ဒေါ်နန်းသောင်တို့ မှ ဖွားမြင်ခဲ့လေသည်။ မွေးချင်း ညီအစ်ကို လေးဦးအနက် အကြီးဆုံးဖြစ်သည်။ မိဘများမှာ
အောင်မြင်သော မြေပိုင်ရှင်နှင့် ဆန်ကုန်သည်များဖြစ်ကြသည်။ ဖခင်ဦးဖိုးနှစ်သည် ကာလကတ္တားမြို့
(ယခု ကိုလ်းကားတား) အထိ သွားရောက်ပညာသင်ကြားခဲ့ဖူးသူဖြစ်ရာ အင်္ဂလိပ်စာကို ကောင်းစွာတတ်ကျွမ်းသူဖြစ်သည်။ ဦးသန့်၏ဖခင် ဦးဖိုးနှစ်၏ အမျိုးအနွယ်တို့မှာ ဗုဒ္ဓဘာသာကိုယုံကြည်ကြသူများ ဖြစ်ကြပြီး
ရန်ကုန်မြို့၌ သူရိယသတင်းစာကို ထူထောင်ခဲ့သည်။ ထိုခေတ်က မြန်မာလူမျိုးများတွင် အင်္ဂလိပ်စာ
တတ်ကျွမ်းသူ ရှားပါးလှရာ ၊ မောင်သန့်လေးမှာ ဖခင်ထံမှ အင်္ဂလိပ်စာနှင့် စာပေဗဟုသုတတို့ကို
သင်ယူလေ့လာ ဆည်းပူးခွင့် ရရှိခဲ့လေသည်။ မြန်မာနိုင်ငံသုတေသနအသင်းကို
တည်ထောင်ရာတွင်လည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့သည်။

မောင်သန့်သည် ငယ်စဉ်ကပင် စာရေးဆရာလုပ်ရန် ဝါသနာထုံခဲ့ရာ ရှေးခေတ်မြန်မာစာပေ ပညာရှင်ကြီးများ
ရေးသားခဲ့သော ပျို့ ၊ ကဗျာ ၊ မော်ကွန်းရာဇဝင် စသည့် ရှေးဟောင်းစာပေများနှင့် ရာဇဝင်များကို
အချိန်ရလျှင်ရသလို လေ့လာလိုက်စားခဲ့သည်။ ဤသို့ ရှင်မဟာရဋ္ဌသာရ ၊ ရှင်မဟာ သီလဝံသမှ စ၍ နတ်ရှင်နောင် ၊
နဝဒေး ၊ လှိုင်ထိပ်ခေါင်တင် ၊ မြဝတီမင်းကြီးဦးစ ၊ စလေဦးပုည အဆုံး မြန်မာစာဆိုတော်ကြီးများ၏
လက်ရာအဖုံဖုံကို လေ့လာဖတ်ရှုမှတ်သားခဲ့သည်။ မောင်သန့် ၁၂ နှစ်သားအရွယ်မှာပင် ဖခင်ဖြစ်သူ၏စာအုပ်စင်မှ
ရှိတ်စပီးယား၊ နာမည်ကျော် စုံထောက် စာရေးဆရာ ဆာအာသာကိုနင်ဒွိုင်း စသူတို့၏ အင်္ဂလိပ်ဝတ္တုကြီးများကို မွှေနှောက်ရှာဖွေ၍ ဖတ်ရှုတတ်နေလေပြီ။ သို့သော် မောင်သန့်အသက် ၁၄ နှစ်အရွယ်တွင် ဖခင်ကြီး
ရုတ်တရက်ကွယ်လွန်သွားခဲ့ရာ မိခင်ဖြစ်သူ ဒေါ်နန်းသောင်မှာ သားလေးယောက်နှင့်ဘဝကို
ရုန်းကန်ကြိုးစားရတော့သည်။ ပန်းတနော်အထက်တန်းကျောင်းနှင့် ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို
သင်ယူလေ့လာခဲ့သည်။ တက္ကသိုလ်ပြီးဆုံးသောအခါ ပန်းတနော်မြို့ အမျိုးသားကျောင်းတွင် ဆရာလုပ်ရန်
ပြန်လာခဲ့သည်။ အသက် ၂၅ နှစ်တွင် ထိုကျောင်း၏ ကျောင်းအုပ်ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် အနီးအနားရှိ
မအူပင်မြို့တွင် နေထိုင်ပြီး ပညာအုပ်ဖြစ်သော နောင်တစ်ချိန်၌ မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာမည့် ဦးနု နှင့် ခင်မင်ရင်းနှီးခဲ့သည်။ ဦးသန့်သည် သီလဝ ဟူသော ကလောင်အမည်ဖြင့် အချို့မဂ္ဂဇင်းနှင့် သတင်းစာအတွက် ဆောင်းပါး အပတ်စဉ်ရေးပေးသည်။ ဦးသန့်သည် စာအုပ်အချို့ကိုလည်း ဘာသာပြန်ခဲ့သည်။

ပြည်သူ့ဝန်ထမ်းဘဝ

လွတ်လပ်ရေးရခါစမြန်မာနိုင်ငံတွင် ဦးနု ဝန်ကြီးချုပ် ဖြစ်လာသောအခါ ဦးသန့်ကို ရန်ကုန်သို့ ခေါ်ယူပြီး
၁၉၄၈ ခုနှစ်တွင် အသံလွှင့်ဌာန၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ နောက်နှစ်များတွင်
ဦးသန့်အား မြန်မာအစိုးရ၏ ပြန်ကြားရေး ဝန်ကြီးဌာနတွင် အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။
ဦးသန့်သည် ၁၉၅၁ ခုနှစ် မှ ၁၉၅၇ ခုနှစ်အထိ ဝန်ကြီးချုပ်၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မိန့်ခွန်းများ ရေးသားပေးခြင်း ၊ နိုင်ငံခြား ခရီးစဉ်များ စီစဉ်ပေးခြင်း နှင့် နိုင်ငံခြားမှ ဧည့်သည်တော်များကို လက်ခံတွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ နိုင်ငံတကာ ကွန်ဖရင့် အများအပြားကို တက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ တွင် ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှု ကို မွေးဖွားပေးခဲ့သော ပထမအကြိမ်
အာရှ - အာဖရိက နိုင်ငံများဆိုင်ရာ ညီလာခံတွင် အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။

နောင်တွင် တည့်တည့်မှန်မှန်လုပ်တတ်သော ၊ မှန်သည်ထင်လျှင် အလျှော့မပေးတတ်သော ဦးသန့် နှင့်
တိုင်းပြည်ခေါင်းဆောင်ဖြစ်သည့် ဦးနုတို့ မသင့်မမြတ်ဖြစ်ရာမှ ၁၉၅၇ ခုနှစ်တွင် ဦးသန့်အား
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ကာ တာဝန်ထမ်းဆောင်ရန် အမေရိကန်ပြည်ထောင်စု ၊
နယူးယောက်မြို့သို့ စေလွတ်ခဲ့သည်။ ဦးသန့်သည် ၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ
အမြဲတမ်းကိုယ်စားလှယ်အဖြစ်သာမက အယ်လ်ဂျီးရီးယားနိုင်ငံ၏ လွတ်လပ်ရေး စေ့စပ်ဆွေးနွေးမှုများတွင်လည်း
ပါဝင်ခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရသည် ဦးသန့်ကို ပြည်ထောင်စုစည်သူသင်္ဂဟ ပြန်တမ်းအရ
မဟာသရေစည်သူဘွဲ့နှင့် ဗိုလ်ရာထူး ပေးအပ်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်

ဦးသန့်သည် ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ပြီး ယင်းရာထူးအား
အာရှနိုင်ငံများထဲမှ ပထမဦးဆုံး ရရှိသူဖြစ်သည်။ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်
ကာလအတွင်း ဦးသန့်သည် Palisade နှင့် Douglas Avenues လမ်းကြား ၊ ၂၃၂လမ်းအနီးရှိ ၄.၇၅ ဧကမျှကျယ်သော Riverdale, Bronx ခြံတွင် နေထိုင်ခဲ့သည်။ ဦးသန့်သည် ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှ
စတင်ကာ အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး၏ မကုန်ဆုံးသေးသော သက်တမ်းကို ဖြည့်ဆည်းရန် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် အထွေထွေညီလာခံမှ ယာယီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ထို့နောက် ၁၉၆၂ခုနှစ် ၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အထွေထွေညီလာခံမှ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၆ ခုနှစ် ၊ နိုဝင်ဘာလ ၃ ရက် သက်တမ်းအထိ ခန့်အပ်ခြင်းခံခဲ့ရသည်။ သူ၏ပထမသက်တမ်းအတွင်းတွင် ကျူးဘားဒုံးပျံပြဿနာ (Cuban Missile Crisis) ကို ဖြေရှင်းပေးရာတွင်
ပါဝင်စေ့စပ်ပေးမှုနှင့် ကွန်ဂိုပြည်တွင်းစစ်ကို ပြီးဆုံးစေခဲ့ခြင်းတို့ကြောင့် အများက အသိအမှတ်ပြုခြင်းခံခဲ့ရသည်။
ဦးသန့်သည် ၁၉၆၆ ခုနှစ် ဒီဇင်ဘာလ ၂ရက်တွင် လုံခြုံရေးကောင်စီမှ တညီတညွတ်တည်းထောက်ခံမှုဖြင့်
အထွေထွေညီလာခံမှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအဖြစ် ထပ်မံခန့်အပ်ခြင်း
ခံခဲ့ရသည်။ သူ၏ အထွေထွေအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းမှာ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့
သူအငြိမ်းစားယူမည့် အချိန်အထိ ဖြစ်သည်။ သူ၏ အတွင်းရေးမှူးချုပ် သက်တမ်းအတွင်းတွင် ကုလသမဂ္ဂသို့
အာရှ နှင့် အာဖရိကမှ ဒါဇင်မျှသော နိုင်ငံတို့ ဝင်ရောက်ရေးအတွက် ကြည့်ရှုစောင့်ကြပ်ခဲ့ရပြီး သူသည်
တောင်အာဖရိက အသားအရောင်ခွဲခြားမှုကို အပြင်းအထန် ဆန့်ကျင်သူဖြစ်သည်။ ထို့အပြင် သူသည်
UNDP, UN University, UNCTAD နှင့် UN Environmental Programme အပါအဝင် ယူအင်န် ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သက်ဆိုင်သော အေဂျင်စီ ၊ ရန်ပုံငွေအဖွဲ့နှင့်
ပရိုဂရမ်အမြောက်အများကို တည်ထောင်ခဲ့သည်။ ဦးသန့်သည် မြောက်မြားလှသော ကြားဝင်ဖျန်ဖြေမှုများကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ဥပမာအားဖြင့် ၁၉၆၂တွင် ယီမင်အရေးနှင့် ၁၉၆၈တွင်
ဘာရိန်းအရေးတို့ ဖြစ်သည်။ ယင်းကိစ္စတို့သည် ဒေသတွင်း ငြိမ်းချမ်းရေးကိုထိပါးစေနိုင်သည့်
စစ်ဖြစ်ကြမည့် အရေးများဖြစ်ပြီး ဦးသန့်၏ လိမ္မာပါးနပ်စွာ ကြားဝင်စေ့စပ်ပေးမှုကြောင့်သာ
စစ်ကိုရှောင်လွှဲနိုင်ခဲ့ခြင်းဖြစ်ပါသည်။သူ့အရင် အထွေအထွေအတွင်းရေးမှူးချုပ် နှစ်ယောက်နှင့်မတူပဲ
သူသည် သက်တမ်းဆယ်နှစ်ပြည့်မြောက်သည်နှင့် အနားယူခဲ့သည်။ ဦးသန့်ကို တာဝန်ပေးခန့်အပ်ခဲ့စဉ် ၁၉၆၁ခုနှစ်က ဆိုဗီယက်ပြည်ထောင်စုက အထွေထွေအတွင်းရေးမှူးချုပ်သုံးဦး ထားရှိမည့် Trioka အစီအစဉ်ကို ကြိုးပမ်းလာခဲ့ဖူးသည်။ ယင်းအစီအစဉ်မှာ စစ်အေးစစ်ပွဲ ဆင်နွှဲနေကြသော ဆိုဗီယက်နှင့် အမေရိကန်
ဦးဆောင်သည့် နိုင်ငံများဘက်မှ အထွေထွေအတွင်းရေးမှူးချုပ်နှစ်ဦးနှင့် အခြားတစ်ဦး ပေါင်းသုံးဦးဖြစ်သည်။ ၁၉၆၆ ခုနှစ် ဦးသန့်အား ဒုတိယသက်တမ်းအတွက် ထပ်မံတာဝန်ပေးသောအခါ ဦးသန့်၏
ပထမအကြိမ်သက်တမ်းအတွင်း စွမ်းဆောင်မှုများကြောင့် အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ဝတ္တရား၏
အရေးပါမှုကို သိရှိလာသော ဆိုဗီယက်တို့သည် ယင်းအစီအစဉ်ကို ထပ်မံမတင်ပြတော့ပဲ တစ်ဦးတည်းသာ
ခန့်အပ်ရန် သဘောတူခဲ့သည်။ ဒုတိယသက်တမ်းအတွင်း ဦးသန့်သည် အာရပ်အစ္စရေးခြောက်ရက်စစ်ပွဲ (၁၉၆၇) ၊ ပရာ့ဂ်နွေဦးတော်လှန်ရေးနှင့် ချက်ကိုဆလိုဗားကီးယားနိုင်ငံ သို့ ဆိုဗီယက်ကျူးကျော်မှု အရေးအခင်း၊ ၁၉၇၁တွင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလွတ်လပ်ရေး ရရှိစေမည့် အိန္ဒိယပါကစ္စတန်စစ်ပွဲ စသည်တို့ကို အေးငြိမ်းအောင်
ဖြေရှင်းပေးနိုင်ခဲ့သည်။အီဂျစ်သမ္မတ နာဆာ၏တောင်းဆိုမှုကြောင့် ၁၉၆၇တွင် ဆိုင်းနိုင်းကျွန်းဆွယ်မှ
ကုလငြိမ်းချမ်းရေးတပ်များ ရုပ်သိမ်းပေးရန် သဘောတူညီခဲ့မှုအတွက် အမေရိကန်ပြည်ထောင်စုနှင့်
အစ္စရေးနိုင်ငံတို့၏ ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခြင်းခံခဲ့ရသည်။ ဦးသန့်သည် အစ္စရေးနိုင်ငံအား စစ်မတိုက်ရန် နောက်ဆုံးမိနစ်ပိုင်းအချိန်အထိ အီဂျစ်သမ္မတ နာဆာထံ သွားရောက်တွေ့ဆုံခဲ့သည်။ ဦးသန့်သည်
ဗီယက်နမ်စစ်ပွဲ ကိစ္စတွင် အမေရိကန်ကို လူသိရှင်ကြား ဝေဖန်ပြစ်တင်ခဲ့သည့်အတွက် တစ်ချိန်က သူနှင့်
အလွန်အင်မတန် ရင်းနှီးခဲ့သော အမေရိကန်အစိုးရနှင့် ဆက်ဆံရေး ယိုယွင်းလာခဲ့သည်။
အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ဗီယက်နမ်တို့ကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက်
သူ၏တိတ်တဆိတ်ကြိုးပမ်းမှုအား သမ္မတ ဂျွန်ဆင် အစိုးရအဖွဲ့၏ ငြင်းပယ်ခြင်းခံခဲ့ရသည်။
ဦးသန့်သည် အမျိုးအမည်မသိယာဉ်ပျံများ (UFO) ကိစ္စနှင့် ပတ်သက်၍ စိတ်ဝင်တစားလေ့လာခဲ့သည်။
၁၉၆၇တွင် သူသည် အမေရိကန်လူမျိုး ရူပဗေဒပညာရှင် ဒေါက်တာဂျိမ်းစ်အီးမက္ကဒေါ်နယ်အား UFO နှင့်ပတ်သက်၍ ကုလသမဂ္ဂတွင် စကားပြောနိုင်ရန် စီစဉ်ပေးခဲ့ဖူးသည်။ ၁၉၇၁ခုနှစ်၊ ဇန်နဝါရီလ ၂၃ရက်နေ့တွင်
ဦးသန့်က သူသည် မည်သည့်အကြောင်းပြချက်နှင့်မျှ တတိယသက်တမ်း အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဆက်လက်လုပ်ကိုင်တော့မည်မဟုတ်ကြောင်း ပြတ်သားစွာပြောဆိုလိုက်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဆက်ခံမည့်သူကို သီတင်းပါတ်ပေါင်းများစွာ အပူတပြင်း ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် ကွတ်ဝါးလ်ဟိုင်း ကို ရွေးချယ်ခဲ့ကြသည်။ ဦးသန့်သည် ၎င်း၏သက်တမ်းမကုန်ဆုံးမီ ၁၀ ရက်အလို ကွတ်ဝါးလ်ဟိုင်း၏ ၅၃ နှစ်ပြည့်မွေးနေ့ဖြစ်သော ၁၉၇၁ခုနှစ် ၊ ဒီဇင်ဘာလ ၂၁ရက်နေ့တွင် တာဝန်ဝတ္တရားများကို လွှဲပြောင်းပေးခဲ့သည်။

ကုလသမဂ္ဂ၏ အထွေထွေညီလာခံတွင် သူ၏နောက်ဆုံးနှုတ်ဆက်မိန့်ခွန်းပြောရာ၌ သူသည် သူ၏ဝန်ထုပ်ဝန်ပိုးကြီး
အခုမှ ကျသွားကြောင်း ၊ အခုမှ စိတ်သက်သာပြီး လွတ်မြောက်မှုကို ခံစားရကြောင်း ပြောကြားခဲ့သည်။
နယူးယောက်တိုင်းမ်စ် သတင်းစာ၏ ၁၉၇၁ခုနှစ် ဒီဇင်ဘာလ ၂၇ရက်နေ့ အယ်ဒီတာ့အာဘော်တွင်
ဦးသန့်လွတ်မြောက်ခြင်း The Liberation of U Thant ဟူသော ခေါင်းစီးဖြင့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ဦးသန့်ကို အငြိမ်းစားယူပြီးနောက်တွင်လည်း လိုအပ်ဦးမည်ဖြစ်ကြောင်း ချီးကျူးဂုဏ်ပြု ရေးသားခဲ့သည်။

နောက်ဆုံးနေ့ရက်

၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ဦးသန့်သည် နယူးယောက်မြို့၌ အဆုတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။
ဦးသန့်၏ရုပ်ကလာပ်ကို မြန်မာပြည်သို့ ပြန်လည်သယ်ဆောင်ခဲ့သော်လည်း ထိုစဉ်က ပြည်တွင်းနိုင်ငံရေး
အခြေအနေကြောင့် နိုင်ငံတော်အခမ်းအနားဖြင့် ဂုဏ်ပြုသြင်္ဂိုဟ်ခြင်း မပြုခဲ့ပါ။ ထိုစဉ်က
သမ္မတဖြစ်သူ ဦးနေဝင်းသည် ဦးသန့်အား မြန်မာပြည်သူများက ချစ်ခင်ကြသည်ကို စိုးရိမ်၍လည်းကောင်း ၊
ဦးသန့်၏မိတ်ဆွေဖြစ်သော ဦးနုမှ ဦးသန့်အကြောင်းပြကာ ဒီမိုကရေစီရေး ဆန္ဒပြမည်ကို စိုးရိမ်၍လည်းကောင်း ဦးသန့်၏ ရုပ်အလောင်းထည့်ထားသော ခေါင်းတလား ရန်ကုန်လေဆိပ်သို့ ရောက်သည့်တိုင်
မည်သည့် အရာရှိမျှ လာရောက် ကြိုဆိုခြင်း မရှိခဲ့ပေ။ ဦးနေဝင်းက ဦးသန့်၏ ရုပ်အလောင်းအား
အစိုးရအဖွဲ့မှ မည်သူ့ကိုမျှ မပါဝင်စေပဲ သြင်္ဂိုဟ်စေခဲ့သည်။

၁၉၇၄ခုနှစ်၊ ဒီဇင်ဘာလ ၅ရက်နေ့တွင် ဦးသန့်အား မမြှုပ်နှံမီ နာရီအနည်းငယ်မျှအလိုတွင် အများပြည်သူ
နောက်ဆုံးဂါရဝပြုနိုင်ရန် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ပြသထားသည်။ ထိုစဉ်တွင် သာမန်သုဿာန်တွင်
မြှုပ်နှံမည်ကို မလိုလားကြသော ကျောင်းသားနှင့်ပြည်သူအချို့က ဦးသန့်၏ ရုပ်အလောင်းအား လုယူသွားခဲ့သည်။ ထို့နောက်ကျောင်းသားများက ဦးသန့်၏ ရုပ်အလောင်းကို ယခင် ဦးနေဝင်းမှ ၁၉၆၂ခုနှစ် ၊ ဇူလိုင်လ ၈ ရက်နေ့တွင်
ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနေရာဟောင်းတွင်
မြှပ်နှံသြင်္ဂိုဟ်လိုက်သည်။

ဒီဇင်ဘာလ ၅ရက်နေ့မှ ၁၁ရက်နေ့အတွင်း ကျောင်းသားများသည် ယာယီဦးသန့်ဗိမ္မာန်ပြုလုပ်ကြပြီး
အစိုးရဆန့်ကျင်ရေးတရားများ ဟောပြောကြသည်။ ၁၉၇၄ခုနှစ် ၊ ဒီဇင်ဘာလ ၁၁ရက်နေ့ နံနက်
လင်းအားကြီးအချိန်တွင် အစိုးရစစ်တပ်မှ ကျောင်းဝင်းအတွင်းရှိ ကျောင်းသားအချို့ကို ဝင်ရောက်ပစ်ခတ်ပြီး
ဦးသန့်၏ ရုပ်အလောင်းကို ပြန်လည်ယူဆောင်သွားကာ ရွှေတိဂုံစေတီတော် ခြေရင်းတွင် မြှပ်နှံပေးလိုက်သည်။

ယင်းသို့ တရကြမ်း ဝင်ရောက်လုယူမှုကြောင့် ကျောင်းသားများနှင့် ပြည်သူအများပါဝင်သော အုံကြွမှုကြီး
ဖြစ်ပေါ်လာခဲ့သည်။ ရန်ကုန်မြို့နှင့် အနီးဝန်းကျင်တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ ယင်းနောက် လူထုအုံကြွမှုကို အပြင်းအထန်နှိမ်နင်းခဲ့သဖြင့် ကျောင်းသားများနှင့် ပြည်သူများ သေဆုံးခဲ့သည်။ ယင်းကို ဦးသန့် အရေးအခင်း‎ဟု ခေါ်တွင်သည်။ ၁၉၇၈တွင် ဦးသန့်ရေးသော ကုလမှရှုမြင်ချက် (View from the UN) စာအုပ်ကို
အမေရိကန်ပုံနှိပ်တိုက် (American publishing house) မှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ နယူးယောက်မြို့တော်
ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်အနီးရှိ မြစ်တွင်းမှ ဘဲလ်မောင့်ကျွန်း (Belmont Island) ကို ဦးသန့်အားဂုဏ်ပြုသောအားဖြင့် ဦးသန့်ကျွန်းဟု နာမည်ပြောင်းပေးခဲ့ကြသည်။

မိသားစု

ဦးသန့်သည် ဒေါ်သိန်းတင်နှင့် လက်ထပ်ထိမ်းမြားကာ သား သမီး၃ ဦး ၊ မြေး ၄ ဦးနှင့် မြစ် ၃ ဦး
ထွန်းကားခဲ့သည်။ ဦးသန့်၏ တစ်ဦးတည်းသော မြေးယောက်ျား ဦးသန့်မြင့်ဦး သည် သမိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာဌာနတွင် ဝါရင့်ဝန်ထမ်းဖြစ်ပြီး The River of Lost Footsteps
(ခြေရာပျောက်မြစ်) ကို ရေးသားခဲ့သည်။

ဦးသန့်အားဂုဏ်ပြုခေါ်ဝေါ်ခဲ့သောနာမည်များ

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အားကြိုးမာန်တက် ရှေးရှုလုပ်ကိုင်ကြသော အဖွဲ့အစည်းများနှင့်
တစ်သီးပုဂ္ဂလများအား ဦးသန့်ငြိမ်းချမ်းရေးဆုအား တီထွင်ချီးမြှင့်သည်။
မလေးရှား၏ မြို့တော်ကွာလာလမ်ပူမှ သံရုံးများရှိသောလမ်းကို Jalan U Thant (ဦးသန့်လမ်း) ဟု
ဦးသန့်ကို ဂုဏ်ပြုသောအားဖြင့် နာမည်ပေးခဲ့သည်။
ကုလသမဂ္ဂရုံးချုပ်၏ အရှေ့ဘက် မျက်နှာချင်းဆိုင်တွင်ရှိသော မြစ်အတွင်းရှိ ကျွန်းငယ်လေးအား ဦးသန့်ကျွန်း ဟု
ဦးသန့်အား ဂုဏ်ပြုသော အားဖြင့်ခေါ်တွင်ခဲ့သည်။
ဂျပန်နိုင်ငံ ၊ တိုကျိုမြို့ ၊ ကုလသမဂ္ဂတက္ကသိုလ် United Nations University (UNU) ဌာနချုပ်တွင် ဦးသန့်
ဂုဏ်ပြုသင်ကြားပို့ချချက်များဟူသော သင်ခန်းစာကို ပုံမှန် သင်ကြားပေးလျှက်ရှိသည်။
ဂျပန်နိုင်ငံ ၊ တိုကျိုမြို့ ၊ ကုလသမဂ္ဂတက္ကသိုလ် United Nations University (UNU) ဌာနချုပ်တွင်
အဓိကကွန်ဖရင့်ခန်းမကြီးအား ဦးသန့်အမည်ဖြင့် မှည့်ခေါ်ထားသည်။
ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာသင်တန်းကျောင်း (United Nations International School) တွင်
ဦးသန့်ပညာသင်ဆုကို ပေးအပ်ချီးမြှင့်သည်။

ဤဆောင်းပါးကို သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ၏မှတ်စုတိုများထဲမှ ကောက်နှုတ်ရေးသားထားပါသည်။


                                                                    ဦးသန့်၏ အုတ်ဂူ




                                                            ဦးသန့်ပုံပါ ကုလသမဂ္ဂစာအိတ်


                                               ဦးသန့် နှင့် ကျူးဘားခေါင်းဆောင် ကပ်စထရို


Zawgyi

ဦးသန႔္(ကမာၻ႔ကုလသမဂၢ၏ တတိယေျမာက္ အေထြေထြအတြင္းေရးမႉးခ်ဳပ္)

မဟာသေရစည္သူ ဦးသန႔္ (၂၂ ဇန္နဝါရီ ၁၉၀၉ – ၂၅ ႏိုဝင္ဘာ ၁၉၇၄) သည္ ျမန္မာႏိုင္ငံသား သံတမန္တစ္ဦးျဖစ္ၿပီး ကမာၻ႔ကုလသမဂၢ၏ တတိယေျမာက္ အေထြေထြအတြင္းေရးမႉးခ်ဳပ္ျဖစ္ကာ ၁၉၆၁ မွ ၁၉၇၁ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့သည္။ ကုလသမဂၢ၏ ဒုတိယေျမာက္ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဒက္ဟမ္းမားရႈိး ၁၉၆၁ ခုႏွစ္ စက္တင္ဘာလအတြင္း ေလယာဥ္ပ်က္က် ေသဆုံးၿပီးေနာက္ပိုင္း ၎၏ေနရာတြင္ အေ႐ြးခ်ယ္ခံခဲ့ရျခင္းျဖစ္ကာ အေထြေထြအတြင္းေရးမႉးခ်ဳပ္တာဝန္ကို ဥေရာပသားမဟုတ္သူမ်ားထဲမွ ပထမဆုံးထမ္းေဆာင္သူလည္း ျဖစ္သည္။
အာရွတြင္ ပထမဦးဆုံး ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ ျဖစ္သည္။ ဦးသန႔္အား ၎ေမြးဖြားရာ
ပန္းတေနာ္ၿမိဳ႕ကို ရည္စူး၍ ပန္းတေနာ္ ဦးသန႔္ ဟု အမည္တြင္ခဲ့သည္။

ငယ္စဥ္ဘဝ

ဦးသန႔္ကို ၁၉ဝ၉- ခုႏွစ္ဇန္နဝါရီလ ၂၂ ရက္ေသာၾကာေန႔တြင္ ဧရာဝတီတိုင္း ပန္းတေနာ္ၿမိဳ႕၌
အဖဦးဖိုးႏွစ္ ၊ အမိ ေဒၚနန္းေသာင္တို႔ မွ ဖြားျမင္ခဲ့ေလသည္။ ေမြးခ်င္း ညီအစ္ကို ေလးဦး
အနက္ အႀကီးဆုံးျဖစ္သည္။ မိဘမ်ားမွာေ အာင္ျမင္ေသာ ေျမပိုင္ရွင္ႏွင့္ ဆန္ကုန္သည္မ်ားျဖစ္ၾကသည္။ ဖခင္ဦးဖိုးႏွစ္သည္ ကာလကတၱားၿမိဳ႕ (ယခု ကိုလ္းကားတား) အထိ သြားေရာက္ပညာသင္ၾကားခဲ့ဖူးသူျဖစ္ရာ အဂၤလိပ္စာကို ေကာင္းစြာတတ္ကြၽမ္းသူျဖစ္သည္။
ဦးသန႔္၏ဖခင္ ဦးဖိုးႏွစ္၏ အမ်ိဳးအႏြယ္တို႔မွာ ဗုဒၶဘာသာကိုယုံၾကည္ၾကသူမ်ား ျဖစ္ၾကၿပီး
ရန္ကုန္ၿမိဳ႕၌ သူရိယသတင္းစာကို ထူေထာင္ခဲ့သည္။ ထိုေခတ္က ျမန္မာလူမ်ိဳးမ်ားတြင္ အဂၤလိပ္စာ တတ္ကြၽမ္းသူ ရွားပါးလွရာ ၊ ေမာင္သန႔္ေလးမွာ ဖခင္ထံမွအဂၤလိပ္စာႏွင့္ စာေပဗဟုသုတတို႔ကို
သင္ယူေလ့လာ ဆည္းပူးခြင့္ ရရွိခဲ့ေလသည္။ ျမန္မာႏိုင္ငံသုေတသနအသင္းကို
တည္ေထာင္ရာတြင္လည္း အဖြဲ႕ဝင္တစ္ေယာက္အျဖစ္ ပါဝင္ခဲ့သည္။

ေမာင္သန႔္သည္ ငယ္စဥ္ကပင္ စာေရးဆရာလုပ္ရန္ ဝါသနာထုံခဲ့ရာ ေရွးေခတ္ျမန္မာစာေပ ပညာရွင္ႀကီးမ်ားေရးသားခဲ့ေသာ ပ်ိဳ႕ ၊ ကဗ်ာ ၊ ေမာ္ကြန္းရာဇဝင္ စသည့္ ေရွးေဟာင္းစာေပ
မ်ားႏွင့္ ရာဇဝင္မ်ားကို အခ်ိန္ရလွ်င္ရသလို ေလ့လာလိုက္စားခဲ့သည္။
ဤသို႔ ရွင္မဟာရ႒သာရ ၊ ရွင္မဟာ သီလဝံသမွ စ၍ နတ္ရွင္ေနာင္ ၊ နဝေဒး ၊ လႈိင္ထိပ္ေခါင္တင္ ၊ ျမဝတီမင္းႀကီးဦးစ ၊ စေလဦးပုည အဆုံး ျမန္မာစာဆိုေတာ္ႀကီးမ်ား၏ လက္ရာအဖုံဖုံကို ေလ့လာဖတ္ရႈမွတ္သား
ခဲ့သည္။ ေမာင္သန႔္ ၁၂ ႏွစ္သားအ႐ြယ္မွာပင္ ဖခင္ျဖစ္သူ၏စာအုပ္စင္မွ ရွိတ္စပီးယား၊ နာမည္ေက်ာ္
စုံေထာက္ စာေရးဆရာ ဆာအာသာကိုနင္ဒြိဳင္း စသူတို႔၏ အဂၤလိပ္ဝတၱဳႀကီးမ်ားကို ေမႊေႏွာက္ရွာေဖြ၍ ဖတ္ရႈတတ္ေနေလၿပီ။ သို႔ေသာ္ ေမာင္သန႔္အသက္ ၁၄ ႏွစ္အ႐ြယ္တြင္
ဖခင္ႀကီး႐ုတ္တရက္ကြယ္လြန္သြားခဲ့ရာ မိခင္ျဖစ္သူ ေဒၚနန္းေသာင္မွာ သားေလးေယာက္ႏွင့္ဘကို
႐ုန္းကန္ႀကိဳးစားရေတာ့သည္။ ပန္းတေနာ္အထက္တန္းေက်ာင္းႏွင့္ ရန္ကုန္တကၠသိုလ္တြင္
သမိုင္းဘာသာရပ္ကို သင္ယူေလ့လာခဲ့သည္။ တကၠသိုလ္ၿပီးဆုံးေသာအခါ ပန္းတေနာ္ၿမိဳ႕ အမ်ိဳးသားေက်ာင္းတြင္ ဆရာလုပ္ရန္ ျပန္လာခဲ့သည္။
အသက္ ၂၅ ႏွစ္တြင္ ထိုေက်ာင္း၏ ေက်ာင္းအုပ္ျဖစ္လာခဲ့သည္။ ထိုအခ်ိန္တြင္ အနီးအနားရွိ
မအူပင္ၿမိဳ႕တြင္ ေနထိုင္ၿပီး ပညာအုပ္ျဖစ္ေသာ ေနာင္တစ္ခ်ိန္၌ ျမန္မာႏိုင္ငံ၏ ဝန္ႀကီးခ်ဳပ္ျဖစ္လာမည့္ ဦးႏု ႏွင့္ ခင္မင္ရင္းႏွီးခဲ့သည္။ ဦးသန႔္သည္
သီလဝ ဟူေသာ ကေလာင္အမည္ျဖင့္ အခ်ိဳ႕မဂၢဇင္းႏွင့္ သတင္းစာအတြက္ ေဆာင္းပါး အပတ္စဥ္ေရးေပးသည္။ ဦးသန႔္သည္ စာအုပ္အခ်ိဳ႕ကိုလည္း ဘာသာျပန္ခဲ့သည္။

ျပည္သူ႔ဝန္ထမ္းဘဝ

လြတ္လပ္ေရးရခါစျမန္မာႏိုင္ငံတြင္ ဦးႏု ဝန္ႀကီးခ်ဳပ္ ျဖစ္လာေသာအခါ ဦးသန႔္ကို ရန္ကုန္သို႔ ေခၚယူၿပီး ၁၉၄၈ ခုႏွစ္တြင္ အသံလႊင့္ဌာန၏ ၫႊန္ၾကားေရးမႉးအျဖစ္ တာဝန္ေပးအပ္ခဲ့သည္။
 ေနာက္ႏွစ္မ်ားတြင္ ဦးသန႔္အား ျမန္မာအစိုးရ၏ျပန္ၾကားေရး ဝန္ႀကီးဌာနတြင္ အတြင္းေရးမႉးအျဖစ္ တာဝန္ေပးအပ္ျခင္းခံခဲ့ရသည္။ ဦးသန႔္သည္ ၁၉၅၁ ခုႏွစ္ မွ၁၉၅၇ ခုႏွစ္အထိ
ဝန္ႀကီးခ်ဳပ္၏ အတြင္းေရးမႉးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး မိန႔္ခြန္းမ်ား ေရးသားေပးျခင္း ၊ ႏိုင္ငံျခား ခရီးစဥ္မ်ား စီစဥ္ေပးျခင္း ႏွင့္ ႏိုင္ငံျခားမွ ဧည့္သည္ေတာ္မ်ားကို လက္ခံေတြ႕ဆုံျခင္းတို႔ကို ေဆာင္႐ြက္ခဲ့သည္။ ႏိုင္ငံတကာ ကြန္ဖရင့္ အမ်ားအျပားကို တက္ေရာက္ခဲ့ၿပီး ၁၉၅၅ ခုႏွစ္ အင္ဒိုနီးရွားႏိုင္ငံ ဘန္ေဒါင္းၿမိဳ႕ တြင္ က်င္းပသည့္
ဘက္မလိုက္လႈပ္ရွားမႈ ကို ေမြးဖြားေပးခဲ့ေသာ ပထမအႀကိမ္ အာရွ - အာဖရိက ႏိုင္ငံမ်ားဆိုင္ရာ ညီလာခံတြင္ အတြင္းေရးမႉး အျဖစ္ေဆာင္႐ြက္ခဲ့သည္။

ေနာင္တြင္ တည့္တည့္မွန္မွန္လုပ္တတ္ေသာ ၊ မွန္သည္ထင္လွ်င္ အေလွ်ာ့မေပးတတ္ေသာ ဦးသန႔္ ႏွင့္
တိုင္းျပည္ေခါင္းေဆာင္ျဖစ္သည့္ ဦးႏုတို႔ မသင့္မျမတ္ျဖစ္ရာမွ ၁၉၅၇ ခုႏွစ္တြင္ ဦးသန႔္အား ကုလသမဂၢဆိုင္ရာျ မန္မာသံအမတ္ႀကီးအျဖစ္ ခန႔္အပ္ကာ တာဝန္ထမ္းေဆာင္ရန္ အေမရိကန္ျပည္ေထာင္စု ၊
နယူးေယာက္ၿမိဳ႕သို႔ေ စလြတ္ခဲ့သည္။ ဦးသန႔္သည္ ၁၉၅၇ ခုႏွစ္မွ ၁၉၆၁ ခုႏွစ္အထိ ျမန္မာႏိုင္ငံ၏ ကုလသမဂၢ အၿမဲတမ္းကိုယ္စားလွယ္အျဖစ္သာမက အယ္လ္ဂ်ီးရီးယားႏိုင္ငံ၏ လြတ္လပ္ေရး ေစ့စပ္ေဆြးေႏြးမႈမ်ားတြင္လည္း ပါဝင္ခဲ့သည္။ ၁၉၆၀ ခုႏွစ္တြင္ ျမန္မာအစိုးရသည္ ဦးသန႔္ကို ျပည္ေထာင္စုစည္သူသဂၤဟ ျပန္တမ္းအရ မဟာသေရစည္သူဘြဲ႕ႏွင့္ ဗိုလ္ရာထူး ေပးအပ္သည္။

ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္

ဦးသန႔္သည္ ကုလသမဂၢ၏ တတိယေျမာက္ အေထြေထြအတြင္းေရးမႉးခ်ဳပ္ျဖစ္ၿပီး ယင္းရာထူးအား
အာရွႏိုင္ငံမ်ားထဲမွ ပထမဦးဆုံး ရရွိသူျဖစ္သည္။
အေထြေထြအတြင္းေရးမႉးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္စဥ္ကာလအတြင္း ဦးသန႔္သည္ Palisade ႏွင့္ Douglas Avenues လမ္းၾကား ၊ ၂၃၂လမ္းအနီးရွိ ၄.၇၅ ဧကမွ်က်ယ္ေသာ Riverdale, Bronx ၿခံတြင္ ေနထိုင္ခဲ့သည္။ ဦးသန႔္သည္ ၁၉၆၁ ခုႏွစ္ ႏိုဝင္ဘာလ ၃ ရက္မွ စတင္ကာ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဒက္ဟမ္းမားရႈိး၏ မကုန္ဆုံးေသးေသာ သက္တမ္းကို ျဖည့္ဆည္းရန္ လုံၿခဳံေရးေကာင္စီ၏ ေထာက္ခံခ်က္ျဖင့္ အေထြေထြညီလာခံမွ ယာယီ အေထြေထြအတြင္းေရးမႉးခ်ဳပ္အျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရသည္။ ထို႔ေနာက္ ၁၉၆၂ခုႏွစ္ ၊ ႏိုဝင္ဘာလ ၃၀ ရက္ေန႔တြင္ အေထြေထြညီလာခံမွ ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္အျဖစ္ ၁၉၆၆ ခုႏွစ္ ၊
ႏိုဝင္ဘာလ ၃ ရက္ သက္တမ္းအထိ ခန႔္အပ္ျခင္းခံခဲ့ရသည္။ သူ၏ပထမသက္တမ္းအတြင္းတြင္ က်ဴးဘားဒုံးပ်ံျပႆနာ (Cuban Missile Crisis) ကို ေျဖရွင္းေပးရာတြင္ ပါဝင္ေစ့စပ္ေပးမႈႏွင့္ ကြန္ဂိုျပည္တြင္းစစ္ကို ၿပီးဆုံးေစခဲ့ျခင္းတို႔ေၾကာင့္ အမ်ားက အသိအမွတ္ျပဳျခင္း
ခံခဲ့ရသည္။ ဦးသန႔္သည္ ၁၉၆၆ ခုႏွစ္ ဒီဇင္ဘာလ ၂ရက္တြင္ လုံၿခဳံေရးေကာင္စီမွ တညီတၫြတ္တည္းေထာက္ခံမႈျဖင့္ အေထြေထြညီလာခံမွ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ ဒုတိယသက္တမ္းအျဖစ္ ထပ္မံခန႔္အပ္ျခင္းခံခဲ့ရသည္။ သူ၏ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဒုတိယသက္တမ္းမွာ ၁၉၇၁ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ေန႔ သူအၿငိမ္းစားယူမည့္ အခ်ိန္အထိ ျဖစ္သည္။ သူ၏ အတြင္းေရးမႉးခ်ဳပ္ သက္တမ္းအတြင္းတြင္ ကုလသမဂၢသို႔ အာရွ ႏွင့္ အာဖရိကမွ
ဒါဇင္မွ်ေသာ ႏိုင္ငံတို႔ ဝင္ေရာက္ေရးအတြက္ ၾကည့္ရႈေစာင့္ၾကပ္ခဲ့ရၿပီး သူသည္ ေတာင္အာဖရိက အသားအေရာင္ခြဲျခားမႈကို အျပင္းအထန္ ဆန႔္က်င္သူျဖစ္သည္။ ထို႔အျပင္ သူသည္ UNDP, UN University, UNCTAD ႏွင့္ UN Environmental Programme အပါအဝင္ ယူအင္န္ ဖြံ႕ၿဖိဳးေရးႏွင့္
သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရးႏွင့္ သက္ဆိုင္ေသာ ေအဂ်င္စီ ၊ ရန္ပုံေငြအဖြဲ႕ႏွင့္ ပ႐ိုဂရမ္အေျမာက္အမ်ားကို တည္ေထာင္ခဲ့သည္။ ဦးသန႔္သည္ေျ မာက္ျမားလွေသာ
ၾကားဝင္ဖ်န္ေျဖမႈမ်ားကို ေအာင္ျမင္စြာ ေဆာင္႐ြက္ေပးႏိုင္ခဲ့သည္။
ဥပမာအားျဖင့္ ၁၉၆၂တြင္ ယီမင္အေရးႏွင့္ ၁၉၆၈တြင္ ဘာရိန္းအေရးတို႔ ျဖစ္သည္။ ယင္းကိစၥတို႔သည္ ေဒသတြင္း ၿငိမ္းခ်မ္းေရးကိုထိပါးေစႏိုင္သည့္
စစ္ျဖစ္ၾကမည့္ အေရးမ်ားျဖစ္ၿပီး ဦးသန႔္၏ လိမၼာပါးနပ္စြာ ၾကားဝင္ေစ့စပ္ေပးမႈေၾကာင့္သာ စစ္ကိုေရွာင္လႊဲႏိုင္ခဲ့ျခင္းျဖစ္ပါသည္။
သူ႔အရင္ အေထြအေထြအတြင္းေရးမႉးခ်ဳပ္ ႏွစ္ေယာက္ႏွင့္မတူပဲ သူသည္ သက္တမ္းဆယ္ႏွစ္ျပည့္ေျမာက္သည္ႏွင့္ အနားယူခဲ့သည္။ ဦးသန႔္ကို တာဝန္ေပးခန႔္အပ္ခဲ့စဥ္ ၁၉၆၁ခုႏွစ္က ဆိုဗီယက္ျပည္ေထာင္စုက အေထြေထြအတြင္းေရးမႉးခ်ဳပ္သုံးဦး ထားရွိမည့္ Trioka အစီအစဥ္ကို ႀကိဳးပမ္းလာခဲ့ဖူးသည္။ ယင္းအစီအစဥ္မွာ စစ္ေအးစစ္ပြဲ ဆင္ႏႊဲေနၾကေသာ
ဆိုဗီယက္ႏွင့္ အေမရိကန္ ဦးေဆာင္သည့္ ႏိုင္ငံမ်ားဘက္မွ အေထြေထြအတြင္းေရးမႉးခ်ဳပ္ႏွစ္ဦးႏွင့္ အျခားတစ္ဦး
ေပါင္းသုံးဦးျဖစ္သည္။ ၁၉၆၆ ခုႏွစ္ ဦးသန႔္အား ဒုတိယသက္တမ္းအတြက္ ထပ္မံတာဝန္ေပးေသာအခါ ဦးသန႔္၏ ပထမအႀကိမ္သက္တမ္းအတြင္း စြမ္းေဆာင္မႈမ်ားေၾကာင့္ အေထြေထြအတြင္းေရးမႉးခ်ဳပ္ တာဝန္ဝတၱရား၏ အေရးပါမႈကို သိရွိလာေသာ ဆိုဗီယက္တို႔သည္ ယင္းအစီအစဥ္ကို ထပ္မံမတင္ျပေတာ့ပဲ
တစ္ဦးတည္းသာ ခန႔္အပ္ရန္ သေဘာတူခဲ့သည္။ ဒုတိယသက္တမ္းအတြင္း ဦးသန႔္သည္ အာရပ္အစၥေရးေျခာက္ရက္စစ္ပြဲ (၁၉၆၇) ၊ ပရာ့ဂ္ေႏြဦးေတာ္လွန္ေရးႏွင့္ ခ်က္ကိုဆလိုဗားကီးယားႏိုင္ငံ သို႔ ဆိုဗီယက္က်ဴးေက်ာ္မႈ အေရးအခင္း၊ ၁၉၇၁တြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကိုလြတ္လပ္ေရး
ရရွိေစမည့္ အိႏၵိယပါကစၥတန္စစ္ပြဲ စသည္တို႔ကို ေအးၿငိမ္းေအာင္ ေျဖရွင္းေပးႏိုင္ခဲ့သည္။
အီဂ်စ္သမၼတ နာဆာ၏ေတာင္းဆိုမႈေၾကာင့္ ၁၉၆၇တြင္ ဆိုင္းႏိုင္းကြၽန္းဆြယ္မွ ကုလၿငိမ္းခ်မ္းေရးတပ္မ်ား ႐ုပ္သိမ္းေပးရန္
သေဘာတူညီခဲ့မႈအတြက္ အေမရိကန္ျပည္ေထာင္စုႏွင့္ အစၥေရးႏိုင္ငံတို႔၏ ျပင္းထန္စြာ ေဝဖန္ျပစ္တင္ျခင္းခံခဲ့ရသည္။
ဦးသန႔္သည္ အစၥေရးႏိုင္ငံအား စစ္မတိုက္ရန္ ေနာက္ဆုံးမိနစ္ပိုင္းအခ်ိန္အထိ အီဂ်စ္သမၼတ နာဆာထံ သြားေရာက္ေ တြ႕ဆုံခဲ့သည္။ ဦးသန႔္သည္ ဗီယက္နမ္စစ္ပြဲ ကိစၥတြင္ အေမရိကန္ကို လူသိရွင္ၾကား ေဝဖန္ျပစ္တင္ခဲ့သည့္အတြက္ တစ္ခ်ိန္က သူႏွင့္ အလြန္အင္မတန္ ရင္းႏွီးခဲ့ေသာ အေမရိကန္အစိုးရႏွင့္ ဆက္ဆံေရး ယိုယြင္းလာခဲ့သည္။ အေမရိကန္ျပည္ေထာင္စု အစိုးရအဖြဲ႕ႏွင့္ ဗီယက္နမ္တို႔ၾကား တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးႏိုင္ေရးအတြက္ သူ၏တိတ္တဆိတ္ႀကိဳးပမ္းမႈအား သမၼတ ဂြၽန္ဆင္ အစိုးရအဖြဲ႕၏ ျငင္းပယ္ျခင္းခံခဲ့ရသည္။ ဦးသန႔္သည္ အမ်ိဳးအမည္မသိယာဥ္ပ်ံမ်ား (UFO) ကိစၥႏွင့္ ပတ္သက္၍ စိတ္ဝင္တစားေလ့လာခဲ့သည္။
၁၉၆၇တြင္ သူသည္ အေမရိကန္လူမ်ိဳး ႐ူပေဗဒပညာရွင္ ေဒါက္တာဂ်ိမ္းစ္အီးမကၠေဒၚနယ္အား UFO ႏွင့္ပတ္သက္၍ ကုလသမဂၢတြင္ စကားေျပာႏိုင္ရန္ စီစဥ္ေပးခဲ့ဖူးသည္။ ၁၉၇၁ခုႏွစ္၊
ဇန္နဝါရီလ ၂၃ရက္ေန႔တြင္ ဦးသန႔္က သူသည္ မည္သည့္အေၾကာင္းျပခ်က္ႏွင့္မွ် တတိယသက္တမ္း အေထြေထြအတြင္းေရးမႉးခ်ဳပ္ အျဖစ္ ဆက္လက္လုပ္ကိုင္ေတာ့မည္ မဟုတ္ေၾကာင္း ျပတ္သားစြာေျပာဆိုလိုက္သည္။ ကုလသမဂၢ လုံၿခဳံေရးေကာင္စီသည္ ဆက္ခံမည့္သူကို သီတင္းပါတ္ေပါင္းမ်ားစြာ
အပူတျပင္း ရွာေဖြခဲ့သည္။ ေနာက္ဆုံးတြင္ ကြတ္ဝါးလ္ဟိုင္း ကို ေ႐ြးခ်ယ္ခဲ့ၾကသည္။
ဦးသန႔္သည္ ၎၏သက္တမ္းမကုန္ဆုံးမီ ၁၀ ရက္အလို ကြတ္ဝါးလ္ဟိုင္း၏ ၅၃ ႏွစ္ျပည့္ေမြးေန႔ျဖစ္ေသာ
၁၉၇၁ခုႏွစ္ ၊ ဒီဇင္ဘာလ ၂၁ရက္ေန႔တြင္ တာဝန္ဝတၱရားမ်ားကို လႊဲေျပာင္းေပးခဲ့သည္။

ကုလသမဂၢ၏ အေထြေထြညီလာခံတြင္ သူ၏ေနာက္ဆုံးႏႈတ္ဆက္မိန႔္ခြန္းေျပာရာ၌ သူသည္ သူ၏ဝန္ထုပ္ဝန္ပိုးႀကီး အခုမွ က်သြားေၾကာင္း ၊ အခုမွ စိတ္သက္သာၿပီး လြတ္ေျမာက္မႈကို ခံစားရေၾကာင္း ေျပာၾကားခဲ့သည္။ နယူးေယာက္တိုင္းမ္စ္ သတင္းစာ၏ ၁၉၇၁ခုႏွစ္ ဒီဇင္ဘာလ ၂၇ရက္ေန႔ အယ္ဒီတာ့အာေဘာ္တြင္ ဦးသန႔္လြတ္ေျမာက္ျခင္း The Liberation of U Thant ဟူေသာ ေခါင္းစီးျဖင့္ ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္ဦးသန႔္ကို အၿငိမ္းစားယူၿပီးေနာက္တြင္လည္း လိုအပ္ဦးမည္ျဖစ္ေၾကာင္း ခ်ီးက်ဴးဂုဏ္ျပဳ ေရးသားခဲ့သည္။

ေနာက္ဆုံးေန႔ရက္

၁၉၇၄ ခုႏွစ္ ႏိုဝင္ဘာ ၂၅ ရက္တြင္ ဦးသန႔္သည္ နယူးေယာက္ၿမိဳ႕၌ အဆုတ္ကင္ဆာျဖင့္ ကြယ္လြန္ခဲ့သည္။ ဦးသန႔္၏႐ုပ္ကလာပ္ကို ျမန္မာျပည္သို႔ ျပန္လည္သယ္ေဆာင္ခဲ့ေသာ္လည္း ထိုစဥ္က ျပည္တြင္းႏိုင္ငံေရးအေျခအေနေၾကာင့္ ႏိုင္ငံေတာ္အခမ္းအနားျဖင့္ ဂုဏ္ျပဳၾသဂႋုဟ္ျခင္း မျပဳခဲ့ပါ။ ထိုစဥ္က သမၼတျဖစ္သူ ဦးေနဝင္းသည္ ဦးသန႔္အားျ မန္မာျပည္သူမ်ားက ခ်စ္ခင္ၾကသည္ကို စိုးရိမ္၍ ည္းေကာင္း ၊ ဦးသန႔္၏မိတ္ေဆြျဖစ္ေသာ ဦးႏုမွ ဦးသန႔္အေၾကာင္းျပကာ
ဒီမိုကေရစီေရး ဆႏၵျပမည္ကို စိုးရိမ္၍လည္းေကာင္း ဦးသန႔္၏ ႐ုပ္အေလာင္းထည့္ထားေသာ ေခါင္းတလား ရန္ကုန္ေလဆိပ္သို႔ ေရာက္သည့္တိုင္ မည္သည့္ အရာရွိမွ် လာေရာက္ ႀကိဳဆိုျခင္း မရွိခဲ့ေပ။ ဦးေနဝင္းက ဦးသန႔္၏ ႐ုပ္အေလာင္းအား အစိုးရအဖြဲ႕မွ မည္သူ႔ကိုမွ် မပါဝင္ေစပဲ ၾသဂႋုဟ္ေစခဲ့သည္။

၁၉၇၄ခုႏွစ္၊ ဒီဇင္ဘာလ ၅ရက္ေန႔တြင္ ဦးသန႔္အား မျမႇဳပ္ႏွံမီ နာရီအနည္းငယ္မွ်အလိုတြင္ အမ်ားျပည္သူေ နာက္ဆုံးဂါရဝျပဳႏိုင္ရန္ ရန္ကုန္ၿမိဳ႕ က်ိဳကၠဆံကြင္းတြင္ ျပသထားသည္။ ထိုစဥ္တြင္ သာမန္သုႆာန္တြင္ ျမႇဳပ္ႏွံမည္ကို မလိုလားၾကေသာ ေက်ာင္းသားႏွင့္ျပည္သူအခ်ိဳ႕က ဦးသန႔္၏ ႐ုပ္အေလာင္းအား လုယူသြားခဲ့သည္။
ထို႔ေနာက္ေက်ာင္းသားမ်ားက ဦးသန႔္၏ ႐ုပ္အေလာင္းကို ယခင္ ဦးေနဝင္းမွ ၁၉၆၂ခုႏွစ္ ၊
ဇူလိုင္လ ၈ ရက္ေန႔တြင္ ဒိုင္းနမိုက္ျဖင့္ ေဖာက္ခြဲဖ်က္ဆီးခဲ့ေသာ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားသမဂၢေနရာေဟာင္းတြင္ ျမႇပ္ႏွံၾသဂႋုဟ္လိုက္သည္။

ဒီဇင္ဘာလ ၅ရက္ေန႔မွ ၁၁ရက္ေန႔အတြင္း ေက်ာင္းသားမ်ားသည္ ယာယီဦးသန႔္ဗိမၼာန္ျပဳလုပ္ၾကၿပီး
အစိုးရဆန႔္က်င္ေရးတရားမ်ား ေဟာေျပာၾကသည္။ ၁၉၇၄ခုႏွစ္ ၊ ဒီဇင္ဘာလ ၁၁ရက္ေန႔ နံနက္လင္းအားႀကီးအခ်ိန္တြင္
အစိုးရစစ္တပ္မွ ေက်ာင္းဝင္းအတြင္းရွိ ေက်ာင္းသားအခ်ိဳ႕ကို ဝင္ေရာက္ပစ္ခတ္ၿပီး ဦးသန႔္၏ ႐ုပ္အေလာင္းကို
ျပန္လည္ယူေဆာင္သြားကာ ေ႐ႊတိဂုံေစတီေတာ္ ေျခရင္းတြင္ ျမႇပ္ႏွံေပးလိုက္သည္။

ယင္းသို႔ တရၾကမ္း ဝင္ေရာက္လုယူမႈေၾကာင့္ ေက်ာင္းသားမ်ားႏွင့္ ျပည္သူအမ်ားပါဝင္ေသာ အုံႂကြမႈႀကီး ျဖစ္ေပၚလာခဲ့သည္။
ရန္ကုန္ၿမိဳ႕ႏွင့္ အနီးဝန္းက်င္တြင္ စစ္အုပ္ခ်ဳပ္ေရး ေၾကညာခဲ့သည္။ ယင္းေနာက္ လူထုအုံႂကြမႈကို အျပင္းအထန္ႏွိမ္နင္းခဲ့သျဖင့္ ေက်ာင္းသားမ်ားႏွင့္ ျပည္သူမ်ား ေသဆုံးခဲ့သည္။ ယင္းကို ဦးသန႔္ အေရးအခင္း‎ဟု ေခၚတြင္သည္။
၁၉၇၈တြင္ ဦးသန႔္ေရးေသာ ကုလမွရႈျမင္ခ်က္ (View from the UN) စာအုပ္ကို အေမရိကန္ပုံႏွိပ္တိုက္
(American publishing house) မွ ပုံႏွိပ္ထုတ္ေဝခဲ့သည္။ နယူးေယာက္ၿမိဳ႕ေတာ္ ကမာၻ႔ကုလသမဂၢဌာနခ်ဳပ္အနီးရွိ ျမစ္တြင္းမွ
ဘဲလ္ေမာင့္ကြၽန္း (Belmont Island) ကို ဦးသန႔္အားဂုဏ္ျပဳေသာအားျဖင့္ ဦးသန႔္ကြၽန္းဟု နာမည္ေျပာင္းေပးခဲ့ၾကသည္။

မိသားစု

ဦးသန႔္သည္ ေဒၚသိန္းတင္ႏွင့္ လက္ထပ္ထိမ္းျမားကာ သား သမီး၃ ဦး ၊ ေျမး ၄ ဦးႏွင့္ ျမစ္ ၃ ဦး ထြန္းကားခဲ့သည္။
ဦးသန႔္၏ တစ္ဦးတည္းေသာ ေျမးေယာက္်ား ဦးသန႔္ျမင့္ဦး သည္ သမိုင္းပညာရွင္တစ္ဦးျဖစ္ၿပီး ကုလသမဂၢ
ႏိုင္ငံေရးဆိုင္ရာဌာနတြင္ ဝါရင့္ဝန္ထမ္းျဖစ္ၿပီး The River of Lost Footsteps (ေျခရာေပ်ာက္ျမစ္) ကို ေရးသားခဲ့သည္။

ဦးသန႔္အားဂုဏ္ျပဳေခၚေဝၚခဲ့ေသာနာမည္မ်ား

ကမာၻ႔ၿငိမ္းခ်မ္းေရးအတြက္ အားႀကိဳးမာန္တက္ ေရွးရႈလုပ္ကိုင္ၾကေသာ အဖြဲ႕အစည္းမ်ားႏွင့္ တစ္သီးပုဂၢလမ်ားအား
ဦးသန႔္ၿငိမ္းခ်မ္းေရးဆုအား တီထြင္ခ်ီးျမႇင့္သည္။
မေလးရွား၏ ၿမိဳ႕ေတာ္ကြာလာလမ္ပူမွ သံ႐ုံးမ်ားရွိေသာလမ္းကို Jalan U Thant (ဦးသန႔္လမ္း) ဟု ဦးသန႔္ကို
ဂုဏ္ျပဳေသာအားျဖင့္ နာမည္ေပးခဲ့သည္။
ကုလသမဂၢ႐ုံးခ်ဳပ္၏ အေရွ႕ဘက္ မ်က္ႏွာခ်င္းဆိုင္တြင္ရွိေသာ ျမစ္အတြင္းရွိ ကြၽန္းငယ္ေလးအား ဦးသန႔္ကြၽန္း ဟု
ဦးသန႔္အား ဂုဏ္ျပဳေသာ အားျဖင့္ေခၚတြင္ခဲ့သည္။
ဂ်ပန္ႏိုင္ငံ ၊ တိုက်ိဳၿမိဳ႕ ၊ ကုလသမဂၢတကၠသိုလ္ United Nations University (UNU) ဌာနခ်ဳပ္တြင္ ဦးသန႔္
ဂုဏ္ျပဳသင္ၾကားပို႔ခ်ခ်က္မ်ားဟူေသာ သင္ခန္းစာကို ပုံမွန္ သင္ၾကားေပးလွ်က္ရွိသည္။
ဂ်ပန္ႏိုင္ငံ ၊ တိုက်ိဳၿမိဳ႕ ၊ ကုလသမဂၢတကၠသိုလ္ United Nations University (UNU) ဌာနခ်ဳပ္တြင္
အဓိကကြန္ဖရင့္ခန္းမႀကီးအား ဦးသန႔္အမည္ျဖင့္ မွည့္ေခၚထားသည္။
ကုလသမဂၢအျပည္ျပည္ဆိုင္ရာသင္တန္းေက်ာင္း (United Nations International School) တြင္ ဦးသန႔္ပညာသင္ဆုကိုေပးအပ္ခ်ီးျမႇင့္သည္။

ဤေဆာင္းပါးကို သင္ဆရာ ၊ ျမင္ဆရာ ၊ ၾကားဆရာ မ်ား၏မွတ္စုတိုမ်ားထဲမွ ေကာက္ႏႈတ္ေရးသားထားပါသည္။

No comments:

Post a Comment