Translate

Tuesday, July 2, 2019

ရဲဘော်သုံးကျိပ်-Thirty comrades

Unicode

ဒို့ဗမာအစည်းအရုံးမှ ဦးဆောင်၍ မျိုးချစ်လူငယ်များက အင်္ဂလိပ်အစိုးရကို တော်လှန်ရန်ကြိုးစားခဲ့သည်။
ပြည်ပအကူညီယူ၍ ဂျပန်၌ စစ်ပညာသင်ကြားခဲ့ကြသည်။ ထိုစစ်ပညာသင်များကို “ရဲဘော်သုံးကျိပ်” ဟုခေါ်ခဲ့ကြသည်။

၁၉၄၀ ခုနှစ် ဩဂုတ်လ (၈) ရက်တွင် သခင်အောင်ဆန်းနှင့် သခင်လှမြိုင် (နောင်အခါ ဗိုလ်ရန်အောင် ဟု
ထင်ရှားသူ)တို့ မြန်မာပြည်မှ နော်ဝေးနိုင်ငံပိုင် ဟိုင်လီအမည်ရှိ သင်္ဘောနှင့်ထွက်ခွာခဲ့ရာ တရုတ်နိုင်ငံ
အမွိုင်မြို့ရှိ ‘အပြည်ပြည်ဆိုင်ရာဒေသ’ ဖြစ်သော ကူလန်စုသို့ ရောက်သွားကြပါသည်။ ထိုနေရာ၌ သူတို့နှစ်ဦး
လအနည်းငယ်မျှ သောင်တင်နေပြီး တရုတ်ကွန်မြူနစ်များနှင့် ဆက်သွယ်ရန် ကြိုးစားချက်များလည်း
အောင်မြင်ခြင်းမရှိခဲ့ပါ။ တရုတ်ကွန်မြူနစ်များနှင့် အဆက်အသွယ် မလုပ်နိုင်ခဲ့သော်လည်း
ဂျပန်ကိုယ်စားလှယ်တစ်ဦးက သူတို့အား ချဉ်းကပ်ပြီး ဂျပန်တပ်မတော် အရာရှိတစ်ဦးဖြစ်သူ
ကာနယ်ဆူဇူကီးကေအီဂျီ နှင့်တွေ့ရန် တိုကျိုသို့ လေယာဉ်နှင့်ပို့လိုက်ပါသည်။
တိုကျိုမြို့၌ နှင့် တွေ့ဆုံ၍ မြန်မာလူငယ်များအား စစ်ပညာသင်ကြားရေးကိစ္စ ဆွေးနွေးသည်။
ထို ဗိုလ်မှူးကြီးဆူဇူကီးသည် နောင်အခါ၌ ‘မြန်မာပြည်လွတ်လပ်ရေးကို ကူညီရန်နှင့် တရုတ်မြန်မာလမ်းမကြီးကို ပိတ်ဆို့ရန်’ ရည်ရွယ်ချက်များ နှင့် တည်ထောင်သော မီနာမီကီကန် လျှို့ဝှက်အသင်း၏ ခေါင်းဆောင်အဖြစ်
ထင်ရှားမည့်သူဖြစ်ပါသည်။

၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလတွင် သခင်အောင်ဆန်းသည် တရုတ်သင်္ဘောသားအသွင်ဖြင့် မြန်မာပြည်သို့
ပြန်ရောက်လာသည်။ သူမှတဆင့် ဂျပန်တို့ကမ်းလှမ်းလိုက်သည့် သဘောတူညီချက်အရ တော်လှန်ပုန်ကန်ရန် လက်နက်များနှင့် ငွေကြေး ထောက်ပံ့မည်ဟု မြန်မာတို့ကနားလည်ခဲ့၏။ ထို့အပြင် လက်ရွေးစင်လူငယ်တစုကို စစ်သင်တန်းပေးမည်။ ထိုလူငယ်များကို မြန်မာနိုင်ငံမှ ခိုးထုတ်သွားရန် လိုပေမည်။ သခင်အောင်ဆန်း
မြန်မာပြည်၌ ကြာမြင့်စွာမနေပါ။

ပထမအသုတ် အနေဖြင့် ၁၉၄၁ ခုနှစ် မတ်လ (၁၀) ရက်နေ့တွင် ဂျပန်သို့ သခင်အောင်ဆန်း ၊ သခင်လှဖေ ၊
သခင်ဗဂျမ်း ၊ သခင်အေးမောင် ၊ သမဂ္ဂကိုထွန်းရှိန် တို့နှင့်အတူ ပြန်သွားပါသည်။ ထို အုပ်စုမှာ
‘ရဲဘော်သုံးကျိပ်’ ၏ ရှေ့ပြေးတပ်ဦးဖြစ်သည်။

ဒုတိယအသုတ်အနေဖြင့် ၁၉၄၁ ခုနှစ် မတ်လ(၁၃)ရက်နေ့တွင် သခင်စိုး ၊ သခင်စောလွင် ၊ သခင်သန်းတင် ၊
ကိုရွှေ ၊ သခင်တင်အေး ၊ သခင်အောင်သိန်း ၊ သခင်ထွန်းရွှေ တို့သည် ကိုင်ရှိုမာရူး (Kaisho Maru) သင်္ဘောဖြင့် မြန်မာပြည်မှ ထွက်ခွာသွားကြသည်။ ၎င်းတို့သည် ဧပြီ (၂၈) ရက်နေ့တွင် ဂျပန်ပြည် အိုစကာမြို့သို့ ရောက်ရှိသည်။

တတိယအသုတ် အနေဖြင့် ၁၉၄၁ ခုနှစ် မတ်လတွင် သခင်လှမောင် ၊ သခင်စံမြ ၊ သခင်ခင်မောင်ဦး တို့သည်
ကိုင်ရှိုမာရူး (KaishoMaru) သင်္ဘောဖြင့် မြန်မာပြည်မှ ထွက်ခွာသွားကြသည်။
၎င်းတို့သည် မေလကုန်တွင် ဂျပန်ပြည်သို့ ရောက်ရှိသည်။

စတုတ္ထအသုတ် အနေဖြင့် ၁၉၄၁ ခုနှစ် ဇွန်လ (၈) ရက်နေ့တွင် သခင်ထွန်းအုပ်(အဖွဲ့ခေါင်းဆောင်) ၊
သခင်ရှုမောင် ၊ သခင်စံလှိုင် ၊ သခင်ထွန်းခင် ၊ ကိုလှ ၊ သခင်သန်းညွန့် ၊ သခင်ကျော်စိန် ၊ သခင်မောင်မောင် ၊
သခင်သစ် ၊ သခင်ငွေ ၊ သခင်ထွန်းလွင်တို့သည် ကိုင်ရှိုမာရူး (KaishoMaru) သင်္ဘောဖြင့် မြန်မာပြည်မှ
ထွက်ခွာသွားကြသည်။ (၂၄.၇.၄၁) တွင် ဂျပန်ပြည် ကျူရှုးကျွန်းရှိ `ယိုတိုဆူက´ရေတပ်စခန်းသို့ ရောက်ရှိသည်။

ထိုသို့ မြန်မာလူငယ် ၃၀ တို့သည် ဂျပန်နိုင်ငံသို့ လျှို့ဝှက်ထွက်ခွာသွားကြပြီးနောက်တွင် သခင်ထွန်းအုပ်တစ်ယောက်သာ
အုပ်ချုပ်ရေးအတတ်ပညာများကို ဆည်းပူး၍ ကျန်လူငယ်များမှာ စစ်ပညာများကို သင်ယူကြသည်။
အစက ဂျပန် အုပ်ချုပ်မှုအောက်တွင် ရှိသည့် ထိုင်ဝမ်ကျွန်းတွင် အခြေချသင်တန်းတက်ကြပြီးနောက်ပိုင်းတွင်
ဟိုင်နန်ကျွန်းသို့ရွေ့ပြောင်းကြရသည်။ ထိုမှ ထိုင်းနိုင်ငံသို့ ပြောင်းရွေ့ကြကာ အင်္ဂလိပ်နယ်ချဲ့တော်လှန်ရေးကို စတင်ရန်
အားထုတ်ကြသည်။ ထိုသို့ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရှိနေစဉ် သခင်လှမောင် (ဗိုလ်ဇေယျ) က အကယ်၍
တော်လှန်ရေးလုပ်သောအခါ အမည်မှန်များအတိုင်း လုပ်ကြလျှင် မြန်မာနိုင်ငံအတွင်း ကျန်နေခဲ့ကြသည့်
မိသားစုများအား အင်္ဂလိပ်တို့မှ ရန်ပြုမည်ကို စိုးရိမ်ရကြောင်း ၊ ဂျပန်နာမည်များဖြင့်လည်း တော်လှန်ရေး
မလုပ်လိုကြောင်း ၊ ထို့ကြောင့် အမည်ဝှက်များဖြင့် လှုပ်ရှားစေလျှင် ပိုမိုကောင်းမွန်မည့်အကြောင်းကို
သခင်အောင်ဆန်းအား ပြောရာ သခင်အောင်ဆန်းနှင့် ကျန်အဖွဲ့သားများအားလုံးက သဘောတူကြသည်။
သို့ဖြင့် ဘန်ကောက်မြို့ ၊ တနွမ်းစပ်ထုံလမ်းရှိ ဘော်နီယိုကုမ္ပဏီဝင်းအတွင်း စခန်းချနေစဉ်
ဗိုလ်ဘွဲ့အမည်များခံယူကြသည်။

၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် ရဲဘော်သုံးကျိပ် ဦးဆောင်သည့်
ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကိုဖွဲ့စည်းကာ ဂျပန်တပ်မတော်၏ အကူအညီဖြင့် ဗြိတိသျှနယ်ချဲ့အား
မြန်မာ့မြေမှ မောင်းထုတ်ခဲ့သည်။


ရဲဘော်သုံးကျိပ်ဝင်အမည်များ
စဉ် | အမည် | ဗိုလ်ဘွဲ့အမည် | ဂျပန်အမည်

သခင်အောင်ဆန်း     =  ဗိုလ်တေဇ                  =  Omoda Monji
သခင်လှဖေ              =  ဗိုလ်လက်ျာ               =  Tani Kiyoshi
သခင်ရှုမောင်           =  ဗိုလ်နေဝင်း                =  Takasugi Susumu
သခင်လှမောင်          =  ဗိုလ်ဇေယျ                 =  Kaga Masashi
ကိုထွန်းရှိန်              =  ဗိုလ်ရန်နိုင်                 =  Yamashita Teruo
သခင်လှမြိုင်            =  ဗိုလ်ရန်အောင်            =  Itoda Tei-ichi
ကိုရွှေ                      =  ဗိုလ်ကျော်ဇော             =  Taniguchi Shin-ichi
သခင်စံလှိုင်             =  ဗိုလ်မှူးအောင်            =  Omura Tabashi
ကိုဆောင်း               =  ဗိုလ်ထိန်ဝင်း              =  Monya Hiroshi
သခင်ထွန်းရွှေ          =  ဗိုလ်လင်းယုန်            =  Utsumi Susumu
သခင်အောင်သိန်း     =  ဗိုလ်ရဲထွဋ်                 =  Hayashi
သခင်ဗဂျမ်း             =  ဗိုလ်လရောင်              =  Baba Takeshi
သခင်တင်အေး         =  ဗိုလ်ဘုန်းမြင့်         =  Chinda Seiji
သခင်ထွန်းခင်          =  ဗိုလ်မြင့်ဆွေ           =  Nakamura Hitoshi
သခင်သန်းတင်         =  ------                       =  Yamada A
သခင်ထွန်းအုပ်          =  ------                       =  YamadaB
သခင်အောင်သန်း      =   ဗိုလ်စကြာ                =  Hirata Masao
သခင်စိုး                   =    ဗိုလ်မြင့်အောင်     =  Kono
သခင်စံမြ                 =  ဗိုလ်တောက်ထိန်         =  Nakagawa Ichiro
ကိုလှ                      =  ဗိုလ်မင်းရောင်            =  Ito Hitochi
သခင်စောလွင်          =  ဗိုလ်မင်းခေါင်             =  Yamaoka Kiyoshi
သခင်ကျော်စိန်          =  ဗိုလ်မိုးညို                 =  Takahashi
သခင်သစ်                 =  ဗိုလ်စောနောင်           =  Osawa
သခင်ခင်မောင်ဦး       =  ဗိုလ်တာရာ                =  Monya Masaru
သခင်ထွန်းလွင်          =  ဗိုလ်ဗလ                   =  Otani Hiroshi
သခင်သန်းညွန့်      =  ဗိုလ်ဇင်ယော်              =  Okawa
သခင်အေးမောင်         =  ဗိုလ်မိုး                      =  Mizuno Saburo
သခင်မောင်မောင်       =  ဗိုလ်ဉာဏ                  =  Tsuchiya
သခင်ငွေ                   =  ဗိုလ်စောအောင်           =  Katsura
သခင်သန်းတင်          =  ဗိုလ်မြဒင်(အုတ်ဖို)

ကိုယ်ရေးအကျဉ်း
ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်
ဝင်ရောက်လာခဲ့ရာတွင် ဂျပန်တပ်မတော်နှင့်အတူ ရဲဘော်သုံးကျိပ်ဝင်များ ဦးဆောင် ပါဝင်ခဲ့ကြသည်။

စစ်သေနာပတိဗိုလ်တေဇ
ဗိုလ်တေဇခေါ် ဗိုလ်ချုပ်အောင်ဆန်းသည် ဘီအိုင်အေတွင် စစ်သေနာပတိအဖြစ် ပါဝင်ခဲ့ရသူ ဖြစ်သည်။
၁၃ ဖေဖော်ဝါရီ ၁၉၁၅ တွင် နတ်မောက်မြို့၌ ရှေ့နေဦးဖာဒေါ်စုတို့က ဖွားမြင်ခဲ့သူ ဖြစ်ပြီး ၁၉ ဇူလိုင် ၁၉၄၇ ၌
လုပ်ကြံခံခဲ့ရသည်။

သခင်ထွန်းအုပ်
၇ ဒီဇင်ဘာ ၁၉၀၇ တွင် ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သိုက်တောရွာ၌ ဦးရွှေဒေါ်ရွှေသားတို့က ဖွားမြင်ခဲ့သည်။
ကိုလံဘိုမြို့ ၊ စိန့်ဂျိုးဇက်ကောလိပ်မှ စီနီယာကင်း ဘရစ်တန်း အောင်ခဲ့ပြီး ဘီအိုင်အေ အုပ်ချုပ်ရေးဌာနချုပ်ရုံးတွင်
နိုင်ငံလုံးဆိုင်ရာ တာဝန်ခံ ဖြစ်သည်။ ၂၃ ဇန်နဝါရီ ၁၉၇၀ တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်နေဝင်း
အမည်ရင်း ကိုရှုမောင် ဖြစ်ပြီး ၆ ဇူလိုင် ၁၉၁၀ တွင် ပြည်ခရိုင် ၊ ပေါင်းတလည်မြို့၌ ဦးဖိုးခ ဒေါ်မိလေးတို့က
ဖွားမြင်ခဲ့သည်။ ပြည်မြို့အထက်တန်းကျောင်းမှ ၁၉၂၉ တွင် ဆယ်တန်းအောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်
ဥပစာသိပ္ပံ(ခ)ထိ ပညာသင်ခဲ့သည်။
ဘီအိုင်အေ ချီတက်မလာမီ ပြည်တွင်း သူပုန်တပ်ဖွဲ့ခေါင်းဆောင်အဖြစ် ဝင်ရောက်လာခဲ့သည်။

ဗိုလ်အောင်(ဗိုလ်မှူးအောင်)
အမည်ရင်း ကိုစံလှိုင် ဖြစ်ပြီး ၃၀ ဩဂုတ် ၁၉၁၀ တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့၌ ဦးရွှေမှန် ဒေါ်ဖော့တို့က
ဖွားမြင်ခဲ့သည်။ ဘီအိုင်အေ ဝင်ရောက်စဉ် မော်လမြိုင်စစ်ကြောင်းမှ တပ်ရင်း ၂ တပ်ရေးဗိုလ်ကြီးအဖြစ်
ချီတက်လိုက်ပါခဲ့သည်။

ဗိုလ်တောက်ထိန်
အမည်ရင်း ကိုစံမြ ဖြစ်ပြီး ၁၇ ဇန်နဝါရီ ၁၉၁၁ တွင် ပျဉ်းမနားမြို့၌ ဦးဘိုးအောင် ဒေါ်ရွှေမြတို့က ဖွားမြင်ခဲ့သည်။
ပျဉ်းမနားမြို့ ခေမာသီဝံကျောင်းတွင် ရ တန်းအထိ ပညာဆည်းပူးခဲ့သည်။ ဘီအိုင်အေ မြိတ် စစ်ကြောင်း
ရေကြောင်းချီတပ်မှ ချီတက်ခဲ့ပြီး ၁၈ ဧပြီ ၁၉၉၆ တွင် ပျဉ်းမနား၌ ကွယ်လွန်ခဲ့သည်။

ဗိုလ်မြင့်ဆွေ
အမည်ရင်း ကိုထွန်းခင် ဖြစ်ပြီး ၈ ဧပြီ ၁၉၁၁ တွင် ပြည်ခရိုင် ၊ သဲကုန်းမြို့နယ် ၊ သရက်တစ်ပင်ကျေးရွာ၌ ဦးဖိုးမောင် ၊
ဒေါ်ငွေဝင်းတို့က ဖွားမြင်ခဲ့သည်။မင်းဘူး အလယ်တန်းကျောင်း မှ ရ တန်း ၊ ကိုလံဘိုမြို့ ဂျက်ဖနာကောလိပ်
(Jaffner College) မှ ဂျူနီယာ ကင်းဘရစ်တန်းများ အောင်မြင်ခဲ့၏။ ဘီအိုင်အေ ပြည်တွင်းသူပုန်အဖြစ် ရန်ကုန်သို့
ရောက်ရှိခဲ့ပြီး ၂၃ ဇန်နဝါရီ ၁၉၇၃ တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်လရောင်
အမည်ရင်း ကိုဘဂျမ်း ဖြစ်ပြီး ၂၈ မေ ၁၉၁၁ တွင် မင်းဘူးမြို့ သူဌေးကုန်းရပ်၌ ဦးသာဘွား ဒေါ်ငွေသင်တို့က
ဖွားမြင်ခဲ့သည်။ မင်းဘူး အထကမှ တန်းမြင့်ကျောင်းထွက်စာမေးပွဲ အောင်မြင်ခဲ့၏။ ဘီအိုင်အေ
ထားဝယ်စစ် ကြောင်းတွင် စစ်လက်နက်ပစ္စည်း
ထောက်ပံ့ရေးတပ်ဖွဲ့၏ တပ်မှူး ဖြစ်ခဲ့သည်။ ၉ ဇူလိုင် ၁၉၆၉ တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်လက်ျာ
အမည်ရင်း ကိုလှဖေ ဖြစ်ပြီး ၃၀ ဩဂုတ် ၁၉၁၁ တွင် ပျဉ်းမနားမြို့၌ ဦးစိန်သွင် ဒေါ်ကျင်မြိုင်တို့က ဖွားမြင်ခဲ့သည်။
ရန်ကုန်မြို့မကျောင်းမှ ဆယ်တန်းအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ် ဆက်တက်ခဲ့သည်။ ဘီအိုင်အေ
ထားဝယ် စစ်ကြောင်းတွင် ဒုတိယ စစ်သေနာပတိအဖြစ် လိုက်ပါခဲ့သည်။
၂၇ နိုဝင်ဘာ ၁၉၇၈ တွင် ထိုင်းမြန်မာနယ်စပ်၌ ကျဆုံးခဲ့သည်။

ဗိုလ်ဇေယျ
အမည်ရင်း ကိုလှမောင် ဖြစ်ပြီး ၁၀ ဒီဇင်ဘာ ၁၉၁၃ တွင် အလုံ(မုံရွာ) နန်းတော်ရှေ့ရွာ၌ ဦးချစ်မောင် ဒေါ်စိန်တိုင်တို့က ဖွားမြင်ခဲ့သည်။
မြို့မကျောင်းတွင် ဆယ်တန်းအောင်မြင်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့၏။ ဘီအိုင်အေ
တပ်မဟာ ၁ တွင် ဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လွတ်လပ်ရေး ရရှိပြီးနောက် တောခိုသွားရာ
၁၆ ဧပြီ ၁၉၆၈ တွင် ဗကပဌာနချုပ်ကို ဝင်ရောက် တိုက်ခိုက်စဉ် ကျဆုံးခဲ့သည်။

ဗိုလ်စောအောင်
အမည်ရင်း ကိုငွေ ဖြစ်ပြီး ၂၈ မေ ၁၉၁၄ တွင် ကမာရွတ် ရှမ်းစု၌ ဦးဘိုးညွန့် ဒေါ်ရွှေမှတ် တို့က ဖွားမြင်ခဲ့သည်။
ရန်ကုန် ကမာရွတ်တွင် အင်္ဂလိပ်မြန်မာ ၇ တန်း အထိ ပညာသင်ယူခဲ့၏။ဘီအိုင်အေတွင် မော်လမြိုင် စစ်ကြောင်းမှ လိုက်ပါခဲ့ပြီး ၂၆ ဖေ ဖော်ဝါရီ ၁၉၄၂ တွင် ရွှေကျင်တိုက်ပွဲ၌ ကျဆုံးခဲ့သည်။

ဗိုလ်ထိန်ဝင်း
အမည်ရင်း ကိုဆောင်း ဖြစ်ပြီး ၁၇ မေ ၁၉၁၄ တွင် ရွှေကျင်မြို့၌ ဦးလွန်းမောင် ဒေါ်ဖွားတို့က ဖွားမြင်ခဲ့သည်။
ညောင်လေးပင် အမျိုးသား အထက်တန်းကျောင်းတွင် ဆယ်တန်း အောင်မြင်ခဲ့သည်။ ဘီအိုင်အေတွင် ပြန်ကြားရေး အရာရှိ ဖြစ်ခဲ့ပြီး ထိုင်း နိုင်ငံ လန်ပန်းမြို့၌ ၁၉၄၅ ခု နိုဝင်ဘာလတွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်ဉာဏ
အမည်ရင်း ကိုမောင်မောင် ဖြစ်ပြီး ၁၉၁၄ တွင် ဖြူးမြို့ ကျောက်တိုင်တောင် ကျေးရွာ၌ ဦးဘပု ဒေါ်မြစ်တို့က
ဖွားမြင်ခဲ့သည်။ ဘီအိုင်အေ အမှတ် ၅၅ ဂျပန်တပ်မတွင် ဗိုလ်ကြီးအဖြစ် လိုက်ပါခဲ့၏။
၄ ဧပြီ ၁၉၄၂ တွင် ဖားပွန်၌ ကျဆုံးခဲ့သည်။

ဗိုလ်စကြာ
အမည်ရင်း ကိုအောင်သန်း ဖြစ်ပြီး ၁ ဇူလိုင် ၁၉၁၅ တွင် ဦးမြတ်သာ ဒေါ်သန်းတင်တို့က ရန်ကုန်တွင် ဖွားမြင်ခဲ့သည်။
ဒိုင်အိုစီဇင် ယောက်ျားလေးကျောင်း၊ အစိုးရအထက်တန်းကျောင်းနှင့် ဆေးပညာသင်ကျောင်းတို့၌
ပညာဆည်းပူးခဲ့သည်။ ဘီအိုင်အေ မော်လမြိုင် စစ်ကြောင်းတွင် လိုက်ပါခဲ့ပြီး ၆ စက်တင်ဘာ ၁၉၆၉ ၌
ထိုင်းနိုင်ငံတွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်ရန်အောင်
အမည်ရင်း ကိုလှမြိုင် ဖြစ်ပြီး ၂ မတ် ၁၉၆၇ တွင် လှည်းကူးမြို့နယ် ဒါးပိန်ရွာ၌ ဦးဘအောင် ဒေါ်သိန်းမြ တို့က
ဖွားမြင်ခဲ့သည်။ ၁၉၃၅ တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ဘီအိုင်အေတွင် ဒုဗိုလ်မှူးကြီးအဖြစ် တပ်မဟာ(၁)ကို
ဦးစီးခဲ့ရသည်။လွတ်လပ်ရေး ရရှိပြီးနောက် တောခိုသွားကာ ၂၆ ဒီဇင်ဘာ ၁၉၆၇ တွင်
ဗကပတို့၏ လုပ်ကြံမှုကို ခံခဲ့ရသည်။

ဗိုလ်ဗလ
အမည်ရင်း ကိုသန်းရင် ဖြစ်ပြီး ၁၇ မတ် ၁၉၁၇ တွင် မော်လမြိုင်ကျွန်းမြို့ ကျိုက်ပိရွာ၌ ဦးကျော်ဟန်
ဒေါ်သိန်းတို့က ဖွားမြင်ခဲ့သည်။ လပွတ္တာ အထက်တန်း၌ ၇ တန်း အထိ ပညာသင်ယူခဲ့သည်။
ဘီအိုင်အေတွင် ထားဝယ်စစ်ကြောင်းမှ ပါဝင်ခဲ့၏။

ဗိုလ်မင်းရောင်
အမည်ရင်း ကိုလှ ဖြစ်ပြီး ၂၆ စက်တင်ဘာ ၁၉၁၇ တွင် ပုဇွန်တောင် ရေကျော်ရပ်၌ ဦးဖိုးထင် ဒေါ်သင်းမြိုင်တို့က
ဖွားမြင်ခဲ့သည်။ ကန်တော်ကလေး ဦးဖိုးအိမ် အင်္ဂလိပ်မြန်မာကျောင်းတွင် ဆယ်တန်းအထိ တက်ရောက်ခဲ့သည်။
ဘီအိုင်အေတွင် ထားဝယ်စစ်ကြောင်းမှ ပါဝင်ပြီး ၆ နိုဝင်ဘာ ၁၉၈၈ တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်မိုးညို
အမည်ရင်း ကိုကျော်စိန် ဖြစ်ပြီး ကမာရွတ်ရှမ်းစု၌ ဦးဘ ဒေါ်ငွေသင် တို့က ဖွားမြင်ခဲ့သည်။ စိန်ဂျွန်းကျောင်းတွင်
ဆယ်တန်းအထိ ပညာ ဆည်းပူးခဲ့၏။ ဘီအိုင်အေတွင် ပြည်တွင်းသူပုန် အဖွဲ့ဝင် ဖြစ်ခဲ့သည်။
၉ ဧပြီ ၁၉၆၀ တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်လင်းယုန်
အမည်ရင်း ကိုထွန်းရွှေ ဖြစ်ပြီး ၁၉၁၇ အောက်တိုဘာတွင် ရန်ကုန်မြို့၌ ဦးအောင်သိန်း ဒေါ်ဒေါ်စိမ်းတို့က
ဖွားမြင်ခဲ့သည်။ ဘီအိုင်အေတွင် ပြည်တွင်းသူပုန် အဖွဲ့ဝင် ဖြစ်ခဲ့သည်။ ၈ ဧပြီ ၁၉၇၄ တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်မြင့်အောင်
အမည်ရင်း ကိုဖိုးစိုး ဖြစ်ပြီး ၁၄ နိုဝင်ဘာ ၁၉၁၇ တွင် ပန်းတောင်းမြို့ သူရဲတန်း ကျေးရွာ၌ ဦးပန်း ဒေါ်သက်ရှည်တို့က
ဖွားမြင်ခဲ့သည်။ အထက်တန်းအထိ ပညာသင်ဖူးသည်။ ၂၄ ဇွန် ၁၉၄၅ တွင်
နတ်တလင်းမြို့၌ မိမိကိုယ်ကို သတ်သေသွားခဲ့သည်။

ဗိုလ်မိုး
အမည်ရင်း ကိုမောင်မောင် ဖြစ်ပြီး ၂၁ မတ် ၁၉၁၈ တွင် ရန်ကုန်မြို့ ၌ ဦးဖိုးမှီ ဒေါ်အေးတင်တို့က ဖွားမြင်ခဲ့သည်။
ရန်ကုန်မြို့ အလုံကူရှင်ကျောင်း၌ ဆယ်တန်းအထိ ပညာသင်ဖူး၏။ ဘီအိုင်အေ မော်လမြိုင် စစ်ကြောင်းမှ
ချီတက်ခဲ့ပြီး ၈ မတ် ၁၉၄၂ တွင် ဖူးကြီးတိုက်ပွဲ၌ ကျဆုံးခဲ့၏။

ဗိုလ်ရန်နိုင်
အမည်ရင်း ကိုထွန်းရှိန် ဖြစ်ပြီး ၂ နိုဝင်ဘာ ၁၉၁၈ တွင် အောင်လံမြို့ ကမ္မလေးရွာ၌ ဦးခန့် ဒေါ်သန့်တို့ က
ဖွားမြင်ခဲ့သည်။ ပြည်မြို့ အထက်တန်းကျောင်းမှ ၁၉၃၅ တွင် ဆယ်တန်း အောင်မြင်ခဲ့သည်။
ဘီအိုင်အေတွင် မြိတ်စစ်ကြောင်းမှ ရေကြောင်း ချီခဲ့ရပြီး
ရွှေတောင်တိုက်ပွဲကို ဦးဆောင်ခဲ့သည်။ ၂၈ ဇန်နဝါရီ ၁၉၈၉ တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်ကျော်ဇော
အမည်ရင်း ကိုရွှေ ဖြစ်ပြီး ၃၀ နိုဝင်ဘာ ၁၉၁၈ တွင် သုံးဆယ်မြို့ ဆိုင်းစုကျေးရွာ၌ ဦးပန်းဒေါ်တင့်တို့က
ဖွားမြင်ခဲ့သည်။ ဘီအိုင်အေတွင် မော်လမြိုင် စစ်ကြောင်းမှ ချီတက်ခဲ့သည်။

ဗိုလ်ဇင်ယော်
အမည်ရင်း ကိုသန်းညွန့် ဖြစ်ပြီး ၂၁ နိုဝင်ဘာ ၁၉၁၉ တွင် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် အေးရွာ၌ ဦးပို ၊
ဒေါ်နှင်းမြတို့က ဖွားမြင်ခဲ့သည်။ ပုဇွန်တောင် မြူနီစီပါယ် အထက်တန်းကျောင်းမှ ၉ တန်း အောင်မြင်ခဲ့၏။
ဘီအိုင်အေတွင် မော်လမြိုင်စစ်ကြောင်းမှ ဝင်ရောက်ခဲ့သည်။ ၃၁ ဒီဇင်ဘာ ၁၉၉၃ တွင် ကွယ်လွန်ပါသည်။

ဗိုလ်တာရာ
အမည်ရင်း ကိုခင်မောင်ဦး ဖြစ်ပြီး ၁၃ ဧပြီ ၁၉၁၉ တွင် ပျဉ်းမနားမြို့၌ ဦးအကောက် ဒေါ်လွန်းတို့က ဖွားမြင်ခဲ့သည်။
ပျဉ်းမနား ကေအီးအမ် (King Edward Memoral) ကျောင်းမှ ဆယ်တန်း အောင်ခဲ့သည်။ ဘီအိုင်အေတွင်
ပြည်တွင်းသူပုန် အဖွဲ့ဖြင့် ဦးစွာ ဝင်ရောက်ခဲ့သည်။ ၆ ဖေဖော်ဝါရီ ၁၉၉၃ တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်ဘုန်းမြင့်
အမည်ရင်း ကိုတင်အေး ဖြစ်ပြီး ၃ ဇန်နဝါရီ ၁၉၂၀ တွင် လက်ပံတန်းမြို့၌ ဦးဘ ဒေါ်ရွှေခဲတို့က ဖွားမြင်ခဲ့သည်။
ဆရာကြီး ဦးစိန်၏ မြန်မာအထက်တန်းကျောင်းမှ ၉ တန်းအောင်မြင်ခဲ့ပြီး မင်းလှမြို့နော်မံကျောင်းမှ
အလယ်တန်းဆရာဖြစ် အောင်မြင်ခဲ့၏။ ဘီအိုင်အေတွင် ဂျပန်တပ်မ ၅၅ ၏ ဆက်သွယ်ရေးအရာရှိအဖြစ်
အမှုထမ်းခဲ့ရပြီး ၂၈ ဇူလိုင် ၁၉၈၉ တွင် ကွယ်လွန်ခဲ့သည်။

သခင်သန်းတင်
၂၇ ဩဂုတ် ၁၉၂၀ တွင် မော်လမြိုင်မြို့နယ် ညောင်ပင်ဆိပ်ရွာ၌ ဦးမောင် ဒေါ်စိုးတို့က ဖွားမြင်ခဲ့သည်။
မြဝတီကျောင်းတွင် လေးတန်းအထိ ပညာသင်ခဲ့ဖူးသည်။ ၁၉၄၁ စက်တင်ဘာတွင် တိုင်ပေစစ်ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။

ဗိုလ်စောနောင်
အမည်ရင်း မောင်သစ် ဖြစ်ပြီး ၂ စက်တင်ဘာ ၁၉၂၀ တွင် ကမာရွတ် ရှမ်းစု၌ ဦးဘိုးညွန့်ဒေါ်ရွှေမှတ်တို့က
ဖွားမြင်ခဲ့သည်။ အင်္ဂလိပ်မြန်မာ ၇ တန်း အောင်မြင်ပြီး ဘီအိုင်အေ၌ ဗိုလ်မှူးအဖြစ် ခန့်အပ်ခံခဲ့ရ၏။
၃၀ ဇန်နဝါရီ ၁၉၇၆ တွင် ကွယ်လွန်ခဲ့၏။

ဗိုလ်မင်းခေါင်
အမည်ရင်း ကိုစောလွင် ဖြစ်ပြီး ၁၈ အောက်တိုဘာ ၁၉၂၀ တွင် ကြို့ပင်ကောက်မြို့၌ ဦးသောကြာ ဒေါ်ကြော့တို့က ဖွားမြင်ခဲ့သည်။ ကြို့ပင်ကောက် အမျိုးသားကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ ဘီအိုင်အေတွင်
မြိတ်စစ်ကြောင်းမှ ပါဝင်ခဲ့ပြီး ရေကြောင်းချီ စက်လှေအုပ်စုကို ဦးဆောင်ခဲ့ရသည်။
၂၄ ဩဂုတ် ၁၉၈၃ တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်မြဒင်
အမည်ရင်း ကိုသန်းတင် ဖြစ်ပြီး ၁၉၂၀ တွင် အုတ်ဖိုမြို့၌ ဦးမောင်ဖေ ဒေါ်ဖန်တို့က ဖွားမြင်ခဲ့သည်။
သာယာဝတီ ဗုဒ္ဓဘာသာ အလယ်တန်းကျောင်းတွင် ၇ တန်းအထိ တက်ရောက်ခဲ့သည်။ ဘီအိုင်အေ အဝင်တွင်
ထိုင်း မြန်မာနယ်စပ်၌ ငှက်ဖျားရောဂါဖြင့် ၁၉၄၂ ဇန်နဝါရီ၌ ကွယ်လွန်သွားသည်။

ဗိုလ်ရဲထွဋ်
အမည်ရင်း ကိုအောင်သိန်း ဖြစ်ပြီး ၂၅ ဖေဖော်ဝါရီ ၁၉၂၂ တွင် ရန်ကုန် တာမွေကလေးရပ်၌ ဦးဘိုးလွင် ၊
ဒေါ်စောရှင်တို့က ဖွားမြင်ခဲ့သည်။ ကန်တော်ကလေး မြူကျောင်းမှ ၁၀ တန်း အောင်ခဲ့၏။
ဘီအိုင်အေတွင် တပ်မဟာ ၃ တပ်မှူး ဖြစ်ခဲ့သည်။

မှတ်စု
1. ယိုးဒယား နိုင်ငံရောက်မှ ဗမာ့တပ်မတော်ကြီးကို ဖွဲ့စည်း၍ ရဲဘော်သုံးကျိပ်တို့ က ဗိုလ်အမည်များ ခံယူကြသဖြင့်
    ဖော်မိုဆာ တွင် ကွယ်လွန်ခဲ့သော သခင်သန်းတင် တွင် ဗိုလ်အမည် မရှိပေ။
2. ဗိုလ်နာမည် မရှိသော နောက်တစ်ဦးမှာ သခင်ထွန်းအုပ် ဖြစ်ပြီး စစ်ရေးလှုပ်ရှားမှုများတွင် မပါဝင်ဘဲ
   အုပ်ချုပ်ရေး ကိုသာ ဦးစီးဆောင်ရွက်မည့်သူ ဖြစ်သောကြောင့် မူရင်းနာမည် အတိုင်းသာ ရှိစေမည်ဟု
   ဆုံးဖြတ်ခဲ့သည်ဖြစ်သည်။
3. ၁၉၄၁ ဒီ ၂၅ တွင် သခင်အောင်ဆန်းသည် ယိုးဒယား နိုင်ငံ ဘန်ကောက်မြို့ သို့ ရောက်ရှိခဲ့သည် နှင့် ချက်ချင်းပင်
    ဗမာ့လွတ်လပ်ရေး တပ်မတော် ဖွဲ့စည်းရေးအတွက် ဆွေးနွေးကြသည်။ ဘန်ကောက်မြို့တွင် နေထိုင်ကြသော
    မြန်မာလူမျိုးများ ဖြစ်သည့် ဦးလွန်းဖေ ၊ ဦးလှဖေ ၊ ဦးချစ်ဖေ ၊ ဦးဘွန်လျောင် စသူ တို့ကလည်း
   ဝိုင်းဝန်းကူညီခဲ့ကြသည်။
4. နှစ်ဖွဲ့ကွဲနေသော တို့ဗမာအစည်းအရုံး မှ သခင်အဖွဲ့ဝင်များကို တဖွဲ့တည်း ပေါင်းစည်း၍ စည်းလုံးညီညွတ်စွာ ရှိကြရန်
   ဂျပန်အာဏာပိုင်များက လိုလားကြပေသည်။ အသက်စွန့်၍ တိုက်ရမည့် တိုက်ပွဲအတွက် မြန်မာလူငယ်များ
   စည်းလုံးညီညွတ်မှု ခိုင်မြဲရန်လည်း လိုအပ်လှသည်။ ထို့ကြောင့်ပင် ဂျပန်ခေါင်းဆောင် တို့က
  အစီအစဉ်တရပ်ပြုလုပ်ကြ၏။
   ထိုအစီအစဉ်မှာ တိုကျိုတွင် အုပ်ချုပ်ရေးဆိုင်ရာ ပညာရပ်များကို လေ့လာနေသော သခင်ထွန်းအုပ်အား
   ဟိုက်နန်တွင် စစ်ပညာများ သင်ကြားနေသည့် သခင်အောင်ဆန်း နှင့် တွေ့ဆုံ၍ သခင်လူငယ်နှစ်ဖွဲ့
   စည်းလုံးညီညွတ်ရေး ဆွေးနွေးကြရန် ဖြစ်သည်။ သခင်ဗစိန် အဖွဲ့မှ ခေါင်းဆောင် သခင်ထွန်းအုပ်နှင့်
   သခင်ကိုယ်တော်မှိုင်းအဖွဲ့မှ ခေါင်းဆောင် သခင်အောင်ဆန်း တို့တွေ့ဆုံ၍ ညီညွတ်မှုရစေခြင်းဖြင့် မှုလက
   အဖွဲ့ကွဲခဲ့သည့် ဖြစ်ရပ်များကို အားလုံး မေ့လိုက်ကြရန် ဖြစ်သည်။ သခင်ထွန်းအုပ် ကို တိုကျိုမှ ထိုင်ဝမ်ကျွန်းသို့
  ပို့ပေးလေသည်။ ကျွန်းတွင် သခင်အောင်ဆန်း ၊
   သခင်အောင်သန်း၊ သခင်လှဖေတို့ အဆင်သင့်ရောက်နေကြသည်။ ဗိုလ်မှူးကြီး ဆူဇူကီး လည်း ရှိနေသည်။
   သခင်ထွန်းအုပ် နှင့် သခင်အောင်ဆန်း ၊ သခင်အောင်သန်း ၊ သခင်လှဖေ တို့သည် မြန်မာနိုင်ငံ၏
  နိုင်ငံရေး အသင်းအဖွဲ့များ၏ အခြေအနေအရပ်ရပ်ကို ၎င်း ၊ ရှေ့တွင် ဆောင်ရွက်ကြရမည့်
  လုပ်ငန်းစဉ်များနှင့် ပတ်သက်၍၎င်း ၊ အကျယ်တဝင့်
  ဆွေးနွေးကြပြီးလျှင် ၊ မြန်မာပြည် လွတ်လပ်ရေး တိုက်ပွဲအတွက် ရဲဘော်များ သွေးစည်းညီညွတ်ကြရန်
 ခိုင်မာသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြသည်။ ထိုနေ့မှ စ၍ ရှေ့သို့ခရီး တွင် သခင်နှစ်ဖွဲ့ကွဲသည် မရှိစေရ ၊
 အားလုံးပင် ညီရင်းအကို သို့နှယ် ချစ်ခင်စည်းလုံးစွာဖြင့် တိုက်ပွဲဝင်ကြရန် သဘောတူခဲ့ကြသည်။

ဤဆောင်းပါးကို သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ များ၏မှတ်စုတိုများထဲမှ ကောက်နှုတ်ရေးသားထားပါသည်။


Zawgyi

ရဲေဘာ္သုံးက်ိပ္-Thirty comrades

ဒို႔ဗမာအစည္းအ႐ုံးမွ ဦးေဆာင္၍ မ်ိဳးခ်စ္လူငယ္မ်ားက အဂၤလိပ္အစိုးရကို ေတာ္လွန္ရန္ႀကိဳးစားခဲ့သည္။ ျပည္ပအကူညီယူ၍ ဂ်ပန္၌ စစ္ပညာသင္ၾကားခဲ့ၾကသည္။ ထိုစစ္ပညာသင္မ်ားကို “ရဲေဘာ္သုံးက်ိပ္” 
ဟုေခၚခဲ့ၾကသည္။

၁၉၄၀ ခုႏွစ္ ဩဂုတ္လ (၈) ရက္တြင္ သခင္ေအာင္ဆန္းႏွင့္ သခင္လွၿမိဳင္ 
(ေနာင္အခါ ဗိုလ္ရန္ေအာင္ ဟုထင္ရွားသူ)တို႔ ျမန္မာျပည္မွ ေနာ္ေဝးႏိုင္ငံပိုင္ ဟိုင္လီအမည္ရွိ သေဘၤာႏွင့္ထြက္ခြာခဲ့ရာ တ႐ုတ္ႏိုင္ငံ အမြိဳင္ၿမိဳ႕ရွိ ‘အျပည္ျပည္ဆိုင္ရာေဒသ’ ျဖစ္ေသာ ကူလန္စုသို႔ ေရာက္သြားၾကပါသည္။ ထိုေနရာ၌ သူတို႔ႏွစ္ဦး လအနည္းငယ္မွ် 
ေသာင္တင္ေနၿပီး တ႐ုတ္ကြန္ျမဴနစ္မ်ားႏွင့္ ဆက္သြယ္ရန္ ႀကိဳးစားခ်က္မ်ားလည္း ေအာင္ျမင္ျခင္းမရွိခဲ့ပါ။ တ႐ုတ္ကြန္ျမဴနစ္မ်ားႏွင့္ အဆက္အသြယ္ မလုပ္ႏိုင္ခဲ့ေသာ္လည္း ဂ်ပန္ကိုယ္စားလွယ္တစ္ဦးက သူတို႔အား ခ်ဥ္းကပ္ၿပီး ဂ်ပန္တပ္မေတာ္ အရာရွိတစ္ဦးျဖစ္သူ ကာနယ္ဆူဇူကီးေကအီဂ်ီ ႏွင့္ေတြ႕ရန္ တိုက်ိဳသို႔ ေလယာဥ္ႏွင့္ပို႔လိုက္ပါသည္။ 
တိုက်ိဳၿမိဳ႕၌ ႏွင့္ ေတြ႕ဆုံ၍ ျမန္မာလူငယ္မ်ားအား စစ္ပညာသင္ၾကားေရးကိစၥ ေဆြးေႏြးသည္။ ထို ဗိုလ္မႉးႀကီးဆူဇူကီးသည္ 
ေနာင္အခါ၌ ‘ျမန္မာျပည္လြတ္လပ္ေရးကို ကူညီရန္ႏွင့္ တ႐ုတ္ျမန္မာလမ္းမႀကီးကို ပိတ္ဆို႔ရန္’ ရည္႐ြယ္ခ်က္မ်ား ႏွင့္ 
တည္ေထာင္ေသာ မီနာမီကီကန္ လွ်ိဳ႕ဝွက္အသင္း၏ ေခါင္းေဆာင္အျဖစ္ ထင္ရွားမည့္သူျဖစ္ပါသည္။

၁၉၄၁ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ သခင္ေအာင္ဆန္းသည္ တ႐ုတ္သေဘၤာသားအသြင္ျဖင့္ ျမန္မာျပည္သို႔ ျပန္ေရာက္လာသည္။ 
သူမွတဆင့္ ဂ်ပန္တို႔ကမ္းလွမ္းလိုက္သည့္ သေဘာတူညီခ်က္အရ ေတာ္လွန္ပုန္ကန္ရန္ လက္နက္မ်ားႏွင့္ ေငြေၾကး ေထာက္ပံ့မည္ဟု ျမန္မာတို႔ကနားလည္ခဲ့၏။ ထို႔အျပင္ လက္ေ႐ြးစင္လူငယ္တစု ကို 
စစ္သင္တန္းေပးမည္။ ထိုလူငယ္မ်ားကို ျမန္မာႏိုင္ငံမွ ခိုးထုတ္သြားရန္ လိုေပမည္။ 
သခင္ေအာင္ဆန္း ျမန္မာျပည္၌ ၾကာျမင့္စြာမေနပါ။

ပထမအသုတ္ အေနျဖင့္ ၁၉၄၁ ခုႏွစ္ မတ္လ (၁၀) ရက္ေန႔တြင္ ဂ်ပန္သို႔ သခင္ေအာင္ဆန္း ၊ သခင္လွေဖ ၊ သခင္ဗဂ်မ္း ၊ သခင္ေအးေမာင္ ၊ သမဂၢကိုထြန္းရွိန္ တို႔ႏွင့္အတူ ျပန္သြားပါသည္။ 
ထို အုပ္စုမွာ ‘ရဲေဘာ္သုံးက်ိပ္’ ၏ ေရွ႕ေျပးတပ္ဦးျဖစ္သည္။

ဒုတိယအသုတ္အေနျဖင့္ ၁၉၄၁ ခုႏွစ္ မတ္လ(၁၃)ရက္ေန႔တြင္ သခင္စိုး ၊ သခင္ေစာလြင္ ၊ သခင္သန္းတင္ ၊ ကိုေ႐ႊ ၊ သခင္တင္ေအး ၊ သခင္ေအာင္သိန္း ၊ သခင္ထြန္းေ႐ႊ တို႔သည္ ကိုင္ရႈိမာ႐ူး 
(Kaisho Maru) သေဘၤာျဖင့္ ျမန္မာျပည္မွ ထြက္ခြာသြားၾကသည္။ 
၎တို႔သည္ ဧၿပီ (၂၈) ရက္ေန႔တြင္ ဂ်ပန္ျပည္ အိုစကာၿမိဳ႕သို႔ ေရာက္ရွိသည္။

တတိယအသုတ္ အေနျဖင့္ ၁၉၄၁ ခုႏွစ္ မတ္လတြင္ သခင္လွေမာင္ ၊ သခင္စံျမ ၊ သခင္ခင္ေမာင္ဦးတို႔သည္ 
ကိုင္ရႈိမာ႐ူး (KaishoMaru) သေဘၤာျဖင့္ ျမန္မာျပည္မွ ထြက္ခြာသြားၾကသည္။ 
၎တို႔သည္ ေမလကုန္တြင္ ဂ်ပန္ျပည္သို႔ ေရာက္ရွိသည္။

စတုတၳအသုတ္ အေနျဖင့္ ၁၉၄၁ ခုႏွစ္ ဇြန္လ (၈) ရက္ေန႔တြင္ သခင္ထြန္းအုပ္(အဖြဲ႕ေခါင္းေဆာင္) ၊ 
သခင္ရႈေမာင္ ၊ သခင္စံလႈိင္ ၊ သခင္ထြန္းခင္ ၊ ကိုလွ ၊ သခင္သန္းၫြန႔္ ၊ သခင္ေက်ာ္စိန္ ၊ 
သခင္ေမာင္ေမာင္ ၊ သခင္သစ္ ၊ သခင္ေငြ ၊ သခင္ထြန္းလြင္တို႔သည္ ကိုင္ရႈိမာ႐ူး (KaishoMaru) 
သေဘၤာျဖင့္ ျမန္မာျပည္မွ ထြက္ခြာသြားၾကသည္။ 
(၂၄.၇.၄၁) တြင္ ဂ်ပန္ျပည္ က်ဴရႈးကြၽန္းရွိ `ယိုတိုဆူက´ေရတပ္စခန္းသို႔ ေရာက္ရွိသည္။ 

ထိုသို႔ ျမန္မာလူငယ္ ၃၀ တို႔သည္ ဂ်ပန္ႏိုင္ငံသို႔ လွ်ိဳ႕ဝွက္ထြက္ခြာသြားၾကၿပီးေနာက္တြင္ 
သခင္ထြန္းအုပ္တစ္ေယာက္သာ အုပ္ခ်ဳပ္ေရးအတတ္ပညာမ်ားကို ဆည္းပူး၍ က်န္လူငယ္မ်ားမွာ 
စစ္ပညာမ်ားကို သင္ယူၾကသည္။ အစက ဂ်ပန္ အုပ္ခ်ဳပ္မႈေအာက္တြင္ ရွိသည့္ ထိုင္ဝမ္ကြၽန္းတြင္ 
အေျခခ်သင္တန္းတက္ၾကၿပီးေနာက္ပိုင္းတြင္ ဟိုင္နန္ကြၽန္းသို႔ေ႐ြ႕ေျပာင္းၾကရသည္။ 
ထိုမွ ထိုင္းႏိုင္ငံသို႔ ေျပာင္းေ႐ြ႕ၾကကာ အဂၤလိပ္နယ္ခ်ဲ႕ေတာ္လွန္ေရးကို စတင္ရန္
အားထုတ္ၾကသည္။ ထိုသို႔ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ ရွိေနစဥ္ သခင္လွေမာင္ (ဗိုလ္ေဇယ်) က အကယ္၍ ေတာ္လွန္ေရးလုပ္ေသာအခါ အမည္မွန္မ်ားအတိုင္း လုပ္ၾကလွ်င္ ျမန္မာႏိုင္ငံအတြင္း 
က်န္ေနခဲ့ၾကသည့္ မိသားစုမ်ားအား အဂၤလိပ္တို႔မွ ရန္ျပဳမည္ကို စိုးရိမ္ရေၾကာင္း ၊ ဂ်ပန္နာမည္မ်ားျဖင့္လည္း ေတာ္လွန္ေရးမလုပ္လိုေၾကာင္း ၊ ထို႔ေၾကာင့္ အမည္ဝွက္မ်ားျဖင့္ လႈပ္ရွားေစလွ်င္ 
ပိုမိုေကာင္းမြန္မည့္အေၾကာင္းကို သခင္ေအာင္ဆန္းအား ေျပာရာ သခင္ေအာင္ဆန္းႏွင့္ 
က်န္အဖြဲ႕သားမ်ားအားလုံးက သေဘာတူၾကသည္။ သို႔ျဖင့္ ဘန္ေကာက္ၿမိဳ႕ ၊ တႏြမ္းစပ္ထုံလမ္းရွိ
 ေဘာ္နီယိုကုမၸဏီဝင္းအတြင္း စခန္းခ်ေနစဥ္ ဗိုလ္ဘြဲ႕အမည္မ်ားခံယူၾကသည္။

၁၉၄၁ ခုႏွစ္၊ ဒီဇင္ဘာ ၂၆ ရက္ေန႔တြင္ အမ်ိဳးသား ေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႏွင့္ ရဲေဘာ္သုံးက်ိပ္ ဦးေဆာင္သည့္ 
ဗမာ့လြတ္လပ္ေရးတပ္မေတာ္ (BIA) ကိုဖြဲ႕စည္းကာ ဂ်ပန္တပ္မေတာ္၏ အကူအညီျဖင့္ ၿဗိတိသွ်နယ္ခ်ဲ႕အား ျမန္မာ့ေျမမွ ေမာင္းထုတ္ခဲ့သည္။


ရဲေဘာ္သုံးက်ိပ္ဝင္အမည္မ်ား
စဥ္ | အမည္ | ဗိုလ္ဘြဲ႕အမည္ | ဂ်ပန္အမည္

သခင္ေအာင္ဆန္း         =  ဗိုလ္ေတဇ                 =  Omoda Monji
သခင္လွေဖ                      =  ဗိုလ္လက္်ာ                =  Tani Kiyoshi
သခင္ရႈေမာင္       =  ဗိုလ္ေနဝင္း             =  Takasugi Susumu
သခင္လွေမာင္                  =  ဗိုလ္ေဇယ်                 =  Kaga Masashi
ကိုထြန္းရွိန္                =  ဗိုလ္ရန္ႏိုင္         =  Yamashita Teruo
သခင္လွၿမိဳင္                     =  ဗိုလ္ရန္ေအာင္              =  Itoda Tei-ichi
ကိုေ႐ႊ                    =  ဗိုလ္ေက်ာ္ေဇာ        =  Taniguchi Shin-ichi
သခင္စံလႈိင္                  =  ဗိုလ္မႉးေအာင္     =  Omura Tabashi
ကိုေဆာင္း                =  ဗိုလ္ထိန္ဝင္း                 =  Monya Hiroshi
သခင္ထြန္းေ႐ႊ          =  ဗိုလ္လင္းယုန္                =  Utsumi Susumu
သခင္ေအာင္သိန္း         =  ဗိုလ္ရဲထြဋ္                     =  Hayashi
သခင္ဗဂ်မ္း                  =  ဗိုလ္လေရာင္                    =  Baba Takeshi
သခင္တင္ေအး             =  ဗိုလ္ဘုန္းျမင့္            =  Chinda Seiji
သခင္ထြန္းခင္               =  ဗိုလ္ျမင့္ေဆြ          =  Nakamura Hitoshi
သခင္သန္းတင္              =  ------                          =  Yamada A
သခင္ထြန္းအုပ္              =  ------                         =  YamadaB
သခင္ေအာင္သန္း         =   ဗိုလ္စၾကာ                  =  Hirata Masao
သခင္စိုး                       =    ဗိုလ္ျမင့္ေအာင္     =  Kono
သခင္စံျမ                    =  ဗိုလ္ေတာက္ထိန္             =  Nakagawa Ichiro
ကိုလွ                          =  ဗိုလ္မင္းေရာင္            =  Ito Hitochi
သခင္ေစာလြင္           =  ဗိုလ္မင္းေခါင္              =  Yamaoka Kiyoshi
သခင္ေက်ာ္စိန္         =  ဗိုလ္မိုးညိဳ                       =  Takahashi
သခင္သစ္                       =  ဗိုလ္ေစာေနာင္           =  Osawa
သခင္ခင္ေမာင္ဦး          =  ဗိုလ္တာရာ                      =  Monya Masaru
သခင္ထြန္းလြင္             =  ဗိုလ္ဗလ                         =  Otani Hiroshi
သခင္သန္းၫြန႔္         =  ဗိုလ္ဇင္ေယာ္                =  Okawa
သခင္ေအးေမာင္      =  ဗိုလ္မိုး                          =  Mizuno Saburo
သခင္ေမာင္ေမာင္      =  ဗိုလ္ဉာဏ                       =  Tsuchiya
သခင္ေငြ                   =  ဗိုလ္ေစာေအာင္          =  Katsura
သခင္သန္းတင္               =  ဗိုလ္ျမဒင္(အုတ္ဖို)

ကိုယ္ေရးအက်ဥ္း
ဘီအိုင္ေအေခၚ ဗမာ့လြတ္လပ္ေရး တပ္မေတာ္သည္ ထိုင္းႏိုင္ငံမွ တစ္ဆင့္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ ဝင္ေရာက္လာခဲ့ရာတြင္ ဂ်ပန္တပ္မေတာ္ႏွင့္အတူ 
ရဲေဘာ္သုံးက်ိပ္ဝင္မ်ား ဦးေဆာင္ ပါဝင္ခဲ့ၾကသည္။

စစ္ေသနာပတိဗိုလ္ေတဇ
ဗိုလ္ေတဇေခၚ ဗိုလ္ခ်ဳပ္ေအာင္ဆန္းသည္ ဘီအိုင္ေအတြင္ စစ္ေသနာပတိအျဖစ္ ပါဝင္ခဲ့ရသူ ျဖစ္သည္။ 
၁၃ ေဖေဖာ္ဝါရီ ၁၉၁၅ တြင္ နတ္ေမာက္ၿမိဳ႕၌ ေရွ႕ေနဦးဖာေဒၚစုတို႔က ဖြားျမင္ခဲ့သူ ျဖစ္ၿပီး 
၁၉ ဇူလိုင္ ၁၉၄၇ ၌ လုပ္ႀကံခံခဲ့ရသည္။

သခင္ထြန္းအုပ္
၇ ဒီဇင္ဘာ ၁၉၀၇ တြင္ ျပည္ခ႐ိုင္၊ သဲကုန္းၿမိဳ႕နယ္၊ သိုက္ေတာ႐ြာ၌ ဦးေ႐ႊေဒၚေ႐ႊသားတို႔က ဖြားျမင္ခဲ့သည္။ ကိုလံဘိုၿမိဳ႕ ၊ စိန႔္ဂ်ိဳးဇက္ေကာလိပ္မွ စီနီယာကင္း ဘရစ္တန္း ေအာင္ခဲ့ၿပီး 
ဘီအိုင္ေအ အုပ္ခ်ဳပ္ေရးဌာနခ်ဳပ္႐ုံးတြင္ 
ႏိုင္ငံလုံးဆိုင္ရာ တာဝန္ခံ ျဖစ္သည္။ ၂၃ ဇန္နဝါရီ ၁၉၇၀ တြင္ ကြယ္လြန္ခဲ့သည္။

ဗိုလ္ေနဝင္း
အမည္ရင္း ကိုရႈေမာင္ ျဖစ္ၿပီး ၆ ဇူလိုင္ ၁၉၁၀ တြင္ ျပည္ခ႐ိုင္ ၊ ေပါင္းတလည္ၿမိဳ႕၌ ဦးဖိုးခ
 ေဒၚမိေလးတို႔က ဖြားျမင္ခဲ့သည္။ ျပည္ၿမိဳ႕အထက္တန္းေက်ာင္းမွ ၁၉၂၉ တြင္ 
ဆယ္တန္းေအာင္ျမင္ၿပီး ရန္ကုန္တကၠသိုလ္ ဥပစာသိပၸံ(ခ)ထိ ပညာသင္ခဲ့သည္။ 
ဘီအိုင္ေအ ခ်ီတက္မလာမီ ျပည္တြင္း သူပုန္တပ္ဖြဲ႕ေခါင္းေဆာင္အျဖစ္ ဝင္ေရာက္လာခဲ့သည္။

ဗိုလ္ေအာင္(ဗိုလ္မႉးေအာင္)
အမည္ရင္း ကိုစံလႈိင္ ျဖစ္ၿပီး ၃၀ ဩဂုတ္ ၁၉၁၀ တြင္ ပဲခူးတိုင္း၊ ေက်ာက္တံခါးၿမိဳ႕၌ ဦးေ႐ႊမွန္
 ေဒၚေဖာ့တို႔က ဖြားျမင္ခဲ့သည္။ ဘီအိုင္ေအ ဝင္ေရာက္စဥ္ ေမာ္လၿမိဳင္စစ္ေၾကာင္းမွ 
တပ္ရင္း ၂ တပ္ေရးဗိုလ္ႀကီးအျဖစ္ ခ်ီတက္လိုက္ပါခဲ့သည္။

ဗိုလ္ေတာက္ထိန္
အမည္ရင္း ကိုစံျမ ျဖစ္ၿပီး ၁၇ ဇန္နဝါရီ ၁၉၁၁ တြင္ ပ်ဥ္းမနားၿမိဳ႕၌ ဦးဘိုးေအာင္ ေဒၚေ႐ႊျမတို႔က ဖြားျမင္ခဲ့သည္။ ပ်ဥ္းမနားၿမိဳ႕ ေခမာသီဝံေက်ာင္းတြင္ ရ တန္းအထိ ပညာဆည္းပူးခဲ့သည္။ 
ဘီအိုင္ေအ ၿမိတ္ စစ္ေၾကာင္းေရေၾကာင္းခ်ီတပ္မွ ခ်ီ တက္ခဲ့ၿပီး 
၁၈ ဧၿပီ ၁၉၉၆ တြင္ ပ်ဥ္းမနား၌ ကြယ္လြန္ခဲ့သည္။

ဗိုလ္ျမင့္ေဆြ
အမည္ရင္း ကိုထြန္းခင္ ျဖစ္ၿပီး ၈ ဧၿပီ ၁၉၁၁ တြင္ ျပည္ခ႐ိုင္ ၊ သဲကုန္းၿမိဳ႕နယ္ ၊ သရက္တစ္ပင္ေက်း႐ြာ၌ ဦးဖိုးေမာင္ ၊ေဒၚေငြဝင္းတို႔က ဖြားျမင္ခဲ့သည္။မင္းဘူး အလယ္တန္းေက်ာင္း မွ ရ တန္း ၊ ကိုလံဘိုၿမိဳ႕ ဂ်က္ဖနာေကာလိပ္ (Jaffner College) မွ ဂ်ဴနီယာ ကင္းဘရစ္တန္းမ်ား ေအာင္ျမင္ခဲ့၏။ 
ဘီအိုင္ေအ ျပည္တြင္းသူပုန္အျဖစ္ ရန္ကုန္သို႔ ေရာက္ရွိခဲ့ၿပီး ၂၃ ဇန္နဝါရီ ၁၉၇၃ တြင္ ကြယ္လြန္ခဲ့သည္။

ဗိုလ္လေရာင္
အမည္ရင္း ကိုဘဂ်မ္း ျဖစ္ၿပီး ၂၈ ေမ ၁၉၁၁ တြင္ မင္းဘူးၿမိဳ႕ သူေဌးကုန္းရပ္၌ ဦးသာဘြား ေဒၚေငြသင္တို႔က ဖြားျမင္ခဲ့သည္။ မင္းဘူး အထကမွ တန္းျမင့္ေက်ာင္းထြက္စာေမးပြဲ ေအာင္ျမင္ခဲ့၏။ 
ဘီအိုင္ေအ ထားဝယ္စစ္ ေၾကာင္းတြင္ စစ္လက္နက္ပစၥည္း 
ေထာက္ပံ့ေရးတပ္ဖြဲ႕၏ တပ္မႉး ျဖစ္ခဲ့သည္။ ၉ ဇူလိုင္ ၁၉၆၉ တြင္ ကြယ္လြန္ခဲ့သည္။

ဗိုလ္လက္်ာ
အမည္ရင္း ကိုလွေဖ ျဖစ္ၿပီး ၃၀ ဩဂုတ္ ၁၉၁၁ တြင္ ပ်ဥ္းမနားၿမိဳ႕၌ ဦးစိန္သြင္ ေဒၚက်င္ၿမိဳင္တို႔က 
ဖြားျမင္ခဲ့သည္။ ရန္ကုန္ၿမိဳ႕မေက်ာင္းမွ ဆယ္တန္းေအာင္ျမင္ၿပီးေနာက္ ရန္ကုန္တကၠသိုလ္ 
ဆက္တက္ခဲ့သည္။ ဘီအိုင္ေအ ထားဝယ္ စစ္ေၾကာင္းတြင္ 
ဒုတိယ စစ္ေသနာပတိအျဖစ္ လိုက္ပါခဲ့သည္။ ၂၇ ႏိုဝင္ဘာ ၁၉၇၈ တြင္ ထိုင္းျမန္မာနယ္စပ္၌ က်ဆုံးခဲ့သည္။

ဗိုလ္ေဇယ်
အမည္ရင္း ကိုလွေမာင္ ျဖစ္ၿပီး ၁၀ ဒီဇင္ဘာ ၁၉၁၃ တြင္ အလုံ(မုံ႐ြာ) နန္းေတာ္ေရွ႕႐ြာ၌ ဦးခ်စ္ေမာင္ ေဒၚစိန္တိုင္တို႔က ဖြားျမင္ခဲ့သည္။ ၿမိဳ႕မေက်ာင္းတြင္ ဆယ္တန္းေအာင္ျမင္ခဲ့ၿပီးေနာက္ 
ရန္ကုန္တကၠသိုလ္သို႔ တက္ေရာက္ခဲ့၏။ ဘီအိုင္ေအ တပ္မဟာ ၁ တြင္ 
ဗိုလ္မႉးႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။ လြတ္လပ္ေရး ရရွိၿပီးေနာက္ ေတာခိုသြားရာ ၁၆ ဧၿပီ 
၁၉၆၈ တြင္ ဗကပဌာနခ်ဳပ္ကို ဝင္ေရာက္ တိုက္ခိုက္စဥ္ က်ဆုံးခဲ့သည္။

ဗိုလ္ေစာေအာင္
အမည္ရင္း ကိုေငြ ျဖစ္ၿပီး ၂၈ ေမ ၁၉၁၄ တြင္ ကမာ႐ြတ္ ရွမ္းစု၌ ဦးဘိုးၫြန႔္ ေဒၚေ႐ႊမွတ္ တို႔က ဖြားျမင္ခဲ့သည္။ရန္ကုန္ ကမာ႐ြတ္တြင္ အဂၤလိပ္ျမန္မာ ၇ တန္း အထိ ပညာသင္ယူခဲ့၏။ဘီအိုင္ေအတြင္
 ေမာ္လၿမိဳင္ စစ္ေၾကာင္းမွ လိုက္ပါခဲ့ၿပီး ၂၆ ေဖ ေဖာ္ဝါရီ ၁၉၄၂ တြင္ ေ႐ႊက်င္တိုက္ပြဲ၌ က်ဆုံးခဲ့သည္။

ဗိုလ္ထိန္ဝင္း
အမည္ရင္း ကိုေဆာင္း ျဖစ္ၿပီး ၁၇ ေမ ၁၉၁၄ တြင္ ေ႐ႊက်င္ၿမိဳ႕၌ ဦးလြန္းေမာင္ ေဒၚဖြားတို႔က ဖြားျမင္ခဲ့သည္။ ေညာင္ေလးပင္ အမ်ိဳးသား အထက္တန္းေက်ာင္းတြင္ ဆယ္တန္း ေအာင္ျမင္ခဲ့သည္။ ဘီအိုင္ေအတြင္ ျပန္ၾကားေရး အရာရွိ ျဖစ္ခဲ့ၿပီး 
ထိုင္း ႏိုင္ငံ လန္ပန္းၿမိဳ႕၌ ၁၉၄၅ ခု ႏိုဝင္ဘာလတြင္ ကြယ္လြန္ခဲ့သည္။

ဗိုလ္ဉာဏ
အမည္ရင္း ကိုေမာင္ေမာင္ ျဖစ္ၿပီး ၁၉၁၄ တြင္ ျဖဴးၿမိဳ႕ ေက်ာက္တိုင္ေတာင္ ေက်း႐ြာ၌ ဦးဘပု
 ေဒၚျမစ္တို႔က ဖြားျမင္ခဲ့သည္။
ဘီအိုင္ေအ အမွတ္ ၅၅ ဂ်ပန္တပ္မတြင္ ဗိုလ္ႀကီးအျဖစ္ လိုက္ပါခဲ့၏။ ၄ ဧၿပီ ၁၉၄၂ တြင္ ဖားပြန္၌ က်ဆုံးခဲ့သည္။

ဗိုလ္စၾကာ
အမည္ရင္း ကိုေအာင္သန္း ျဖစ္ၿပီး ၁ ဇူလိုင္ ၁၉၁၅ တြင္ ဦးျမတ္သာ ေဒၚသန္းတင္တို႔က ရန္ကုန္တြင္ ဖြားျမင္ခဲ့သည္။ 
ဒိုင္အိုစီဇင္ ေယာက္်ားေလးေက်ာင္း၊ အစိုးရအထက္တန္းေက်ာင္းႏွင့္ ေဆးပညာသင္ေက်ာင္းတို႔၌ ပညာဆည္းပူးခဲ့သည္။ ဘီအိုင္ေအ ေမာ္လၿမိဳင္ စစ္ေၾကာင္းတြင္ လိုက္ပါခဲ့ၿပီး 
၆ စက္တင္ဘာ ၁၉၆၉ ၌ ထိုင္းႏိုင္ငံတြင္ ကြယ္လြန္ခဲ့သည္။

ဗိုလ္ရန္ေအာင္
အမည္ရင္း ကိုလွၿမိဳင္ ျဖစ္ၿပီး ၂ မတ္ ၁၉၆၇ တြင္ လွည္းကူးၿမိဳ႕နယ္ ဒါးပိန္႐ြာ၌ ဦးဘေအာင္ ေဒၚသိန္းျမ တို႔က ဖြားျမင္ခဲ့သည္။ ၁၉၃၅ တြင္ ဆယ္တန္းေအာင္ျမင္ခဲ့သည္။ 
ဘီအိုင္ေအတြင္ ဒုဗိုလ္မႉးႀကီးအျဖစ္ တပ္မဟာ(၁)ကို ဦးစီးခဲ့ရသည္။
လြတ္လပ္ေရး ရရွိၿပီးေနာက္ ေတာခိုသြားကာ ၂၆ ဒီဇင္ဘာ ၁၉၆၇ တြင္ ဗကပတို႔၏ လုပ္ႀကံမႈကို ခံခဲ့ရသည္။

ဗိုလ္ဗလ
အမည္ရင္း ကိုသန္းရင္ ျဖစ္ၿပီး ၁၇ မတ္ ၁၉၁၇ တြင္ ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕ က်ိဳက္ပိ႐ြာ၌ ဦးေက်ာ္ဟန္ ေဒၚသိန္းတို႔က ဖြားျမင္ခဲ့သည္။ လပြတၱာ အထက္တန္း၌ ၇ တန္း အထိ ပညာသင္ယူခဲ့သည္။ 
ဘီအိုင္ေအတြင္ ထားဝယ္စစ္ေၾကာင္းမွ ပါဝင္ခဲ့၏။

ဗိုလ္မင္းေရာင္
အမည္ရင္း ကိုလွ ျဖစ္ၿပီး ၂၆ စက္တင္ဘာ ၁၉၁၇ တြင္ ပုဇြန္ေတာင္ ေရေက်ာ္ရပ္၌ ဦးဖိုးထင္ ေဒၚသင္းၿမိဳင္တို႔က ဖြားျမင္ခဲ့သည္။ 
ကန္ေတာ္ကေလး ဦးဖိုးအိမ္ အဂၤလိပ္ျမန္မာေက်ာင္းတြင္ ဆယ္တန္းအထိ တက္ေရာက္ခဲ့သည္။ 
ဘီအိုင္ေအတြင္ ထားဝယ္စစ္ေၾကာင္းမွ ပါဝင္ၿပီး ၆ ႏိုဝင္ဘာ ၁၉၈၈ တြင္ ကြယ္လြန္ခဲ့သည္။

ဗိုလ္မိုးညိဳ
အမည္ရင္း ကိုေက်ာ္စိန္ ျဖစ္ၿပီး ကမာ႐ြတ္ရွမ္းစု၌ ဦးဘ ေဒၚေငြသင္ တို႔က ဖြားျမင္ခဲ့သည္။ 
စိန္ဂြၽန္းေက်ာင္းတြင္ ဆယ္တန္းအထိ ပညာ ဆည္းပူးခဲ့၏။ 
ဘီအိုင္ေအတြင္ ျပည္တြင္းသူပုန္ အဖြဲ႕ဝင္ ျဖစ္ခဲ့သည္။ ၉ ဧၿပီ ၁၉၆၀ တြင္ ကြယ္လြန္ခဲ့သည္။

ဗိုလ္လင္းယုန္
အမည္ရင္း ကိုထြန္းေ႐ႊ ျဖစ္ၿပီး ၁၉၁၇ ေအာက္တိုဘာတြင္ ရန္ကုန္ၿမိဳ႕၌ ဦးေအာင္သိန္း ေဒၚေဒၚစိမ္းတို႔က ဖြားျမင္ခဲ့သည္။ 
ဘီအိုင္ေအတြင္ ျပည္တြင္းသူပုန္ အဖြဲ႕ဝင္ ျဖစ္ခဲ့သည္။ ၈ ဧၿပီ ၁၉၇၄ တြင္ ကြယ္လြန္ခဲ့သည္။

ဗိုလ္ျမင့္ေအာင္
အမည္ရင္း ကိုဖိုးစိုး ျဖစ္ၿပီး ၁၄ ႏိုဝင္ဘာ ၁၉၁၇ တြင္ ပန္းေတာင္းၿမိဳ႕ သူရဲတန္း ေက်း႐ြာ၌ 
ဦးပန္း ေဒၚသက္ရွည္တို႔ကဖြားျမင္ခဲ့သည္။ အထက္တန္းအထိ ပညာသင္ဖူးသည္။ ၂၄ ဇြန္ ၁၉၄၅ တြင္ 
နတ္တလင္းၿမိဳ႕၌ မိမိကိုယ္ကို သတ္ေသသြားခဲ့သည္။

ဗိုလ္မိုး
အမည္ရင္း ကိုေမာင္ေမာင္ ျဖစ္ၿပီး ၂၁ မတ္ ၁၉၁၈ တြင္ ရန္ကုန္ၿမိဳ႕ ၌ ဦးဖိုးမွီ ေဒၚေအးတင္တို႔က ဖြားျမင္ခဲ့သည္။ ရန္ကုန္ၿမိဳ႕ 
အလုံကူရွင္ေက်ာင္း၌ ဆယ္တန္းအထိ ပညာသင္ဖူး၏။ ဘီအိုင္ေအ ေမာ္လၿမိဳင္ စစ္ေၾကာင္းမွ ခ်ီတက္ခဲ့ၿပီး ၈ မတ္ ၁၉၄၂ တြင္ ဖူးႀကီးတိုက္ပြဲ၌ က်ဆုံးခဲ့၏။

ဗိုလ္ရန္ႏိုင္
အမည္ရင္း ကိုထြန္းရွိန္ ျဖစ္ၿပီး ၂ ႏိုဝင္ဘာ ၁၉၁၈ တြင္ ေအာင္လံၿမိဳ႕ ကမၼေလး႐ြာ၌ ဦးခန႔္ ေဒၚသန႔္တို႔ က ဖြားျမင္ခဲ့သည္။ျပည္ၿမိဳ႕ အထက္တန္းေက်ာင္းမွ ၁၉၃၅ တြင္ ဆယ္တန္
း ေအာင္ျမင္ခဲ့သည္။ ဘီအိုင္ေအတြင္ ၿမိတ္စစ္ေၾကာင္းမွ ေရေၾကာင္း ခ်ီခဲ့ရၿပီး ေ
႐ႊေတာင္တိုက္ပြဲကို ဦးေဆာင္ခဲ့သည္။ ၂၈ ဇန္နဝါရီ ၁၉၈၉ တြင္ ကြယ္လြန္ခဲ့သည္။

ဗိုလ္ေက်ာ္ေဇာ
အမည္ရင္း ကိုေ႐ႊ ျဖစ္ၿပီး ၃၀ ႏိုဝင္ဘာ ၁၉၁၈ တြင္ သုံးဆယ္ၿမိဳ႕ ဆိုင္းစုေက်း႐ြာ၌ 
ဦးပန္းေဒၚတင့္တို႔က ဖြားျမင္ခဲ့သည္။ ဘီအိုင္ေအတြင္ ေမာ္လၿမိဳင္ စစ္ေၾကာင္းမွ ခ်ီတက္ခဲ့သည္။

ဗိုလ္ဇင္ေယာ္
အမည္ရင္း ကိုသန္းၫြန႔္ ျဖစ္ၿပီး ၂၁ ႏိုဝင္ဘာ ၁၉၁၉ တြင္ ရန္ကုန္တိုင္း၊ ခရမ္းၿမိဳ႕နယ္ ေအး႐ြာ၌ ဦးပို ေဒၚႏွင္းျမတို႔က 
ဖြားျမင္ခဲ့သည္။ ပုဇြန္ေတာင္ ျမဴနီစီပါယ္ အထက္တန္းေက်ာင္းမွ ၉ တန္း ေအာင္ျမင္ခဲ့၏။ ဘီအိုင္ေအတြင္ ေမာ္လၿမိဳင္စစ္ေၾကာင္းမွ ဝင္ေရာက္ခဲ့သည္။ ၃၁ ဒီဇင္ဘာ ၁၉၉၃ တြင္ ကြယ္လြန္ပါသည္။

ဗိုလ္တာရာ
အမည္ရင္း ကိုခင္ေမာင္ဦး ျဖစ္ၿပီး ၁၃ ဧၿပီ ၁၉၁၉ တြင္ ပ်ဥ္းမနားၿမိဳ႕၌ ဦးအေကာက္ ေဒၚလြန္းတို႔က ဖြားျမင္ခဲ့သည္။ ပ်ဥ္းမနား ေကအီးအမ္ (King Edward Memoral) ေက်ာင္းမွ ဆယ္တန္း ေအာင္ခဲ့သည္။ ဘီအိုင္ေအတြင္ ျပည္တြင္းသူပုန္ အဖြဲ႕ျဖင့္ ဦးစြာ ဝင္ေရာက္ခဲ့သည္။ 
၆ ေဖေဖာ္ဝါရီ ၁၉၉၃ တြင္ ကြယ္လြန္ခဲ့သည္။

ဗိုလ္ဘုန္းျမင့္
အမည္ရင္း ကိုတင္ေအး ျဖစ္ၿပီး ၃ ဇန္နဝါရီ ၁၉၂၀ တြင္ လက္ပံတန္းၿမိဳ႕၌ ဦးဘ ေဒၚေ႐ႊခဲတို႔က 
ဖြားျမင္ခဲ့သည္။ ဆရာႀကီး ဦးစိန္၏ ျမန္မာအထက္တန္းေက်ာင္းမွ ၉ တန္းေအာင္ျမင္ခဲ့ၿပီး 
မင္းလွၿမိဳ႕ေနာ္မံေက်ာင္းမွ 
အလယ္တန္းဆရာျဖစ္ ေအာင္ျမင္ခဲ့၏။ ဘီအိုင္ေအတြင္ ဂ်ပန္တပ္မ ၅၅ ၏ ဆက္သြယ္ေရးအရာရွိအျဖစ္ အမႈထမ္းခဲ့ရၿပီး ၂၈ ဇူလိုင္ ၁၉၈၉ တြင္ ကြယ္လြန္ခဲ့သည္။

သခင္သန္းတင္
၂၇ ဩဂုတ္ ၁၉၂၀ တြင္ ေမာ္လၿမိဳင္ၿမိဳ႕နယ္ ေညာင္ပင္ဆိပ္႐ြာ၌ ဦးေမာင္ ေဒၚစိုးတို႔က ဖြားျမင္ခဲ့သည္။
 ျမဝတီေက်ာင္းတြင္ ေလးတန္းအထိ ပညာသင္ခဲ့ဖူးသည္။ 
၁၉၄၁ စက္တင္ဘာတြင္ တိုင္ေပစစ္ေဆး႐ုံ၌ ကြယ္လြန္ခဲ့သည္။

ဗိုလ္ေစာေနာင္
အမည္ရင္း ေမာင္သစ္ ျဖစ္ၿပီး ၂ စက္တင္ဘာ ၁၉၂၀ တြင္ ကမာ႐ြတ္ ရွမ္းစု၌ ဦးဘိုးၫြန႔္ေဒၚေ႐ႊမွတ္တို႔က ဖြားျမင္ခဲ့သည္။ အဂၤလိပ္ျမန္မာ ၇ တန္း ေအာင္ျမင္ၿပီး ဘီအိုင္ေအ၌ ဗိုလ္မႉးအျဖစ္ 
ခန႔္အပ္ခံခဲ့ရ၏။ ၃၀ ဇန္နဝါရီ ၁၉၇၆ တြင္ ကြယ္လြန္ခဲ့၏။

ဗိုလ္မင္းေခါင္
အမည္ရင္း ကိုေစာလြင္ ျဖစ္ၿပီး ၁၈ ေအာက္တိုဘာ ၁၉၂၀ တြင္ ႀကိဳ႕ပင္ေကာက္ၿမိဳ႕၌ 
ဦးေသာၾကာ ေဒၚေၾကာ့တို႔က ဖြားျမင္ခဲ့သည္။ ႀကိဳ႕ပင္ေကာက္ အမ်ိဳးသားေက်ာင္းတြင္ 
ပညာဆည္းပူးခဲ့သည္။ ဘီအိုင္ေအတြင္ ၿမိတ္စစ္ေၾကာင္းမွ ပါဝင္ခဲ့ၿပီး ေရေၾကာင္းခ်ီ 
စက္ေလွအုပ္စုကို ဦးေဆာင္ခဲ့ရသည္။ ၂၄ ဩဂုတ္ ၁၉၈၃ တြင္ ကြယ္လြန္ခဲ့သည္။

ဗိုလ္ျမဒင္
အမည္ရင္း ကိုသန္းတင္ ျဖစ္ၿပီး ၁၉၂၀ တြင္ အုတ္ဖိုၿမိဳ႕၌ ဦးေမာင္ေဖ ေဒၚဖန္တို႔က ဖြားျမင္ခဲ့သည္။ သာယာဝတီ ဗုဒၶဘာသာ 
အလယ္တန္းေက်ာင္းတြင္ ၇ တန္းအထိ တက္ေရာက္ခဲ့သည္။ ဘီအိုင္ေအ အဝင္တြင္ ထိုင္း ျမန္မာနယ္စပ္၌ ငွက္ဖ်ားေရာဂါျဖင့္ ၁၉၄၂ ဇန္နဝါရီ၌ ကြယ္လြန္သြားသည္။

ဗိုလ္ရဲထြဋ္
အမည္ရင္း ကိုေအာင္သိန္း ျဖစ္ၿပီး ၂၅ ေဖေဖာ္ဝါရီ ၁၉၂၂ တြင္ ရန္ကုန္ တာေမြကေလးရပ္၌ ဦးဘိုးလြင္
 ေဒၚေစာရွင္တို႔က ဖြားျမင္ခဲ့သည္။ ကန္ေတာ္ကေလး ျမဴေက်ာင္းမွ ၁၀ တန္း ေအာင္ခဲ့၏။ 
ဘီအိုင္ေအတြင္ တပ္မဟာ ၃ တပ္မႉး ျဖစ္ခဲ့သည္။[၃]

မွတ္စု
1. ယိုးဒယား ႏိုင္ငံေရာက္မွ ဗမာ့တပ္မေတာ္ႀကီးကို ဖြဲ႕စည္း၍ ရဲေဘာ္သုံးက်ိပ္တို႔ က 
    ဗိုလ္အမည္မ်ား ခံယူၾကသျဖင့္ 
    ေဖာ္မိုဆာ တြင္ ကြယ္လြန္ခဲ့ေသာ သခင္သန္းတင္ တြင္ ဗိုလ္အမည္ မရွိေပ။
2. ဗိုလ္နာမည္ မရွိေသာ ေနာက္တစ္ဦးမွာ သခင္ထြန္းအုပ္ ျဖစ္ၿပီး စစ္ေရးလႈပ္ရွားမႈမ်ားတြင္ မပါဝင္ဘဲ အုပ္     ခ်ဳပ္ေရး ကိုသာ 
    ဦးစီးေဆာင္႐ြက္မည့္သူ ျဖစ္ေသာေၾကာင့္ မူရင္းနာမည္ အတိုင္းသာ ရွိေစမည္ ဟု 
    ဆုံးျဖတ္ခဲ့သ ည္ျဖစ္သည္။
3. ၁၉၄၁ ဒီ ၂၅ တြင္ သခင္ေအာင္ဆန္းသည္ ယိုးဒယား ႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ သို႔ ေရာက္ရွိခဲ့သည္ ႏွ      င့္ ခ်က္ခ်င္းပင္ ဗမာ့လြတ္လပ္ေရး တပ္မေတာ္ ဖြဲ႕စည္းေရးအတြက္ ေဆြးေႏြးၾကသည္။ 
    ဘန္ေကာက္ၿမိဳ႕တြင္ ေနထိုင္ၾကေသာ ျမန္မာလူမ်ိဳးမ်ား 
    ျဖစ္သည့္ ဦးလြန္းေဖ ၊ ဦးလွေဖ ၊ ဦးခ်စ္ေဖ ၊ ဦးဘြန္ေလ်ာင္ စသူ တို႔ကလည္း 
    ဝိုင္းဝန္းကူညီခဲ့ၾက သည္။
4. ႏွစ္ဖြဲ႕ကြဲေနေသာ တို႔ဗမာအစည္းအ႐ုံး မွ သခင္အဖြဲ႕ဝင္မ်ားကို တဖြဲ႕တည္း
   ေပါင္းစည္း၍ စ ည္းလုံးညီၫြတ္စြာ ရွိၾကရန္ 
   ဂ်ပန္အာဏာပိုင္မ်ားက လိုလားၾကေပသည္။ အသက္စြန႔္၍ တိုက္ရမည့္ တိုက္ပြဲအတြက္ ျမန္မာလူငယ္မ်ား 
   စည္းလုံးညီၫြတ္မႈ ခိုင္ၿမဲရန္လည္း လိုအပ္လွသည္။ ထို႔ေၾကာင့္ပင္ ဂ်ပန္ေခါင္းေဆာင္ တို႔က 
   အစီ အစဥ္တရပ္ျပဳလုပ္ၾက၏။ 
   ထိုအစီအစဥ္မွာ တိုက်ိဳတြင္ အုပ္ခ်ဳပ္ေရးဆိုင္ရာ ပညာရပ္မ်ားကို ေလ့လာေနေသာ 
   သခင္ထြန္းအုပ္အား ဟိုက္နန္တြင္ 
   စစ္ပညာမ်ား သင္ၾကားေနသည့္ သခင္ေအာင္ဆန္း ႏွင့္ ေတြ႕ဆုံ၍ သခင္လူငယ္ႏွစ္ဖြဲ႕ 
   စည္းလုံးညီၫြတ္ေရး ေဆြးေႏြးၾကရန္ ျဖစ္သည္။ 
   သခင္ဗစိန္ အဖြဲ႕မွ ေခါင္းေဆာင္ သခင္ထြန္းအုပ္ႏွင့္ သခင္ကိုယ္ေတာ္မႈိင္းအဖြဲ႕မွ 
   ေခါင္းေဆာင္ သခင္ေအာင္ဆန္း တို႔ေတြ႕ဆုံ၍ ညီၫြတ္မႈရေစျခင္းျဖင့္ မႈလက 
   အဖြဲ႕ကြဲခဲ့သည့္ ျဖစ္ရပ္မ်ားကို အားလုံး ေမ့လိုက္ၾကရန္ ျဖစ္သည္။ သခင္ထြန္းအုပ္ ကို တိုက်ိဳမွ 
   ထိုင္ဝမ္ကြၽန္းသို႔ ပို႔ေပးေလသည္။ ကြၽန္းတြင္ သခင္ေအာင္ဆန္း ၊ သခင္ေအာင္သန္း၊ 
   သခင္လွေဖတို႔ အဆင္သင့္ေရာက္ေနၾကသည္။ ဗိုလ္မႉးႀကီး ဆူဇူကီး လည္း ရွိေနသည္။ 
   သခင္ထြန္းအုပ္ ႏွင့္ သခင္ေအာင္ဆန္း ၊ သခင္ေအာင္သန္း ၊ သခင္လွေဖ တို႔သည္ ျ
   မန္မာႏိုင္ငံ၏ ႏိုင္ငံေရးအသင္းအဖြဲ႕မ်ား၏အေျခအေနအရပ္ရပ္ကို ၎ ၊
  ေရွ႕တြင္ ေဆာင္႐ြက္ၾကရမည့္လုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္၍၎ ၊ 
  အက်ယ္တဝင့္ ေဆြးေႏြးၾကၿပီးလွ်င္ ၊ ျမန္မာျပည္ လြတ္လပ္ေရး တိုက္ပြဲအတြက္ ရဲေဘာ္မ်ား
  ေသြးစည္းညီၫြတ္ၾကရန္ ခိုင္မာေသာ ဆုံးျဖတ္ခ်က္ကို 
   ခ်မွတ္ခဲ့ၾကသည္။ ထိုေန႔မွ စ၍ ေရွ႕သို႔ခရီး တြင္ သခင္ႏွစ္ဖြဲ႕ကြဲသည္ မရွိေစရ ၊ အားလုံးပင္ 
   ညီရင္းအကို သို႔ႏွယ္ ခ်စ္ခင္စည္းလုံးစြာျဖင့္ တိုက္ပြဲဝင္ၾကရန္ သေဘာတူခဲ့ၾကသည္။ 

ဤေဆာင္းပါးကို သင္ဆရာ ၊ ျမင္ဆရာ ၊ ၾကားဆရာ မ်ား၏မွတ္စုတိုမ်ားထဲမွ ေကာက္ႏႈတ္ေရးသားထားပါသည္။

No comments:

Post a Comment